၊၁၄. ၂.၂၀၁၀ (တနင်္ဂနွေနေ့)
ယနေ့ မနက်ပိုင်း ၉ နာရီမှ စတင်၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်တကွ အားကစားပြိုင်ပွဲများကို နဂိုယာမြို့ အခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) နဂိုယာဌာနခွဲမှ ဦးဆောင်ကျင်းပမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ-နဂိုယာ စည်းရုံးရေးဒေသ မှ အဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွက်မြောက်ရေးအတွက်၎င်းနောက် နဂိုယာမြို့Kanayama ဘူတာရှေ့၌ နေ့လည် ၁ နာရီမှ ၃နာရီထိ ဒေါ်အောင်ဆန်းစုကြည်နှင့် ယုံကြည်ချက်ဖြင့် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုဆန္ဒပြခြင်း လက်ကမ်းစာစောင် ဝေငှာခြင်းတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ-နဂိုယာစည်းရုံးရေးဒေသမှအဖွဲ့ဝင်များလှုပ်ရှားခဲ့ပါသည်၊
No comments:
Post a Comment