-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, February 23, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သူရဦးတင်ဦးကို ဇိုမီးအမျိုးသားကွန်ဂရက်မှဆုချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ



ပြည်သူလူထု လွတ်ငြိမ်းချမ်းသာခွင့်ရဖို့၊ ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီရဖို့နဲ့ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ဖို့လုပ်နေတဲ့အတွက်ကြောင့် သူ့ကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ပေးတာ ဖြစ်တယ်” ဟု UNAထဲမှ အဖွဲ့အစည်းတခုဖြစ်သည့် ဇိုမီးအမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ပြောသည်။

ကျနော်တို့ ချင်းပြည်နယ်ကို လာပြီးအပြန် ဒီပဲယင်းမှာ အရိုက်ခံရတယ်။ အခုလို ခံရပြီးတော့ ပထမဦးဆုံး အင်းစိန်ထောင်မှာ မပို့ဘဲ ကလေးထောင်မှာ ၈ လလောက် ကျတယ်။ ဦးတင်ဦးကို ကျနော်တို့ ပြည်သူတွေက အသဲစွဲ ဖြစ်နေတယ်။ အဲဒီအတွက် ဤဆုကိုဦးတင်ဦးအားပေးရခြင်း ဖြစ်တယ်” ဟု ပူကျင့်ရှင်းထန်က ပြောသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌသူရဦးတင်ဦးမှဇိုမီးအမျိုးသားကွန်ဂရက်(ZNC)အားကျေးဇူးတင်
စကားနှင့်အတူဤသို့ပြောကြားခဲ့ပါသည်.။အမှန်ကတော့ဗျာ၊ဒီလောက်တောင်သူရဲကောင်းလည်း
မဟုတ်သေးပါဘူးဗျာ။ တကယ်တမ်း ပြောရလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ပြီး
ပါလာတဲ့အခါမှာကျနော်ရဲ့လုပ်ကိုင်ဖူးတဲ့အတွေ့အကြုံတွေအရဒေါ်အောင်ဆန်းစုကြည်ကိုကူညီဖို့ပဲ ပါလာတဲ့သူပါ” ဟု ပြောသည်။“ချင်းတိုင်းရင်းသားများထဲက ပေးတာဆိုတော့ ကျေးဇူးတင်တယ်၊
ဝမ်းသာတယ်။သူတို့နိုင်ငံရေးမျှော်မှန်းချက်၊ရည်ရွယ်ချက်တွေကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးမယ်ဆိုတဲ့ သဘောဆောင်တယ်။တိုင်းရင်းသားတွေရဲ့စည်းလုံးညီညွတ်နဲ့ယုံကြည်မှုရမှာသာဒီနိုင်ငံတော်ကြီးဟာ ပြည်ထောင်စု နိုင်ငံတော် ထူထောင်နိုင်မှာပါ။ တိုင်းရင်းသားပေါင်းစုံ တဖက်နဲ့ တဖက် ယုံကြည်စိတ်ချစွာ
ပါဝင်ပြီးပေါင်းစပ်တဲ့နိုင်ငံတော်ကြီးဖြစ်အောင်တစိတ်တဒေသအားဖြင့်ကူညီနိုင်ဖို့စိတ်ကူးပါတယ်”
ဟုပြောကြားခဲ့သည်.။


ပေးပို့ ပေးသော ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) အားကျေးဇူးတင်ပါသည်.။


Read More ...
Thank ...

Posted by မြတ်လေးငုံ at Tuesday, February 23, 2010 , Links to this post , 0 comments
Labels: သတင်း

No comments: