-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, September 9, 2010

နာဂစ်မုန်တိုင်းသင့် ဒေသများမှာ သောက်ရေတွင်းများ NLD လှူဒါန်း



၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်းဒဏ် ခံရပြီးနောက် ကွဲပဲ့နေသော အိုးများမှ ရေကို ခပ်ယူ အသုံးပြုနေသော နာဂစ်စ် မုန်တိုင်း ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP)

2010-09-08
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ငှက်အော်စမ်းရွာမှာ သောက်သုံးရေတွင်း တတွင်း ပြန်လည်တူးဖော်ဖို့အတွက် NLD ပါတီ လူမှုအထောက်အကူပြု အဖွဲ့က စက်တင်ဘာ ၈ ရက် ဒီကနေ့ သွားရောက်ကူညီခဲ့ကြောင်း သိရပါတယ် ။


(နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အဲဒီ ရေတွင်းဟာ အိမ်ခြေ တထောင်လောက် မှီခိုသုံးစွဲနေတဲ့ ရေတွင်း ဖြစ်တယ်လို့ အကူအညီပေးရေးအတွက် သွားရောက်ခဲ့တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်က RFA ကို ပြောပါတယ်။

“ကော့မှူးမှာလေ နာဂစ်တုန်းက ပျက်သွားတဲ့ ရေတွင်းကိုလေ ပြုပြင်ဖို့ဆိုပြီးတော့ သူတို့ဆီက အကူအညီတောင်းလို့ သွားကြည့်ပြီးတော့ ကျွန်မတို့က အကူအညီ ပေးရတာပေါ့နော်။ သူက အိမ်ခြေ တထောင် ရွာသုံးရွာလောက်က သောက်တဲ့တွင်းပေါ့နော်။ အတောင်အားဖြင့်တော့ ၁၅ တောင်လောက် ရှိတာပေါ့။ အဝကတော့ ၇ ပေပေါ့။ အဲဒါ ပြိုကျသွားလို့ ပြန်ဆယ်ပြီးတော့ အသစ် ပြန်လုပ်မှာပေါ့နော်။ ပန်းရန်ဆရာတွေ ဘာတွေ သူတို့ လုပ်တဲ့လူတွေ ကျွန်မ အပ်ခဲ့ပေးတာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ အခု ခန့်မှန်းခြေက ဒါတော့ ဟိုဟာပေါ့ ၄ သိန်းကျော်ပေါ့၊ လေးသိန်းနဲ့ ငါးသိန်းကြားပေါ့။”

ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် ကျွန်းကလေးရွာမှာ စက်ရေတွင်းတတွင်းကို NLD ပါတီက ရေစက်ချ လှူဒါန်းခဲ့ကြောင်း ၊ ကုန်ကျစရိတ် ၂၈ သိန်း ရှိကြောင်း ဒေါက်တာ မေဝင်းမြင့်က ပြောပါတယ်။အဲဒီ ကျွန်းကလေးရွာက စက်ရေတွင်းကို တူးဖော်ရာမှာ ၅ တွင်းမြောက်အထိ တူးဖော်ခဲ့ရကြောင်း ၊ ရွာကို လျှပ်စစ်မီးဖြန့်ဝေနိုင်မဲ့ မီးစက်တလုံးကိုလည်း လှူဒါန်းနိုင်ခဲ့တယ်လို့လည်း ဒေါက်တာ မေဝင်းမြင့်က RFA ကို ပြောပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved

No comments: