-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, February 21, 2010

(၆၂)မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြင့် ဦးတင်ဦးအား အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုချီးမြင့်ပွဲ မှတ်တမ်းဓာတ်ပုံ.....






ယနေ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေအိမ်၌ ပြုလုပ်သော ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှ ပြန်လည်လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦးအား ဂုဏ်ပြုပွဲတွင် ချင်းအမျိုးသားများမှ (၆၂)မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အဖြင့် ဘဘဦးတင်ဦးအား အမျိုးသားပြန်လည်သင့်မြတ်ရေးသူရဲကောင်းဆု ကို ချီးမြင့်လိုက်ပါသည်။ အခမ်းအနား ကို ၀ါရင့်နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အဖွဲ့ဝင် များတက်ရောက်ခဲ့ကြသည် ။ အဆိုပါအခမ်းအနားကို နံနက် ၁၀ နာရီတွင်စတင်ကျင်းပပြီး နေ့ လည် ၁၂ နာရီခန့်  တွင်ပြီးဆုံးခဲ့ပါသည်


News from Posted by မြတ်လေးငုံ at Saturday, February 20, 2010
Labels: သတင်းဓာတ်ပုံ

No comments: