-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, September 12, 2010

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံ ဒုက္ခသည် အမျိုးသမီးတစ်ဦးက TV ဇတ်လမ်းမှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးမည်






ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံ ဒုက္ခသည် အမျိုးသမီးတစ်ဦးက TV ဇတ်လမ်းမှာ အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးမည်ကို သိရှိရပြီး အခုလို မြန်မာတိုင်းရင်းသူ တဦးအနေဖြစ် ဂျပန်မှာ အဓိက သရုပ်ဆောင်ခွင့်ရတာလဲ ပထမ ဆုံးကြိမ်ဖြစ်တယ်လို့လဲ သိရှိရပါတယ်။


အကြီးဆုံး အသံလွင့်ဌာန NHK ၏ အိုစာကာ TV ဌာနမှာ Osaka (Love & Soul) ဇတ်လမ်း နှင့်ပတ်သက်ပြီး ၂၀၁၀ မေလ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး စတင် ရိုက်ကူးခဲ့ပါတယ်။ NHK အထူးဇတ်လမ်း အနေနဲ့ ဂျပန်နိုင်ငံ အိုစာကါမြို့ မှာမွေးဖွါးနေထိုင်ကြတဲ ကိုးရီးယားလူမျိုး လူငယ်တစ်ဦးနဲ့ မြန်မာနိုင်ငံ ဒုက္ခသည် အမျိုးသမီးတစ်ဦးတို့၏ အချစ်ဇတ်လမ်းဖြစ်ပြီး ဤမြေမှာ ရှင်သန်ဖို့ Osaka (Love & Soul) အထူးဇတ်လမ်း အနေနဲ့ NHK မှတာဝန်ယူ ရိုက်ကူးသွားမှာဖြစ်ပြီး နာမည်ကျော် ဂျပန်သရုပ်ဆောင် Eita ညီဖြစ်သူ Nagayama Kento နှင့် မင်းသမီး သရုပ်ဆောင်အဖြစ် ကချင်တိုင်းရင်းသူ Dabang Seng Hein တို့နှစ်ဦးမှ အဓိက သရုပ်ဆောင်သွားမှာ ဖြစ်ပါသည်။


ဇတ်လမ်းတွဲ၏ ဇတ်ညွန်းဒါရိုက်တာ ရည်ရွယ်ချက်ကတော့ နှလုံးသားအချစ်နဲ့ လူမျိုးချစ်တဲ မျိုးချစ်စိတ် နှစ်ခုကြားမှာ ဖြစ်ပေါ်လာသည့် ရွေးချယ်မှု ဘယ်အရာကို စွန့်လွတ်မှာလဲ ဂျပန်မှာရှိသည့် နိုင်ငံခြားသားနှင့်ငြိမ်းချမ်းစွာ အတူပူးပေါင်းနေထိုင်သွားနိုင်ဖို့ ကြိုးစားနေတဲ လက်ရှိ ဂျပန်နိုင်ငံရဲ အခြေအနေတွေကို ဖေါ်ထုတ်လိုတာဖြစ်တယ်လို့ ဇတ်ညွန်းဆရာ HAYASHI KAI ZOO ရဲ့ Website အင်တာနက်စာမျက်မှာ ဖေါ်ပြထားသည်ကို တွေ့ရပါတယ်။


ဆက်လက်၍ ဂျပန်နိုင်ငံမှာ ဟိုယခင်ကတည်းက နေထိုင်လာကြသည့် နိုင်ငံခြားသားနှင့် ဂျပန်လူမျိုး ကြားမှာရှိခဲ့သည့် ပြဿနာအရေးနှင့် အခုမှ ရောက်ရှိလာသည့် မြန်မာဒုက္ခသည် အပါအ၀င်အစရှိသော နိုင်ငံခြားသားဒုက္ခသည်များနဲ့ ဂျပန်လူမျိုးကြားထဲမှာ မြည်သို့မည်ပုံ နေထိုင်သွားကြမည် လက္ခံသွားမည် နိုင်ငံခြားသားများနှင့် ဂျပန်လူမျိုးကြားမှာ ပြဿနာအရေး ၂ ခု နှင့် နိုင်ငံသားဆိုတာ ဘာလဲ ဘ၀ဖြတ်သန်းတဲ နေရာဆိုတာ ဘာလိုလဲ ဒီဇတ်လမ်းတွဲကို ဂျပန်ပရိတ်သတ် တစ်ဦးအနေနဲ့ ကြည့်ခြင်းအားဖြင့် သိနိုင်သည့် ဇတ်လမ်းဖြစ်ပါသည်။ NHK အနေနဲ့လဲ ဒီပြဿနာရှိတယ် ဆိုတာ ဂျပန်ပရိတ်သတ်များကို သိစေချင်တဲ့ဆန္ဒ ရှိပုံရပါတယ်။ ဤဇတ်လမ်းမျိုးအား ကိုရီယားလူမျိုး အများဆုံး နေထိုင်ကြသည့် Osaka သာလျင် ရိုက်လို့ရနိုင်သည့် အချစ်နဲ့ ၀ိဥာဉ် ဇတ်လမ်းဖြစ်တယ်လို့လဲ မိတ်ဆွေ ဂျပန်သတင်းထောက် တစ်ဦးက ရှင်းပြလို့ သိရှိရပါသည်။



(Osaka ရိုက်ကွင်းမှတ်တမ်း)
၂၀၁၀ နိုဝင်ဘာလ(၆)ရက်မှာ ပြသသွားမှာဖြစ်ပြီး ၇၃ မိနစ်ကြာ အချစ်ဇတ်လမ်းဖြစ်ပါသည်။ ဂျပန်နိုင်ငံမှာ (Korea Town) Osaka ဖြစ်ပွါးသည့် အချစ်ဇတ်လမ်း ဤTV ဇတ်လမ်းကို Osaka နှင့် ကိုးရီယားနိုင်ငံ Cheju ကျွန်းမှာ သွားရောက်ရိုက်ကူး သွားမည်ဖြစ်ပြီး အသက်(၂၁)နှစ်အရွယ်ရှိ နာမည်ကြီး ကိုရီယားမင်းသမီး Hong A-Reum မှပါဝင် သရုပ်ဆောင်ထားသည် ကိုလည်း စုံစမ်းသိရှိရပါတယ်။


ဥပဒေ ဘာသာရပ်နဲ့ တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေပြီး အဓိက မင်းသမီးအဖြစ် ဘယ်လိုကြောင့် သရုပ်ဆောင် ဖြစ်သွားသလဲလို့ ကချင်တိုင်းရင်းသူ Dabang Seng Hein ကို မေးကြည့်ရာမှာ သူက အခုလိုဆက်ပြောပါတယ်…


Daban Seng Hein နှင့်တွေ့ဆုံမေးမြန်းစဉ်

“ ကျမအနေနဲ့ ဒီရုပ်ရှင်ဇတ်ကားကို စတင်ရိုက်ကူးဖြစ်တာကတော့ ဆရာဦးရွှေဘရဲ့ မိတ်ဆက် အားပေးမှုတွေကြောင့် ရိုက်ဖြစ်ခဲ့တယ် ဂျပန်နိုင်ငံရောက် ဒုက္ခသည် တဦး၏အကြောင်းကို ပိုမိုသရုပ်ပေါ်လွင်စေရန် အကူညီတောင်းသည့်အတွက် ကူညီသရုပ်ဆောင်ပေးတာဖြစ်တယ် စရိုက်ကူးသည့်နေရာမှာလည်း တခါမှအတွေ့အကြုံမရှိပေမဲ့ နာမည်ကြီး သရုပ်ဆောင်တွေက စိတ်ရှည်လက်ရှည် လက်တွဲကူညီခဲ့ကြသည့်အတွက် အခက်အခဲ့မရှိသော်လည်း Osaka ဂျပန် စကားအသံထွက်ကိုတော့ အတော်လေး လေ့ကျင့်သင်ယူခဲ့ရပါတယ်။ “သရုပ်ဆောင် အတွေ့အကြုံတစ်ခုကို ရသွားပြီဖြစ်သည့်အတွက် သရုပ်ဆောင် လုပ်ဆောင်သွားဖို့ ဆန္ဒပါသလားလို့ မေးကြည့်ရာမှာ သရုပ်ဆောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ချက် မရှိပါဘူး ကျောင်းပြီးသွားခဲ့ရင် အနာဂတ် အကျိုးပြု လုပ်ငန်းလုပ်သွားဖို့ပဲ ရည်ရွယ်တယ်လို့ ပြောသွားပါတယ် "


ဤဇတ်လမ်းရိုက်ကူးစဉ် နိုင်ငံခြားသားမကြိုက်သည့် ဂျပန်မျိုးချစ်တချို့ အင်တာနက် စာမျက်နှာပေါ်မှာ ဝေဖန်မှုများ ကိုလည်းတွေ့မြင်ရပါသည်။


သတင်းမှတ်တမ်း ။ Mai Kyaw Oo

No comments: