-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, July 17, 2011

အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူ ဒါန်း

ယနေ့ (၁၇.၇.၂၀၁၁)နေ့၌ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဆွမ်းကပ်လှူ ဒါန်းပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ နဂိုယာစည်းရုံးရေးဒေသ အဖွဲ့ဝင်များမှ စုပေါင်း၍ နဂိုယာစည်းရုံးရေးဒေသရုံးခန်း၌ကျင်းပခဲ့ကြသည်။ ထိုဆွမ်းကပ်လှူဒါန်းပွဲတွင် ကျဆုံးသွားသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွားကြသော ရဟန်းရှင်လူကျောင်းသားပြည်သူအားလုံးတို.အား ရည်စူးပြီး အမျှအတန်းပေးဝေဆုတောင်းမှုများကို ပြုလုပ်၍ အာဇာနည်နေ.အထိမ်းအမှတ်အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

Friday, July 15, 2011

ဆရာကြီး ဦးဝင်းတင်နှင့် စာပေရေးရာ ခဏတဖြုတ်

ဧရာဝတီ Friday, 15 July 2011 15:27 အင်တာဗျူး
မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ဂျာနယ်နှင့် မဂ္ဂဇင်းအမျိုးအစား တချို့ စိစစ်ရေး ကြိုတင်စရာ မလိုဘဲ ထုတ်ဝေခွင့်ပေးကာ မူဝါဒဖြေလျှော့ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ စာအုပ်များကိုလည်း ပြန်လည်ထုတ်ဝေနိုင်ရန် ထုတ်ဝေသူတချို့က ကြိုးပမ်းခဲ့ကြသည်။ ဦးဝင်းတင် ရေးသားခဲ့သော ကွိ၊ ဥတ္တရအလင်း၊ ကမ္ဘာနီတွင် တဒင်္ဂ၊ အလှရှာပုံတော်၊ ခြေမှာ စကား လက်ဖျား ကဗျာ မျက်နှာ ဇာတ်လမ်းနှင့် စနေစာပေဝိုင်း စာတမ်းများကို ပြန်လည် ထုတ်ဝေခွင့်ရထားသည်။ ၁၉၅၀ ဝန်းကျင်မှစ၍ စာနယ်ဇင်းလောကသို့ ဝင်ရောက်ခဲ့သော ဦးဝင်းတင်သည် မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာတဦးဟူ၍ ကလောင်ခွဲများဖြင့် စာပေများ ရေးသားခဲ့သည်။



ဦးဝင်းတင် (ဓာတ်ပုံ - burmavoices.com)
၁၉၇၈ တွင် ဦးဝင်းတင် ဦးဆောင်သော စနေစာပေဝိုင်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဝေဖန်သောကြောင့် ဟံသာဝတီ သတင်းစာတိုက် အပိတ်ခံရပြီး ဦးဝင်းတင်လည်း အယ်ဒီတာချုပ်ရာထူးမှ ဖယ်ရှားခံရသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာတွင် ထောင်မှ လွှတ်ပေးပြီးနောက် “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို နောက်ဆုံး ရေးသားထုတ်ဝေထားသည်။ ပြန်လည်ထုတ်ဝေမည့် စာအုပ်များနှင့် ပတ်သက်၍ ဦးဝင်းတင်၏ သဘောထား၊ စာပေစိစစ်ရေးနှင့် လက်ရှိထုတ်ဝေခွင့်ရမှုအပေါ် အမြင်၊ လွန်ခဲ့သော ဆယ်စုနှစ်များက ထုတ်ဝေခဲ့သည့် စာအုပ်များဆန်းသစ်မှုနှင့် ယနေ့ခေတ်လူငယ် စသည်တို့ကို ဧရာဝတီ သတင်းထောက် ခက်ထန်က ဦးဝင်းတင်နှင့် ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ ဆရာကြီးရေးခဲ့တဲ့ စာအုပ်တွေ ပြန်ထုတ်မယ်လို့ သိရပါတယ်။ ဘယ်စာအုပ်တွေ ပြန်ထုတ်ဖြစ်မယ်ဆိုတာ သိပြီလားခင်ဗျ။ ထုတ်ဝေသူတွေကရော။

ဖြေ ။ ။ သိပါတယ်။ ကျနော်လည်း စာအုပ် များများ မရေးဖူးပါဘူး။ ရေးဖူးသလောက်ပေါ့ဗျာ၊ “ကမ္ဘာနီတွင် တဒင်္ဂ” တို့၊ “အလှရှာပုံတော်” တို့၊ “ကွိ” တို့၊ “ဥတ္တရအလင်း” တို့ အဲလိုစာအုပ်တွေပေါ့ဗျာ။ ထုတ်ဝေသူတွေက ပုဂံတို့၊ နေရီရီတို့ ပါပဲ။

မေး ။ ။ ဆရာကြီးရဲ့ မြန်မာဇာတ်သဘင် ဥရောပခရီးစာအုပ်ဖြစ်တဲ့ “ခြေတွင် စကား၊ လက်ဖျား ကဗျာ၊ မျက်နှာ ဇာတ်လမ်း” ရော ပြန်ထုတ်မယ့်အထဲ ပါမလား။

ဖြေ ။ ။ အဲဒါလည်း ပြန်ထုတ်မယ်ဗျ။

မေး။ ။ စာအုပ်တွေ ပြန်ထုတ်မယ်ဆိုတော့ စာပေစိစစ်ရေးကို တင်ရမယ်လို့ ထင်ပါတယ်။

ဖြေ ။ ။ ဟုတ်ကဲ့ တင်ရမယ်လို့ ထင်ပါတယ်။ သူတို့ ထုတ်ဝေသူတွေ လုပ်ကြတာပဲဗျ။ ကျနော်တော့ ဘာမှ မလုပ်ဘူး။ ကလေးတွေက လာပြီးတော့ ဒီစာအုပ်တွေ ထုတ်ချင်တယ်ပြောတယ်၊ အဲဒီတော့ ထုတ်ပေါ့လို့၊ ကျနော်ကတော့ စာရေးတဲ့လူပေါ့ဗျာ၊ လူဟောင်းအနေနဲ့ ထုတ်လည်း ကောင်းတာပေါ့ဗျာ။ ကျနော် နှစ်ပေါင်း ၅၀ လောက်က ရေးထားတဲ့ ဟာတွေကို ပြန်ထုတ်ချင်တယ် ဆိုတော့ ကျနော်ကတော့ ဝမ်းသာတယ် ခေါ်ရမှာပေါ့။ ဒီစာအုပ်တွေက မဟုတ်ရင် ပျောက်ပြယ်သွားတော့မှာ။ ထုတ်တဲ့လူရှိတော့ ဖတ်တယ်လူ ရှိတယ်ပေါ့ဗျာ။

မေး ။ ။ စာအုပ်တွေ ပြန်ထုတ်မယ်ဆိုတော့ ပြန်တည်းဖြတ်ချင်တာများ ရှိသလား၊ ဒီအတိုင်းပဲ ပြန်ထုတ်ချင်သလားခင်ဗျ။

ဖြေ ။ ။ ကျနော်တော့ ဘာမှ မလုပ်တော့ဘူးဗျ။ တည်းဖြတ်တာတွေ ဘာတွေ မလုပ်တော့ဘူး။ ကလေးတွေကိုပဲ ပေးလိုက်တာပဲဗျ။ ကလေးတွေကပဲ သူတို့ဟာသူတို့ စီစဉ်ပြီး ထုတ်မှာပေါ့။ ကျနော်တော့ တည်းဖြတ်တာတွေ မလုပ်တော့ပါဘူး။

မေး ။ ။ အကယ်၍ စာပေစိစစ်ရေးက ဖြတ်တောက်ခိုင်းတယ်ဆိုရင်ရော ဆရာကြီးအနေနဲ့ ထုတ်ဝေသူတွေကို ဘယ်လို ပြောချင်တာ ရှိလဲ။

ဖြေ ။ ။ ဖြတ်တောက်ခိုင်းတာတော့ သိပ်တော့ လုပ်လိမ့်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါ အဟောင်းတွေကိုး။ အဟောင်းတွေဆိုတော့ ဖြတ်တောက်တာ လုပ်လိမ့်မယ်လို့ ကျနော်တော့ သိပ်မထင်ဘူး။

မေး ။ ။ တချို့စာအုပ်တွေဆို ဒီခေတ်လူငယ်တွေ မမွေးခင်တုန်းက စာအုပ်တွေပေါ့။ ဒီစာအုပ်တွေကို ပြန်ထုတ်မယ်ဆိုတော့ လူငယ်တွေ စိတ်ဝင်စားနိုင်မယ်၊ ဒီစာအုပ်တွေထဲကနေ လူငယ်တွေကို ပေးချင်တဲ့ မက်ဆေ့ခ်ျတွေ ရှိတယ်လို့ ထင်သလားခင်ဗျ။

ဖြေ ။ ။ ကျနော်ကတော့ လူငယ်တွေ စိတ်ဝင်စားခြင်း မဝင်စားခြင်း ဆိုတာထက် လူငယ်တွေ ဖတ်ဖြစ်သွားစေချင်တာပေါ့။

မေး ။ ။ လူငယ်တွေ အသိများနေတာက “ကွိ” ပေါ့။ ဂျာနယ်လစ် ဖြစ်ချင်တဲ့ လူငယ်တွေလည်း ရှာဖတ်ကြတယ်။ အခုဒီစာအုပ်ကို ပြန်ထုတ်ပြီလို့ သိရတယ်။ မျိုးဆက်သစ် ဂျာနယ်လစ်တွေကို “ကွိ” နဲ့ ပတ်သက်လို့ ဘာပြောချင်တာ ရှိပါသလဲ။

ဖြေ ။ ။ “ကွိ” နဲ့ ပတ်သက်လို့ ပြောချင်တာက ဒီလိုဗျ၊ အမှန်အတိုင်း ပြောရရင် “ကွိ” နဲ့ ပတ်သက်လို့ ချီးကျူးပြီးတော့ မပြောချင်ပါဘူး။ “ကွိ” က ဟိုတုန်းကတော့ ၂ ကြိမ်ထုတ်ခဲ့ဖူးတယ်ပေါ့ဗျာ။ ဂျာနယ်ကျော် မမလေးကလည်း အကောင်းရေးထားတဲ့ စာအုပ်ပေါ့။ ဒီစာအုပ်နဲ့ ပတ်သက်လို့ သိပ်အများ ပြောစရာရှိလှမယ်တော့ မထင်ပါဘူး။ သို့သော် ဒီစာအုပ်က နှစ်ကြိမ်လောက် ထွက်ထားတဲ့ အထဲမှာ လူတွေလည်း တော်တော်ဖတ်ဖူးကြတယ်။ အခုထုတ်မယ့် စာအုပ်တိုက်ကလည်း ပုဂံတိုက်ဆိုတော့ ကောင်းကောင်းမွန်မွန် ထွက်လာပါမယ်။

မေး ။ ။ ဆရာကြီးရေးထားတဲ့ ဆောင်းပါးတွေလည်း ရှိသေးတယ်။ “ပေါ်သစ်” ကလောင်အမည်နဲ့လည်း ရေးထားတာတွေ ရှိတယ်၊ အဲဒီဆောင်းပါးတွေ စုပြီး ပြန်ထုတ်ဖို့ ရှိလား။

ဖြေ ။ ။ လိုက်စုပြီးတော့ ထုတ်ဖို့ လုပ်နေတယ်။ ဆိုပါတော့ … ခရီးသွားစာပေလို ဟာမျိုးကို ကဗျာဆရာ နီလုံဦးက ထုတ်လိမ့်မယ်။ နောက်တခါ ကျနော့်ရဲ့ တချို့ဆောင်းပါးတွေကို စုပေါင်းပြီး ထုတ်ဖို့ပဲ နီလုံဦးက လုပ်နေတယ်။

မေး ။ ။ အသက်အရွယ်နဲ့ ကျန်းမာရေးအရ စာတွေ ဆက်ရေးဖို့ စိတ်ကူးရှိသေးလား။

ဖြေ ။ ။ ကျနော်ကတော့ စာရေးနိုင်ရင်တော့ ရေးချင်တယ်ဗျ။ သို့သော် ကျန်းမာရေးအခြေအနေက သိပ်မပေးတော့ဘူး။ ခုတောင် ခပ်ယိုင်ယိုင်ပဲ၊ အိပ်ယာထဲ လှဲနေရတဲ့ အနေအထား ရောက်နေပြီ။ ကျန်းမာရေး မကောင်းလို့ ပါတီက ခွင့်ယူပြီးနေတာကို ၂ လလောက် ရှိသွားပြီ။

မေး ။ ။ စာပေစိစစ်ရေး မူဝါဒနဲ့ ပတ်သက်လို့ အစိုးရက မူဝါဒ နည်းနည်းဖြေလျှော့ပြီး သတင်းဂျာနယ်တွေက လွဲရင် ကျန်စာစောင်တွေကို စိစစ်ရေးတင်စရာမလိုဘဲ ထုတ်ပြီးမှ တင်ပြတဲ့ (ထုတ်တင်) စနစ်ကို လုပ်ခဲ့တယ်။ အဲဒီအပေါ်ရော ဘယ်လို မြင်ပါသလဲ။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ ထုတ်တင်တွေ၊ တင်ထုတ်တွေ လုပ်နေမယ့်အစား စာပေစိစစ်ရေး ဖျက်သိမ်းပစ်လိုက်တာ အကောင်းဆုံးပဲလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီလိုလားတဲ့ ကျနော်တို့ဘက်က ကြည့်ရင် စာပေစိစစ်ရေးဆိုတာ ဖျက်သိမ်းပစ်တာ အကောင်းဆုံးပဲလို့ ထင်တယ်။ ဒီမိုကရေစီ အစိုးရလို့ ပြောချင်ရင် သူတို့လည်း စာပေစိစစ်ရေးလိုဟာမျိုးကို ဖျက်သိမ်းပစ်ဖို့ ကောင်းတယ်လို့ အဲလိုပဲ ကျနော် ပြောချင်ပါတယ်။

မေး ။ ။ ၁၉၇၇-၇၈ လောက်တုန်းက ဆရာကြီးတို့ မန္တလေးမှာ ဟံသာဝတီ စနေ စာပေဝိုင်းတွေ လုပ်ခဲ့တယ်။ စာတမ်းတွေ ဖတ်တယ်၊ ထုတ်ဝေတယ်။ အဲဒီမှာရော ဆရာကြီး ဖတ်ဖြစ်တဲ့ စာတမ်းတွေ ရှိပါသေးသလား။

ဖြေ ။ ။ ခရီးသွားစာတမ်းဆိုပြီးတော့ စာတမ်းတစောင် ပါပါတယ်။ အဲဒါကို ပြန်ထုတ်ဖို့ လုပ်နေပါတယ်။

မေး ။ ။ ၁၉၇၈ မှာ စနေ စာပေဝိုင်းကနေ မဆလကို ဝေဖန်တဲ့ စာတမ်းဖတ်ကြလို့ ဆရာကြီးလည်း ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ကနေ အလုပ်ပြုတ်ခဲ့တယ်နော်။ အဲဒီတုန်းက ဖတ်တဲ့ စာတမ်းအကြောင်း ပြောပါဦး။

ဖြေ ။ ။ ဒီလိုဗျ။ ကျနော် ပြုတ်သွားတဲ့ ကိစ္စက ဒီလို။ သိန်းဖေမြင့်က အဲဒီအချိန်မှာ သေတယ်ဗျာ။ သိန်းဖေမြင့်သေတော့ ကျနော်က သဘာပတိ လုပ်ပြီးတော့ သိန်းဖေမြင့်-သတင်းစာဆရာ ဆိုတာကို သဘာပတိအနေနဲ့ စာတမ်း ဖတ်တယ်ပေါ့ဗျာ။ နောက်ပြီးတော့ သခင်ကျော်စိန်က သိန်းဖေမြင့်-နိုင်ငံရေးသမား ဆိုပြီးတော့ စာတမ်းဖတ်တယ်။ နောက်တယောက်က သိန်းဖေမြင့်-စာရေးဆရာဆိုပြီး စာတမ်းဖတ်တယ်။ အဲဒီစာတမ်း ၃ စောင်က ရှာတော့ရှာတုန်းပဲဗျ။ လိုက်ရှာနေတယ်။ အခုထိတော့ မတွေ့သေးဘူး ဖြစ်နေတယ်။ ဒီစာတမ်းလည်း ကျနော်က ထုတ်ချင်တယ်လေ။

မေး ။ ။ စာအုပ်တွေ ပြန်ထုတ်မယ်၊ စာပေစိစစ်ရေးကလည်း ခွင့်ပြုတယ်ဆိုတော့ စာနယ်ဇင်း အလားအလာကို ဘယ်လို မြင်သလဲခင်ဗျ။

ဖြေ ။ ။ ကျနော်တို့လည်း လူကြီးတွေ၊ အဖိုးကြီးတွေ ဖြစ်နေပြီပေါ့ဗျာ။ ကျနော်တို့ စာတမ်းတွေကလည်း ပြောသာပြောတယ်၊ သိပ်ပြီး ထက်ထက်မြက်မြက်ကြီး မဟုတ်ပါဘူး။ ရေးကြသားကြ လုပ်ကြကိုင်ကြ အဲဒီခေတ်တုန်းက လုပ်တာပါပဲ။ သူတို့ကလည်း အဲဒါတွေကို တွက်မိပုံရပါတယ်။ ကျနော်တို့ပြောတဲ့ စာတမ်းတွေထဲမှာ သိပ်ပြီး ထူးထူးခြားခြားလည်း မရှိလှဘူးလို့ သူတို့ကတွက်လို့ပဲ ဖြစ်မှာပါ။ သူတို့လုပ်တာ လွန်ကဲတာ တခုက သူတို့က လူအနေနဲ့ လုပ်တာမဟုတ်ဘူး၊ နာမည်အနေနဲ့ လုပ်ပြီးတော့ အကုန်လုံး ဖြတ်တောက်ပြီးတော့ ပိတ်ဆို့လုပ်တာ။ ဒါပါပဲ။

မေး ။ ။ ကဗျာဆရာကြီး ဦးတင်မိုးဆိုရင်လည်း သူကွယ်လွန်မှ သူ့စာတွေ ပြည်တွင်းမှာ ပြန်ဖော်ပြခွင့်ရတယ်။ ဒီလိုအပေါ်ကိုရော အပြုသဘော မြင်ပါသလား။

ဖြေ ။ ။ မြင်ပါတယ်။ ကိုတင်ကိုမိုးကိုလည်း ခုန ကျနော် ပြောခဲ့သလိုပဲ နာမည်နဲ့ ပိတ်တာပါပဲ။ ကိုတင်မိုး ရေးတာမှာလည်း ထူးခြားတဲ့ အချက်တွေ ပါတယ်၊ ထူးခြားတဲ့ ကဗျာတွေ ပါတယ်။ ဒါပေမယ့် သူ့တို့ကို သိပ်ပြီးတော့ ထိခိုက်တယ်လို့ မထင်တဲ့ဟာမျိုးကို ခွင့်ပြုလိုက်တာပါပဲ။ သူတို့ကို ထိခိုက်တဲ့ စာမျိုးကျတော့ မလွှတ်နိုင်ဘူး ထင်ပါတယ်။

မေး ။ ။ စာအုပ်တွေက ထုတ်ခဲ့တာ ကြာပြီ၊ ဆယ်စုနှစ် ချီနေပြီ၊ ဆိုတော့ ဒီအတောအတွင်းမှာ ကိုယ့်စာအုပ်တွေ ကိုယ်ပြန်ဖတ်ဖြစ်သေးပါသလား။

ဖြေ ။ ။ မဖတ်ဖြစ်ဘူးဗျ။ ထောင်ထဲမှာ နေတုန်းမှာ လုံးဝ ပိတ်ထားတာဆိုတော့ မဖတ်ဖြစ်ဘူး။ အခုလည်း ကျနော်က ကျနော့်စာအုပ်တွေကို ထုတ်မယ်ဆိုပြီးတော့ လူတွေက အူယားဖားလျားနဲ့ လာပြီးတော့ ပြောဆိုနေတာကိုး။ ကျနော့်အနေနဲ့ ထူးထူးခြားခြား မဖတ်ဖြစ်ဘူး။ အဲဒီစာအုပ် ထုတ်ချင်တယ်ဆို ရှာလာရင် လက်မှတ်ထိုးပေးလိုက်တာပါပဲ။ အခုနှစ်ပေါင်းအတော် ကြာပြီးတဲ့ အခါကျမှပဲ ကျနော့်စာအုပ်တွေကို ကျနော် ပြန်ပြီးဖတ်ရတော့မှာပဲလို့ ကျနော် ထင်တယ်ခင်ဗျ။

မေး ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ အရင်က ပေါ်သစ်၊ မောင်ဝန်ဇင်း၊ ပုည၊ ဝင်းဆွေ ကလောင်အမည်တွေနဲ့ ရေးခဲ့တာတွေကိုလည်း အရင်ကလောင်အတိုင်း ပြန်ထုတ်ဖြစ်မလား၊ ဦးဝင်းတင် အမည်နဲ့ ပြောင်းထုတ်ဖြစ်မလား။

ဖြေ ။ ။ အရင်အတိုင်းပဲ ထုတ်မှာပါ။ နာမည် မပြောင်းပါဘူးခင်ဗျ။

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.

အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လက်ရှိ ဦးသိန်းစိန်အစိုးရ အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံ့တာဝန်တွေကို အမြန် ဆောင်ရွက်ဖို့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းလိုက် ပါတယ်။

“ရက်ပေါင်း (၁၀၀) ကျော်လာပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဘယ်လောက် အထိ အပြောင်းအလဲ ဖေါ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိတယ် ဆိုတာကို အခုထိ ခန့်မှန်းလို့ မရသေးပါဘူး။ ရက်(၁၀၀) ဆိုတာ သိပ်ကြာလှတဲ့ ကာလ မဟုတ်ပေမည့် တကယ် လုပ်ချင်ရင်တော့ သိသာအောင်လို့ လုပ်နိုင်တာတွေ ရှိပါတယ်။ လုပ်သင့် လုပ်ထိုက် တာတွေကို အမြန်ဆုံး လုပ်တာဟာ တိုင်းပြည် အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလိုလည်း လုပ်ကြဖို့ကို တိုက်တွန်းချင်ပါတယ်။”

သောကြာနေ့တိုင်း RFA က အပတ်စဉ် တင်ဆက်နေတဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်` အစီအစဉ် အတွက် သောတရှင် တဦးက လက်ရှိ အစိုးရရဲ့ ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံကို သောကြာနေ့ည တက်ဆက်မယ့် `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်` အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

RFA မှ ကူးယူဖော်ပြပါသည်။

အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကုလသမဂ္ဂ တင်ပြမယ်


အန်အယ်လ်ဒီပါတီ ရပ်တည်ရေး ကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ လာမည့် သြဂုတ်လ ပထမပတ် အတွင်း တိုင်တန်း တင်ပြသွားမယ်လို့ ပါတီရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။

"သြဂုတ်လဆန်းလောက် နောက်ဆုံးပါဘဲ။ ကျနော်တို့ တင်ဖြစ်မှာပါ။ လူ့အခွင့်အရေး ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းများ အရ ပြည်တွင်းမှာ လမ်းဆုံးလို့ ရှိရင် အဲဒီမှာ သက်သာခွင့် လျှောက်ထားခွင့် ရှိတယ်ပေါ့ဗျာ။ အဲဒါကို တင်ဖို့ပါ။"

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ပြဖို့ လိုအပ်တဲ့ ဥပဒေ ရေးရာ ကိစ္စတွေကို ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ မနေ့က အသေးစိတ် ဆွေးနွေး တိုင်ပင်ခဲ့ကြ ပါတယ်။

အန်အယ်လ်ဒီ ပါတီ တရားဝင် ရပ်တည်ရေးကိစ္စကို ပါတီဘက်က ဥပဒေကြောင်း အရ ဗဟိုတရား ရုံးချုပ်မှာ အစိုးရကို တရားစွဲဆို ခဲ့ပေမယ့် နောက်ဆုံး အထူး အယူခံ အဆင့် အထိ ပယ်ချခံရတာကြောင့် ပြည်တွင်းမှာ ကြိုးပမ်း ဆောင်ရွက်ဖို့ လမ်းဆုံးသွားပြီ ဖြစ်တဲ့ အတွက် အခုလို ကုလသမဂ္ဂကို တင်ပြမှာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီကို ပါတီသစ် အဖြစ် မှတ်ပုံတင်ရေး ကိစ္စ အပါအ၀င် အစိုးရနဲ့ အန်အယ်ဒီ အကြား မတူညီတဲ့ ဥပဒေ အမြင်တွေကို ညှိနှိုင်း ဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်း မကြာသေးခင်က ပြည်ထဲရေး ၀န်ကြီး ဌာနကို အန်အယ်လ်ဒီက စာတစ်စောင် ပေးပို့ခဲ့ ပါတယ်။

RFA မှ ကူးယူဖော်ပြပါသည်။

မြန်မာအစိုးရ၏ တိုင်းရင်းသားများအပေါ် စစ်ဆင်ရေး ဂျီနီဗာ ပြဋ္ဌာန်းချက် ချိုးဖောက်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာမှာ မြန်မာစစ်တပ်က အင်အား အပြင်းအထန်သုံး တိုက်ခိုက်နေတာဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ မညီဘူးလို့ ဥပဒေ ပညာရှင်တွေက မြင်ကြပါတယ်။ အထူးသဖြင့်ကတော့ ပြည်တွင်းစစ် ဖြစ်ပွားရာမှာ လေကြောင်းအင်အား အသုံးပြုမှုတွေ၊ အရပ်သားတွေ ထိခိုက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒါဟာ ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်နေပြီလို့ ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ ဂျီနီဗာ သဘောတူညီချက်ကို အခုနောက်ဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေက ချိုးဖောက်ရာ ရောက်နေပြီလို့ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြလာကြတာပါ။

အထူးသဖြင့် မြန်မာစစ်တပ်က ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းနဲ့ တိုက်ပွဲတွေအတွင်း တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပဋိပက္ခတွေ အတွင်းမှာလည်း အရပ်သားတွေ ထိခိုက်မှုတွေ ရှိတဲ့အထိ ဖြစ်နေရတာတွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ်က နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က ပြောပါတယ်။

“ရှမ်းပြည်တပ်မတော် ဌာနချုပ်အနီးမှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲသွားတာ၊ နောက်ပြီးတော့ ကချင်ပြည်နယ်ထဲမှာ လက်နက်ကြီးတွေ သုံးပြီးတော့ အရပ်သားရော မရှောင်၊ ပြီးတော့ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ စခန်းတွေကို လိုက်ပစ်နေတဲ့ ကိစ္စတွေက ဘာကို ပထမဦးဆုံး ညွှန်ပြသလဲဆိုတော့ ပြည်တွင်းစစ် မြန်မာပြည်မှာ အမှန်တကယ် ဖြစ်နေတာကို သက်သေပြတယ်။

“ဒုတိယအချက်က ပြည်ထောင်စု မြန်မာနိုင်ငံဟာ Geneva Convention ခေါ်တဲ့ နိုင်ငံတကာ စစ်နဲ့သက်ဆိုင်တဲ့ ဥပဒေကို သြဂုတ်လ ၂၅ ရက်၊ ၁၉၉၂ ခုနှစ်မှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ ဖြစ်တဲ့အတွက် စစ်နဲ့ဆိုင်တဲ့ နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေတွေနဲ့ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားခြင်း ဥပဒေတွေကို လိုက်နာဖို့ လိုတယ်။ Geneva Convention ရဲ့ တကယ့် အနှစ်သာရက တိုင်းပြည်တခုနဲ့တခု အသီးသီး စစ်ကြေညာပြီးတော့၊ ဒါမှမဟုတ် တိုင်းပြည် ၂ ခုထက် ပိုတဲ့ဟာ စစ်ကြေညာပြီးတော့ အချင်းချင်း ပစ်ခတ်တဲ့ကိစ္စ ဖြစ်တယ်။

“ဒါပေမဲ့ ဒီ Geneva Convention က ဘာဖြစ်သွားလို့ မြန်မာပြည်လို ပြည်တွင်းစစ်မှာ အကြုံးသွားဝင်သလဲ ဆိုတော့ လူသားချင်း စာနာ ထောက်ထားခြင်းဆိုင်ရာ ဥပဒေတွေ ပါလာတဲ့အတွက်၊ အခု မြန်မာအစိုးရကလည်း လက်မှတ်ထိုးထားတဲ့ တိုင်းပြည် ဖြစ်တဲ့အတွက် အဲဒါ လိုက်နာစရာ လိုတယ်။”

နိုင်ငံတကာက စစ်မက်ဆိုင်ရာ ပဋိပက္ခတွေအတွင်း မြေဇာပင် ဖြစ်နေရသူတွေကို အထူးသဖြင့် အကာအကွယ်ပေးဖို့ ဂျီနီဗာ သဘောတူညီချက်က ပြဋ္ဌာန်းထားတာပါ။ ဒီလို ပြဋ္ဌာန်းချက်တွေကို သဘောတူ လက်မှတ်ရေးထိုးထားပေမဲ့ လိုက်နာဖို့ ပျက်ကွက်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ကြောင်း ထင်ရှားတယ်ဆိုရင် နိုင်ငံတကာ အသိုင်းအ၀န်းမှာ အထောက်အထားနဲ့တကွ တိုင်တန်းနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့လည်း ဥပဒေရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်း ငွန်ကျူံးလျန်က ပြောပါတယ်။

“ဥပမာ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ ရဲဘော်တယောက်ကို သူတို့ ခေါ်ပြီးတော့ နှိပ်စက်ညှဉ်းပန်းပြီး သတ်သွားတဲ့ ကိစ္စဟာ သူတို့က Geneva Convention ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ကျတယ်။ ဒါမျိုးကိစ္စဖြစ်ရင် အခု KIA က တက်လာတဲ့ အစိုးရသစ်ဟာ Geneva Convention ကို မလိုက်နာပါဘူး ဆိုတဲ့ဟာ သူတို့ လုပ်နေတဲ့ကိစ္စ ရှိတယ်။ ဒီလိုပဲ ရှမ်းဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ်၊ ကယားဖြစ်ဖြစ်၊ မွန်ဖြစ်ဖြစ်၊ ချင်းဖြစ်ဖြစ် ဒါမျိုး Geneva Convention ချိုးဖောက်တဲ့ ကိစ္စတွေကို နိုင်ငံတကာ အသိုင်းအ၀န်းတွေက တဆင့် Geneva Convention လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို အကြောင်းကြားဖို့က လုပ်ဆောင်ရမယ့်ကိစ္စ ဖြစ်တယ်။

“Geneva Convention ကို ချိုးဖောက်ပြီးတော့ အရေးယူခံရတဲ့ တိုင်းပြည်ရယ်လို့ လက်ညှိုးထိုးစရာတော့ မရှိဘူး။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအ၀န်းမှာ မျက်နှာပျက်စရာ ဖြစ်တယ်။ နိုင်ငံတကာ အသိုင်းအ၀န်းမှာ ယဉ်ကျေးသိမ်မွေ့တဲ့ တိုင်းပြည်နဲ့ မယဉ်ကျေး၊ မသိမ်မွေ့တဲ့ တိုင်းပြည် ဆိုပြီးတော့ သတ်မှတ်ခံရတဲ့ ဓလေ့ထုံးတမ်း ရှိတယ်။ ဒါမျိုး Geneva Convention ကို မလိုက်နာတဲ့ လူတွေက မယဉ်ကျေး၊ မသိမ်မွေ့တဲ့ တိုင်းပြည်အဖြစ် အပြောခံရတယ်။ ဆိုတော့ ကိုယ့်တိုင်းပြည် နိုင်ငံတကာ အသိုင်းအ၀န်းမှာ မျက်နှာပျက်စရာမျိုးကို မလုပ်ချင်တဲ့ လူတိုင်းက ဒီ Geneva Convention ကို သူတို့က အတတ်နိုင်ဆုံး လိုက်နာကြတာ ဖြစ်ပါတယ်။”

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ စစ်အစိုးရက ရွေးကောက်ပွဲတရပ် ကျင်းပပြီး ဒီနှစ်ဆန်းပိုင်း အစိုးရသစ် ဖွဲ့စည်းခဲ့တဲ့ နောက်ပိုင်း တကျော့ပြန် ကြီးထွားလာခဲ့တာပါ။ အထူးသဖြင့်ကတော့ အပစ်အခတ် ရပ်စဲရေး ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ လက်နက်ချဖို့ ဒါမှမဟုတ်ရင်လည်း နယ်ခြားစောင့် တပ်ဖွဲ့လို အဆင့်နှိမ့် ပြောင်းလဲဖွဲ့စည်းဖို့ မြန်မာအာဏာပိုင်တွေဘက်က ဖိအားပေးရာက လက်နက်ကိုင် ပဋိပက္ခတွေ အပြင်းအထန် ပြန်လည် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

VOA မှ ကူးယူဖော်ပြပါသည်။

ဇူလိုင် ၁၃၊ ၁၉၄၇က ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူသို့ နောက်ဆုံးမိန့်ခွန်း


"တိုင်းပြုပြည်ပြုလွှတ်တော် [ဖော်ဆောင်ရတာဟာ] အိမ်ဟောင်းကို တည်ရုံအလုပ်မဟုတ်ဘဲနဲ့ တခုလုံး ဖျက်ဆီးပြီးတဲ့နောက် အဲဒီပျက်သွားတဲ့ နေရာမှာထပ်ပြီး အိမ်အသစ်ဆောက်တာနဲ့ တူပါတယ်။

ကျွန်တော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝလွတ်လပ်ရေးကို ကျွန်တော်တို့ရအောင် လုပ်မယ်ဆိုတဲ့အတိုင်း အဲဒီလုံးဝလွတ်လပ်ရေးကို ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလုံးဝလွတ်လပ်ရေးကို ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော်တို့ ဒီတိုင်းပြည်ကို ကြေညာထားတဲ့အတိုင်း တနှစ်အတွင်း လုံးဝလွတ်လပ်ရေးရအောင် လုပ်မယ်ဆိုတာလဲ ကျွန်တော်တို့လုပ်နေလျက်ပါပဲ။
ဘယ်အစိုးရမှလဲ ချွတ်ယွင်းချက်မရှိတဲ့ အစိုးရမရှိဘူး။ သို့သော်လဲဘဲ တိုင်းပြည်အပေါ်မှာ စေတနာရှင်းရှင်းထားပြီး တဆင့်ထက်တဆင့် ကျွန်တော်တို့လုပ်လာတဲ့ လုပ်ငန်းဟာ တိုးတက်သလား မတိုးတက်ဘူးလား ဆိုတာခင်ဗျားတို့ ပြန်ကြည့်ပါ။……..နောက်အတော်လေးကြာလာယင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအလင်း ကြေညာနိုင်တဲ့ စကားမျိုးလုပ်လာနိုင်ပါဦးမယ်။
အဲဒီလို လုပ်လာတဲ့အခါမှာ ကျွန်တော်တို့ဟာ လွတ်လပ်ရေးလုပ်ငန်းမယ် ဘယ်ထိအောင် တစခန်း တက်လာပြီး ဘယ်ထိအောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ဘယ်လို တစခန်း တက်လာပြန်ပြီ အစရှိသည်အားဖြင့် အဲဒီလို အခွင့်အလမ်းတွေကိုလဲ ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒီလို တိုင်းပြည်ပြန်လည်ထူထောင်ရေးမယ် လုပ်တဲ့လုပ်ငန်းမှာလဲ တဆင့်တက်လာတာကိုသော်၎င်း၊ အခုလွတ်လပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး တဆင့်တက်လာတာကိုသော်၎င် အဲဒီလိုတက်လာတာကို ခင်ဗျားတို့ ရက်မကြာမီမှာ မြင်ရပါလိမ့်မယ်။
အဲဒီလို မြင်ရရုံမကဘူး။ ကျွန်တော်တို့ ဒီအစိုးရနှင့် အရင်ကရှိတဲ့ အစိုးရတွေနှင့် ယှဉ်ကြည့်လိုက်ယင် ကျုပ်ပြောရဲတယ်။ ယခု အစိုးရထဲမှာ လာဘ်စားတဲ့လူတွေ မရှိပါဘူးဆိုတာ ကျုပ်ပြောရဲတယ်။
ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မလုပ်လာလို့ အစိုးရဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုနဲ့ ကျုပ်တို့အစိုးရဖြစ်နေတာ တိုင်းပြည်ကမကြည်ညိုဘူးဆိုတာ ကျုပ်တို့သိတဲ့တနေ့မှာ ကျုပ်တို့လဲ မနေဘူး။ တွယ်မနေပါဘူး။ ထွက်မှာပါဘဲ။ သို့သော်လဲဘဲ တနှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ။ ရာဇ၀င်မှာ အရေးခံမဲ့ လူစားမျိုးတွေလား။ ရာဇ၀င်မှာ အဆဲခံမဲ့ လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်သိပါလိမ့်မယ်။……..
တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လဲ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည်ဖြစ်နေမှာဘဲလို့ကျွန်တော်ပြောချင်တယ်။…..
ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပါဘဲ။ ဒီစကားဟာ ဒီနေရာမှာသုံးဖို့ ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာပြည်ပြန်လည်ထူထောင်ရေးလုပ်တဲ့ နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။….
ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ယင်၊ လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ယင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုယင်၊ အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကိုပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော် ကနေ့ပြောခဲ့ချင်တယ်။"
(စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်ထုတ် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ ၁၉၄၅-၁၉၄၇ စာအုပ်မှ မူရင်းသတ်ပုံအတိုင်း ကောက်နုတ်ဖော်ပြသည်။)

moemakha မှ ကူးယူဖော်ပြပါသည်။

Wednesday, July 13, 2011

၉၀ ရွေးကောက်ခံများကိုလည်း ဂျပန် ဖိတ်ခေါ်သင့်

ထွန်းထွန်း | အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၉ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဂျပန်အစိုးရ ဖိတ်ခေါ်သည့် လေ့လာရေးခရီးစဉ်များ၌ ၉၀ ခုနှစ် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားခေါင်းဆောင်များပါ ထည့်သွင်းခေါ်ယူသွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြသွားမည်ဟု ဂျပန်အမတ်များ သမဂ္ဂက အင်္ဂါနေ့ ဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ကြောင်း တိုကျိုအခြေစိုက် မြန်မာ့ရေးရာရုံး အတွင်းရေးမှူး ဒေါက်တာမင်းညိုက ပြောသည်။

ဂျပန်အထက်လွှတ်တော်၌ အင်္ဂါနေ့ နေ့လည်ပိုင်းတွင် မြန်မာပြည်ဆိုင်ရာ ဂျပန်နိုင်ငံခြားရေး မူဝါဒ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာ၊ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဌာန လက်ထောက် ညွှန်ကြားရေးမှူး မစ္စတာ Shinji Minami ၊ ဂျပန်အမတ်သမဂ္ဂ အဖွဲ့ဝင်များ၊ အထက်လွှတ်တော် အမတ်အချို့နှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ တက်ရောက်ခဲ့သည်။

“မြန်မာပြည်က အမတ်တွေကို ရွေးချယ်ပြီး ဖိတ်တဲ့ဟာနဲ့ပတ်သက်ပြီး နောက်တခါ ဖိတ်မယ်ဆိုရင် ၂၀၁၀ က ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ အမတ်တွေတင်မကဘဲနဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရတဲ့အမတ်တွေတို့၊ အဲဒီတုန်းက ပါဝင်ခဲ့တဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း ဖိတ်ပါဆိုတာကို ဆုံးဖြတ်ချက် ချတယ်လေ။ အဲဒီဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနကို သူတို့ တင်မယ်လို့လည်း ပြောတယ်” ဟု ဆွေးနွေးပွဲတွင် ပါဝင်သူ ဒေါက်တာမင်းညိုက မဇ္ဈိမကို ပြောသည်။

မနက်ဖြန် ဇူလိုင် ၁၃ ရက်တွင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ရေးပါတီအပြင် အခြားပါတီ ၅ ခုမှ လူငယ်ကိုယ်စားလှယ်များအား ဂျပန်အစိုးရက လေ့လာရေးခရီးစဉ် ခေါ်ယူထားရာ၊ ဂျပန်ရောက် မြန်မာများက ၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များနှင့် တိုင်းရင်းသားခေါင်းဆောင်များကိုပါ ခေါ်ယူစေလိုကြောင်း တင်ပြခဲ့ရာမှ ယခုရလဒ် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ ပါလီမန်နိုင်ငံခြားရေးရာ ဒုဝန်ကြီး မစ္စစ် Makiko KIKUTA ကို ဇွန်လ ၂၉ ရက် ၂ဝ၁၁ ခုနှစ်တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။
“အမျိုးသားပြန်လည်သင့်မြတ်ရေးကို အပြောမဟုတ်ဘဲနဲ့ လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အနေအထားတွေ ရောက်အောင် ပိုပြီးလုပ်ကိုင်ဆောင်ရွက်ပေးဖို့ ကျနော်တို့အနေနဲ့ တိုက်တွန်းချင်တယ်။ ဥပမာ ၂၀၁၀ မှာနိုင်တဲ့ ကိုယ်စားလှယ်တွေကို ခေါ်ပြီးတော့ ဖိတ်တာအပြင် ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီတွေကိုလည်း ခေါ်စေချင်တယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ် (ဂျပန်ဌာနခွဲ) မှ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ၏ နိုင်ငံခြားမူဝါဒ ပြောင်းလဲမှု ရှိမရှိ၊ မြန်မာပြည် ပြည်တွင်းစစ် အခြေအနေနှင့် မြန်မာပြည်ကို ပေးအပ်နေသည့် ဂျပန်အထောက်အပံ့များ အကြောင်းကိုပါ ဆွေးနွေးခဲ့ကြသေးသည်။

မြန်မာပြည်ဆိုင်ရာ မူဝါဒနှင့်ပတ်သက်၍ ဂျပန်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပနိုင်သည်ကို ပြောင်းလဲမှုအဖြစ် ရှုမြင်ထားသောကြောင့် မြန်မာအစိုးရသစ်နှင့် ပူးပေါင်းလုပ်ကိုင်မည့်အကြောင်း ဂျပန်နိုင်ငံခြားဌာနက ပြောကြားခဲ့သည်။

“မြန်မာပြည်မှာရှိတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ လုပ်လိုက်တဲ့ဟာက ဒီမိုကရေစီစနစ်ကျတာ၊ မကျတာ ဘေးချိတ်ထား။ ရှေ့ကို တလှမ်းတိုးသွားတယ်ပေါ့။ ရှေ့ကို တလှမ်းတိုးသွားပြီ၊ ပြောရရင် နောက်ကို ပြန်မဆုတ်စေချင်ဘူး။ အဲဒီတော့ နောက်ကို ပြန်မဆုတ်နိုင်တဲ့ပေါ်လစီကို သူတို့က ကျင့်သုံးနေတဲ့ဆိုတဲ့ ဟာမျိုးပေါ့” ဟု မစ္စတာ Shiji Minami ၏ ပြောဆိုချက်ကို ဒေါက်တာမင်းညိုက ပြန်ပြောပြသည်။

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ တက်လာသော်လည်း အမည်ခံသက်သက်ဖြစ်ပြီး၊ ၉၀ ရွေးကောက်ခံ NLD နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့်မူဝါဒ ရှင်းလင်းစွာ ချမှတ်ရန် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက လိုလားသည်။

“လုပ်နေတဲ့ လောလောဆယ်လုပ်ရပ်က လက်ရှိ ၂၀၁၀ ကနေ တက်လာတဲ့ လမ်းကြောင်းကိုပဲ ထဲထဲဝင်ဝင် ဖြစ်အောင် သွားပေးနေတဲ့ ဟာမျိုးတော့ မြင်နေတယ်။ အဲဒီအတွက်လည်း ကျနော်တို့ တဖက်မှာပဲ အားသာနေတဲ့ ဟာကိုလည်း မျှမျှတတဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်ပေးဖို့၊ ဂျပန်ပေါ်လစီ ပြတ်ပြတ်သားသားဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်ပေးဖို့၊ တိုက်တွန်းဖို့ ပြင်ဆင်နေပါတယ်” ဟု ဦးသောင်းမြင့်ဦးက ပြောသည်။

ဂျပန်ပါလီမန် နိုင်ငံခြားရေးရာ ဒုဝန်ကြီး မစ္စစ် Makiko Kikuta ဇွန်လကုန်ပိုင်းက မြန်မာပြည်သို့ သွားရောက်ခဲ့အပြီး ဂျပန်-မြန်မာဆက်ဆံရေးမှာ မျက်နှာသစ် ဖွင့်လိုက်ကြောင်း ပြောဆိုခဲ့သလို စီးပွားရေး အကူအညီ ပြန်ပေးရန် စဉ်းစားနေသည်ဟူသော သတင်းများ ပေါ်ထွက်လာခဲ့သည်။

ဂျပန်နိုင်ငံရောက် မြန်မာဒီမိုကရေစီအင်အားစုများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု မရှိသေးခြင်းနှင့် ပြည်တွင်းစစ် ဆက်ဖြစ်နေသည့်အတွက် ဂျပန်အစိုးရအနေဖြင့် မြန်မာအစိုးရအား အကူအညီ မပေးသင့်သေးကြောင်း ယနေ့ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောဆိုခဲ့သေးသည်။

© Copyright 1998 - 2011 Mizzima News. All Rights Reserved.

Tuesday, July 12, 2011

ဆူးထွင်းအပ် (ခင်မမမျိုး )


တခါတရံမှာ လူတဦးတယောက်ကို အခြားလူတယောက်က တမင်တကာပဲဖြစ်ဖြစ်၊ အမှု မဲ့ အမှတ်မဲ့ပဲ ဖြစ်ဖြစ်၊ စေတနာနဲ့ပဲ ဖြစ်ဖြစ် ပြုမူဆက်ဆံပြောဆိုမှုလေးတွေဟာ တဘက် သားရဲ့ ရင်ထဲမှာ ဆူးစူးသလို ဒဏ်ရာအနာတရလေးတွေ ဖြစ်သွားတတ်ပါတယ်။ အထူး သဖြင့် လူကြီးမိဘ၊ ဆရာသမားတွေရဲ့ ပဲ့ပြင်ဆုံးမမှုတွေကို ကလေးငယ်တွေက မတရား ဘူးလို့ လက်ခံသွားမိတဲ့အခါ ဒီကလေးငယ်တွေရဲ့ နုနယ်တဲ့ နှလုံးသားတွေမှာ ဆူးလေး တွေ စိုက်ဝင်သွားတတ်ကြပါတယ်။ ပဲ့ပြင်ဆုံးမမှုဆိုတာမှာ စေတနာနှင့် အကျိုးကို မျှော် ပြီး ဆုံးမကြတာ များပေမယ့် တခါတရံမှာ ဒေါသအလျောက် လက်လွန်ခြေလွန် ဖြစ်သွား တတ်တာတွေ ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူတယောက်ဟာ ထိခိုက်နာကျင် ခံစားရပြီဆိုရင် မတရားမှု (injusti ce) ရဲ့ အရိပ်အငွေ့လေးတွေက သူ့အာရုံကို လွှမ်းမိုးလာတတ်ပါတယ်။ အဲဒါကို injust ice gap လို့ ပညာရှင်များက သတ်မှတ်ကြပါတယ်။ အဲဒီ injustice gap က ကြီးထွားရင် ခွင့်လွှတ်နိုင်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဒီထက်ပိုဆိုးတာက negative emotions တွေ ထွက် ပေါ်လာတတ်ပါတယ်။ ခံပြင်းစိတ်၊ လက်စားချေလိုစိတ်၊ အရွဲ့ တိုက်လိုစိတ် စတာတွေ ဖြစ်လာတတ်ပါတယ်။ အနည်းဆုံးတော့ တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါ စိုက်ဝင်နေတဲ့ ဆူးလေးကြောင့် တနုံ့နုံ့ ခံစားရတတ်ပါတယ်။

ပဲ့ပြင်ဆုံးမမှုမှာ ဆုံးမသူရဲ့ စေတနာကို နားလည်ခဲ့ရင် injustice gap သေးငယ်ပေမယ့်၊ စေတနာကို နားမလည်ခဲ့ရင် (သို့မဟုတ်) ဆုံးမသူ ကိုယ်တိုင်က ဒေါသအလျောက် လုပ် ခဲ့တာဆိုရင် injustice gap က ကြီးထွားတတ်ပါတယ်။ ဒါတွေဟာ အသေးအဖွဲလေးတွေ လို ထင်ရတတ်ပေမယ့် လူတယောက်ရဲ့ အနာဂတ် မိသားစုဘဝ ပုံဖော်မှု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး စတာတွေပေါ်မှာ သက်ရောက်မှုတွေ ရှိလာတတ်ပါ တယ်။

ဒါကြောင့် မိဘ၊ ဆရာ၊ လူကြီးသူမတွေနဲ့ ပတ်သက်ပြီး ဆူးလေးတွေ ကိုယ့်ရင်ထဲမှာ ရှိ နေတဲ့အခါ ဆူးထွင်းအပ်လေးတွေနဲ့ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ injustice gap နည်း တဲ့ ဆူးလေးတွေကို ခွင့်လွှတ်ခြင်း (forgiveness) နဲ့ ဖယ်ရှားပစ်ပြီး၊ injustice gap များ တဲ့ ဆူးလေးတွေကိုတော့ သက်ဆိုင်သူတွေနဲ့ ပြန်လှန်ဆွေးနွေးမှုကနေ တဆင့်ဖြစ်ပွားခဲ့ တဲ့ ဖြစ်ရပ်မှာ သူ့နေရာမှ ဝင်ရောက်နေရာယူကြည့်ပြီး နားလည်ပေးရန် ကြိုးစားခြင်း (at empt to understand) နဲ့ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်သူတွေ မရှိတော့တဲ့ အချိန်မှာ ဆိုရင်တော့ ခွင့်လွှတ်ခြင်းနဲ့ မေ့ပျောက်ရန်ကြိုးစားခြင်း စတဲ့ဆူးထွင်းအပ်လေး ကို အသုံးပြုဖို့ လိုအပ်ပါတယ်။

ကျမဘဝမှာလဲ ဆူးလေးတွေ အများအပြား စိုက်ဝင်ခဲ့ဖူးပါတယ်။ တချို့ဆူးလေးတွေကျ တော့ injustice gap က နည်းပါတယ်။ စေတနာကို နားလည်ခံစားမိတာကြောင့် ခန္ဓာ ကိုယ်ကို ထိခိုက်နာကျင်မှု ဖြစ်စေတဲ့ ရိုက်နှက်ဆုံးမမှုတွေကိုတောင် ကျေးဇူးတရားလို့ပဲ ပြန်လှန်နားလည်ရင်း ခွင့်လွှတ်ခြင်းဆိုတဲ့ ဆူးထွင်းအပ်နဲ့ အလွယ်တကူ ဖယ်ရှားပစ်နိုင် ခဲ့ပါတယ်။ ဒါပေမယ့် အသက် ကိုးနှစ်အရွယ်မှာ ဆူးခဲ့ဖူးတဲ့ ဆူးလေးတချောင်းကိုတော့ ကိုယ်တိုင် အတတ်လဲသင်၊ ပဲ့ပြင်ဆုံးမသူ နေရာကို ရောက်နေတဲ့ အသက်နှစ်ဆယ့်တ နှစ် အရွယ်အထိ မဖယ်ရှားပစ်နိုင်ခဲ့ပါဘူး။

အဖြစ်က ဒီလိုပါ။
ကျမ လေးတန်းရောက်တဲ့နှစ်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပါတယ်။ ကျောင်း တွေ ပိတ်ထားတာကြောင့် ကျမ အမေက ဆရာမတယောက်ဆီမှာ ကျူရှင် အပ်ထားပါ တယ်။ ဆရာမကလည်း ကျောင်းက ဆရာမပါပဲ။ ဒါပေမယ့် ကျမက ဆရာမရဲ့ အခန်းက မဟုတ်ပါဘူး။ ဒါပေမယ့် ကျောင်းပိတ်ချိန်မှာ စာလုပ်ဖြစ်အောင် ဆိုပြီး မေမေက ဆရာမ ဆီ ကျူရှင်ထားခဲ့တာပါ။ အဲဒီအချိန်ကာလမှာ ကျောင်းတွေ ပိတ်ထားတာဆိုတော့ အဖိုး ရဲ့ စာဖတ်ခန်းကြီးကို ကျမက အပိုင်စီးထားချိန်ပါ။ အရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာ သာနာရေး၊ ဆရာသိန်းဖေမြင့်ရဲ့ အရှေ့ဘက်က နေဝန်းထွက်သည့်ပမာ၊ ဂျာနယ်ကျော် မမလေးရဲ့ သူမ၊ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေး၊ ဦးကုလားရဲ့ မြန် မာရာဇဝင်ကြီး၊ ဆရာမောင်ထင်ရဲ့ ငဘ စတဲ့ စာအုပ်တွေနဲ့ အမေ့ကိုယ်ပိုင်ဆေးခန်း အ နီးက သပိတ်စခန်းက ဖြန့်ဝေတဲ့ စာစောင်တွေကို ဖတ်ရင်း စာပေစည်းစိမ်ကို ခံစားနေတဲ့ အချိန်ပါ။

မတောက်တခေါက် လူမမယ်လေးပေမယ့် ဆရာမ သင်ပေးနေတဲ့ လေးတန်း သမိုင်းသင် ရိုးထဲက စာတွေကတော့ အလွန်ကို ပျင်းစရာကောင်းသလို ဖြစ်နေခဲ့ပါတယ်။ သုံးတန်း မှာ သီပေါမင်း ပါတော်မူတဲ့ အကြောင်းအထိ သင်ခဲ့ပြီးလေတော့ လေးတန်းသမိုင်းမှာ ကို လိုနီ နယ်ချဲ့ ခေတ်အကြောင်းတွေ ပါလာပါတော့တယ်။ သင်ရိုးထဲမှာ ဘယ်လိုရေးထား သလဲဆိုတာတော့ ကျမ မမှတ်မိတော့ပါ။ ဒါပေမယ့် ဆရာမက နယ်ချဲ့ ကိုလိုနီဆိုပြီး မှတ်စုပေးပါတယ်။ ကျမကလဲ ကိုလိုနီ နယ်ချဲ့ ဖြစ်သင့်တယ်လို့ ပြောရင်း ဆရာမနဲ့ ငြင်း သလို ဖြစ်သွားခဲ့ပါတယ်။ ဘယ်က ဘယ်လို ခေါင်းထဲ ရောက်နေခဲ့မှန်း မသိတဲ့ နီရိုကိုလို နီဝါဒ၊ စီးပွားရေးကိုလိုနီဝါဒတွေကို အကြောင်းပြပြီး နယ်ချဲ့တယ်ဆိုတာက ကိုလိုနီကျွန် ပြုခြင်း ရဲ့ အမျိုးအစားတခုပဲ ဖြစ်လို့ နယ်ချဲ့ကို နောက်က ထည့်သင့်တယ်ဆိုပြီး ကပ်သီး ကပ်သတ်နဲ့ကို ငြင်းခဲ့တာပါ။

ဒီအဖြစ်အပျက်ကိုတော့ ကျမ လုံးဝ မမေ့နိုင်တော့ပါ။ ဘာကြောင့်လဲဆိုတော့ နောက်နေ့ မှာ ကျမ အကြီးအကျယ် အရိုက်ခံရလို့ပါပဲ။ ပထမတရက်မှာ ကျမနဲ့ ဆရာမ ငြင်းကြ တုန်းက ကျူရှင်ဆင်းချိန် ဖြစ်သွားလို့ ဘာမှ ဆက်မပြောဖြစ်တော့ပါ။ ဒုတိယနေ့ ရောက် တော့ ပြဿနာက စပါပြီ။ ဆရာမက တနေ့စာတနေ့ ကျက်ခိုင်းပြီး အလွတ်ပြန်ရေးခိုင်း တတ်ပါတယ်။ တခါတလေကျတော့လဲ တယောက်က စာစဆိုပြီး၊ ဆရာမ ရပ်ခိုင်းတဲ့ နေ ရာမှာ ရပ်လိုက်ရပါတယ်။ နောက်တယောက်က ရှေ့မှာရပ်ထားတဲ့ နေရာကနေ ၏သည် မရွေး ဆက်ဆိုရပါတယ်။ စာကို သေချာမကျက်လာသူတွေအတွက်ကတော့ ဆရာမရဲ့ ကြက်မွေး ကြိမ်လုံးနဲ့ တွေ့ကြတော့တာပါပဲ။

အဲဒီနေ့ကတော့ ဆရာမက အလွတ်ရေးခိုင်းပါတယ်။ ပြီးတော့ သင်္ချာတွက်ခိုင်းထားရင်း နဲ့ စာစစ်ပါတယ်။ စာစစ်နေရင်းနဲ့ ဆရာမက ကျမကို အတန်းရှေ့ခေါ်ထုတ်ပါတော့တယ်။ ကိုလိုနီ နယ်ချဲ့လို့ ရေးထားတဲ့ ပြဿနာပါပဲ။ မင်နီတွေနဲ့ ဝိုင်းလိုက်တော့ အမှားက အ များကြီးလို ဖြစ်သွားပါတယ်။ တချို့အမှားတွေကျတော့လဲ ၏နဲ့သည် လွဲတဲ့ အမှားတွေ ပါ။ မြန်မာပြည်က ဆရာမတွေဟာ ဘာကြောင့် ၏ နဲ့သည် လွဲတာကို အပြစ်ရှာတတ်ကြ သလဲ ဆိုတာ ကျမ သေချာမသိပါ။ ဒါပေမယ့် ၏ နဲ့သည် ပြဿနာကြောင့် ကျမ လက်ဝါး ပေါ်မှာ ကျခဲ့တဲ့ ကြိမ်ချက်တွေကတော့ တော်တော်များခဲ့ပါတယ်။

ဆရာမက အတန်းရှေ့ခေါ်ထုတ်တော့ ကျမ အေးအေးဆေးဆေးပဲ ထွက်သွားလိုက်ပါ တယ်။ မင်နီတွေ အများကြီးတွေ့ပေမယ့် ကျမစိတ်ထဲမှာ လုံးဝ ကြောက်လန့်စိတ် မရှိခဲ့ပါ ဘူး။ ဆရာမက အမှားတွေကို ရေတွက်ပြီး ကျမ လက်ကို သားရေကွင်း စွတ်ပါတယ်။ ပြီးတော့မှ သားရေကွင်းကို အမှားအရေအတွက်အလိုက် ဆွဲဆန့်လိုက် ပြန်လွှတ်လိုက် လုပ်တာပါ။ တော်တော်ကြံကြံဖန်ဖန်နိုင်တဲ့ အပြစ်ပေးနည်းပါ။ အရမ်း ကြီးနာတာ မဟုတ် ပေမယ့် ခပ်စပ်စပ်လေးတော့ ထိပါတယ်။ အပြစ်ရှိလားလို့ မေးပြီး ပြစ်ဒဏ်ပေးတာ မ ဟုတ်တဲ့အတွက် ကျမကလည်း အေးအေးဆေးဆေးပဲ အပြစ်ခံလိုက်ပါတယ်။ စိတ်ထဲမှာ တော့ ကိုယ့်အပြစ် မဟုတ်ဘူးလို့ တွေးထားလိုက်ပါတယ်။

ဒါပေမယ့် ဆရာမက ဒီလောက်နဲ့ မရပ်ပါဘူး။ နောက်ကို မမှားစေနဲ့လို့ ပြောပြီး သင်္ချာ တွက်ပြီးရင် နယ်ချဲ့ကိုလိုနီ ဆိုတဲ့ စာလုံးကို အခေါက် ငါးဆယ် ရေးပြီးမှ စာအုပ်ထပ်ရ မယ်လို့ ဆိုပါတယ်။ အဲဒီမှာတင် ကျမရဲ့ မဟုတ်မခံ၊ စနေ ဇာတိက ပြလာပါတော့တယ်။ သင်္ချာတွက်ခိုင်းထားပြီး ဆရာမက စာဆက်စစ်နေပါတယ်။ ကျမကလဲ သင်္ချာမတွက်ပဲ ငုတ်တုပ် ထိုင်နေလိုက်ပါတယ်။ တတိယခုံတန်းမှာ ထိုင်နေတာမို့ ဆရာမကပဲ မတွေ့တာ လား၊ တွေ့ရက်နဲ့ မသိချင်ယောင် ဆောင်နေလိုက်တာလား ဆိုတာကိုတော့ ကျမ မသိ ပါ။ စာအုပ်တွေ လာထပ်လို့ ဆိုလိုက်ချိန်မှာ ကျမ ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတာတော့ အ မှန်ပါပဲ။

စာအုပ်လာမထပ်ပဲ ခေါင်းငုံ့ထိုင်နေတာကြောင့် ဆရာမက ကျမ နာမည်ကို ခေါ်ပါတယ်။ ကျမလည်း တွက်လက်စ အပိုင်းကိန်း ပုစ္ဆာလေးတွေကို ကြည့်ရင်း ဆက်ထိုင်နေလိုက်ပါ တယ်။ နောက်တော့ ဆရာမက မပြီးသေးဘူးလား၊ ဘယ်နားရောက်ပြီလဲ ဆိုပြီး ကျမ အ နီးကို ရောက်လာပါတယ်။ စာအုပ်ကို မြင်တဲ့ အချိန်မှာတော့ သင်္ချာတွက်ရင် အရမ်းမြန် တဲ့ ကျမအကြောင်းကို သိနေတဲ့ ဆရာမတယောက်အနေနဲ့ ကျမ ဘာလုပ်နေတယ်ဆို တာ ရိပ်မိသွားလောက်ပါပြီ။ လာစမ်း၊ ရှေ့ထွက်ခဲ့စမ်းလို့ ဆိုတာနဲ့ အခြေအနေကို ကျမ လည်း ရိပ်မိသွားခဲ့ပါပြီ။ ဆရာမရဲ့ ကြိမ်ချက်တွေက အတော်ပဲ ပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် ကျမ ရင်ထဲကိုလဲ ဆူးတချောင်းက အရှိန်နဲ့ စူးဝင်သွားခဲ့ပါတယ်။

ဒီလို ဆူးလေးတွေဟာ ဘဝအနာဂတ်ကို သက်ရောက်စေတယ်ဆိုတာ သိလာတဲ့ အချိန် တွေမှာ ဆူးလေးတွေကို နှုတ်ဖို့ ကျမ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အသက်နှစ်ဆယ် ကျော် အချိန်အထိ နှုတ်လို့ မရခဲ့ပါဘူး။ ဒီလိုနဲ့ နိုင်ငံခြား မထွက်ခင် တနေ့မှာတော့ မွေး ဖွားရာ ဇာတိမြို့လေးဆီ ခေတ္တပြန်ရင်း ဆရာမကိုလည်း သွားနှုတ်ဆက်ဖြစ်ခဲ့ပါတယ်။ ဆရာမနဲ့ စကားပြောရင်း ဒီအဖြစ်အပျက်လေးကို အစဖော်ပြီး ပြန်ပြောပြဖြစ်ခဲ့ပါတယ်။ ထူးခြားစွာပဲ ဆရာမကလဲ ဒီအဖြစ်အပျက်ကို မှတ်မိနေခဲ့ပါတယ်။ သမီးငါးတန်းတုန်းက လက်ကိုင်ပုဝါ အဖြူလေး တထည် တီချာလက်ဆောင်ပေးဖူးတာ မှတ်မိလားလို့ ပြန်မေး ပါတယ်။ ဒီတုန်းက ကျောင်းအဝင်ဂိတ်မှာ အလည့်ကျ ဂိတ်စောင့်နေတဲ့ ဆရာမနဲ့ ဆုံခဲ့ တာပါ။ ဘာအတွက်မှန်း မသိပေမယ့် လေးတန်းမှာ ဆုရလို့ ဆုထပ်ချတာလို့ပဲ ထင်ခဲ့မိပါ တယ်။

ဆရာမကတော့ တီချာ့ဘက်က လွန်သွားတယ် ဆိုတာ ရိုက်မိပြီးကတည်းက သိတယ်လို့ ဆိုလာခဲ့ပါတယ်။ ကိုလိုနီ နယ်ချဲ့၊ နယ်ချဲ့ကိုလိုနီ စကားလုံး ဝေါဟာရတွေရဲ့ အမှန်တ ရား ဆိုတာတွေထက် ကျမဘက်က ကလန်ကဆန် လုပ်လာချိန်မှာ ဘာကြောင့် လုပ်သ လဲ ဆိုတာကို မစူးစမ်းပဲ အလျင်စလို ရိုက်လိုက်မိတာက ဆရာ့အာဏာစက် ပြသလို ဖြစ် သွားတယ်လို့ ဆိုပါတယ်။ လက်ကိုင်ပုဝါဖြူလေး ပေးဖို့ကို လေးတန်းဆုရတဲ့ သူတွေ ကြေငြာတဲ့ အထိ စောင့်နေခဲ့တာလို့ ဆိုပါတယ်။ ကျမကတော့ အဓိပ္ပာယ် မဖော်တတ်ပဲ ရင်ထဲမှာ ဆူးသွားတဲ့ ဆူးတချောင်းကို ဆယ်နှစ်ကျော် သိမ်းထားဖြစ်ခဲ့တာပါ။

ဆရာမက အဲဒီလို ပြောလိုက်တဲ့ အချိန်မှာ ဝေါဟာရပြဿနာတွေနဲ့ အငြင်းပွားမှုတွေက ကျမအတွက် အဓိက မဟုတ်တော့ပါဘူး။ ကျမကို ရုပ်ပိုင်းအရ၊ စိတ်ပိုင်းအရ ထိခိုက်နာ ကျင်စေမှု ဖြစ်ခဲ့တယ်။ ဒါနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူက ဒီလိုဖြစ်စေခဲ့မှုကို သူ့အမှားလို့ သိမြင်ခဲ့တယ်။ အမှားအတွက် တောင်းပန်မှုကို သင်္ကေတ တစုံတရာနဲ့ ပြသခဲ့တယ်။ တ ဘက်နဲ့ တဘက် ရန်သူလို့ မသတ်မှတ်ကြတဲ့ အခြေအနေ တခုမှာ၊ အထူးသဖြင့် တ ဘက်နဲ့တဘက် ရန်လိုမှုတွေ၊ လက်စားချေမှုတွေ၊ အာဃာတ တရားတွေ မပါတဲ့ မိဘနဲ့ သားသမီး၊ ညီရင်းအစ်ကို မောင်နှမ၊ ဆရာနဲ့ တပည့်တို့အကြားမှာ ဒီလို အခြေအနေမျိုး ဟာ ဆူးလေးတွေကို ဆူးထွင်းအပ်နဲ့ ဖယ်ရှားပစ်နိုင်ချိန်လေးတွေပါပဲ။

ဆရာမနဲ့ မဆုံတွေ့ခင်တုန်းက ဒီအဖြစ်အပျက်လေးကို ပြန်သတိရမိရင် စိတ်ထဲမှာ တနုံ့နုံ့ နဲ့ sense of injustice က ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် သင်္ချာ အပိုင်းဂဏန်းလေး တွေကို မြင်ရတဲ့ အချိန်လေးတွေမှာပါ။ ဆရာမနဲ့ ဆုံပြီး နောက်ပိုင်းမှာကျတော့ တိုက် ဆိုင်မှု ရှိလာတဲ့အခါ ဆရာမနဲ့အတူ ငယ်စဉ်တုန်းက အဖြစ်အပျက်လေးကို ပြန်သတိရမိ တတ်ပေမယ့် ဒီလို မခံစားရတော့ပါဘူး။ ကျမတို့ကြားမှာ ရှိခဲ့တဲ့ injustice gap က ပျောက်ကွယ်သွားခဲ့ပါတယ်။

တကယ်တမ်းကျတော့ လူ့ဘဝ ခရီးဟာ တိုတိုလေးပါ။ မိဘဆရာဆိုတာကလဲ လူတယောက်ရဲ့ ဘဝမှာ ဘဝခရီးသွားရင်း ခေတ္တခဏ အရိပ်ဝင်ခိုခဲ့ရတဲ့ ရင်ခွင်တွေပါ။ မိသားစုဆက်ဆံရေး၊ ဆရာတပည့် ဆက်ဆံရေးတွေမှာ အမုန်းတရားတွေ၊ နာကျည်း ချက်တွေ၊ အာဃာတ တရားတွေ ရေရှည်မရှိသင့်ပါဘူး။ မတော်တဆ ဆူးလေးတွေ စိုက်ဝင်သွားခဲ့ရင်လဲ ဆူးထွင်းအပ်လေးတွေ အသုံးပြုပြီး ဆူးလေးတွေကို ဖယ်ပစ်လိုက် နိုင်ရင် ဘဝရဲ့ စိတ်အေးချမ်းမှု တစုံတရာကိုလည်း ရရှိလာမှာ မလွဲဧကန်ပါပဲ။

ခင်မမမျိုး

(၂၊ ၁၁၊ ၂ဝ၁ဝ)

www.khinmamamyo.blogspot.com

Copyright © 2010 နေ့သစ်. All rights reserv

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်သို့ သွားရောက်

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်သို့ သွားရောက်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်းသည် အာဇာနည်ဗိမာန်သို့ ဇူလိုင်လ ၁၂ ရက် ၂ဝ၁၁ ခုနှစ်၊ အင်္ဂါနေ့ မနက်ပိုင်းတွင် သွားရောက်ကာ ဂါရဝပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - NLD)





မိခင် ဒေါ်ခင်ကြည်အုတ်ဂူကို သွားရောက်ကန်တော့
ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံဘုရား တောင်ဘက်ရှိ ရွှေတိဂုံဘုရားလမ်းနံဘေးရှိ သူ၏မိခင် ဒေါ်ခင်ကြည်အုတ်ဂူတွင် သွားရောက်ကန်တော့သည်ကို အင်္ဂါနေ့ ဇူလိုင် ၁၂ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
© Copyright 1998 - 2011 Mizzima News. All Rights Reserved.

Monday, July 11, 2011

မဇ္ဈိမဂျာနယ်အတွဲ(၉) အမှတ်(၇)

July 11

ဒေါ်အောင်ဆန်းစုကြည်အာဇာနည်ဗိမာန် သွားမည်

ကိုပေါက် | တနင်္လာနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၁၉ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သားငယ် ကိုထိန်လင်းနှင့် အတူ အင်္ဂါနေ့မနက်တွင် အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုမည်ဟု ပါတီတွင်း သတင်းရပ်ကွက်များက
ပြောသည်။

မနက် ၇ နာရီတွင် ရွှေတိဂုံဘုရားသို့ သွားရောက် ဖူးမျှော်ပြီးနောက် ရွှေတိဂုံဘုရား ခြေတော်ရင်း တောင်ဘက်မုခ်
အနီးရှိ ကွယ်လွန်သူ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူသို့ သွားရောက် ဂါရဝပြုမည်။ ထို့နောက် ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဂူသွင်းမြှုပ်နှံရာ အာဇာနည်ဗိမာန်သို့ သွားရောက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ဇွန်လ ၁၉ ရက်နေ့က အလည်အပတ် ရောက်ရှိလာသည့် သားဖြစ်သူ ကိုထိန်လင်းမှာ မနက်ဖြန် ညပိုင်းတွင် နေရပ်ရင်း ဗြိတိန်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။


ထို့အပြင် အာဏာပိုင်များက ဖိတ်ကြားလျှင် ဇူလိုင် ၁၉
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဂူသွင်းမြှုပ်နှံရာ အာဇာနည်ဗိမာန်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း သွားရောက်ရန် စီစဉ်ထား (ဓါတ်ပုံ မဇ္ဈိမ)

ရက် အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေချကာ ဂါရဝပြုမည်ဟု တနင်္လာနေ့ မနက်ပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ပြုလုပ်သည့်
သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို
ပြောကြားခဲ့သေးသည်။

“မနက်က သတင်းထောက်က မေးတော့ ဖိတ်ရင်သွားမှာပေါ့တဲ့။ အခုထက်ထိ ဖိတ်သေးပုံ မပေါ်ဘူးခင်ဗျ။ NLD ကတော့ ကျနော်တို့ အစီအစဉ်နဲ့ ကျနော်တို့ ရှိပါတယ်။ အခမ်းအနားလုပ်မယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။



သို့သော် မနက်ဖြန် အာဇာနည်ဗိမာန် သွားရောက်မည့် အစီအစဉ်ကိုမူ သေချာစွာ မသိရသေးဟုဆိုကာ သူက “ကျနော်ကြားတာက နက်ဖြန် ခရီးစဉ်တခု ရှိတယ်လို့ပဲ ကြားပါတယ်။ ဘယ်ရယ်ဘာညာ မသိပါဘူး” ဟု ဆိုသည်။

၁၉၈၈ ခုနှစ်မှစ၍ မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည်ဗိမာန်သို့
သွားရောက် ဂါရဝပြုခွင့်မှာ ၈ ကြိမ်သာ ရရှိခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် နောက်ဆုံးအကြိမ် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ကျန်နှစ်များတွင် နေအိမ်အကျယ်ချုပ်ဘဝဖြင့် နေထိုင်ခဲ့ရသဖြင့် သွားရောက် ဂါရဝပြုခွင့် မရခဲ့ပေ။

တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ၄ ရက်ကြာ ပုဂံဘုရားဖူး ခရီးစဉ်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ရှင်းလင်း ပြောကြားခဲ့ရာ၊ ခရီးစဉ်တလျှောက် လိုက်ပါခဲ့သည့် သတင်းထောက် ၁၇ ဦး တက်ရောက်ခဲ့သည်။

“မနူဟာဘုရင်ကလည်း သိပ်လေးစားဖို့ ကောင်းတယ်၊ အကျဉ်းစံဘဝမှာတောင်မှ အနော်ရထာတို့က ကြောက်ရတယ်၊ အကျဉ်းစံဘဝကို နားလည်လို့ သူသွားတယ်၊ NLD အဖွဲ့ဝင်တွေလည်း အဲလိုပဲ အကျဉ်းကျခံနေရတာတွေ များတယ်၊ အဲဒါကြောင့် အဓိက သွားတာပါလို့ ရှင်းပြတယ်” ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ သတင်းထောက်တဦးက မဇ္ဈိမကို ပြောပြသည်။

ထို့အပြင် အာနန္ဒာဘုရား ဖူးရခြင်းနှင့် ပတ်သက်၍ “အာနန္ဒာဘုရားဆိုရင် ကျန်စစ်သားမင်းကို ပုဂံမင်းတွေထဲမှာ
လေးစားတယ်။ သူဟာ မင်းအဖြစ် ထီးနန်းမရပေမယ့်လည်း နေနိုင်တယ်။ မြင့်မြတ်တဲ့ စိတ်ထားရှိတယ်။ သူ
မင်းဖြစ်တဲ့ အချိန်မှာလည်း တိုင်းပြည်ကို စီမံခန့်ခွဲပေးသွားတယ်။ အဓိကကတော့ မွန်-မြန်မာ ချစ်ကြည်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဘယ်လို စီမံဖော်ဆောင်သွားတယ်ဆိုတာ ပြောပြပါတယ်” ဟု သူက ဆိုသည်။



ပုဂံခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
ပုဂံဒေသ စိမ်းလန်းစိုပြေရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ပူပန်ပြီး၊ ပုဂံဘုရားများ ပြန်လည် ပြုပြင်ရေးများ
ကြောင့် ရှေးဟောင်း လက်ရာအချို့ ပျက်စီးသွားမည်ကို စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။

မကြာခင် ရန်ကုန်ပြင်ပ စည်းရုံးရေး ခရီးစဉ်များနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းခဲ့ကြ
သေးသည်။

သတင်းထောက်တဦးက “ နိုင်ငံရေး ခရီးစဉ် ထွက်တဲ့အခါ သွားမယ့်ခရီးစဉ်ကို အတိအကျ ပြောမှာပါတဲ့။ စည်းရုံးရေး လုပ်ပါတယ်ဆိုမှ တိုးတိုးတိတ်တိတ် သွားလို့ ဘယ်ဖြစ်မလဲ
လို့ ပြောပါတယ်” ဟု မဇ္ဈိမကို ပြန်ပြောပြသည်။

၂ဝဝ၃ နယ်လှည့် ခရီးစဉ်များတွင် မီဒီယာသမားများ လိုက်ပါလာနိုင်ခဲ့ပါက မေ ၃၀ ဒီပဲယင်း လုပ်ကြံမှုမျိုး
ဖြစ်မလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယူဆသည်။

“သူ့မိတ်ဆွေတယောက်က ပြောတယ်တဲ့။ ၂ဝဝ၃ ခုနှစ်တုန်းက (ဒီပဲယင်း) ခရီးစဉ်မှာ မီဒီယာတွေ လိုက်နိုင်ရင်
ဒီလိုမျိုး မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ သူကလည်း ဟုတ်ပါတယ်လို့ ပြောပါတယ်တဲ့။ အဲဒါကြောင့် ကျနော်တို့ကို ဖိတ်ပြီး ရေနွေးကြမ်း ခေါ်တိုက်တာပါတဲ့။ အဲဒီတုန်းက မီဒီယာတွေ မပါခဲ့လို့ အဲလိုဖြစ်သွားတာပါဆိုတဲ့ စကားဟာ မှန်ပါတယ်တဲ့” ဟု သတင်းထောက်က ဆက်ပြောပြသည်။

စည်းရုံးရေး ခရီးစဉ်ကို ၆၄ နှစ်မြောက် အာဇာနည်နေ့ ကျရောက်မည့် ဇူလိုင် ၁၉ ရက် နောက်ပိုင်းမှသာ စတင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။

တနင်္လာနေ့မှာပင် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်မည့် သမ္မတအကြံပေး စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်၏ ဆွေးနွေးပွဲ အစီအစဉ်မှာ အချိန်ကပ်၍ ပျက်ပြားသွားကြောင်း ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး အဆိုအရ သိရသည်။

“မနက်က ၈ နာရီလောက်မှာ သိပါတယ်။ စီစဉ်ပေးတဲ့ ဦးစိုးဝင်းကို ဦးမြင့်က ပြောလို့။ သူ အဆင်မပြေလို့
ဖြစ်မှာပေါ့ဗျာ။ တခုခု အဆင်မပြေ ဖြစ်သွားလို့ ဖြစ်မှာပါ။ စီစဉ်သူတွေက ဒီနေ့တော့ မလုပ်ဖြစ်ပါဘူးဗျာ
ပြောတော့ ကျနော်တို့လည်း ကောင်းပြီလို့ ပြောလိုက်တာပါပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဒေါက်တာဦးမြင့်က ကိုယ်တိုင်ပြုစုထားသည့် ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ခဲ့ရာမှ ပျက်ပြားသွားခြင်း ဖြစ်သည်။ NLD ဗဟိုခေါင်းဆောင်များအပြင် ရန်ကုန်တိုင်း အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ပတ်သက်၍ အခြား စိတ်ဝင်စားသူများပါ တက်ရောက် နားထောင်ရန် ဖြစ်သည်။

အစီအစဉ် ဖြစ်မြောက်ပါက အမှာစကားပြောကာ ဆွေးနွေးပွဲ ဖွင့်လှစ်ပေးမည့် ဦးတင်ဦးက ယခုအစီအစဉ် ပျက်သွားရသည်ကို နားမလည်နိုင်ကြောင်း ပြောသည်။

“သူတို့ကိစ္စနဲ့ သူတို့ဖြစ်တာ၊ မပြောတတ်ဘူးဗျ။ သူတို့ကို ဘယ်လိုစည်းမျဉ်းတွေ သတ်မှတ်ထားလဲဆိုတာ နားမလည်နိုင်ဘူး။ သူကလည်း သူ့နည်းသူ့ဟန်နဲ့ တက်တက်ကြွကြွ လိုက်လုပ်ပေးနေတာ။ သူ့ကိုတော့ ဟိုက ဘာပြောလဲ မသိဘူး။ ကျနော်တို့သိတာက ဦးမြင့် ဒီနေ့လာဖို့ရာ အဆင်မပြေပါဘူး။ အစီအစဉ်ကို
ရွှေ့ဆိုင်းပါတယ်လို့ပဲ သိရပါတယ်” ဟု သူက ဆိုသည်။

ဒေါက်တာဦးမြင့်အနေဖြင့် သူ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေးစာတမ်းနှင့် ပတ်သက်၍ လိုက်လံ၍ ရှင်းလင်းပွဲများ၊ ဆွေးနွေးပွဲများ ပြုလုပ်နေသည့် နည်းတူ NLD ရုံးချုပ်တွင်လည်း ရှင်းလင်း ဆွေးနွေးလိုကြောင်း ကမ်းလှမ်းလာခဲ့ရာ NLD သုတေသနနှင့် စီးပွားရေး ကျွမ်းကျင်သူ ဦးစိုးဝင်း ထံမှတဆင့် စီစဉ်ခဲ့ကြောင်း ဦးတင်ဦးက ပြောပြသည်။



© Copyright 1998 - 2011 Mizzima News. All Rights Reserved.

NLD တွင်ကျင်းပမည့် ဦးမြင့်၏ စာတမ်းဖတ်ပွဲ တားဆီးခံရ

ရန်ပိုင် Monday, 11 July 2011 14:02 .အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ပြုလုပ်မည့် သမ္မတ အကြံပေးအဖွဲ့ဝင် စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းဖတ်ပွဲကို အစိုးရ၏ ဖိအားပေးမှုကြောင့် ဖျက်သိမ်းလိုက်ရကြောင်း NLDတာဝန်ရှိသူ များကပြောသည်။




NLD ရုံးချုပ်တွင် ကျင်းပသည့် ကမ္ဘာ့ AIDS နေ့၌ ဒေါက်တာဦးမြင့် ဖျော်ဖြေနေစဉ် (ဓာတ်ပုံ - AP)

“နေပြည်တော်က ဖုန်းနဲ့လှမ်းပြီး မလုပ်ဖို့ပြောတာ။ နားထောင်ဖို့စောင့်နေတဲ့ လူတွေ တော်တော်စိတ်ပျက်သွားတယ်” ဟု NLD ပါတီ ခေါင်းဆောင် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဆိုသည်။

အဆိုပါ စာတမ်းဖတ်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်တွင် ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ပါတီ ၀င်များနှင့် ပြင်ပမှ စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ဖိတ်ကြားထားသည်။

ယခုကဲ့သို့ ပိတ်ပင်ခံရမည်ကို စိုးရိမ်သည့်အတွက် စီးပွားရေးပညာရှင် ဦးမြင့်က သိုသိုသိပ်သိပ်သာ လုပ်ရန် ပြောဆိုခဲ့ကြောင်း NLD ပါတီဝင် တဦးက ဆိုသည်။

ပြီးခဲ့သည့်လကလည်း ရန်ကုန် အခြေစိုက် NGO တခု ဖြစ်သော Myanmar Egress ၏ ဒါရိုက်တာ အဖွဲ့ဝင် နိုင်ငံရေး သိပ္ပံပညာရှင် ဒေါက်တာကျော်ရင်လှိုင်က NLD ရုံးချုပ်တွင် နိုင်ငံရေးသင်တန်းပေးရန် စီစဉ်သည်ကို အစိုးရက ဖိအားပေးသဖြင့် ဖျက်ခဲ့ရသည်။

ယခု စာတမ်းဖတ်ပွဲ ပြုလုပ်မည့် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်သည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေရင်း တဦးဖြစ်သကဲ့သို့ သမ္မတသစ် ဦးသိန်းစိန် အစိုးရအဖွဲ့တွင် သမ္မတ၏ စီးပွားရေး အကြံပေးတဦးလည်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် တာဝန်ယူခဲ့ပြီးသည့်နောက် ဧပြီလအတွင်းက သမ္မတကို အကြံပေးရန် နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးရာ အဖွဲ့များ ဖွဲ့စည်းခဲ့ရာ စီးပွားရေး အကြံပေးအဖွဲ့တွင် ဒေါက်တာဦးမြင့်၊ ဦးဝင်စတန်ဆက်အောင်၊ ဒေါက်တာ တင်လှဗိုလ်တို့က တာဝန် ယူခဲ့သည်။

ပြီးခဲ့သည့် မေလက သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းဖတ်ပွဲကို နေပြည်တော်တွင် ပြုလုပ်ခဲ့ရာ ဒေါက်တာဦးမြင့်က မြန်မာနိုင်ငံ၌ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ပတ်သက်ပြီး စာတမ်းတစောင် တင်သွင်းခဲ့သေးသည်။

အစိုးရ သက်တမ်း ရက် ၁၀၀ မပြည့်မီ ၃ ရက်အလိုက မြန်မာ့အလင်း သတင်းစာတွင် ရက် ၁၀၀ အတွင်း အစိုးရ ဆောင်ရွက်နိုင်မှု များထဲ၌ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စာတမ်း ဖတ်ကြားခဲ့ကြောင်း ထည့်သွင်းရေးသားထားသည်။

ဒေါက်တာဦးမြင့်သည် ရန်ကုန် တက္ကသိုလ်မှ BA (အင်္ဂလိပ်စာပေ၊ နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ) ဘွဲ့ကို လည်းကောင်း၊ ကောနဲလ်တက္ကသိုလ်မှ MA (ဘောဂဗေဒ) ဘွဲ့ကို လည်းကောင်း၊ အမေရိကန် ပြည်ထောင်စု ဘာကလေရှိ ကာလီဖိုးနီးယား တက္ကသိုလ်မှ PhD (ဘောဂဗေဒ) ကို ဘွဲ့ကိုလည်းကောင်း ရရှိခဲ့သူ ဖြစ်သည်။

၎င်းသည် ရန်ကုန် စီးပွားရေး တက္ကသိုလ် သုတေသန လုပ်ငန်းဌာနတွင် လည်းကောင်း၊ ဘောဂဗေဒ ဌာနတွင် ကထိက အဖြစ် လည်းကောင်း၊ ရန်ကုန် ပညာရေး တက္ကသိုလ် ဘောဂဗေဒ ဌာနတွင် ကထိက၊ ဌာနမှူး အဖြစ် လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန စီးပွားရေး ဌာနခွဲတွင် ညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ အဖွဲ့ကြီးတွင် ဝန်ထမ်း အဖြစ် လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အာရှနှင့် ပစိဖိတ်ဒေသ) ၏ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာဆန်းစစ်ရေး ဌာနခွဲမှူး အဖြစ် လည်းကောင်း၊ အထက်တန်း စီးပွားရေး ပညာရှင် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

စီးပွားရေး သုတေသန စာတမ်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဆွေးနွေးပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ အတွက် အထောက်အကူပြု စာတမ်းများ၊ အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးနှင့် လူမှုရေး စစ်တမ်း စာစောင်များကိုလည်း ဒေါက်တာ ဦးမြင့်က ပြုစု ရေးသားခဲ့သည်။

ဒေါက်တာဦးမြင့်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေတဦးဖြစ်ပြီး NLD ရုံးချုပ်တွင် ကျင်းပခဲ့သော ကမ္ဘာ့ AIDS နေ့အထိမ်းအမှတ်ပွဲ၌ ဂစ်တာတီး ဖျော်ဖြေပေးခဲ့သည်

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.

Sunday, July 10, 2011

နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိပြန်လည်လွတ်မြောက်ရေးလှုပ်ရှားဆန္ဒပြမှု(နဂိုယာ)



နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိပြန်လည်လွတ်မြောက်ရေးလှုပ်ရှားဆန္ဒပြမှု တစ်ရပ်ကို
ယနေ့(၁၀-၇-၂၀၁၁) တနင်္ဂနွေနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ ဂျပန်ဌာနခွဲ၊
နဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များက ဂျပန်နိုင်ငံ၊နဂိုယာမြို့၊ KANAYAMAဘူတာရှေ့တွင်
နေ့လည်(၁)နာရီမှ(၃)နာရီအထိ လှုပ်ရှားဆန္ဒပြခဲ့ကြသည်။

Saturday, July 9, 2011

အခြေချတရုတ်၊ နေရာပျောက် မြန်မာနှင့် မန္တလေး ကိုယ်ခံအား

ကြည်ဝေ Wednesday, 06 July 2011 18:40 ဆောင်းပါး

China

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.

Friday, July 8, 2011

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်

ရဲဘော်ကေ

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.

နိုင်ငံရဲ့ကောင်းကျိုးအတွက် သတင်း လွတ်လပ်ခွင့် လိုအပ်

2011-07-08
"ကျမတို့က ဒီမိုကရေစီ စံနှုန်းထားတွေကို ယုံကြည်တဲ့ အလျောက် သတင်းလွတ်လပ်ခွင့်ဆိုတာ နိုင်ငံ တနိုင်ငံရဲ့ ကောင်းကျိုးအတွက် လွန်စွာမှ လိုအပ်တယ်လို့ ယူဆပါတယ်။ သတင်းသမားတွေဟာ မိမိတို့ လွတ်လပ်မှု အတွက် တစိုက်မတ်မတ် ကြိုးစားဖို့ လိုသလို နိုင်ငံရေး လူမှုရေး စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒီလွတ်လပ်ခွင့်တွေကို တိုးပွါးလာအောင်လို့ တတ်နိုင်တဲ့ ဖက်ကနေ လုပ်ဆောင်ပေးဖို့ လိုပါတယ်" လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။



RFA

လမ်းဘေးဂျာနယ် အရောင်းသမားနှင့် သတင်းဂျာနယ် ဖတ်သူများ။

" နိုင်ငံအစိုးရကလည်း တကယ်ဘဲ တိုင်းပြည် တိုးတက်ရေးကို လိုလားရင် သတင်းလွတ်လပ်ခွင့် အာမခံပေးဖို့ လိုပါတယ်။"

အာရ်အက်ဖ်အေက အပတ်စဉ် ထုတ်လွှင့်နေတဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အမေးအဖြေ အစီအစဉ်မှာ တောင်ကိုရီးယား နိုင်ငံက မြန်မာနိုင်ငံသား သောတရှင် တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ဖြေကြားခဲ့တာပါ။

ပြင်သစ်နိုင်ငံ အခြေစိုက် နိုင်ငံတကာ နယ်စီးမခြား သတင်းထောက်များ အဖွဲ့  RSF ရဲ့ နှစ်စဉ် ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အနဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို သောကြာနေ့ ညပိုင်း အာရ်အက်ဖ်အေ အစီအစဉ်မှာ ထုတ်လွှင့်ပေးနေ ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

NLD ရုံးချုပ် ဝင်စီးမှာလား စိုးရိမ်မှုဖြစ်

မျိုးသန့် | သောကြာနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၁ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်များက ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်တွင် ညအိပ်စောင့်ဆိုင်းနေသဖြင့် အတိုက်အခံပါတီကြီး၏ ရုံးခန်းကို အာဏာပိုင်များက ဝင်ရောက် စီးနင်းမှာလားဆိုသော စိုးရိမ်မှုများ ရန်ကုန်နှင့် နယ်စပ်ရှိ ဒီမိုကရေစီလိုလားသော အတိုက်အခံများအတွင်း
ပေါ်ထွက်နေသည်။

သို့သော် ပါတီရုံးကို ဝင်ရောက်ရှာဖွေဖွယ် မရှိနိုင်ကြောင်း
အာဏာပိုင်များ ရှောင်တခင် ဝင်ရောက်စီးနင်း၍ စာရွက်စာတမ်များ သိမ်းဆည်းသွားမည်ကို စိုးရိမ်သောကြောင့် ရွှေဂုံတိုင်လမ်းရှိ




ပါတီရုံးချုပ်တွင် ပါတီလူငယ်များ ညအိပ်စောင့် (ဓါတ်ပုံ မဇ္ဈိမ)
ပါတီအကြီးတန်း ခေါင်းဆောင်များက ခန့်မှန်းထားသည်။

NLD လူငယ် ၅ ဦးကျ ရုံးချုပ်တွင် ညအိပ် စောင့်ကြပ်နေ သည်မှာ တပတ်ရှိပြီ ဖြစ်ကာ၊ ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပုဂံသို့ ဘုရားဖူးထွက်သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ပြည်ထဲရေးဝန်ကြီးဌာနက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့်
ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူပြီး တရားဝင်ပါတီမဟုတ်ဘဲ တရားဝင်သကဲ့သို့ လှုပ်ရှားနေခြင်းသည် ဥပဒေနှင့်ဆန့်ကျင်နေကြောင်း သတိပေးပြီးနောက် ဒေသခံရဲများက ရုံးချုပ်ကို ရှောင်တခင်ဝင်ရောက်ပြီး စာရွက်စာတမ်းများ သိမ်းဆည်းသွားမည်ကို စိုးရိမ်သဖြင့် ညအိပ်စောင့်ခြင်း
ဖြစ်ကြောင်း ပါတီလူငယ် ကိုရာဇာက မဇ္ဈိမကို ပြောသည်။

© Copyright 1998 - 2011 Mizzima News. All Rights Reserved.

Wednesday, July 6, 2011

ဂျပန်ပေါ်လစီ ဆွေးနွေး

ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၇ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ ဂျပန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများနှင့် ဂျပန် အမတ်များသမဂ္ဂတို့ တိုကျိုမြို့တွင် ဗုဒ္ဓဟူးနေ့က ဆွေးနွေးကြသည်။

မြန်မာအပေါ် ထားရှိသည့် ဂျပန်၏ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲနိုင်မှု ရှိ၊ မရှိ၊ ရှေ့အလားအလာနှင့် ပတ်သက်၍ အဓိက ဆွေးနွေးခဲ့ကြကြောင်း ပါဝင်ဆွေးနွေးခဲ့သည့် တိုကျိုအခြေစိုက် မြန်မာ့ရေးရာရုံးမှ အတွင်းရေးမှူး
ဒေါက်တာမင်းညိုက မဇ္ဈိမကို ပြောသည်။

“ဂျပန်က မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်တဲ့ အနေအထားရှိရမယ်။ နောက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုပြီး ပြောထားခဲ့တာတွေ ရှိတယ်။ နောက် ဥပဒေကို အခြေခံရမယ်ဆိုပြီး တောင်းဆိုထားတာ ရှိတယ်။ ဒီတော့ ဒီအပေါ်မှာအခြေခံတဲ့ နိုင်ငံရေးပေါ်လစီကို ပြောင်းသွားပြီလားဆိုတာ ကျနော်တို့ ဆွေးနွေးတာပေါ့” ဟု ဒေါက်တာမင်းညိုက ပြောသည်။



ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ ပါလီမန်နိုင်ငံခြားရေးရာ ဒုဝန်ကြီး မစ္စစ် Makiko KIKUTA ကို NLD ရုံးချုပ်၌ တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
ပါလီမန် နိုင်ငံခြားရေးရာ ဒုဝန်ကြီး မစ္စစ် Makiko Kikuta ဇွန်လကုန်ပိုင်းက မြန်မာပြည်သို့ သွားရောက်ခဲ့ အပြီး မြန်မာပြည် အပေါ် စီးပွားရေးအကူအညီ ပြန်ပေးရန် စဉ်းစားနေသည်ဆိုသည့် သတင်းများ ပေါ်ထွက်လာခဲ့သည်။ ထိုအကြောင်းကို ဂျပန်နိုင်ငံ နေ့စဉ်ထုတ် သတင်းစာ ယူမီယူရီ Yumiuri ၌ ဇူလိုင်လ ၃ ရက်နေ့က ဖော်ပြခဲ့သည်။

“ပါလီမန်ဒုတိယဝန်ကြီးက မြန်မာပြည်ကို သွားတော့ ဂျပန်-မြန်မာ ဆက်ဆံရေးက မျက်နှာသစ် ဖွင့်လိုက်ပြီလို့
ပြောတာကိုးဗျ။ ဒီတော့ မျက်နှာသစ် ဖွင့်လိုက်တယ်ဆိုတော့၊ စာမျက်နှာအသစ် ရောက်ပြီဆိုတော့ မူဝါဒအသစ် ဖြစ်တယ်ဆိုတဲ့ သဘော ရောက်တယ်လို့ အဓိပ္ဗာယ်ပေါ်တာပဲလေ” ဟု ဒေါက်တာမင်းညိုက ဆိုသည်။

ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ဂျပန်ဘက်မှ ဂျပန်အမတ်များသမဂ္ဂ အတွင်းရေးမှူးလည်းဖြစ်၊ အာဏာရ ဒီမိုကရက်တစ် ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ Azuma Konno၊ မြန်မာ့ရေးရာရုံး၊ ဂျပန် အလုပ်သမားများ သမဂ္ဂ တာဝန်ရှိသူများနှင့် Network of Democracy in Burma - NDB မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲကို ပါလီမန်အမတ်များ နေထိုင်ရာဝင်းအတွင်းရှိ မစ္စတာ Azuma Konno ၏ ရုံးခန်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် လက်ရှိမြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ တင်ပြ ပြောဆိုခဲ့ကြပြီး၊ ရှမ်းပြည်နယ် တိုက်ပွဲများ၌
မြန်မာအစိုးရတပ်များမှ ဓာတုလက်နက် သုံးနေသည်၊ မြောက်ကိုရီးယားမှ နျူကလီးယား လက်နက်များ တင်သွင်းနေသည် ဆိုသည့် စွပ်စွဲပြောဆိုချက်များ၊ အစိုးရတပ်များ၌ ကလေးစစ်သား အသုံးပြုနေခြင်းနှင့် အဓမ္မ ခိုင်းစေခြင်းများ စသည့် အကြောင်းအရာများလည်း ပါဝင်သည်ဟု သိရသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်၍ ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် ဂျပန်နိုင်ငံ အမတ်များ သမဂ္ဂ အထူး အစည်းအဝေး၌ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံရောက် မြန်မာဒီမိုကရေစီအင်အားစုများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု မရှိသေးခြင်းနှင့် ပြည်တွင်းစစ် ဆက်ဖြစ်နေသည့်အတွက် ဂျပန်အစိုးရအနေဖြင့် မြန်မာအစိုးရအား အကူအညီ
ပြန်လည် မပေးသင့်သေးကြောင်း ရှုမြင်သည်။


© Copyright 1998 - 2011 Mizzima News. All Rights Reserved.

Tuesday, July 5, 2011

ယင့်လပ်၏အောင်မြင်မှုကို ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

ဧရာဝတီ Tuesday, 05 July 2011 11:29 .မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော မစ္စ ယင့်လပ် ရှင်နာဝပ်၏ ဖုယာ့ထိုင်း ပါတီသည် ဒီမိုကရေစီ နည်းလမ်းအရ အများပြည်သူဆန္ဒဖြင့် ရွေးကောက် တင်မြှောက် ခံလိုက်ရခြင်းကြောင့် အောင်မြင်မှု ရရှိခဲ့သဖြင့် ကြိုဆိုကြောင်း ပြောသည်။




ပုဂံ အာနန္ဒာဘုရားရှေ့တွင် သံဃာတော်များနှင့်အတူ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၊ သားဖြစ်သူ ကိုထိန်လင်းနှင့် NLD အဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

ယနေ့နံနက်က ပုဂံအာနန္ဒာ ဘုရားဖူးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် သူက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းအစိုးရသစ်နှင့် ဆက်ဆံရေး၊ ဆက်သွယ်ရေး ကောင်းမွန်ရန် မျှော်လင့်ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာဒုက္ခသည်များကို စေတနာ၊ မေတ္တာနှင့် စောင့်ရှောက်ပေးရန် မေတ္တာရပ်ခံကြောင်းလည်း ပြောသည်။

ထိုင်းနိုင်ငံ ရွေးကောက်ပွဲ၌ လက်ရှိ အာဏာရ ဒီမိုကရက် ပါတီက အမတ်နေရာ ၁၆၀ နေရာတွင်သာ အနိုင်ရရှိခဲ့ပြီး အတိုက်အခံ ဖုယာ့ထိုင်း ပါတီက၂၆၂ နေရာရရှိခဲ့သည်။

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမည့် မစ္စ ယင့်လပ် ရှင်နာဝပ်သည် လာဘ်စားမှုဖြင့် ၀ရမ်းထုတ်ခြင်း ခံထားရသည့် ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်၏ ညီမ အငယ် ဆုံးဖြစ်သည်။ မစ္စ ယင့်လပ် မှာ မစ္စတာ သက်ဆင်၏ ကိုယ်ပွားတယောက်ဖြစ်သည်ဟုလည်း ထိုင်း နိုင်ငံရေး လောကတွင် နာမည်ကြီးသူ တဦးဖြစ်သည်။

မစ္စ ယင့်လပ်ကဲ့သို့သော အမျိုးသမီးတဦး ယခုကဲ့သို့ အောင်မြင်မှု ရသဖြင့် သဘောကျသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်တွင် အာနန္ဒာဘုရား၊ သဗ္ဗေညုဘုရား၊ မြစေတီနှင့် မနူဟာဘုရား တို့ကို သွားရောက်ဖူးမျှော်ခဲ့ပြီး မနူဟာ ဘုရားအရောက်တွင် မြို့ခံများက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို နှုတ်ဆက်ခဲ့သည်။

“အန်တီ့ကို မြင်လိုက်ရတာ အရမ်းဝမ်းသာတယ်၊ ငိုလည်းငိုချင်တယ်။ ကွဲနေတာ ကြာလှပြီ။ အန်တီကျန်းမာပါစေ၊ အန်တီ့ကို အရမ်းချစ်ပါတယ်” ဟု မနူဟာဘုရားအနီး ဈေးရောင်းချနေသူ တဦးက ပြောသည်။

နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မနူဟာဘုရားအနီးသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိသွားချိန်၌ ရာချီသော ဒေသခံများက နေထိုင်ရာ ရပ်ကွက်များအတွင်းမှ ပြေးထွက်လာပြီး ကြိုဆိုနှုတ်ဆက်ရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒေသခံများကို ပြန်လည် နှုတ်ဆက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ပုဂံသို့ ရောက်ရှိခဲ့ပြီး လာမည့် သောကြာနေ့တွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။ ယခု ခရီးစဉ်သည် ၎င်း နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်ပြီးသည့် နောက်ပိုင်း ပထမဆုံး ရန်ကုန်ပြင်ပ ခရီးစဉ်ဖြစ်သည်။

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.

ပုဂ္ဂိုလ်​ရေး ​လွတ်လပ်ခွင့်​ကို အသိအမှတ်ပြု​ လေး​စား​ရန် ​ဒေါ်​အောင်ဆန်း​စုကြည်​ ပြောကြား


Published on July 5, 2011 by အံ့ဘုန်းမြတ် · No Comments
မြန်မာ့​ယဉ်​ကျေး​မှု ​ရှေး​ဟောင်း​အ​မွေအနှစ်မြို့​တော် ပုဂံမြို့​ဟောင်း​ကို သား​ငယ် ကိုထိန်း​လင်း​နဲ့​အတူ မိသား​စုဘုရား​ခရီး​စဉ်အဖြစ် ​ရောက်ရှိ​နေတဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က သူ့​ရဲ့​ပုဂ္ဂိုလ်​ရေး​လွတ်လပ်ခွင့်​ကို အသိအမှတ်ပြု​လေး​စား​ဖို့​ ​ပြောကြား​လိုက်ပါတယ်။

ဒီက​နေ့​မနက် အာနန္ဒာဘုရား​ကို မူး​မျှော်ကြည်ညိုအပြီး​ သတင်း​ထောက်​တွေနဲ့​ ​တွေ့​ဆုံစဉ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။

ဒါနဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် ပုဂံဘုရား​ဖူး​ ခရီး​စဉ်ကို လိုက်ပါ သတင်း​ယူ​နေတဲ့​ သတင်း​ထောက်တဦး​က အခုလို ​ပြောပြပါတယ်။

“အာနန္ဒာကထွက်​တော့​ သတင်း​ထောက်​တွေကို ​တွေ့​တဲ့​အချိန်မှာ ဘာ​မေး​မလဲဆိုပြီး​ ရပ်ပြီး​စကား​ပြောတယ်။ ဒီခရီး​စဉ်က သူရဲ့​ ကိုယ်​ရေး​ကိုယ်တာ ဘုရား​ဖူး​ခရီး​ပါတဲ့​။ နိုင်ငံ​ရေး​ခရီး​စဉ်မဟုတ်ပါဘူး​တဲ့​။ အ​ပျော် ​လေ့​လာ​ရေး​ထွက်တဲ့​ သ​ဘောမျိုး​ဖြစ်တဲ့​အတွက်​ကြောင့်​ လွတ်လွတ်လပ်လပ်ထွက်လာရတာ ဖြစ်တဲ့​အတွက်​ကြောင့်​ စိတ်​ကော ​ပျော်ပါတယ်တဲ့​။ တခြား​ ဘယ်မှသွား​ဖို့​ အစီအစဉ်လည်း​ မရှိဘူး​ပေါ့​နော်။ မ​ကွေး​၊​ ပုပ္ပါး​တို့​ ဘာတို့​လည်း​ သွား​ဖို့​ အစီအစဉ်မရှိပါဘူး​တဲ့​။ ၈ ရက်​နေ့​ ပြန်မှာပါတဲ့​။ ဒါ​ပေမယ့်​ သူ့​ဟာသူ လွတ်လွတ်လပ်လပ် private ခရီး​စဉ်​လေး​ဖြစ်တဲ့​အတွက်​ကြောင့်​ privacy ​လေး​ လိုချင်ပါတယ်လို့​ ​ပြောပါတယ်။ အဲအဓိပ္ပာယ်ရဲ့​ စကား​က​တော့​ ​နောက်က​နေ ရုန်း​ရုန်း​ ရုန်း​ရုန်း​လိုက်တာ သူသိပ်မကြိုက်ဘူး​နဲ့​ တူပါတယ်။”

ဒါ့​အပြင် ​ဒေါ်​အောင်ဆန်း​စုကြည်က ပြီး​ခဲ့​တဲ့​ရက်ပိုင်း​ကပဲ ပြီး​ဆုံး​သွား​တဲ့​ အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံ ​ရွေး​ကောက်ပွဲ ရလဒ်နဲ့​ပတ်သက်ပြီး​တော့​လည်း​ အနိုင်ရ ​ပွေ့​ထိုင်း​ပါတီရဲ့​ ​ခေါင်း​ဆောင် ထိုင်း​နိုင်ငံရဲ့​ ပထမဦး​ဆုံး​ အမျိုး​သမီး​ဝန်ကြီး​ချုပ် ဖြစ်လာမယ့်​သူ မစ္စရင်လတ်ရှင်နာဝတ် လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံ​ရေး​ လက်ရှိအ​ခြေအ​နေထက် ပိုမို​ကောင်း​မွန်လာဖို့​ ​မျှော်လင့်​တယ်လို့​လည်း​ သတင်း​ထောက်​တွေရဲ့​ ​မေး​မြန်း​ချက်​တွေကို ပြန်လည် ​ဖြေကြား​ခဲ့​ပါ​​တယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီက​နေ့​မနက်ပိုင်း​ သူ့​ရဲ့​ပုဂံဘုရား​ဖူး​ခရီး​စဉ်ထဲမှာ​တော့​ အာနန္ဒာ၊​ သဗညု၊​ မြ​စေတီနဲ့​ မနုဟာဘုရား​တွေကို သွား​ရောက်ဖူး​ ​မျှော်ခဲ့​ပါတယ်။

ဒီခရီး​စဉ် မတိုင်ခင်က ​ဒေသခံအာဏာပိုင်​တွေက ​ဒေါ်​အောင်ဆန်း​စုကြည်ကို အား​မ​ပေး​ဖို့​ ဘုရား​ဂေါပကအဖွဲ့​တွေ အပါအဝင် ​ဒေသခံ​တွေကို ချိန်း​ခြောက် ဖိအား​ပေး​ ပိတ်ပင်ထား​တဲ့​ကြား​က ​ဒေသခံ​တွေ အများ​အပြား​လာ​ရောက် အား​ပေး​ခဲ့​ကြပါတယ်။

ဒီက​နေ့​ ဘုရား​ဖူး​ခရီး​စဉ်အတွင်း​ ပုဂံ​ဒေသခံ​တွေရဲ့​ အား​ပေး​မှု​တွေကိုလည်း​ သူမြင်​တွေ့​ခဲ့​ရတဲ့​အတိုင်း​ သတင်း​ထောက်က အခုလို ​ပြောပါတယ်။

“အကုန်လုံး​ကြည့်​ရတာ ရှင်း​ထား​ပုံရတယ်။ ဒါ​ပေမယ့်​ မနုအာဘုရား​မှာ​တော့​ လူ​တော်​တော်များ​တယ်။ လူ​တွေက တချို့​ လာလာကြည့်​တယ်။ လာကြည့်​ပေမယ့်​ သူတို့​ မဝံ့​မရဲဘူး​ ​ကြောက်တယ်။ ​ကြောက်တယ်ဆိုတာက သူတို့​ပြန်သွား​ရင်များ​ တခုခုဖြစ်မလား​ဆိုပြီး​ ​ကြောက်တယ်နဲ့​တူပါတယ်။ ​နောက်ဆုံး​ ဖူး​တဲ့​ မနူအာဘုရား​လည်း​ ​ရောက်​ရော ​ကောင်မ​လေး​နှစ်​ယောက်က ပန်း​စည်း​လေး​ကိုင်ပြီး​ သွား​ပေး​တယ် ဘုရား​လှူဖို့​ပေါ့​။ သူဘုရား​မှာ လှူ​ပေး​လိုက်တယ် ပန်း​အိုး​ထဲထည့်​ပြီး​။ အဲဒါလည်း​ လူ​တွေက ​တော်​တော်လာကြည့်​နေကြတယ်။ အဲမတိုင်ခင်က မြ​စေတီ​ကျောက်စာမှာကတည်း​က လူ​တွေက အကဲစမ်း​ပြီး​ လာကြည့်​နေကြတယ်။ ပြန်မယ်ပြန်မယ်​ပေါ့​ နည်း​နည်း​ကြောက်တာကိုး​။ ဘာဖြစ်လဲတဲ့​ ကြည့်​လို့​ရပါတယ်တဲ့​ဆိုပြီး​ ကြည့်​ကြတာ။ အဲဒီက​နေစပြီး​ ဝိုင်း​ပြီး​နှုတ်ဆက်ကြတာ။ အန်တီ​နေ​ကောင်း​လား​တို့​၊​ တချို့​ဆို တကယ့်​ကို နာမည်ကြီး​ မင်း​သမီး​တ​ယောက်လာသလိုပဲ​ပေါ့​။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဒီခရီး​စဉ်ဟာ ​နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်​မြောက်လာပြီး​နောက်ပိုင်း​ ပထမဆုံး​ ရန်ကုန်ပြင်ပခရီး​စဉ်တခုဖြစ်သလို သူ့​ရဲ့​ ဒီခရီး​စဉ်အ​ပေါ် ၂၀၀၃ ခုနှစ် စစ်ကိုင်း​တိုင်း​ ဒီပဲယင်း​လုပ်ကြံမှုလို ထက်မံကြုံ​တွေ့​လာရမှာကို မြန်မာပြည်သူ​တွေ၊​ နိုင်ငံ​ရေး​လောကသား​တွေနဲ့​အတူ နိုင်ငံတကာကပါ အထူး​စိုး​ရိမ်ပူပန်မှု​တွေ ရှိ​နေကြပါတယ်။

DVB

Monday, July 4, 2011

Sunday, July 3, 2011

လွတ်လပ်မှုကို ရယူခြင်း---- ဒေါ်အောင်ဆန်းစုကြည်

Dassk Lecture Bbc1

နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံကိုရောက်နေတဲ့ ၾသစေတ်းလ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kevin Rudd ဟာ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို မြန်မာ အစိုးရအဖွဲနဲ့ တွေ့ဆုံစဉ် တိုက်တွန်းတောင်းဆိုခဲ့ပေမယ့် အစိုးရဆီက တိကျတဲ့ အဖြေမရခဲ့ဘူးလို့ မြန်မာ့နိုင်ငံရေး ပါတီတွေကို ပြောပါတယ်။ မစ္စတာ Kevin Rudd ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့ တွေ့ဆုံပြီး မြန်မာနိုင်ငံကို သြစတျေးလျနိုင်ငံက ကူညီပေးနေတဲ့ ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြသလို မြန်မာ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ အတူ နယ်စပ်ဒေသအခြေအနေတွေကိုပါ ဆွေးနွေး မေးမြန်းခဲ့ပါတယ်။ ဒီကနေ့ Mr. Kevin Rudd ရဲ့ မြန်မာ့အရေးဆွေးနွေးမှု အခြေအနေတွေကိုတော့ မသင်းသီရိက မေးမြန်းတင်ပြထားပါတယ်။

ရန်ကုန်မြို့ ရွှေတောင်ကြားမှာရှိတဲ့ ၾသစေတ်းလ် ကလပ္မွာ ဒီကနေ့ မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီကျော် ထိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ Kevin Rudd တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံပေါ် သြစတျေးလျနိုင်ငံက အကူအညီပေးနေတဲ့ ကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင် က ပြောပါတယ်။

“အထွေထွေအတွင်းရေးမှူးနဲ့အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ အထွေထွေ အတွင်းရေးမှူး (၁) ရဲ့ ရုံးအဖွဲ့ဝင် ဦးထင်ကျော်တို့ လိုက်ပါသွားပါတယ်။ တွေ့ဆုံရာမှာ သြစတျေးလျနိုင်ငံခြားရေးဝန်ကြီးက သြစတျေးလျနိုင်ငံက မြန်မာနိုင်ငံကို လူမှုရေးအရ NGO တွေကနေတဆင့် အကူအညီပေးနေပုံတွေကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြတယ်လို့ သိရပါတယ်။ ဆွေးနွေးချက်တွေကို ထုတ်ပြန်ခြင်းမပြုဘူးလို့လည်း သိရပါတယ်။”

ဒီလို လူသားချင်း စာနာထောက်ထားမှု ကူညီရေးဆိုင်ရာ အခြေအနေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Kevin Rudd တို့ ဟာ လက်ရှိနိုင်ငံရေး အခြေအနေတွေကိုလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့တော့ Mr. Kevin Ruddဟာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနဲ့အတူ ဒီမို ကရက်တစ်ပါတီ(မြန်မာ) အပြင် ရှမ်း၊ ကချင် အဖွဲ့တွေအပြင် မွန် ဒေသလုံးဆိုင်ရာပါတီ၊ ရခိုင် အမျိုးသားများ တိုးတက်ရေးပါတီလို တိုင်းရင်းသားနိုင်ငံရေး ပါတီအဖွဲ့တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးအခြေအနေတွေကို သိချင်သမျှမေးမြန်းခဲ့ပါတယ်။ သူ့အနေနဲ့ မြန်မာအစိုးရအဖွဲ့က ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စကို အဓိက တိုက်တွန်းခဲ့တာကို သူ ပြောပြခဲ့တဲ့အကြောင်း NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။

“သူကတော့ အကျဉ်းသားပြဿနာနဲ့ပတ်သက်လို့ သမ္မတကြီးကို တိုက်တွန်းခဲ့တဲ့ အကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ရှိနေတာကို ပြန်လွှတ်ပေးဖို့ သူ တိုက်တွန်းခဲ့တဲ့အကြောင်း ကို ပြောပြပါတယ်။ ပြောတော့လည်း တဘက်က တိကျတဲ့အဖြေကို သူမရလိုက်ဘူးလို့ ပြောတယ်ဗျ။

အခုသွားနေတဲ့ နိုင်ငံရေးပုံစံအပေါ်မှာ ဘယ်လိုမြင်သလဲ လို့ မေးတော့ ကျနော်တို့က ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကလည်း ဘာမှ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးကို ကျနော်တို့ လုပ်ကြတယ်ဆိုသော်လည်း ဘာမှ ထွန်းထွန်းပေါက်ပေါက် ဖြစ်မလာဘူး။ မလုပ်ခဲ့နိုင်ဘူးပေါ့။ အခုကျတော့ကာ ရလာတဲ့အခွင့်အရေးကို ယူပြီးတော့ ဒီလမ်းပေါ်ကို လျှောက်တဲ့အခါ ပူးပေါင်းဆောင်ရွက်ရေးကို တိုင်းပြည်တည်ဆောက်ရေးအတွက် ကြိုးပမ်းတဲ့ လမ်းကြောင်းပေါ်မှာတော့ ဆက်ရှိနေပြီ။ ဒီလမ်းကြောင်းပဲ ထွက်ပေါက်ရှိလို့ ဒီလမ်းကြောင်းကိုပဲ ကျနော်တို့ ဆက်သွားနေတယ်လို့ အကြမ်းဖျဉ်း ရှင်းပြတာပေါ့ဗျာ။

သူကလည်း သူတို့အနေနဲ့လည်း ဒီလို သွားနေတဲ့ဟာကို လက်ခံပါတယ်တဲ့။ ဒီလိုပဲ သွားရမယ် ဆိုတာကိုလည်း သူတို့ မြင်တွေ့နေပါပြီတဲ့။ သွားပုံသွားနည်းကို သူတို့ လက်ခံပါတယ်တဲ့။ ဒီလို ပြောပါတယ်။”

ဒါ့အပြင် ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကိုလည်း မစ္စတာ Kevin Rudd က မေးမြန်းခဲ့ပါတယ်။

“နယ်စပ်မှာဖြစ်တဲ့ ပြဿနာတွေကတော့ ရပ်ဆိုင်းနေသင့်တယ်ပေါ့ ဗျာ။ ဟိုမှာတော့ ညှိနှိုင်းမှုတွေတော့ စနေပြီပေါ့-အစိုးရနဲ့။ ညှိနှိုင်းမှုတွေ စနေတဲ့အချိန်မှာပဲ တဘက်မှာလည်း တိုက်ခိုက်မှုတွေလည်း ဆက်ရှိနေသေးတယ်ပေါ့။ ဒါတွေကတော့ ဘယ်လောက်ထိကြာအောင် ဆက်ဖြစ်နေအုံးမလဲ။ ဘာလဲ ဆိုတာတော့ သူတို့လည်း မသိဘူးပေါ့။ မသိနိုင်ဘူးပေါ့။

ဒီမိုကရေစီမှာ အခြေခံတွေ လိုပါတယ်ပေါ့။ Institutions တွေပေါ့။ Institutions တွေရှိမှ ဒီမိုကရေစီလမ်းလျှာက်တဲ့ ​နေရာမှာ ရေရေရာရာ ဖြစ်သွားမယ်။ ဒီလူတွေလည်း ဒီမိုကရေစီ အကျင့်၊ အလေ့စရိုက်တွေ ဖြစ်သွားမယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေထဲက သင့်တော်တဲ့ ပုဂ္ဂိုလ်တွေကို ပြည်တွင်းမှာ နိုင်ငံရေးသင်တန်းတွေဖြစ်နိုင်အောင် ဖြစ်သွားအောင်ဆိုပြီး Capacity Building တွေကို ပေးဖို့အတွက် ရည်ရွယ်ထားတာ ရှိပါတယ်ပေါ့။ အဲဒီလို ပြောသွားပါတယ်”

NDF ပါတီက ဦးခင်မောင်ဆွေပါ။

ၾသစေတ်းလ် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Mr. Kevin Rudd ဟာ ဇွန်လ ၃၀ ကြာသာပတေးနေ့ ကနေပြီး ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့အထိ ၃ ရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ရောက်နေတာ ဖြစ်ပြီး သူ့ခရီးစဉ်အတွင်းမှာ အစိုးရအဖွဲ့နဲ့ရော နိုင်ငံရေးပါတီတွေအပြင် မြန်မာနိုင်ငံထဲမှာ အခြေစိုက် လုပ်ကိုင်နေတဲ့ NGO လိုအဖွဲ့တွေနဲ့အတူ UNHCR လို ဒုက္ခသည်များဆိုင်ရာအဖွဲ့ကြီးတွေနဲ့လည်း တွေ့ဆုံသွားပါတယ်။

Mr. Kevin Rudd ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြူပြင်ပြောင်းလဲမှုဆိုင်ရာ အခြေအနေတွေ အပါအ၀င် စီးပွားရေးဆိုင်ရာအခြေအနေတွေ၊ လူ့အခွင့်ရေး ဆိုင်ရာနဲ့အတူ လူသားချင်းကူညီရေးဆိုင်ရာ ကိစ္စတွေ အတွက် မြန်မာနိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။ သြစတျေးလျနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာတွေ တိုးတက်ဖို့ အတွက် အစဉ်တစိုက်အားပေးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း အရင်စစ်အစိုးရရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် ကူလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကိစ္စကို သြစတြေးလျနိုင်ငံက ထောက်ခံထားပါတယ်။

VOA

Saturday, July 2, 2011

အားမနွဲ့ကြသူများ


လူသားတွေရဲ့ အစသမိုင်းဦးဘုံမြေခေတ်တွေကထဲက အမျိုး သားတွေက အုပ်ချုပ်သူနေရာမှာ နေခဲ့ကြတာ ယဉ်ကျေးပါ တယ်ဆိုတဲ့ ယနေ့ခေတ်အထိ ပါပဲ။ အခု အချိန်မှာတောင် အမျိုးသမီးဆိုတာက အားနွဲ့တဲ့ လူသားတွေအဖြစ် သတ်မှတ်ထားကြဆဲပါ။ လူ့ အခွင့်အရေး အပြည့်အဝ ရတဲ့ အမေရိကန်လိုနိုင်ငံ မျိုးမှာတောင် အမျိုးသမီး သမ္မတ မရှိသေးပါဘူး။

ကျမတို့ ငယ်စဉ်က သမိုင်းဖတ်စာအုပ်ထဲမှာ အာဇာနည် ဂျုံး ဆိုတဲ့ မိန်းခလေးတဦး အ ကြောင်းသင်ခဲ့ရဖူးပါတယ်။ သူက ခရစ်ယာန် ဘာသာကို ယုံကြည်ကိုးကွယ်ပါတယ်။ အဲ ဒီ အချိန်တုန်းက ပြင်သစ်နိုင်ငံမှာ ခရစ်ယာန် ဘာသာကို မကိုးကွယ်ကြသေးပါဘူး။ ခရစ် ယာန်ဘာသာ ကိုးကွယ်သူတွေကိုလဲ စုန်း၊ စုန်းမ လို့စွပ်စွဲပြောဆိုနေကြချိန် ဖြစ်ပါတယ်။ သူမကို အာဏာပိုင်တွေက ဖမ်းမိသွားချိန်မှာ ခရစ်ယာန်ဘာသာကို မကိုးကွယ်ပါဘူးလို့ ထွက်ဆိုခိုင်းပါတယ်။ ဒါပေမဲ့ သူမက မထွက်ဆိုခဲ့ပါဘူး။ ဒါကြောင့် သူမကို ရုံးတင် ပါ တယ်။ ရုံးတော်မှာ သူမကို စုန်းမလို့ ဝန်ခံခိုင်းခဲ့ပါတယ်။ သူမက ဝန်မခံခဲ့တဲ့အတွက် မီး ရှို့သတ်ခံခဲ့ရပါတယ်။ သူမရဲ့ သတ္တိကြောင့် လူတွေက ခရစ်ယာန် ဘာသာကို စိတ်ဝင် စားလာခဲ့ကြပါတယ်။

လူတွေ သတ်မှတ်သလို တကယ်ပဲ အမျိုးသမီးတွေက အားနည်းနေသလား၊ တကယ် ကို စွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတွေ အစဉ်အလာနဲ့ ရှိခဲ့ဘူးပါတယ်။ ၁၉၈၀ခုနှစ် မှာ ကျမက လူမှန်းသိတဲ့ အရွယ်ရောက်နေပါပြီ။ တခါတရံ တီဗွီကနေ အင်္ဂံလန်နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် တော်တော်ချောတဲ့ မာဂရက်သက်ချာကို တွေ့ဘူးနေပါတယ်။ သူ့ကို ထက်မြက်တဲ့သူ အဖြစ်သိနေပေမဲ့ သူကိုဘာကြောင့်လူတွေ အသိအမှတ်ပြုလဲ ဆိုတာကို နားမလည်ခဲ့ပါဘူး။ လူကြီး သူမတွေ ကိုမေးတော့မှ သူ့ရဲ့ အရည်အချင်းကို သိလာပါတယ်။

သူ့ရဲ့ လက်ထက်မှာ အာဂျင်တီးနား နိုင်ငံရဲ့ အရှေ့မှာရှိတဲ့ ဖေါက်ကလန်ကျွန်း အရေး အခင်း ဖြစ်ခဲ့ပါတယ်။ အဲဒီ အရေးအခင်းမှာ သက်ချာက အင်္ဂလန်တပ်တွေကို ချက်ခြင်း စေလွတ်တိုက်ခိုက်ခဲ့ပါတယ်။

၁၉၈၄ မှာတော့ အိုင်းရစ်ရီပတ်ဘလစ် တပ် (IRA) က ကွန်ဖရင့် ကျင်းပနေစဉ်မှာပဲ ဗုံးခွဲ လုပ်ကြံခဲ့ပါတယ်။ သက်ချာ ကွန်ဖရင့်ကိုလာစဉ် လမ်းမှာ လုပ်ကြံခံရတာပါ။ သူမက ကြောက်ရွံ့တုန်လှုပ်မှု လုံးဝမရှိဘဲ ကွန်ဖရင့်မှာမိန့်ခွန်း ဆက်ပြောခဲ့ပါတယ်။ ဒါကြောင့် လဲ သူမကို အင်္ဂလန် သမိုင်းမှာ အိုင်းရင်းလေဒီလို့ ခေါ်ခဲ့ကြတာပေါ့။

အမေရိကန် နိုင်ငံဟာ လူ့အခွင့်အရေး အပြည့်အဝပေးထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကျား၊ မ တန်းတူ အခွင့်အရေး ပေးထားပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ သမတ မဖြစ်ကြသေး ပါဘူး။ အမျိုးသမီးတွေဟာ အမြင့်ဆုံးရာထူးအဖြစ် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးကတော့ မယ်ဒလင်းအော်ဘရိုက်ပဲ ဖြစ်ပါ တယ်။

သူမဟာ ချက်ကိုဆလိုဗက်ကီးယား နိုင်ငံသူတဦး ဖြစ်ခဲ့ပြီး ဆိုဗီယက်တွေ ချက်ကိုသိမ်း ပိုက်တော့ အမေရိကန်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ သူဖြစ်ပါတယ်။ သူမဖခင်က ချက် ဒီမိုကရက် တဦးဖြစ်ခဲ့ပြီး သူရဲ့ အဘိုးအသွားတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီ တွေရဲ့ သတ်ဖြတ်မှု ကိုခံ ခဲ့ရပါတယ်။ သူမဟာ သတင်းစာသမားတဦး ၊ကျောင်းဆရာမ တဦး ဖြစ်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ သမ္မတ ဘီလ်ကလင်တန်က ကမ္ဘာကုလသမဂ္ဂမှာ အမေရိကန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ရာကနေ စတင်ထင်ရှားလာပါတယ်။

၁၉၉၇ ခုနှစ်မှာတော့ သူမဟာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့ပါတယ်။

ကျမတို့နေထိုင်တဲ့ အာရှတိုက်မှာတော့ ကျား၊ မ ခွဲခြားမှုက ပြင်းထန်တယ်လို့ ဆိုနိုင်ပါ တယ်။ မိန်းခလေးမွေးတာဟာ မိဘတွေကို ဂုဏ်ငယ်စေတယ်လို့ ထင်မြင်ယူဆသူတွေ များပါတယ်။ ယောက်ကျားလေးတွေကို မြင့်မြတ်တယ်လို့လဲ ယူဆကြပါတယ်။ ကျမတို့ မြန်မာတွေမှာ စကားပုံတောင်ရှိပါတယ် “ကြက်မတွန်လို့ မိုးမလင်းဘူး” တဲ့ ဒါဆို ကြက် ဖတွေတွန်လို့ မိုးလင်းခဲ့တာလား။

ကျမတို့ အာရှတိုက်မှာတော့ ထူးခြားထင်ရှားတဲ့ အမျိုးသမီးတွေ အများအပြားပေါ်ထွန်း ခဲ့ဖူးပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အင်ဒီရာဂန္ဒီ ဖြစ်ပါတယ်။ သူမဟာ ဖခင်တည်ထောင် ခဲ့တဲ့ BJP ပါတီမှ ၁၉၆၆-၇၇ ခုနှစ်အထိ ပထမအကြိမ် ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။ သူ အာ ဏာရစဉ် ၁၉၆၇ ခုနှစ်တွင် အမျိုးသား နျူကလီးယား စီမံကိန်းကို စတင်ခဲ့ပါသည်။

၁၉၇၅ ခုနှစ်တွင် အစိမ်းရောင်တော်လှန်ရေးဟု လူသိများသော လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ပြုပြင် ပြောင်းလဲ ခဲ့သည်။ ဒုတိယအကြိမ် အဖြစ် ၁၉၈၀ မှ ၁၉၈၄ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ သူ့ဘဝတလျောက်လုံး နိုင်ငံအရေးကိစ္စများကိုသာ ဆောင်ရွက်ခဲ့ပါ တယ်။ ၁၉၈၄ ခုနှစ်မှာတော့ ဆစ်ခ် သူပုန်များက လုပ်ကြံခဲ့တဲ့အတွက် အင်ဒီရာဂန္ဒီ သေ ဆုံးခဲ့ရပါတယ်။

ပါကစ္စတန် နိုင်ငံဟာ နိုင်ငံရေး မတည်ငြိမ်မှု တနှစ်ထက် တနှစ်ပိုများလာပါတယ်။ ပါကစ္စ တန်နိုင်ငံမှာ နိုင်ငံရေးအရ ထင်ရှားတဲ့ “ဘူတို” မိသားစုဟာ လုပ်ကြံမှုကြောင့် အားလုံးနီးပါး သေဆုံးခဲ့ရပါတယ်။ ဖခင်အလီဘူတိုဟာ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦး ဖြစ်ပြီး သမ္မတ၊ ဝန်ကြီးချုပ် ရာထူးများဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ အလီ ဘူတိုဟာ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ကို စတင်တည်ထောင်ခဲ့ သူဖြစ်ပါတယ်။

၁၉၇၇ ခုနှစ်မှာစစ်အာဏာရှင် “မိုဟာမက် ဇီယာအူဟတ်” က အာဏာသိမ်းလိုက်ပြီး အလီဘူတိုကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ အလီဘူတိုရဲ့ သမီးအကြီးဆုံး ဘနေဇီရာဘူ တို ကို ဖမ်းဆီးကာ ထောင်ထဲမှာ ၂ နှစ်ထားပြီး နေအိမ်အကျယ်ချုပ်နဲ့ ၆ နှစ်နီးပါး ထားခဲ့ ပါတယ်။

၁၉၈၄ ခုနှစ်မှာ နိုင်ငံတကာ ဖိအားတွေကြောင့် ဇီယာအူဟတ်က ဘနေဇီရာ ကို လွတ် ပေးပြီး ဆေးကုသခွင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်္ဂလန်ထွက်ခွင့် ပြုခဲ့ပါတယ်။ အဲဒီ နောက် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ ဘနေဇီရာက အဝေးရောက် ပါတီခေါင်း ဆောင်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဘနေဇီရာ ပါကစ္စတန် ပြန်ရောက်လာခဲ့ပါတယ်။

သူမက ပါကစ္စတန်မှာ လွပ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပပေးဖို့ လှုံ ဆော်မှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ အာဏာရှင် ဇီယာအူဟတ် လုပ်ကြံခံရပြီး နောက် ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ဘနေဇီရာဘူတို အနိုင်ရ ခဲ့ပါတယ်။ သူမဟာ မူဆလင်နိုင်ငံတွေရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာခဲ့ ပါတယ်။ ဝန်ကြီးချုပ်ဖြစ်ချိန်မှာ သူမဟာ အသက် ၃၅ နှစ်သာ ရှိပါသေးတယ်။ လ ၂၀ အကြာမှာ သမ္မတ ဂူလန်အဟတ်ခန်က သူမကို လာဒ်စားမှုနဲ့ ဖယ်ရှားခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာတော့ ရွေးကောက်ပွဲ နောက်တကြိမ် ပြန်နိုင်ခဲ့ပြီး ၁၉၉၆ မှာ သမတ ဖာ ရူလီဟာရိ က လာဒ်စားမှုနဲ့ ရုံးတင်တရားစွဲတဲ့အတွက် ဒူဘိုင်းကို ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ ဘနေဇီရာဘူတိုကို ထောင်ဒဏ် ၃ နှစ် ချမှတ်ထားခဲ့ ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ သမ္မတ မူရှာရက်က လွတ်ငြိမ်းချမ်းသာ ခွင့်ပေး လိုက်တဲ့အတွက် ပါကစ္စတန်ကို ပြန်ရောက်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကျင်းပပေးမဲ့ အထွေထွေရွေး ကောက်ပွဲမှာ အဓိက အတိုက်အခံအဖြစ် ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။ ၂၀၀၇၊ ဒီဇင်ဘာလမှာတော့ သူမဟာ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ဟာ ၁၉၈၀ ခုနှစ် ဝန်းကျင်တွေတုန်းက အာဏာရှင် မားကိုစ့်ရဲ့ လက် အောက်က ဆင်းရဲနေတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ ခေါင်းဆောင် Mr အာကွီနို ကိုလုပ်ကြံခဲ့ပြီးနောက် ပြုလုပ်တဲ့ ရွေးကောက်ပွဲကို Mrအာကွီနိုရဲ့ ဇနီးဖြစ်သူ ကိုရာဇန် အာကွီနိုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ကိုရာဇန်အနိုင်ရခဲ့ပေမဲ့ မား ကိုစ့်က သူအနိုင်ရတယ်ဆိုပြီး ကြေညာတဲ့ အခါမှာတော့ ပြည်သူတွေက ငုံမခံတော့ဘဲ အထွေထွေသပိတ်ကို ဆင်နွဲကြပါတယ်။ အာဏာရှင်က စစ်တပ်နဲ့အနိုင်ယူဘို့ ကျိုးစားခဲ့ ပေမဲ့ စစ်ဦးစီးချုပ် ရားမိုစ့် က ပြည်သူဖက်က အခိုင်အမာ ရပ်တည်ခဲ့တာကြောင့် မား ကိုစ့် နိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။

ကျမတို့ ဗမာပြည်မှာလဲ ထူးခြားထက်မြက်တဲ့ အမျိုးသမီးတွေ ရှိခဲ့ပါတယ်။ စာရေး ဆရာ မကြီး ဒေါ်ခင်မျိုးချစ်ဆိုရင် ဂျပန်ခေတ်က ဂျပန်တွေရဲ့ရုံးမှာ စာရေးမလုပ်ရင်း တိုက်ပွဲဝင် ရဲဘော်တွေအတွက် သတင်းတွေစုံစမ်းပေးခဲ့ပါတယ်။ ဂျပန်တွေသာ သိသွားခဲ့ရင်တော့ ဆရာမကြီးအတွက် တွေးဝန့်စရာ မရှိပါဘူး။ ဆရာမကြီးဟာ တိုင်းပြည်အတွက် အသက် နဲ့ ရင်းဝံ့သူတဦး ဖြစ်ပါတယ်။ ဆရာမကြီးဟာ သူအသက်ရှင်ခဲ့သမျှ ကာလတလျောက် လုံး တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်ခဲ့တဲ့ သူဖြစ်ပါတယ်။

အမေလူထု ဒေါ်အမာဆိုရင်လည်း အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ ရဲရဲတောက်ကျောင်းသူ တဦး ဖြစ်ခဲ့ပါတယ်။ အမှန်တရားဘက်က ရပ်တည်ရင်း သတင်းစာသမားဘဝမှာ ထောင် အကြိမ်ကြိမ်ကျခဲ့ရသလို၊ အမေ့ရဲ့ သားတွေဟာလဲ တော်လှန်ရေးအတွက် သားကောင်း တွေ ဖြစ်ခဲ့ကြပါတယ်။ အမေက လူထုအတွက် ကြံကြံခိုင်ရပ်ရင်း သားတွေကိုလဲ ထောင်ဝင်စာ ပို့ပေးခဲ့သလို စာပေသားသမီးတွေကိုလဲ မွေးထုတ်ပေးခဲ့ သူဖြစ်ပါတယ်။

ပြည်သူလူထုတွေက ချစ်ခင်မြတ်နိုးကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင် ဆန်းရဲ့ ရင်သွေးတဦး ဖြစ်ပါတယ်။ ဟီလာရီ ကလင်တန်က ဒ်ါအောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ မျော်လင့်ချက် ဖြစ်တယ်လို့ ၂၀၀၉ ခုနှစ် က လူသိရှင်ကြား ထုတ်ဖော် ပြောကြားသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ကိုယ်ပိုင်ဘဝကိုစွန့်လွတ် ထားပြီး ပြည်သူတွေအတွက် သူမ မြှုပ်နှုံခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ သူမကို စစ်အာဏာသိမ်းအစိုးရက မြန်မာပြည်က ထွက်ခွါသွားမယ်ဆိုရင် နေအိမ်အ ကျယ်ချုပ်က လွတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ သူမက ငြင်းပယ် ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ သူမကို လုပ်ကြံခဲ့ပေမဲ့ သူမက တုန်လှုပ်မှုမရှိဘဲ ယနေ့ထိတိုင် ပြည်သူ့ ရှေ့မှ မားမားမတ်မတ် ရပ်တည်နေသူ ဖြစ်ပါတယ်။ သေနတ်ကိုင်ထားသူ အမျိုးသားကြီး များရဲ့ ကြောက်ရွံ့ခံနေရသူ လည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားရင်ကြားစေ့ရေးကို ကျိုးပမ်း ဆောင်ရွက်နေဆဲပါ။

၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတရာထူးကို တာဝန်ယူဖို့ အတွက် စစ်ရေးအတွေ့အကြုံ ရှိရမယ်လို့ ဆိုပါတယ်။ အခြေခံဥပဒေအရ သမ္မတရဲ့အထက်မှာ စစ်ဦးစီးချုပ် ကနေရာ ယူထားပါတယ်။ ဒါပေမဲ့ အရည်အချင်း ဘယ်လောက်ပြည့်စုံနေပါစေ မြန်မာအမျိုးသမီး တွေဟာ သမ္မတဖြစ်ခွင့် မရပါဘူး။

မြန်မာပြည်ကို စစ်ရေးအတွေ့အကြုံရှိသူတွေဟာ ရာစုနှစ်တဝက်လောက် အုပ်ချုပ်လာ ခဲ့ကြပါတယ်။ ဒါကြောင့် ယနေ့မြန်မာပြည်ဟာ ခေတ်နောက်ကြနေတဲ့ ဖွံဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်နေတဲ့အပြင် ပြည်သူတွေဟာ ဆင်းရဲမွဲတေနေကြပါတယ်။ နိုင်ငံကို တိုးတက်အောင်လုပ်ချင်တဲ့ ဆန္ဒအမှန်တကယ်ရှိတယ်ဆိုရင် စစ်ရေးအမြင်ရှိဖို့ထက် တိုင်းပြည်နဲ့ ပြည်သူတွေကို အမှန်တကယ် ချစ်တတ်ဖို့ပဲ လိုပါတယ်။

ခင်ငြိမ်းသစ်

Copyright © 2010 နေ့သစ်. All rights reserved.

CRPP မှာ လူငယ်တွေကို နေရာပေးမယ်

2011-07-01
ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ CRPP အနေနဲ့ လူငယ် သွေးသစ်တွေကို ကော်မတီမှာ တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက NLD ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ CRPP အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။



(Photo:Courtesy of NCGUB)

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (ရှေ့တန်း၊ ဝဲမှယာ) ဦးလွင်၊ ဦးအေးသာအောင်၊ ဦးအောင်ရွှေ၊ ဦးသန်းထွန်း၊ ဦးတင်ဦး၊ (နောက်တန်း၊ ဝဲမှယာ) ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဒေါ်အောင်ဆန်းစုကြည်။ (Photo:Courtesy of NCGUB)

CRPP အစည်းအဝေးကို NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပြင် ဗဟို အလုပ် အမူဆောင် ဦးဝင်းတင်၊ ဦးသန်းထွန်း ဦးလှဖေ တို့နဲ့ CPPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးကျင်ရှင်းထန် နဲ့ ဦးစိုးဝင်းတို့ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။

"အထွေထွေ နိုင်ငံရေး အခြအနေကို သုံးသပ်တယ်။ ပြီးတော့ CRPP အဖွဲ့မှာ အသက်အရွယ် ကြီးရင့်တာ၊ တချို့ကလည်း ကျမ်းမာရေးချို့တဲ့တာတွေကြောင့် လစ်လပ်သွားတဲ့ နေရာတွေမှာ သက်ဆိုင်ရာ ပါတီတွေအလိုက် သင့်တော်တဲ့ ပုဂ္ဂိုလ်များကို အစားထိုး အားဖြည့်သွားဖို့ သူတို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။ "

အစည်းအဝေးမှာ NLD ပါတီ အပေါ် ပြည်ထဲရေး ၀န်ကြီး ဌာနက သတိပေးချက်နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအကြောင်း အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။

Copyright © 1998-2011 Radio Free Asia. All rights reserved.

သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံ ရောက်ရှိ


By ဒေါ်ခင်မျိုးသက်
....
ဓာတ်ပုံ AP
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ်။ ဇွန် ၆၊ ၂၀၁၁။မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် သြစတြေးလျနိုင်ငံက ဘယ်လို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ်ဆိုတာ သိရအောင် ၃ ရက်ခရီး လာခဲ့တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ် (Kevin Rudd) ဟာ မနေ့က ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်လာပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ တာဝန်ရှိသူတွေအပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တိုင်းရင်းသားတွေနဲ့ တခြား နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ NGO အဖွဲ့တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ်ဟာ မြန်မာနိုင်ငံကို ၃ ရက်ခရီးစဉ်နဲ့ ရောက်နေကြောင်း ရန်ကုန် သြစတြေးလျ သံရုံးကနေ အတည်ပြု ပြောကြားခဲ့ပါတယ်။

“နိုင်ငံခြားရေး ၀န်ကြီးဟာ မြန်မာနိုင်ငံမှာ ရောက်နေပါပြီ။ ကြာသပတေး၊ သောကြာနဲ့ စနေ ၃ ရက် နေမှာပါ။ သူဟာ မြန်မာနိုင်ငံ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီး၊ ပညာရေး ၀န်ကြီးတွေနဲ့လည်း တွေ့မှာပါ။ နောက် မြန်မာနိုင်ငံထဲမှာရှိတဲ့ NGO အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အဖွဲ့မျိုးစုံနဲ့တွေ့ဖို့ စီစဉ်ထားပေမဲ့ UNHCR နဲ့ Save the Children အဖွဲ့တွေကတော့ အဓိက ပါပါတယ်။ နောက် တွေ့ဖို့ရှိတဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ရေးတွေ လုပ်ဆောင်ဖို့ အချိန်အတော်ကြာ ကတည်းက တောင်းဆိုနေတဲ့ သြစတြေးလျနိုင်ငံ အနေနဲ့ အခု နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထပ်ပြီး တောင်းဆိုဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့အပတ် မြန်မာနိုင်ငံကို မလာခင်မှာ မစ္စတာ ရပ်ဒ်က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေနဲ့အတူ တိုက်ရိုက်ထိတွေ့ ဆက်ဆံဖို့ပါ မူဝါဒ ချမှတ်ထားတဲ့ သြစတြေးလျနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း မြန်မာသမ္မတသစ် အပါအ၀င် ၀န်ကြီးတွေနဲ့ တွေ့ဆုံဖို့အပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။

“မနက်ဖြန် အထွေထွေ အတွင်းရေးမှူးရဲ့ နေအိမ်မှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ သူနဲ့ပါလာတဲ့ အဖွဲ့နဲ့ လက်ခံတွေ့ပါမယ်။ နေ့လယ်ပိုင်းမှာပါ။ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မပါပါဘူး။ အခုထိ ကျနော်တို့ CEC ကို ဖိတ်ထားတာ မရှိပါဘူး။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင် ပြောသွားတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသားနဲ့ တခြားပါတီ တချို့က ခေါင်းဆောင်တွေကိုတော့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ ရွှေတောင်ကြားက သြစတြေးလျ သံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။

“၂ ရက်နေ့ ၂ နာရီ တွေ့မယ်ဗျ။ ကျနော်တို့ပါတီကတော့ ကျနော်နဲ့ ဒေါက်တာသန်းငြိမ်း ပါမှာပေါ့။ တခြားပါတီကတော့ ဘယ်သူတွေ ဖိတ်ထားလည်း မသိဘူး။ တိုင်းရင်းသား ပါတီတွေလည်း ပါလိမ့်မယ် ထင်ပါတယ်။ ထုံစံအတိုင်း ဆုံတာများတာတော့ ၅ ပါတီလောက်တော့ ဖိတ်တယ်ဗျ။ တိုင်းရင်းသားတွေရော ကျနော်တို့နဲ့ရောပေါ့လေ။

“အဓိကကတော့ သမ္မတ ဦးသိန်စိန် ပေးထားတဲ့ ကတိက၀တ်အတိုင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့၊ လယ်ယာကဏ္ဍ မြှင့်တင်ရေးတို့ကို တကယ် ဆောင်ရွက်နိုင်ပ့ါမလားဆိုတဲ့ မေးခွန်းပေါ့၊ ကျနော်တို့က ဒါကို ဘယ်လိုမြင်သလဲပေါ့၊ ပါတီတွေက၊ ဒါပဲမေးမှာပါ။ အဲဒါတွေ ကျနော်တို့ ဖြေပေးရမှာပေါ့။ နိုင်ငံမှာ ဖြစ်နေတဲ့ဟာတွေပေါ့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ၊ နယ်စပ်မှာ ဖြစ်နေတဲ့ ကိစ္စ၀ိစ္စတွေလည်း မေးရင် ကျနော်တို့က ဖြေပေးရမှာပါ။

“ကျနော်တို့ဘက်ကတော့ စီးပွားရေး ပိတ်ဆို့မှု ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတာကိုး။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြရမှာပေါ့ဗျာ။ ဦးသိန်းစိန်နဲ့ ပတ်သက်တဲ့ ကိစ္စလည်း ကျနော်တို့ ရှင်းရမှာပေါ့ဗျာ။ ဒါကတော့ သူပြောတိုင်းလည်း ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ ကျနော်တို့က တာဝန် ဘယ်ခံနိုင်မလဲ။ စောင့်ကြည့် လေ့လာဖို့တော့ ကျနော်တို့ အချိန်ယူရမှာပေါ့။ ဒါတွေပြောရမှာပါ။”

မစ္စတာရပ်ဒ်ရဲ့ အခုခရီးစဉ်ဟာ ၂၀၀၂ ခုနှစ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား ဒေါင်းနား (Alexander Downer) သွားခဲ့ပြီးတဲ့နောက်မှာ ၉ နှစ်အတွင်း ဒါဟာ ပထမဆုံး သြစတြေးလျ အဆင့်မြင့် အရာရှိကြီးတဦး မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) အဆိုတင်သွင်းခဲ့တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ ကိစ္စကို မစ္စတာရပ်ဒ် လက်ထက်မှာ သြစတြေးလျက ပထမဆုံး ထောက်ခံခဲ့သလိုပဲ ၁၉၉၉ ခုနှစ်လောက်မှာ သြစတြေးလျ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မစ္စတာ ခရစ်စ်တိုဖာ ဆီဒိုတီ လက်ထက်မှာ မြန်မာနိုင်ငံက မြန်မာအရာရှိတွေအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ သင်တန်းတွေ ပထမဆုံး စတင် ဖွင့်လှစ်ပေးခဲ့တာမို့ အကျဉ်းဦးစီးဌာန၊ ရဲနဲ့ တရားဥပဒေရေးဆိုင်ရာ အရာရှိ အတော်များများလည်း တက်ရောက်ခွင့် ရခဲ့တာ တွေ့ရပါတယ်။

VOA

Friday, July 1, 2011

စစ်နဲ့ ပြည်သူ အထူးတင်ပြချက်..


DVB

ဒေါ်အောင်ဆန်းစုကြည်အပေါ် အစိုးရသစ် ခြိမ်းခြောက်ပြောဆိုမှု ဗြိတိန် စိုးရိမ်

2011-07-01
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အစိုးရသစ်က ခြိမ်းခြောက်တဲ့ အသုံးအနှုန်းတွေနဲ့ ပြုမူ ပြောဆိုလာတာကို ဗြိတိန် အစိုးရ အနေနဲ့ အထူးတလည် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး William Hague က မနေ့က ပြောကြားလိုက် ပါတယ်။



(Photo: AFP)

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိဂ်။ (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အန္တရာယ် မရှိပဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိရမယ်လို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့လည်း အခြေအနေ တွေကို အနီးကပ် စောင့်ကြည့်နေတယ် လို့လည်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးရဲ့ ထုတ်ဖေါ် ပြောဆိုချက်ဟာ မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ပိုပြီး တင်းကြပ်လာမယ်၊ အသက် အန္တရာယ်ကို ထိခိုက်လာမယ် ဆိုရင် မြန်မာ အစိုးရကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြင်းထန်တဲ့ ဖိအားပေးမယ်ဆိုတဲ့ အရိပ် လက္ခဏာပဲ ဖြစ်တယ်လို့ ဗြိတိန် အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ညွန်ကြားရေးမှုး Mark Farmaner က အာအက်ဖ်အေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရရဲ့ ကြေညာချက်ကို ကျနော်တို့ အလွန်ပဲ ကြေနပ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ကမ္ဘာက မျက်ခြေမပျက် စောင့်ကြည့်နေတယ် ဆိုတာကို နိုင်ငံတကာ အစိုးရတွေက အခုလို ပြောဆိုလာတာဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ Mark Farmaner က ဆိုပါတယ်။

ဒါ့အပြင် မကြာခင် ကာလ အတွင်း စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် ခရီးစဉ် လုံခြုံရေးဟာ အစိုးရမှာ တာဝန်ရှိတယ် ဆိုတာကိုလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတိပေးနေပါတယ်လို့ ပြောသွားပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

မြန်မာ့ဒီမိုကရေစီလူ့အဖွဲ့အစည်း ရောက်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခင်ဦးသာ Friday, 01 July 2011 17:41 .မြန်မာပြည်သူလူထု တရပ်လုံး ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ မကြာမီ ရောက်ရှိတော့မည် ဟုမျှာ်လင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် အခမ်းအနားတခု၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဥရောပနိုင်ငံ တနိုင်ငံဖြစ်သော လစ်သူယေးနီးယား(Lithuania) နိုင်ငံ၌ ဇွန်လ ၃၀ ရက်နေ့က ကျင်းပခဲ့သော ဒီမိုကရေစီ လူထု အခြေပြု အဖွဲ့များ (Community of Democracies) ၀န်ကြီးအဆင့် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယို မိန့်ခွန်းပြောရာ၌ ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လစ်သူယေးနီးယား နိုင်ငံသည်လည်း ဒီမိုကရေစီရရှိရေးအတွက် မြန်မာနိုင်ငံကဲ့သို့ ကြိုးပမ်းခဲ့ပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်ခဲ့ကြောင်း၊ ယခုအစည်းအဝေးအား ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေချိန်သည် မိမိနေအိမ် အကျယ်ချုပ်မှ လွတ်လာချိန်နှင့် တိုက်ဆိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

နိုင်ငံတကာ၌ ကျင်းပနေသော အစည်းအဝေးများ၊ နှီးနှောဖလှယ်ပွဲများ၊ လွှတ်တော်များသို့ ဗီဒီယိုမိန့်ခွန်းများ ပေးပို့ရာတွင် “မြန်မာနိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲကို ၀ိုင်းဝန်းကူညီကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က အစဉ် တိုက်တွန်းသည်ကို တွေ့ရသည်။

ဒီမိုကရေစီအရေး လုပ်ဆောင်နေသည့်အတွက် လူထုအခြေပြု အဖွဲ့ကြီးအား ထောက်ခံကြောင်းနှင့် တန်ဖိုးထား ကျေးဇူးတင်ပါကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ စသည့် နိုင်ငံများမှ လူထုအခြေပြု အဖွဲ့များ တက်ရောက်၍ မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ နိုင်ငံရေး အခြေအနေများ ကိုဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ဆွေးနွေးခဲ့သော ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်၏ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကလည်း ကချင်ပြည်နယ်အတွင်း ဒေသတချို့၌ မြန်မာအစိုးရ စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်နေမှုနှင့် ကချင်အမျိုးသမီး ၁၈ ဦးအား မုဒိန်းကျင့် စော်ကားမှု ကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့၍ အရေးယူမှု လုပ်ဆောင်ရန် အစည်းအဝေးတွင် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

“အဓိက ဆွေးနွေးခဲ့တာတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခြေအနေတွေ ပိုဆိုးလာတာရယ်၊ ကချင်ဒေသမှာ အမျိုးသမီးတွေကို စစ်တပ်က မုဒိန်းကျင့်၊ သတ်ဖြတ်နေတာတွေ၊ ထိုးစစ်ဆင်နေတဲ့ ကိစ္စတွေ ရယ်ပါ” ဟု
ဒေါ်ခင်ဥမ္မာ က ဧရာဝတီကို ပြောသည်။

ယခုလဆန်းပိုင်း၌ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း အမျိုးသမီး ၁၈ ဦး မုဒိန်းကျင့်ခံရကာ ၄ ဦး အသတ်ခံခဲ့ရကြောင်း၊ ထိုလုပ်ရပ်အား အစိုးရ၏ ခြေမြန်တပ်ရင်း အမှတ် ၄၃၇၊ ခြေလျင်တပ်ရင်း အမှတ်၂၃၇၊ ၁၄၁ ၊ ၁၄၂၊ ၁၃၉ တို့မှ စစ်သားများက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ကချင်အမျိုးသမီးအစည်းအရုံးကချင် - ထိုင်းနိုင်ငံ (KWAT) က ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လစ်သူယေးနီးယန်း နိုင်ငံတွင် ကျင်းပသည့် အစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဒီမိုကရေစီ ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ၀န်ကြီးများ တက်ရောက်ခဲ့ကြသည်။

မစ္စ ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အစည်းအဝေး၌ သီးသန့် ထင်မြင်ပြောဆိုခြင်း မရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို အလေးထား မှတ်တမ်းတင်ယူသွားကြောင်း ဒေါ်ခင်ဥမ္မာက ဆိုသည်။

ဟီလာရီကလင်တန်သည် နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူပြီးနောက် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆံမှု လုပ်ဆောင်ခြင်းနှင့်အတူ စီးပွားရေး ပိတ်ဆို့ကန့်သတ်မှုများကိုပါ တဘက်မှလုပ်ဆောင်သွားမည်ဟု အမေရိကန် အစိုးရ၏ မူဝါဒကို ပြောဆိုထားခဲ့သည်။

ဒီမိုကရေစီ လူထုအခြေပြု အဖွဲ့သည် သက်တမ်း ၁၁ နှစ်ဝန်းကျင်ရှိပြီး ဒီမိုကရေနိုင်ငံများ စုပေါင်းဖွဲ့စည်းထားကာ ဒီမိုကရေစီ ထွန်းကားရေး၊ ရရှိပြီး ဒီမိုကရေစီစနစ်အား ပိုမိုခိုင်မြဲလာရေးအတွက် ဆောင်ရွက်နေသော အဖွဲ့ကြီးတခု ဖြစ်သည်။

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.