
ယနေ့ ရန်ကုန်တွင် ထုတ်ဝေသည့် သတင်းစာများတွင် ဖော်ပြထားသော တရားရုံးချုပ် စီရင်ချက် သတင်း
မြန်မာနိုင်ငံ တရားရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်အမှု၏ ပြင်ဆင်ချက်ကို သောကြာနေ့တွင် ပယ်ချလိုက်သဖြင့် အမေရိကန်က အပြစ်တင် ဝေဖန်လိုက်ပြီး၊ အမေရိကန် လွှတ်တော်အမတ်တဦးကလည်း စစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများ ပိုမိုတင်းကျပ်ရမည်ဟု ပြောလိုက်သည်။
“တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ရှုတ်ချပါတယ်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးက ပြောသည်။
ဒေါ်စု လွတ်မြောက်ရေးအတွက် လှုံ့ဆော်လျက်ရှိသူ လွှတ်တော်အမတ် Joe Crowley ကလည်း ဗိုလ်ချုပ်သန်းရွှေ၏ စစ်အုပ်စုကို ပစ်မှတ်ထားသည့် ဒဏ်ခတ်မှုများ ပိုမိုပြုလုပ်ရန် အချိန်ကျရောက်လာပြီဟု ပြောလိုက်သည်။
" ရက်စက်တဲ့စစ်အစိုးဟာ မြန်မာပြည်သူတွေအပေါ် အနိုင်ကျင့်နှိပ်စက်တဲ့ တန်ပြန် သက်ရောက်မှုတွေကို ရင်ဆိုင်ရမှာပါ" ဟု သူက ပြောသည်။
အမေရိကန်အစိုးရသည် ပြီးခဲ့သည့်နှစ်က စတင်ပြီး မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒ ကျင့်သုံးရေးကို အကောင်အထည်ဖော်ခဲ့သည်။
© 2010 MoeMaKa Radio & Multimedia
No comments:
Post a Comment