-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, April 8, 2010

ယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း သတင်းစာ ရှင်းလင်းခြင်း




ယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဌာနချုပ်)ရုံးတွင် အဖွဲ့ချုပ်၏ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဥာဏ်ဝင်းက
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်.။

ဦးဥာဏ်ဝင်းက...အချက် (၃)ချက်ကို ပြောသွားပါတယ်။



(၁) ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဖွဲ့ချုပ်အနေကမှတ်ပုံမတင်ရေးကိစ္စကိုတညီတညွှတ်
ထဲ ဆုံးဖြတ်နိုင်တာ သူမ၀မ်းသာကြောင်း။


(၂) ။ အဖွဲ့ချုပ်ထုတ်ပြန်သော ပြည်သူသို့ပန်ကြားချက်ကိုထောက်ခံကြောင်း.။



(၃) .။အိမ်ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဦးအောင်ဆန်းဦး တင်သောအချက်တွေကို ပယ်ချလိုက်တဲ့အတွက်
သူမ ဆက်လုပ်စရာရှိတာတွေ ရှိတာရယ်၊အဖွဲ့ချုပ်အနေနဲ့ ရှေ့ဆက်လုပ်ရမှာနဲ့ ပတ်သက်ပြီးမေးတော့ ဦးဥာဏ်ဝင်းက အခုချိန်မှာမပြောနိုင်သေးကြောင်း၊ဆက်လုပ်စရာတွေအများကြီးရှိတဲ့အကြောင်းပြော
သွားတယ်။




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့
ပတ်သက်ပြီးတော့ ကျွန်တော်ရှေ့နေတစ်ယောက်အနေနဲ့ မြင်တာကတော့ ကျန်းမာရေးကောင်းကြောင်း၊ ဆရာဝန်တယောက် အနေနဲ့တော့ မသိကြောင်းပြောသွားသည့်ဟုသတင်းရရှိပါသည်.။



မြတ်လေးငုံ

No comments: