-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, April 4, 2010

တော်လှန်ရေးတပ်သား (တင်မိုး)


ကျုပ်တို့လိုချင်တာက
ဗုန်းတွေဗျ... ဗုန်းတွေ
စကားလုံးတွေမဟုတ်ဘူး။

အတွေဝေဆန်တဲ့
အစေခံတွေ မလိုချင်ဘူး။

အခြေမှန် အနေမှန်
အဖြေမှန်နဲ့
မတွေဝေတဲ့ဥာဏ်နဲ့
ပြတ်သားတဲ့အသေခံတပ်သားတွေကိုပဲ လိုချင်တယ်။

အချိန်ဆွဲဖို့
တမိန်လဲနေတဲ့
လူလိမ်ငနဲတွေကို
ခပ်မိုက်မိုက်နဲ့ အပြတ်တိုက်မှဖြစ်မယ်။

ကျုပ်ကတော့
အပေါ်ယံ ဖြတ်စားလပ်စားမကြိုက်တဲ့
တော်လှန်ရေးတပ်သားမိုက်ပဲ။

စကားမရှုပ် မတရားမလုပ်ပေမဲ့
ဓားကိုတော့ဆုပ်ထားရဦးမှာပဲဗျ။

၂၃၊ ၈၊ ၂၀၀၂
သောကြာနံနက်ခင်း
(ဂျပန်နိုင်ငံ၊ တိုကျိုမြို့)

No comments: