၂၈.၂.၂၀၁၀(တနင်္ဂနွေနေ့)
ယနေ့(၂၈.၂.၂၀၁၀)နေ့တွင် ဂျပန်နိုင်ငံ နဂိုယာမြို့ ၌ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ယုံကြည်ချက်ဖြင့် အကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ဒီမိုကရေစီအင်အားစုများမှ ချီတက်လမ်းလျှောက်ဆန္ဒပြခြင်းကို နေ့လည် ၁နာရီခွဲမှ ၃နာရီအထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
၎င်းချီတက်ဆန္ဒပြပွဲ အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်း၊ အဖွဲ့အသီးသီး၏ တာဝန်ခံများမှ မိန့်ခွန်းပြောကြားခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ကြသည်။
No comments:
Post a Comment