-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, January 26, 2011

လွှတ်တော်သတင်းအတွက် CPC တင်ပြ

လွှတ်တော် အစည်းအဝေးပွဲ သတင်းများရယူရန် ပုဂ္ဂ္ဂလိက စာနယ်ဇင်းများ ဖွံ့ဖြိုးရေး ကော်မတီ (CPC) က စာပေစိစစ်ရေးထံ တင်ပြတောင်းဆိုထားသော်လည်း အကြောင်းပြန်ကြားချက် တစုံတရာ မရသေးကြောင်း CPC ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင် ပါဝင် တက်ရောက်သော အစည်းအဝေး တခုကို CPC က ဇန်နဝါရီ ၁၈ ရက်နေ့က ကျင်းပခဲ့သည်။

“သတင်းရယူဖို့နဲ့ ပတ်သက်ပြီး ဘာမှအကြောင်းမကြားသေးဘူး၊ သတင်းရယူဖို့နဲ့ပတ်သက်ပြီး ဘာမှ မူဝါဒ မရှိသေးဘူး၊ တက်ရမလား မတက်ရမလား ဘာမှမပြောသေးဘူး၊” ဟု ဦးကိုကိုက ပြောသည်။

ဗိုလ်မှူးဟောင်း တဦးဖြစ်သူ ဦးမျိုးမြင့်မောင်သည် CPC ၏ အတွင်းရေးမှူး အဖြစ်လည်း ဆောင်ရွက်နေသည်။

CPC သည် မြန်မာ့ ပုဂ္ဂလိကစာနယ်ဇင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်ဟု ၁၈ ရက်နေ့က ထုတ်ပြန်သည့် ကော်မတီကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် အစိုးရ ကိုယ်စားပြုသူများ ပါဝင်နေသဖြင့် CPC ကို လွတ်လပ်သော အသင်းအဖွဲ့တခု ဖြစ်မည်မဟုတ် ဟု ဝေဖန်သူများက ပြောသည်။

CPC တွင် ဥက္ကဌ ဦးကိုကိုနှင့် စာပေစီစစ်ရေးမှ ဦးမျိုးမြင့်မောင်အပြင် ဂျာနယ်ကိုယ်စားပြုသူ ၁၅ ဦး၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ (MWJA) အမှုဆောင်နှင့် စာနယ်ဇင်းသမား စုစုပေါင်း ၅ဦး၊ ပြင်ပ အလွတ် သတင်းစာဆရာ ၃ ဦး စုစုပေါင်း ၂၅ ဦး ပါဝင်သည်။


MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

No comments: