-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, May 31, 2010

ဒီပဲယင်း တိုက်ခိုက်မှု (၇) နှစ် ပြည့် တာဝန်ရှိသူတွေကို အရေးမယူသေး



ဒီပဲယင်း တိုက်ခိုက်မှုအပြီး ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး သွားရောက် အကဲခတ် ရိုက်ကူးခဲ့စဉ်
ထပ်ဆင့် ဖြန့်ဝေရန်
Digg
Facebook
StumbleUpon
Yahoo! Buzz
del.icio.us
"ဒီကနေ့အထိ အဲဒီကိစ္စကြီးကို စုံစမ်းတယ်လို့ လုံးဝ မသိရဘူး။ စုံစမ်းတယ်ဆိုရင်လည်း ပြည်သူတွေကို အသိမပေးတဲ့ စုံစမ်းမှုဘဲ။ ဒါဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။"
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ စည်းရုံးရေး ခရီးစဉ်ကို တိုက်ခိုက်ခံခဲ့ရတာ ဒီကနေ့ဆိုရင် ၇ နှစ်တင်းတင်း ပြည့်လာခဲ့ပေမဲ့ တာဝန်ရှိသူတွေကို အရေးယူတာမျိုး မရှိပဲ၊ နစ်နာသူတွေသာ အရေးယူခံရတဲ့ အဖြစ်တွေနဲ့ ကြုံခဲ့ရတယ်လို့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နားမှာ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသူတွေရဲ့ တိုက်ခိုက်မှုအတွင်း သေကျေထိခိုက်ခဲ့ရသူတွေအတွက် ဒီကနေ့ အောက်မေ့ဖွယ် အခမ်းအနားတွေ ပြုလုပ်နေချိန်မှာ အခုလို ပြောဆိုခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က တင်ပြထားပါတယ်။

အခုလိုမျိုး ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မူကြီးကို ကျူးလွန်ခဲ့တာကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်တာမျိုးတွေ လုပ်သင့်တယ်၊ ဒီလို မလုပ်ခဲ့တဲ့အတွက် နောက်ဆက်တွဲအဖြစ် ကျူးလွန်သူတွေက သူတို့လုပ်ရပ်မှန်တယ်ဆိုပြီး လို့ထင်မြင်ယူဆသွားတာဟာ မြန်မာ့သမိုင်းမှာ မကောင်းတဲ့ လက္ခဏာတရပ်အဖြစ် အမျိုးသားဒီမိုကရေစိအဖွဲချုပ်က ပြောဆိုလိုက်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောပြတာကတော့…

“အန်ကယ်ပြောမှာကတော့ ဥပဒေအရပေါ့နော်။ လူသေတယ်၊ လူသေတယ်ဆိုတာကို အစိုးရကိုယ်တိုင် ကြေညာတယ်လေ၊ လူ ၄ ယောက်။ ဒီထက်မကလည်း သတင်းတွေက အများကြီးပြောတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီဟာတွေက သေမှုသေခင်းတွေ ဖွင့်ပြီးတော့ အရေးယူရတယ်၊ စုံစမ်းရတယ်။ အန်ကယ်တို့ ဒီကနေ့အထိ အဲဒီကိစ္စကြီးကို စုံစမ်းတယ်လို့ လုံးဝ မသိရဘူး။ စုံစမ်းတယ်ဆိုရင်လည်း ပြည်သူတွေကို အသိမပေးတဲ့ စုံစမ်းမှုဘဲ။ ဒါဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒီဥစ္စာက ဘာကို ပြနေသလဲဆိုတော့ ဒီလို အရေးမယူတဲ့ အတွက် ဒီလိုလုပ်တာဟာ မှန်တယ်လို့ အဲဒီအခိုင်းခံရတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် အမှားတွေကို အမှန်ထင်နေကြမယ်လေ။ ဒါဟာ သမိုင်း အစဉ်အလာအတွက် မကောင်းဘူး။ နောင်အတွက်လည်း မကောင်းဘူး။”

ဒီပဲယင်း လုပ်ကြံမူကြီးကို ပြန်လည်အမှတ်ရစေတဲ့ပွဲတွေကို ပြည်တွင်းမှာတော့ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း မန္တလေးတိုင်းက မြို့နယ် ၂၀လောက် စုစည်းပြီး မိထ္တီလာခရိုင်မှာ ပူးပေါင်းကျင်းပခဲ့ကြပါတယ်။ မိထ္တီလာခရိုင် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေး ပြောပြတာကတော့… “မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နောက်လိုက်နောက်ပါ ဒီမိုကရေစီ အင်အားစုကြီးကို အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့အတွက် ဒီကနေ့ အဲဒီနေ့မှာ ကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားနဲ့ ပြည်သူလူထု၊ ဒီမိုကရေစီ တိုက်ပွဲဝင် သူရဲကောင်းတွေကို ရည်စူးပြီးတော့ ကောင်းရာသုဂတိလားဖို့အတွက် ဆွမ်းကပ်ပါတယ်။”

ဒီပွဲကို ဒီပဲယင်းလုပ်ကြံ သတ်ဖြတ်ခံရမှုမှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့သူ ၅ ဦးလည်း တက်ရောက်ခဲ့ကြပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာတဲ့ကားကိုမောင်းခဲ့တဲ့ အန်အယ်ဒီ လူငယ် ကိုကျော်စိုးလင်းကတော့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် ကိုလုပ်ကြံသတ်ဖြတ်ကြမဲ့ လူအုပ်ကြီး အဆင့်ဆင့်ကို ကျော်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဘေးက လွတ်မြောက်အောင် သူ့အနေနဲ့ စဉ်းစားဆုံးဖြတ် လုပ်ကိုင်လိုက်တာဖြစ်ကြောင်း အခုလို ပြန်ပြောင်းပြောပြပါတယ်။
“ဘာပဲဖြစ်ဖြစ်ပေါ့ ရိုက်ကွာဆိုပြီးတော့ ဘဘဦးတင်ဦး ကိုလည်း ရိုက်တယ်။ ကျနော်တို့ အဖွဲ့က လူငယ်တွေကိုလည်း အကုန်ရိုက်တယ်။ ကျနော်တို့ ကားကိုလည်း မှန်တွေပေါ့နော် ညာဘက်က မှန်ကိုလည်းရိုက်တယ်၊ နောက်ကြည့်မှန်တွေလည်း အကုန်ရိုက်တယ်။ ရိုက်တဲ့အခါမှာ ကျနော်က စိတ်ထဲမှာပေါ့နော် အန်တီအနေနဲ့ ကျနော်ကြည့်လိုက်တဲ့အခါ ရိုက်ခံရတဲ့လူတွေကို ထားပြီးတော့ ပြေးရရင်လည်း သူတို့ အပြောခံရမယ်လေ။ မသွားနဲ့လို့ ပြောရင်လည်း အန်တီအနေနဲ့ အကုန်လုံးကို အသေသတ်ရာကျမယ်။ အဲဒီလို ဆုံးဖြတ်ရ ခက်တဲ့အခါမှာ၊ ကျနော့်ဖာသာ ကျနော် ကားစတီယာရင် လှည့်လို့မရအောင် ဘယ်အချိန်က ထိုးထည့်ထားလည်းမသိဘူး၊ ဒါပေမဲ့ နောက်ဆုတ်လိုက်တော့ အဲဒီဟာက ကျိုးသွားတယ်။ အဲဒီကနေမှ မောင်းလို့လွတ်သွားတယ်။”


ဒီပဲယင်း တိုက်ခိုက်မှု မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးစဉ်မှာ အနှောက်အယှက်တွေနဲ့ ကြုံခဲ့ရတာပါ။
ဒီပဲယင်းမှာလုပ်ကြံသတ်ဖြတ် ခံရသူတွေအတွက် ဆွမ်းကျွေးအလှူဒါနပြုမူတွေကို ကရင်ပြည်နယ်က ဖားအံ၊ ရခိုင်ပြည်နယ် တောင်ကုတ်၊ ကချင်ပြည်နယ် မိုးကောင်း၊ ပဲခူးတိုင်း မင်းလှ၊ တောင်ငူ၊ သာယာဝတီ၊ ဇီးကုန်း၊ ရန်ကုန်တိုင်းမှာတော့ တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ ဗဟန်း၊ တာမွေ စတဲ့နေရာတွေက ဘုန်းတော်ကြီးကျောင်းတွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းက လူငယ်တွေကလည်း ဘုရားပေါ်တက်ပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အလားတူ ဂျပန်နိုင်ငံမှာတော့ လူအင်အား (၅၀၀) လောက်က မြန်မာသံရုံးရှေ့သွားပြီး ပန်းခွေများချခြင်းနဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲကို လုပ်ခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ နိုင်ငံပေါင်းစုံက သံဃာတော်တွေ၊ အလုပ်သမားတွေ လူအခွင့်အရေးလှုပ်ရှားသူတွေက စုပေါင်းပြီး မဲဆောက်မြို့ (UNHCR) ကုလသမဂ္ဂရုံးရှေ့ကနေ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကိုကျင်းပခဲ့ကြောင်း ဦးဆောင်လှုပ်ရှားတဲ့ သံဃာတော် တပါးဖြစ်တဲ့ အရှင်သောပါက ကလည်း အခုလိုမိန့်ကြားပါတယ်။
“ဂျပန်ပါမယ်၊ ရုရှားပါတယ်၊ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ လာအို နောက် ဒီထိုင်းနိုင်ငံမှာ ဘန်ကောက်ကနေ ဆင်းပြီး ပါကြတယ်။ နောက်ဦးဇင်းတို့ ဗမာတွေပေါ့နော်၊ အားလုံးပေါင်း ပြောမယ်ဆိုရင်တော့ ၇ နိုင်ငံ ပေါင်းပြီးတော့ လှုပ်ရှားဖြစ်ပါတယ်။”

ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မူကြီးကိုတော့ အခုထိ မေ့လို့မရသေးကြောင်း၊ လုပ်ကြံသတ်ဖြတ်ခံရမူမှာပါဝင်တဲ့သူတွေကပြောနေကြပြီး၊ နိုင်ငံတကာရောက် မြန်မာတွေကလည်း ဒီပဲယင်းလုပ်ကြံမူကြီးကို ဖော်ထုတ်စုံစမ်း အရေးယူခြင်းမရှိတဲ့ မြန်မာစစ်အစိုးရကို နိုင်ငံတကာ ခုံရုံးတင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေကြပါတယ်။

ဒီပဲယင်းအရေးအခင်း (၇) နှစ်ပြည့် အခြေအနေအပေါ် ဦးတင်ဦး၏ ပြောကြားချက်

ပီတိ သစ်ပင်


ခက်မာ
မေ ၃၁၊ ၂၀၁၀

(သရုပ်ဖော် - အောင်ထက်)

ထင်းမီးဖိုမှ မီးခိုးမအူဘဲ မီးညွန့်တွေ တရှိန်ရှိန်တောက်နေလျှင် အဘွားက ပြုံးနေတော့သည်။ ထမီရင်လျားကို အခါခါပြင်ဝတ်ပြီး မီးဖိုပေါ်မှ ပီလောရွက်ဟင်းချိုကိုလည်း အခါခါမြည်းသည်။

“ထင်းခွေတော်တဲ့နေရာမှာတော့ ငါ့မြေးက စံပဲ”

အဘွားက ပြောနေကျစကားကိုပြောသလို ကျွန်မကလည်း လုပ်နေကျအတိုင်း အဘွားကိုမျက်လုံးပြူး၍ စိုက်ကြည့်နေလိုက်သည်။ အဘွားချီးကျူးတာကို ရင်ထဲမှာကျေနပ်ပေမယ့် ဘယ်လိုတုံ့ပြန်ရမည်မှန်း မသိပါ။
“ဒီ ပီလောရွက်တွေကလည်း သူ ထင်းခွေထွက်ရင်း ခူးလာတာလေ။ ငါ့မြေးက အဲဒီလို အသီးအရွက်ရှာတာလည်း တော်တယ်။ အိမ်မှာတို့စရာမရှိတာတို့ ဟင်းရည်သောက်မရှိတာတို့ဆို သူ့ကိုသာ ပြောလိုက်။ သူ အပြင်ထွက်သွားပြီး ဆယ့်ငါးမိနစ် နာရီဝက်ကြာလို့ ပြန်လာရင် တို့စရာမျိုးစုံနဲ့ ဟင်းချိုချက်ဖို့ တခုခုတော့ ပါလာတာပဲ”

အဲဒီတုန်းကတော့ အဘွားက ကျွန်မကို ထန်းတက်လက်မှတ် ပေးနေမှန်းမသိခဲ့ပါ။ တကယ်တော့လည်း ကျွန်မတို့လို ကျေးလက်တောရွာမှာနေသူတွေအဖို့ တို့စရာ၊ မြှုပ်စရာ၊ ဟင်းချိုခပ်စရာရဖို့က ခက်ခက်ခဲခဲ မဟုတ်ပါ။ ဒါပေမယ့် အဘွားက ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ဝန်းကျင်၊ အမေကကျတော့ ကျွန်မတို့နေသောရွာနှင့် အတော်လှမ်းသော ရွာတရွာမှာ မူလတန်းကျောင်းအုပ်ဆရာမ တာဝန်ကျသည်မို့ ထိုရွာမှာနေရသည့် အချိန်က များသည်။ မောင်နှင့် ညီမကလည်း ငယ်ရွယ်သေးသော အရွယ်တွေမို့ ကျွန်မက အိမ်မှာ ဒိုင်ခံရှိနေသော အဘွား၏လက်ရုံးလို ဖြစ်နေသည်။ ဒါ့အပြင် ကျွန်မက တကိုယ်တည်း အတွေးနှင့်နေရတာ ကြိုက်သူမို့ ရွာနောက်ဘက်ရှိ စိုက်ခင်းများဘက်သို့ တယောက်ထဲ လမ်းလျှောက်ရင်း ဟင်းရွက်ရှာနေရတာ၊ ထင်းခွေနေရတာမျိုးမှာ ပျော်ပိုက်သည်။ တချို့နေ့တွေဆို ရွာရှိ တွဲဖက်အလယ်တန်းကျောင်းက ဆင်းသည်နှင့် ကျောင်းဝတ်စုံကိုလဲကာ ထမင်းအိုးထဲမှ ထမင်းလက်တဆုပ်ခူး၊ ကိုယ်တိုင်လုပ်ထားသော ဝါးရိုးငါးမျှားတံကိုဆွဲပြီး အိမ်နောက်ဖေး ချောင်းနံဘေးပြေးဆင်း၍ မမှောင်မချင်း ငါးမျှားနေရတာကိုလည်း ကြိုက်ပြန်သည်။ ငါးမျှားရတာကို သူများအသက် သတ်ရတာမို့ အဘွားက သိပ်မကြိုက်ချင်ပေမယ့် ကျွန်မ မျှားထားသော ငါးများက မိသားစုအတွက် မကြာခဏ ဟင်းလျှာဖြစ်ရတာမို့ ငါးမျှားတိုင်းတော့လည်း မတားပြန်ပါ။

“ဒီနေ့ဆို ငါ့မြေး မျှားလာတဲ့ ငါးဇင်ရိုင်းကျောရှည်တွေကို အိုးကပ် ဆီပြန်ချက်တယ်။ သူ ခူးလာတဲ့ ပီလောရွက်ကို ဟင်းချိုချက်တယ်။ သူ ထင်းခွေထွက်ရင်းခူးလာတဲ့ ဇောင်းယားသီးကို သုတ်စားမယ်။ ဘွားအေလုပ်တဲ့သူက အချဉ်မပါရင် ထမင်းမစားတတ်ဘူးဆိုတာ သူ သိတယ်လေ”

အဘွားက ဟင်းချိုအိုးကို မီးဖိုပေါ်မှ ချသည်။ ကျွန်မက ဇောင်းယားသီးသုတ်ဖို့ လှီးနေသော ကြက်သွန်နီကို လက်စသတ်လိုက်သည်။ ပုဇွန်ခြောက် ထောင်းပြီးပြီ။ ကြက်သွန်ဖြူဆီချက် ချက်ပြီးပြီ။ မြေပဲလှော်လေး ထောင်းထည့်၊ ငံပြာရည်လေးကျိုပြီး လောင်းထည့်လိုက်လျှင် ဇောင်းယားသီးသုတ်မွှေးမွှေး ရပြီ။

“ကျွန်တော်လည်း ထမင်းဝိုင်းပြင်ပေးပါ့မယ် ဆရာမကြီးရယ်။ ငါးအိုးကပ်နံ့က မွှေး၊ ငပိရည်ဖျော်နံ့က မွှေး၊ ဇောင်းယားသီးသုတ်နံ့က မွှေးနဲ့ တံတွေးချည်းမြိုချနေရတာ မောလှပြီ”

မြို့မှလာလည်သော ဆရာကလေး ကိုမြင့်ဆွေက ပြောလည်းပြော၊ နံရံမှာကပ်ထောင်ထားသော ထမင်းစားပွဲခုံ အဝိုင်းလေးကိုလည်း လှိမ့်ယူလာပြီး ဧည့်ခန်းအလယ်မှာ ချသည်။

“ထမင်းစားပြီးသွားတော့မှ ညည်းရဲ့ ထင်းခွေ၊ ငါးရှာ၊ ဟင်းရွက်ခူးတဲ့ အတွေ့အကြုံတွေ မေးရဦးမယ်”

သနပ်ခါးပါးပါးလိမ်းထားသော ဆရာကလေး ကိုမြင့်ဆွေက ကျွန်မဘက်လှည့်ပြောတော့ အဘွားက အသံထွက်အောင် ရယ်သည်။ “မေး … မေး၊ ငါ့မြေးက အဲဒီဘက်မှာတော့ တကယ်တော်တယ်” ဟု ပြောသည်။ ကျွန်မကလည်း အခိုးမပျယ်သေးသော ကြက်သွန်နီကြောင့် မျက်ရည်ဝိုင်းလျက်ကပင် ရောယောင် ရယ်မောလိုက်သည်။

တကယ်တော့ ဆရာကလေး ကိုမြင့်ဆွေက ကျွန်မတို့အိမ်ကို လာလည်တာ မဟုတ်ပါ။ သူ့ဘာသာ တခြားကိစ္စနဲ့ ရွာကိုလာတာ။ အိမ်ရှေ့မှ သူ ဖြတ်သွားတာမြင်၍ အဘွားက ကြုံတုန်း ထမင်းစားသွားပါဦးလားဟု နှုတ်ဆက်တော့ ဆရာလေးက “ဘာဟင်းချက်လဲ”ဟု ပြန်မေးသည်။ အဘွားက ထွေထွေထူးထူး စကားဆက် ပြောမနေတော့ဘဲ အိမ်ထဲဝင်ခဲ့ဟူသော သဘောဖြင့် လက်ယပ်ခေါ်တော့ ဆရာလေးကလည်း ဝင်လာသည်။

“အမယ်လေး … ဟင်းနံ့တွေက မွှေးလို့ပါလား”

ဒီမှာတင် အဘွားက သူ့ထမင်းဝိုင်းဋီကာ ဖွင့်တော့သည်။ အဘွားက ဟင်းချက်လျှင် စိတ်ရှည်လက်ရှည် စိမ်ပြေနပြေ ချက်တတ်သူပီပီ လူတိုင်းသိသော ငါးလေးအိုးကပ် ဟင်းချက်နည်းကိုပဲ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောတော့သည်။

“ဒီနေ့ ကျောင်းပိတ်ရက်ဆိုတော့ နင့်တူမက မနက်ထဲက ချောင်းထဲဆင်း ငါးမျှားလိုက်တာ တနာရီကျော်ကျော်ပဲ မျှားလိုက်ရတယ်၊ ငါးဇင်ရိုင်း တအိုးချက်စာရတယ်လေ။ အဲဒီငါးတွေကို အသေအချာကိုင်၊ ကြက်သွန်အဖြူ အနီ ကို မွှေးလာအောင်ဆီသတ်ပြီး ငရုတ်သီးစပ်စပ်နဲ့ အိုးကပ်ချက်ထားတယ်။ ငါ ဟင်းချက်နေတုန်း နင့်တူမ က ပီလောရွက် လက်တဆုတ် သွားခူးလာတယ်။ အဲဒီ ပီလောရွက်တွေကို ငါးလေးနှစ်ကောင် သုံးကောင်နဲ့ ဟင်းချိုချက်ထားတယ်”

“အကုန်လုံး လတ်လတ်ဆတ်ဆတ်တွေချည်းပါလား။ ကြုံတုန်းစားသွားလိုက်ပါဦးမယ် ဆရာမကြီးရယ်”

အဘွားက ကျွန်မတို့နေသောရွာမှာ မူလတန်းကျောင်းအုပ်ဆရာမဟောင်းမို့ အဘွား တပည့်ဟောင်းတွေ၊ တပည့်ဟောင်းများ၏ မိဘတွေအပြင် ဆရာလေး ကိုမြင့်ဆွေတို့လို မိတ်ဆွေတွေကပါ ဆရာမကြီးဟုပဲ ခေါ်ကြသည်။

“မောင်မြင့်ဆွေ ငါ့လက်ရာကို လျှာလည်သွားမယ်”

အဘွားက နောက်ပြောင်ပြောတာပေမယ့် ဆရာလေးကိုမြင့်ဆွေက တကယ်ပဲ ခေါင်းမဖော်တမ်း လွေးတော့သည်။

“ငါးပိရေ ဖျော်ကလေးက ကောင်းလိုက်တာ”

ဟု ပြောရင်း ငဇင်ရိုင်းဟင်းကို တွင်တွင်ထည့်သည်။ ပီလောရွက်ဟင်းချိုကလည်း ခပ်ချွဲချွဲမို့ လည်ချောင်းထဲဝင်လို့ ဝင်မှန်းမသိဘူးဆိုကာ မနားတမ်းသောက်သည်။ ထမင်းစားပြီးတော့ သူ့ နဖူးမှာ ချွေးတွေသီးနေပြီ။

“ကောင်းလိုက်တာ ဆရာမကြီးရယ်၊ ကျွန်တော်တို့မြို့ မှာ ရေခ္ဂဲရိုက်ငါး စားရတာဗျ။ တခါတလေ တောသည်နဲ့ဆုံမှ ငါး လတ်လတ်ဆတ်ဆတ် စားရတာ၊ ဒါတောင် ခုလို ချက်ချင်း ချောင်းထဲကဖမ်း ချက်ချင်းချက်တဲ့ ငါးဟင်းကို ဘယ်မီမလဲ။ ဟင်းရွက်ကလည်း အခု ခူး အခု ချက်၊ ဘယ်လောက် လတ်ဆတ်သလဲ၊ ဘယ်လောက် ကျန်းမာရေးနဲ့ ညီညွတ်သလဲ”

ကျွန်မနှင့် ဆရာလေးက ပြိုင်တူလိုလို ထမင်းစား၍ပြီးသည်။ လူက ဝသလောက် ဘာလုပ်လုပ် လေးလံသော အဘွားကတော့ နောက်ထပ် ဆယ်မိနစ်လောက်ကြာမှ လက်စသတ်လိမ့်မည်။ ဆရာလေးက ရေနွေးကြမ်းကို အရသာခံသောက်ရင်း ကျွန်မဘက် မျက်နှာမူလိုက်သည်။

“ကဲ … ပြောစမ်းပါဦး အတွေ့အကြုံတွေ… …”

* * * * *


ကျွန်မတို့ရွာက သမိုင်းဝင် မလက်တိုချောင်း၏ ဟိုဘက်ဒီဘက် တဖက်တချက်မှာ အိမ်ကလေးတွေ တန်းစီ တည်ထားသော သမိုင်းဝင်ရွာကြီးဖြစ်သည်။ အိမ်တွေက ချောင်းကို ကျောပေးဆောက်ထားပြီး ကမ်းတဖက်တချက်မှာ မျက်နှာချင်းဆိုင်အိမ် တန်းနှစ်တန်း ရှိသည်။ တဖြည်းဖြည်း လူနေထူထပ်လာတော့ အိမ်တန်းတွေက နှစ်ထပ် သုံးထပ် ဖြစ်လာသည်။ ကျွန်မတို့ ရွာအလယ်ပိုင်း အိမ်တန်းများ၏နောက်မှာ ရွာမှ သူဌေးကြီးတဦး၏ ငါးမွေးကန်တွေရှိသည်။ ငါးမွေးကန်တွေနှင့်ဆက်လျက် ခပ်လှမ်းလှမ်းမှာတော့ မြေပဲ၊ ပြောင်း၊ ခရမ်းချဉ် စသဖြင့် စုံလင်သော စိုက်ခင်းတွေ။ အိမ်တန်းနှင့် ငါးမွေးကန်ကြားနေရာတွေက သစ်ပင်ခြုံနွယ် ပိတ်ပေါင်းတွေနှင့် တောအုပ်လေးလို ဖြစ်နေသည်။ ထိုတောအုပ်သေးသေးလေးက ကျွန်မ ထင်းခွေထွက်ရာ နေရာပင်။ ထိုနေရာတွေကို သူ့အကန့်အသတ်နှင့် ပိုင်သူတွေရှိပေမယ့် ထင်းခြောက်ကောက်တာမျိုး၊ သဘာဝအတိုင်းပေါက်နေသော ဟင်းသီးဟင်းရွက်ခူးတာမျိုးကိုတော့ ဘယ်သူမှ မတားကြပါ။ ပိုင်ရှင်ရှိ မြေကွက်မှ သစ်ပင်ကို ခုတ်တာမျိုးဆိုလျှင်တော့ စကားပြောကြရသည်။

ကျွန်မက ထိုတောအုပ်ကလေးတခွင်ကိုသွား၊ သဘာဝအတိုင်း ခြောက်ပြီးကျိုးကျနေသော သစ်ကိုင်းခြောက်တွေ ကိုသာ ထင်းအဖြစ်ကောက်တာဆိုတော့ ဘယ်တုန်းကမှ ပြဿနာ မဖြစ်ခဲ့ပါ။ ထိုတောအုပ်လေးထဲတွင် မကျည်းပင်ကြီး သုံးပင်ရှိသည်။ ဇောင်းလျားသီးပင်၊ ချဉ်ပြုံးသီးပင်တွေ ရှိသည်။ မကျည်းရွက်နုချိန်မှာ ခူးပြီး သုတ်စား၊ ဟင်းချို ချက်၊ ငါးကျည်းနှင့် အရည်သောက် ချက်စားရသည်။ မကျည်းသီးနုလေးတွေသီးပြန်တော့ ပိုင်ရှင်ထံခွင့်တောင်း၍ ခူးပြီး ထောင်းစားချင် စား၊ ငါးပိချက် ချက်ချင်ချက်ပေါ့။ ကျွန်မက တခါစား နည်းနည်းပါးပါးသာ ခူးတာရော၊ မကျည်းပင်ပိုင်ရှင်က အဘွားတပည့်ဟောင်းဖြစ်တာရောကြောင့် ဘယ်တော့မှပြဿနာ မတက်ခဲ့ပေမယ့် ပိုင်ရှင်ကိုမပြောဘဲ မကျည်းသီးခူးသည့် တချို့ကလေးတွေကတော့ အအော်ခံရတာ၊ မိဘကို အတိုင်ခံရတာတွေ ရှိသည်။ မကျည်းသီးမှည့်ချိန်မှာတော့ သဘာဝအတိုင်းကြွေကျသည့် မကျည်းသီးမှည့်များကို ကလေးတိုင်း ကောက်ယူခွင့်ရှိသည်။ အပင်ပေါ်တက်ခူးတာကိုတော့ ပိုင်ရှင်က လက်မခံပေ။

ငါးမွေးကန်နှင့် တောအုပ်ကြား မြက်ရိုင်းခြုံပုတ်တွေထဲမှာတော့ သဘာဝအတိုင်း အလေ့ကျပေါက်သော ပီလောရွက်နှင့် ကြာဟင်းညွန့်၊ ကန်စွန်းရွက်၊ ကညွတ်ရွက်တွေရှိသည်။

အဘွားက ပုဇွန်ဆတ်ထုပ် သုံးလေးကောင်ကို ငရုတ်ဆုံထဲထည့်၍ မညက်တညက် ထောင်းသည်။ ထောင်းပြီးသားပုဇွန်ကို ထင်းမီးဖိုပေါ်တွင် ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲထည့်လိုက်လျှင် ပုဇွန်အနှစ်ကြောင့် ဟင်းရည်က ဖြူသွားသည်။ ထိုဟင်းရည်ထဲ ကြက်သွန်ဖြူလေး ဓားပြားရိုက်ထည့်၊ ရွာထွက် ငံပြာရည်လေးဖြန်းပြီး နောက်ဆုံးမှာ ရေစင်စင်ဆေးထားသော ပီလောရွက်ကို ခပ်သည်။ လတ်ဆတ်သော ဟင်းရွက်နှင့် ပုဇွန်ကြောင့်ရော၊ ငါးငံပြာရည်ကြောင့်ပါ ဟင်းချိုက ချိုပြီးမွှေးနေသည်။ ရုံးပတီသီးလို ခပ်ချွဲချွဲရှိသော ပီလောရွက်၏ အရသာကိုလည်း ကျွန်မက ကြိုက်သည်။ ကျွန်မတို့ရွာထွက် နာမည်ကြီး ငါးခုံးမချဉ်ကို ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ ကြက်သွန်နီတို့နှင့်သုတ်ကာ ပီလောရွက် ဟင်းချိုချွဲချွဲ၊ ငါးပိရည်ဖျော်နှင့် ထမင်းစားရ သောနေ့တွေကို ကျွန်မ ဘယ်တော့မှ မငြီးငွေ့ခဲ့ပါ။

ငါးကန်နံဘေးက သဘာဝဟင်းရွက်ခင်းထဲမှာ ကြာဟင်းညွန့်လို၊ ထိကရုံးလို၊ ဂန့်ဂလာ(ကန့်ကလာ)လို တခြား တို့စရာအရွက်တွေလည်း ရနိုင်သည်။ မိုးဦးမှာရသော ကျွန်မအကြိုက်ဆုံး စားစရာတခုကတော့ မှိုပင်။ နွေရာသီတုန်းက တလင်းပြင်ထဲမှာ ပုံထားခဲ့သော ကောက်ရိုးပုံတွေအထဲမှာ၊ ဘေးမှာကောက်ရိုးမှိုတွေ အစီအရီ ပေါက်ကြပြီ။ မြေပဲခွံခြောက်၊ ပဲခွံခြောက်ပုံတွေထဲမှာ ထပေါက်သည့် ပဲမှိုတွေကတော့ ကောက်ရိုးမှိုထက်ပင် များသေးသည်။ သရက်တုံးမှို၊ ဝါးပိုးမှို၊ မှိုမှန်သမျှ ကျွန်မက အကုန်ကြိုက်သည်။ ရံဖန်ရံခါ ကံကောင်းမှရတတ်သော တောင်ပို့မှိုကိုတော့ အကြိုက်ဆုံးပင်။

ဆောင်းဦးရာသီရောက်လျှင်တော့ ရွာထိပ် ဘုန်းကြီးကျောင်းဝင်းထဲမှာ သခွပ်ပွင့်တွေ သွားကောက်နိုင်သည်။ ရနံ့သင်းသင်းမွှေးသော သခွပ်ပွင့်၏ ဝတ်ဆံတွေကို ဖယ်ထုတ်ကာ ရေနွေးနှင့်ပြုတ်ပြီး တို့စားရတာလည်း သဘောတွေ့ပြန်သည်။ နွေရာသီမှာ ကောက်၍ရသော လက်ပံပွင့်ခေါင်းနှင့် ခရမ်းချဉ်သီးရောချက်သော အဘွားလက်ရာ ချဉ်ရည်ဟင်းကိုတော့ ဘယ်သူမှမမီဘူး ထင်သည်။

အလွန်လတ်ဆတ်၍ ဓာတ်မြေသြဇာအလျှင်းမပါသော အသီးအရွက်အားလုံး၏အချုပ်ကတော့ လောင်စာ ထင်းပင်ဖြစ်သည်။ ထင်းမီးလောင်စာနှင့် မချက်ပြုတ်လျှင် ထိုအသီးအရွက်များ၏ အရသာက ဘယ်လိုမှ မပေါ်လွင်နိုင်ပါ။ အဘွားက ဘာဟင်းချက်ချက် မီးအေးအေးနှင့် ကြာကြာချက်မှ အရသာပေါ်သည်ဟု အမြဲပြောသည်။ တကယ်လည်း အဘွားချက်သည့်ဟင်းတွေက အရသာရှိလှသည်။ အမေကတော့ စိတ်မရှည်သူမို့ မီးတဟုန်းဟုန်းနှင့် မြန်မြန်ဆူ၊ မြန်မြန်ကျက်တာကို ကြိုက်သည်။ မီးအေးအေးပဲဖြစ်ဖြစ်၊ မီးကောင်းကောင်းပဲဖြစ်ဖြစ် ထင်းအဖြစ်သုံးသော အသားမာဖို့နှင့် ခြောက်ဖို့က အရေးကြီးသည်။ ထင်းအသားမာတော့ အဆိုက်ခံပြီး ခြောက်တော့ မီးခိုးမအူပေ။ အဘွားက မီးခိုးနံ့နံသောဟင်းကို သည်းမခံနိုင်ပါ။

ထင်း၏သဘောကိုသိနေသော ကျွန်မက ထင်းခွေထွက်လျှင် သရက်ကိုင်းလို၊ မကျည်းကိုင်းလို၊ ကျီးပင်၊ မအူပင်တွေ၏ အကိုင်းခြောက်မာမာတွေကို ဦးစားပေးရှာတတ်သည်။ ကျွန်မ ညီမကို ထင်းခွေခိုင်းလိုက်လျှင် ငယ်တာရော၊ စိတ်မဝင်စားရောကြောင့် ထင်းမရတတ်ပါ။ ရလာတော့လည်း ညံပင်ခြောက်လိုမျိုး လွယ်ရာ ကောက်လာတာမို့ သူ တထမ်းကြီးသယ်လာသည့် ဖော့သာသာ ညံပင်ခြောက်က ဟင်းတအိုးချက်တာနှင့် ကုန်သွားတော့သည်။

မိုးတွင်းမှာ ထင်းခြောက်ရှာမရနိုင်တာမို့ အဘွားက နွေကတည်းက ချောင်းရိုးတလျှောက် သမ္ဗာန်များနှင့် လိုက်ရောင်းသော ကနစိုခြမ်းထင်းစတွေ ဝယ်ထားတတ်သည်။ ကနစိုသား ထင်းခြမ်းတွေကို နွေကထဲ အသေအချာခွဲ၊ နေလှမ်းပြီး ထင်းစင်ထဲ ထည့်သိမ်းထားတာမို့ မိုးရာသီသူများတွေ ထင်းစိုများကြောင့် မီးခိုးအူချိန် ကျွန်မတို့အိမ်မှာတော့ မီးတောက်ကောင်းသော ထင်းတွေနှင့် သက်တောင့်သက်သာ မီးဆိုက်နိုင်သည်။

ကျောင်းဆရာမ အမေကလည်း နွေကျောင်းပိတ်ပြီဆိုတာနှင့် အိမ်ဘေးနှင့် အိမ်နောက်ဘက်မှာရှိသည့် ကုက္ကိုပင် သုံးပင်ကို အကိုင်းတွေ ချိုင်တော့သည်။ အကိုင်းချိုင်ဖို့လူငှားပေမယ့် မြေပေါ်ကျလာသော သစ်ကိုင်းတွေကိုတော့ အမေနှင့်အတူကျွန်မတို့ မောင်နှမတတွေ လွှနှင့် ဖြတ်တန် ဖြတ်၊ ဓားနှင့်ပိုင်းတန်ပိုင်း လုပ်ရသည်။ သည်ကုက္ကိုသား ထင်းတွေကလည်း တမိုးတော့ ကောင်းကောင်းဖူလုံသည်။

အဲဒီအချိန်တုန်းက ကျွန်မတို့ ဂက်စ်မီးဖိုဆိုတာ ရှိမှန်းတောင် မသိဘူးထင်သည်။ ရွာရိုးတလျှောက် တထွာကျော်ကျော် ဂက်စ်အိုးကလေးတွေနှင့် “မီးခြစ် ဂက်စ် ထည့်တယ်” ဟု အော်ကာ ဂက်စ်မီးခြစ်တွေကို ဂက်စ်လိုက်ဖြည့်သူတွေကို မြင်ဖူးပေမယ့် ဂက်စ်မီးဖိုဆိုတာ မြင်ဖူးဖို့နေနေသာသာ ကြားတောင် မကြားခဲ့ဖူးဘူး ထင်သည်။ ကျောင်းပိတ်ရက်တွေမှာ ရန်ကုန်ရှိ ဦးလေး၊ အဒေါ်တွေဆီ အလည်သွားလျှင်တွေ့ရသည့် လျှပ်စစ်မီးဖိုကိုပင် အံ့သြမခန်းတော့ပြီ။

ခလုတ်ကလေးဖွင့်လိုက်တာနှင့် မီးတွေလင်းပြီးပူလာကာ ထမင်းဟင်းတွေချက်၍ရကြောင်း ရွာက သူငယ်ချင်းတွေကို ပြောပြတော့သူတို့က ကျွန်မကို “ငကြွား” ဟုအော်၍ လှောင်ပြောင် ရယ်မောကြသည်။ ရွာမှာက အဝတ်မစားတွေ မီးပူတိုက်ဖို့ မီးသွေးဝယ်သုံးနိုင်သူကပင် ဟုတ်လှပြီမဟုတ်လား။

မှတ်မှတ်ရရ ၂၀၀၃ ခုနှစ်မှာ ကလေးတွေကလည်း ငယ်၊ အလုပ်ကလည်းများသဖြင့် အချိန်ကုန်သက်သာစေရန် ဈေးကြီးပေး၍ ဂက်စ်မီးဖိုဝယ်သုံးတော့ ကျွန်မ အမေ ကျောင်းဆရာမဟောင်းက မီးဖိုကို မဖွင့်ရဲပါ။

“အမေ မသုံးတတ်ဘူး ကြောက်တယ်” ဟု ပြောတော့ ရင်နာနာနှင့် ရယ်မောခဲ့ရသေးသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ပြီး ဇာတိရွာက ဆွေမျိုးတွေ၊ သူငယ်ချင်းတွေဆီ လိုအပ်တာတွေသွားလှူတော့ လောင်စာထင်းနှင့် ရေကိစ္စက အရေးတကြီးဖြစ်နေပြီ။

“ဟိုတုန်းကနဲ့ ဘာမှမတူတော့ဘူး သူငယ်ချင်းရေ။ တို့ငယ်ငယ်ကလို ထင်းခွေလို့ မရတော့ဘူး။ သစ်ပင်တွေ နည်းသွားတော့ ထင်းကရှားပြီး ဈေးကြီးပေးဝယ်သုံးရတယ်။ ချောင်းတွေကို တမံပိတ်လိုက်တော့ နွေဆိုရင် ချောင်းထဲမှာ ရေက ခြေမျက်စိလောက်ပဲ ရှိတော့တယ်။ နွေမှာ ရေကိစ္စလည်းဒုက္ခသိပ်ရောက်တယ်”

အိမ်နီးချင်းလည်းဖြစ်ခဲ့သော သူငယ်ချင်းဟောင်းတယောက်က မျက်နှာကို ရှုံ့မဲ့၍ ပြောခဲ့သည်။ ဘယ်တော့မှ ကုန်ဆုံးပျောက်ကွယ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့သော အရာတွေ ပျောက်ဆုံးလုလု ဖြစ်နေခြင်းကိုလည်း ကြောက်လန့်တကြား သတိထားမိသည်။ အထက်အညာဒေသများသို့ ခရီးထွက်တိုင်းတွေ့ရသည့် လမ်းဘေး တဖက်တချက်မှ လွင်တီးခေါင် တောင်ကတုံးများကိုလည်း မြင်ယောင်မိသည်။ ကျွန်မ သူငယ်ချင်းတဦး ရိုက်ခဲ့သော ဓာတ်ပုံများထဲမှ ခြုံပုတ်သာသာ သစ်ပင်ကလေးတွေသာ ဟိုတစု သည်တစု တွေ့ရသော ပဲခူးရိုးမ ဆိုတာကြီးကိုလည်း သတိရသည်။ ကျွန်မအာရုံထဲမှာ မြင်ယောင်ထားခဲ့သည့် ရိုးမဆိုသောပုံရိပ်က စိမ့်ကြီး မြိုင်ကြီး ရိပ်ကြီးတောတောင် မဟုတ်လား။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လူပေါင်းများစွာ၏ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ခုတ်ယူသုံးစွဲခြင်းခံခဲ့ရသော သစ်ပင်တောတောင်များက ပဒေသာပင်မဟုတ်လေတော့ မျိုးပြုတ်ကုန်ကြတာ အဆန်းတော့လည်း မဟုတ်ပြန်ပါ။ တစတစ ရှားပါးသွားသော သစ်ပင်တွေမြင်ရတိုင်း ကျွန်မကိုယ်တိုင်ကြားခဲ့ဖူးသော သစ်တောပညာရှင်ကြီး ဦးအုန်း၏စကားကို ကျောချမ်းစွာ ကြားယောင်မိသည်။

“သဘာဝအရင်းအမြစ်တွေကို ဒီနှုန်းအတိုင်း မဆင်မခြင် ဆက်ပြီးသုံးနေကြမယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်ဟာ နောက်ဆယ်နှစ်အတွင်းမှာ သောက်စရာရေချိုတောင် မရှိတော့တဲ့တိုင်းပြည် ဖြစ်သွားလိမ့်မယ်”

ထိုစကားကို ကျွန်မကြားခဲ့တာ ၂၀၀၆ ခုနှစ်ပတ်ဝန်းကျင်က ဖြစ်သည်။ အဲဒီတုန်းက နောက်ဆယ်နှစ်ဆိုတာကို လက်ချိုးရေတွက်ကြည့်မိခဲ့သေးသည်။

ကျွန်မငယ်ငယ်က ပျော်ရွှင်စွာ ထင်းကောက်ခဲ့သည့်အကြောင်း၊ အမြဲမပြတ် တသွင်သွင်စီးနေခဲ့သော ချောင်းရေထဲက လွမ်းမောဖွယ် မြောက်များစွာအကြောင်း ပြန်တွေးတမ်းတမိလျှင် ဖြစ်စေ၊ တစုံတဦးနှင့် စကားစပ်မိလျှင်ဖြစ်စေ၊ ကျွန်မအတွေးက ဆရာကြီးဦးအုန်း စကားဆီရောက်သွားကာ အလွမ်းကို ထိတ်လန့်မှုနှင့် အဆုံးသတ်မိမြဲဖြစ်သည်။ လျှပ်စစ်လောင်စာ၊ ဂက်စ်လောင်စာ မသုံးနိုင်သေးသည့် သန်းပေါင်းများစွာသော ကျေးလက်နေ ပြည်သူများအတွက် အနာဂတ်လောင်စာနှင့် ရေသုံးစွဲနိုင်မှု အရင်းအမြစ်အကြောင်း စဉ်းစားလိုက်လျှင် ကျွန်မ ငယ်ငယ်က ကူးခတ်ခဲ့ဖူးသော ရေပြင်ကျယ်နှင့် ကျွန်မ ကောက်ခဲ့သော သစ်ကိုင်းခြောက်တွေကို လွမ်းလှသလို ရင်ထဲမှာလည်း နာကျင်မောလျှလှပါသည်။

* * * * *


ဆောင်းတွင်းတုန်းက သည်းထန်သောနှင်းကြောင့် မျက်စိရှေ့မြင်သမျှမြေပြင်မှာ နှင်းများအတိ ဖုံးခဲ့သည်။ ဆောင်းနှောင်းအလွန် နွေဦးဝင်စ တရက်မှာတော့ သားငယ်ကို သွားဆေးခန်းပြစရာရှိသည်နှင့် ကျွန်မ၏ ပရိုဂရမ် ဒါရိုက်တာ ဟင်နရီနှင့်အတူ ကျွန်မတို့အိမ်မှ နာရီဝက်ခန့် ကားမောင်းသွားရသော သွားဆေးခန်းဆီ ထွက်ခဲ့သည်။ နှင်းတွေပျော်သွားပေမယ့် သစ်ပင်တွေက ရွက်နုမထွက်သေးဘဲ အရိုးငေါငေါရှိတုန်းပင်။ မြို့တွင်း ဧရိယာကို ကျော်လာတာနှင့် လမ်းဘေး ဘေးတဖက်တချက်မှာ သစ်ပင်တောတောင်တွေ ဆက်တိုက်မြင်လာရသည်။ အမေရိကမှာ ဆောင်းတွင်း ရွက်ကြွေချိန်မှလွဲလျှင် စိမ်းညို့သော သစ်ပင်တောတန်းတွေကို နေရာအနှံ့ တွေ့နိုင်သည်။ သစ်ပင်တွေကတော့ မြန်မာပြည်က သစ်ပင်အများစုလို သစ်မာများဟုတ်ပုံမရပါ။

ဆောင်းတွင်းတုန်းက နှင်းတွေချည်းသာမြင်ခဲ့ရသည့် သစ်တောအုပ်ကလေးများ၏အောက်ခြေတွင် သစ်ကိုင်းခြောက်တွေ၊ တုံးလုံးပက်လက်လဲကျနေသည့် သစ်ပင်တွေက အတုံးအရုံးပင်။ တချို့က သက်တန်းကုန်အိုမင်းပြီး သူ့အလိုလို လဲကျခြောက်သွေ့ကုန်တာဖြစ်ပြီး တချို့ကတော့ ဆောင်းတွင်းတုန်းက သည်းထန်ခဲ့သော နှင်းများ နှင်းမုန်တိုင်းများကြောင့် ကျိုးကျ၊ လဲကျကုန်တာဖြစ်သည်။

“မင်း ဘာတွေတွေးနေတာလဲ”

လမ်းဘေး တဖက်တချက်က သစ်ပင်များကိုငေးပြီး နှုတ်ဆိတ်နေသော ကျွန်မကို ကားမောင်း ဟင်နရီက လှမ်းမေးသည်။

“သြော် … မြေကြီးပေါ်လဲကျနေတဲ့ သစ်ပင်ခြောက်တွေ၊ သစ်ကိုင်းခြောက်တွေကိုကြည့်ပြီး ကျွန်မရဲ့တိုင်းပြည်က လူတွေကို သတိရနေတာပါ”

ဟင်နရီက စကားဆက်စေလိုဟန်နှင့် မျက်ခုံးပင့်ပြသည်။

“ကျွန်မတို့နိုင်ငံမှာ ကျေးလက်နေ လူတန်းစားက ရှစ်ဆယ်ရာခိုင်နှုန်း ရှိတယ်လေ။ အဲဒီ ရှစ်ဆယ် ရာခိုင်နှုန်းသော လူတွေက လောင်စာအတွက် ထင်းနဲ့ ထင်းကဖြစ်တဲ့ မီးသွေးကိုပဲ အားပြုနေရတယ်။ တချို့ သိပ်ခေါင်တဲ့ ကျေးလက်မှာနေသူတွေဆို လျှပ်စစ်မီးဖို၊ ဂက်စ်မီးဖိုတောင် မြင်ဖူးကျတာမဟုတ်ဘူး။ ကျွန်မတို့ငယ်ငယ်ကလည်း ထင်းကိုပဲ လောင်စာအဖြစ် သုံးခဲ့ရတယ်။ ကျွန်မက ထင်းရှာသိပ်ကျွမ်းတာလေ”

ဘာစကားမှဝင်မထောက်ဘဲ စိတ်ဝင်တစားနားစွင့်နေသော ဟင်နရီကြောင့် ကျွန်မ စကားဆက်လိုက်ပြန်သည်။

“မြန်မာ့ပြည်က ထင်းသုံးတဲ့ ပြည်သူတွေသာ ဟောဒီ တုံးလုံးပက်လက်လဲနေတဲ့ သစ်ပင်တွေ၊ သစ်ကိုင်းခြောက်တွေကိုမြင်ရင် သိပ်ပျော်ကျမှာပဲလို့ ကျွန်မ စဉ်းစားနေမိတယ်။ ဒီမှာတော့ ဘယ်သူမှလည်း ထင်း မကောက်ကြဘူးနော်”

ကျွန်မစကားကြောင့် ဟင်နရီက အသံထွက်အောင် ရယ်သည်။

“ဒီမှာက ထင်းကို မီးလင်းဖိုရှိတဲ့အိမ်တွေမှာ ဆောင်းတွင်း မီးလှုံဖို့ပဲသုံးကြတာ။ အဲဒီလူတွေကလည်း ကိုယ့်ခြံဝင်းထဲကသစ်ပင် ကိုယ်ဖြတ်တောက်ပြီး ဆောင်းတွင်းသုံးဖို့ စုထားကြတာပဲ။ ခြံဝင်းမရှိလို့ သစ်ပင်မရှိတဲ့သူတွေကလည်း Giant Egale လို လူသုံးကုန်ပစ္စည်း ရောင်းတဲ့ဆိုင်တွေမှာ ထင်းဝယ်သုံးကြတယ်။ တောထဲ ထွက်ပြီး ထင်းရှာတာမျိုး ငါတော့ မတွေ့မိပါဘူး”

“ကျွန်မသာ မြန်မာပြည်ထဲမှာနေပြီး ဒီသစ်ပင်၊ သစ်ကိုင်းခြောက်တွေကို တွေ့ရမယ်ဆိုရင်လည်း သိပ်ပျော်မှာပဲ။ အခုတော့ ကျွန်မက အခုလို ထင်းတွေ အလကားဖြစ်နေတာ တွေ့ရတာရော၊ ထင်း အခက်အခဲကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာတောနေလူထုအကြောင်း စဉ်းစားမိတာရောကြောင့် မပျော်နိုင်ဘူး။ ဖြစ်နိုင်ရင် ဒီသစ်ပင်တွေကို သူတို့အိမ်ရှေ့မှာ ဝုန်းခနဲ ပုံပေးလိုက်ချင်တယ်”

ဒီတခုစဉ်းစားနေရာမှ နောက်တခုဆီ အတွေးရောက်သွားတာကြောင့် ကျွန်မ စကားက ပြတ်တောင်းတောင်း ဖြစ်သွားသည်။

“ဒါပေမယ့် ရက်ပိုင်းလပိုင်းသုံးဖို့ ထင်းရှာပေးတာထက် တသက်လုံး ထင်းလောင်စာတွေမကုန်အောင် စံနစ်တကျ သုံးစွဲတဲ့နည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးနိုင်ရင် ပိုအကျိုးရှိမှာပဲ”

“မင်း အဲ့ဒီအကြောင်း စာရေးနိုင်တာပဲ”

ဟင်နရီ့စကားကို ကျွန်မက အင်း… ဟု သံရှည်ဆွဲပြီး မရေမရာ တုံ့ပြန်မိသည်။ သစ်ပင် သစ်တောတွေကို စောင့်ရှောက်ချစ်ခင်ဖို့အကြောင်း စကားရောက်သွားပြန်တော့ ကျွန်မအတွေးက တနေရာပြောင်းသွားပြန်သည်။

ကျွန်မမိတ်ဆွေ ချားလ်စ်နီမန်က ပစ္စဘတ်တက္ကသိုလ် Office of International Services မှ ဒါရိုက်တာတဦး ဖြစ်သည်။ သူ့ဇနီး ရီတာနီမန်က Community College တခုတွင် ဂျာမန်ဘာသာပြ ဆရာမ။ အသက်ခြောက်ဆယ်ဝန်းကျင် ထိုဇနီးမောင်နှံက မြို့ထဲမှ နာရီဝက်ခန့် ကားမောင်းသွားရသော မြို့ငယ်ကလေး တခုတွင်နေသည်။ သူတို့က မတ်လအတွင်းကျရောက်သော အီစတာ ဘာသာရေးပွဲတော်ကို တက်ရောက်ရန် ကျွန်မတို့မိသားစုကို ဖိတ်သည်။ အီစတာပွဲအတွက် ဝေးလံသော မိဘရပ်ထံ မပြန်နိုင်သော ပစ္စဘတ်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူတချို့ကိုလည်း ဖိတ်ထားသည်။

အဲဒီနေ့က တောင်ကုန်းပြေပြေလေးတခုပေါ်တွင်ရှိသော ချားလ်စ်တို့အိမ်ကလေးက အလွန်လှပနေသည်။ ကားလမ်းပေါ်မှ အိမ်ရှိရာထိ ကုန်းမြင့်လေးအတိုင်းဖောက်ထားသော လမ်းဘေးတဖက်တချက်တွင် အဝါရောင် နွေဦးပန်းတွေက အစွမ်းကုန်ပွင့်နေကြသည်။

“ဟောဒီခြုံပုတ်အမျိုးအစား အဝါရောင်ပန်းကို ရွှေခေါင်းလောင်းပန်း (Golden Bell) လို့ အလွယ်တကူ ခေါ်ကြတယ်။ သူ့ရဲ့နာမည်အစစ်ကတော့ ‘Forsythia’ တဲ့လေ”

အရွက်တရွက်မှ မမြင်ရဘဲ ရိုးတံအတွင်းမှ အဝါလွင်လွင် အပွင့်တွေပြွတ်သိပ် ထိုးထွက်နေသောပန်းပင်ကို လက်ညှိုးညွှန်ရင်း ချားလ်စ်က ရှင်းပြသည်။

“ဒီပန်းကတော့ ဝေါ့ဒစ္စနေ ကာတွန်းကားတွေထဲမှာ ပန်းပွင့်အလယ်နေရာကလေးကို မိန်းကလေး မျက်နှာလေး ထည့်ပြီး ဇာတ်ကောင် လုပ်ထားတယ်လေ။ ဒီပန်းနံမည်က ‘Deffodil’ တဲ့။ သူက ပန်းတမျိုးထဲက အပွင့် အရွယ်အစား သုံးမျိုးလောက် ကွဲတဲ့မျိုးတွေရှိတယ်”

‘Deffodil’ကလည်း အဝါရောင်လွင်လွင်ပါပဲ။ မြန်မာပြည်က ငုပန်းအရောင်ပေါ့။ နွေဦး၏ အေးစိမ့်စိမ့်ရာသီထဲမှာ အဝါရောင်လွင်လွင် ပန်းတွေက ရင်ကိုနွေးထွေးစေသည်။ ချားလ်စ်က ကျွန်မတို့ကို သူ၏ တဧကကျော် ကျယ်သော ခြံထဲလိုက်ပြရင်း ပါးစပ်ကလည်း တတွတ်တွတ် ရှင်းပြနေသည်။ အိမ်အနောက်ဘက်ကိုချိုးကွေ့ လိုက်တော့ သစ်တောအုပ်ကလေးတခုကို ဘွားခနဲတွေ့လိုက်ရသည်။

“နွေရာသီဆို ဒီသစ်ပင်တွေကြောင့် မြေကြီးပေါ်မှာ နေပျောက်တောင် မထိုးဘူး။ နွေရာသီမှာပွင့်တဲ့ ပန်းတွေရယ်၊ အနောက်ဘက် သစ်တောအုပ်ထဲကိုလာတဲ့ သမင်ကလေးတွေ၊ ယုန်ကလေးတွေ၊ ရှဥ့်ကလေးတွေရယ်နဲ့ ဒီခြံကြီးဟာ သိပ်ပျော်စရာကောင်းတယ်”

မှန်းဆ မြင်ယောင်ကြည့်ရင်းနှင့်တောင် ကျွန်မစိတ်ထဲ ငြိမ်းချမ်းလာသည်။ အိမ်ရှင်ချားလ်စ်၏ စကားပြောနေသော နှုတ်ခမ်းတွေက ပြုံးနေသလို မျက်ဝန်းတွေကလည်း နူးညံ့နေသည်။ သူ့မြေ သူ့ခြံအတွက် ဂုဏ်ယူကျေနပ်နေသော ချားလ်စ်က သူ့အိမ်နောက်ဘက် သစ်တောအုပ်ကလေးအလွန်က အိမ်နီးချင်းတအိမ်ကို လက်ညှိုးထိုးပြရင်း ပြောသည်။

အရင်တပတ်က အဲဒီအိမ်ပတ်လည်မှာရှိတဲ့ သစ်ပင်လေးငါးပင်ကို အိမ်ရှင်တွေက ခုတ်လှဲလိုက်ကြတယ်လေ။ သစ်ပင်တွေခုတ်လှဲတာမြင်တော့ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတယ်။ သစ်ပင်တပင် အဲဒီအရွယ်ထိ ရောက်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာဗျာ။ သူတို့က သဘာဝအန္တရာယ်ကြောင့် သစ်ပင်တွေလဲရင် အိမ်ကို ထိခိုက်မိမှာစိုးတယ်နဲ့ တူပါတယ်ဗျာ။ ဒါပေမယ့် အဲဒီပင်ပျိုတွေ သူ့ဘာသာ လဲကျဖို့ဆိုတာ ၉၅ ရာခိုင်နှုန်း မဖြစ်နိုင်ပါဘူး။ တခါတလေကျရင် လူတွေက သဘာဝကို တန်ဖိုးထားထိမ်းသိမ်းဖို့ထက် လုံခြုံရေးကို အလေးကဲ စဉ်းစားနေတာ စိတ်မကောင်းစရာပဲ”

ချားလ်စ်က တကယ်ပဲ ဝမ်းပန်းတနည်း ပြောနေတာဖြစ်သည်။ ကျွန်မကတော့ မသိနားလည်မှုကြောင့်နဲ့ လောဘကြောင့် သစ်ပင်တွေ ဆုံးရှုံးရတာထက်စာရင် လုံခြုံရေးကို အလေးကဲစဉ်းစားတာက တော်သေးတာပေါ့ ဟု စိတ်ထဲက ဆင်ခြေကန်နေမိသော်လည်း သူ့စကားကို ဖြတ်သလိုဖြစ်သွားမှာ စိုးတာကြောင့် ငြိမ်နေလိုက်သည်။ လုံခြုံရေးကို အလေးကဲစဉ်းစားပြီး သစ်ပင်ခုတ်တာက သစ်တောမပြုန်းနိုင်ဘူးလေ။ လူတယောက်အနေနဲ့ လူတွေရဲ့ပတ်ဝန်းကျင်က သဘာဝအလှတရားကို ခံစားတတ်ဖို့နဲ့ အဲဒီသဘာဝတရားရဲ့တန်ဖိုးကို အလေးအနက်ထား ထိမ်းသိမ်းစောင့်ရှောက်တတ်ဖို့က သိပ်အရေးကြီးတယ်ဟု ချားလ်စ်က စကားဆက်လိုက်သေးသည်။

“တို့ဇနီးမောင်နှံက သိပ်ကိုအလုပ်များပါတယ်။ ဒါပေမယ့် နည်းနည်းလေးအချိန်ရတာနဲ့ တို့အိမ်ကလေးဝန်းကျင် ကို သာယာအောင်လုပ်တော့တာပဲ။ အိမ်ရှေ့ဥယျာဉ်ထဲမှာ ရာသီအလိုက် ပန်းတွေစိုက်တယ်။ ရှိပြီးသား ပန်းပင်တွေကို ခွဲပြီး ခြံအနှံ့ပွားအောင် လိုက်စိုက်တယ်။ အိမ်နောက်ဘက်က သစ်တောအုပ်ကလေးကို ရှင်းပြီးတော့ သင့်တော်မယ့်နေရာမှာ ရှားပါးသွားတဲ့သစ်ပင်မျိုးတွေ ရှာစိုက်တယ်။ အဲဒါဟာ တို့အတွက် ပျော်ရွှင်မှုပဲ၊ အသက်ရှည်ဆေးပဲ”

သစ်ပင်ပန်းပင်တွေကို သက်ရှိသားသမီးလို ချစ်ခင်သော ချားလ်စ်၏ နုညံ့သောမျက်ဝန်းများကို ကျွန်မ ငေးကြည့်နေမိသည်။ ကျွန်မတို့တိုင်းပြည်မှာ သူ့လိုလူတွေ အများကြီးရှိရင် သိပ်ကောင်းမှာပဲ။ သစ်ပင် ချစ်သူတွေဆိုတော့ သစ်တောနှင့် သစ်တောထွက်ပစ္စည်းကို မဖြစ်မနေ အသုံးချနေရမည်ဆိုလျှင်တောင် ရေရှည်တည်တန့်အောင် ဘယ်လိုစံနစ်တကျ သုံးစွဲကြမလဲဆိုတာ တွေးတောတွက်ချက်၍ နည်းလမ်းရှာကြမှာ ဖြစ်သည်။ ပြီးတော့ လူ့သဘာဝအတိုင်း ကိုယ်ချစ်မြတ်နိုးသောအရာကို တခြားသူတွေပါ ချစ်မြတ်နိုးတတ်လာအောင် ပြောပြစည်းရုံးကြမည်။ အခု ချားလ်စ်က ကျွန်မတို့ကို ပြောပြနေသလိုပေါ့။ သစ်ပင်တွေကိုချစ်သော ချားလ်စ်၏ မေတ္တာဓာတ်က ကျွန်မတို့ကိုကူးစက်ပြီး ကျွန်မတို့ရဲ့ခံစားမှုတွေ နုညံ့လာသလိုပေါ့။ ဒီလိုနည်းနှင့် နှစ်တွေ ကြာကောင်းကြာမည်ဖြစ်သော်လည်း သဘာဝဝန်းကျင် ရေမြေ တောတောင်ကို ချစ်ခင်သူ၊ တန်ဖိုးထား စောင့်ရှောက်သူတွေ တိုးပွားလာမည်။ သဘာဝကိုချစ်သူများကိုလည်း သဘာဝတရားက ကြည်နူးပျော်ရွှင်ဖွယ် အရသာများကို ပြန်လည်လက်ဆောင်ပေးလိမ့်မည် ဖြစ်ပါသည်။

“ကျွန်မတို့အိမ်ရဲ့တန်ဖိုးဟာ ဟောဒီအဆောက်အဦနဲ့ အိမ်ထဲက စက်ကရိယာတွေ မဟုတ်ပါဘူး။ မြင်သူရဲ့စိတ်ကို ကြည်နူးချမ်းမြေ့စေတဲ့ ခြံထဲက သစ်ပင်ပန်းပင်လေးတွေရယ်၊ နောက်ဘက်က တောအုပ်ကလေးရယ်၊ တောအုပ်ထဲမှာ အေးအေးလူလူ အစာရှာရင်းနားနေတဲ့ တိရိစ္ဆာန်ကလေးတွေကို မြင်နေရခြင်းရယ်၊ ရာသီအလိုက် ပြောင်းသွားတဲ့ ငှက်သံလေးတွေကို နားထောင်နေရတာတွေရယ်ပါပဲ”

ချားလ်စ်၏ဇနီး ရီတာပြောခဲ့သော ထိုစကားတွေကိုလည်း ကျွန်မ မကြာခဏ ကြည်နူးစွာ သတိရမိတတ်သည်။ သူတို့က သဘာဝတရားကို ချစ်ခင်ထိမ်းသိမ်းလေတော့ သဘာဝတရားကလည်း သူတို့ကို လက်ဆောင်ကောင်းတွေ ပြန်ပေးလေသည်ပေါ့။

အီစတာပွဲတော်မှအပြန်တွင် သူတို့ဇနီးမောင်နှံက ကျွန်မတို့ကို ခြံထွက် ပန်းလက်ဆောင်တွေ ပေးလိုက်သေးသည်။ သူတို့က ကျွန်မတို့ကို ပန်းများနှင့်အတူ ပျော်ရွှင်မှုများကိုပါ လက်ဆောင်ပေးလိုက်ကြခြင်း ဖြစ်သည်။ ပန်းတွေပွင့်နေသော ပန်းပင်တွေကို သူတို့နှင့်အတူ အမြစ်ပါအောင်တူးကြရတာ ပျော်စရာ ကောင်းသည်။ အဲဒီပန်းပင်တွေကို ကျွန်မတို့ အိမ်နောက်ဘက်ခြံဝင်းထဲမှာ ကောင်းနိုးရာရာ နေရာရွေး၍ ပြန်စိုက်တော့လည်း ပျော်ရသည်။ ကိုယ့်ခြံထဲမှာ ပန်းပွင့်နေသောအပင်တွေ ရုတ်တရက်ကြီး ရောက်လာတာကို မြင်ရတာလည်း ပျော်စရာ။ အဲဒီ ပန်းပင်တွေကို ရေလောင်းရတာ၊ နောက်နှစ်နွေဦးမှာ ဘယ်ပုံဘယ်နည်း အပွင့်တွေဝေလာလေမလဲ ကြိုတင် မှန်းဆကြည့်ရတာလည်း ပျော်စရာ။ တကယ်တော့ သစ်ပင်တွေကို ချစ်ရတာကိုက ပျော်စရာပင်။ အဲဒီပျော်ရွှင်မှုတွေကို ကျွန်မချစ်သောသူတွေကို ဖြန့်ဝေချင်ပါသေးသည်။

အလွမ်းနှင့်ဆက်စပ်တွေးမိသွားသော အပျော်တွေကိုဖြန့်ဝေဖို့ စားပွဲမှာထိုင်လိုက်စဉ် ကျွန်မကို ပြန်လည် ဝေမျှခံလိုက်ရတာက စိတ်မချမ်းမြေ့ဖွယ်ရာတွေ ဖြစ်နေသည်။ မြန်မာနိုင်ငံမှာ ထူးကဲသောအပူချိန်အောက်တွင် လူတွေ ရေရှားပါး ပြတ်လပ်မှုကြုံနေရသတဲ့။ စိတ်မကောင်းကြီးစွာဖြစ်နေရင်းမှပင် ချားလ်စ်နှင့် ရီတာကို သတိရသွားမိပြန်သည်။ ကျွန်မတို့တိုင်းပြည်မှာ မသိနားမလည်မှုနှင့် လောဘကြောင့် သစ်ပင်တွေ ဆုံးရှုံးရပြီး ပြည်သူလူထုမှာ လောင်စာကိစ္စအပြင် အသက်အန္တရာယ်ကိုပါ အချိန်တိုအတွင်း ထိခိုက်နိုင်သော ရေပြတ်လပ်မှုတွေ ဖြစ်ပွားနေသည့်အကြောင်း၊ အိမ်နီးချင်းခုတ်လိုက်သည့် သစ်ပင်လေးငါးပင်အတွက် ဝမ်းနည်းကြရှာသည့် သူတို့ဇနီးမောင်နှံကြားလျှင် ဘယ်လိုများနေမည်လဲ။

သစ်ပင် သစ်ကိုင်းခြောက်များကိုမြင်မိ၍ လွမ်းသောအလွမ်းမှစတင်ကာ၊ ပန်းပင် သစ်ပင်တွေ စိုက်ပျိုးရ၍ ပျော်ရသောအပျော်ဆီ ဆက်သွားသော ကျွန်မအတွေးသည် ရေပြတ်လပ်သွားသဖြင့် ဒုက္ခကြီးစွာ ရောက်နေသူများအတွက် ဝမ်းနည်းကြေကွဲမှုဖြင့် မဆုံးသတ်ရတော့မည်။ ဝမ်းနည်းစိတ်မကောင်းဖွယ် အခြေအနေမှန်သော်လည်း ကျွန်မတို့မှာ အချိန်တွေရှိပါသေးသည်။ ဒီကနေ့မှစပြီး သစ်ပင်တွေ စစိုက်ကြမည်ဆိုလျှင် ဘာမှမထူးတော့ပါဘူးဆိုပြီး ခြေပစ်လက်ပစ်နေလိုက်ကြတာထက်တော့ ပိုအကျိုးရှိမှာ သေချာပါသည်။

အခုအချိန်မှာတော့ နေလည်းနည်းနည်းတော့ပူဦးမှာပဲ။ ရေလည်းရှားနေတုန်းဆိုတော့ မျက်နှာသစ်တဲ့အခါ ကိုယ်စိုက်ထားတဲ့သစ်ပင်လေးတွေပေါ် သစ်ချပေါ့။ နောက်ထပ်ရက်ပိုင်းအတွင်း မိုးရွာတော့မည်။ ကိုယ်စိုက်တဲ့ အပင်ကလေးတွေ အညွန့်ထောင်လာချိန်ကစလို့ ပျော်ရလိမ့်မည်။ စိုက်တဲ့သူက ကိုယ့်အပင်ကလေး တဖြည်းဖြည်း ကြီးလာတာကိုကြည့်ပြီး ပီတိဖြစ်ရမည်။ ဒါပေမယ့် နောင်လာနောက်သားတွေကတော့ သစ်ပင်တွေကို ချစ်မြတ်နိုးစွာ စိုက်ပျိုးစောင့်ရှောက်ခဲ့သည့်အတွက် သဘာဝတရားကပြန်ပေးမည့် ကိုယ်စိတ်ငြိမ်းချမ်းခြင်းဆိုသော လက်ဆောင်ကောင်းတွေကို ခံစားကြရမှာဖြစ်သည်။

ကျွန်မတို့တတွေ လက်ဆောင်ကောင်းရလျှင် ပျော်ရသလို ကျွန်မတို့၏မျိုးဆက်တွေကို ပျော်ရွှင်ခွင့် ပေးကြရအောင်။ ကျွန်မတို့ကိုယ်တိုင်လည်း လက်ဆောင်ပေးရသူ၏ ပီတိကို ခံစားကြရအောင်။

ကျွန်မ အသက်ကြီးလာချိန် ဇာတိမြေသို့ အလည်သွားသည့်အခါ ကျွန်မ ငယ်သူငယ်ချင်းများ၏ကလေးတွေ ကျွန်မငယ်ငယ်ကလို အေးချမ်းစွာ ထင်းခွေနေတာ၊ ကြည်လင်သော ချောင်းရေပြင်မှာ လွတ်လပ်ပျော်ရွှင်စွာ ရေကူးနေကြတာ၊ သိပ်သည်းသော သစ်ရိပ်ဝါးရိပ်များအောက်မှာ နားခို၍ သန့်စဉ်သော ရေကြည်အေးကို ကြောင့်ကြမဲ့ သောက်သုံးနေကြတာကိုကြည့်၍ ပီတိဖြင့် ပျော်ရွှင်ချင်ပါသေးသည်။ ထိုပီတိကို ခံစားခွင့်ရတန်ကောင်းပါသေးရဲ့ဟုလည်း မျှော်လင့်မိပါသည်။


ခက်မာ

May 18th 2010

စစ်တုရင်ခုံနှင့် စစ်တုရင်ရုပ်များ(အာဖဂန်နစ္စတန်၊ ၁၉ ရာစု- ၂၀ ရာစု)


ဘာသာပြန်သူ – အုတ်လှငယ်(မြသန်းတင့်)


[နွယ်နီမဂ္ဂဇင်းတွင် 'အုတ်လှငယ်' ကလောင်အမည်ဖြင့် ဆရာမြသန်းတင့် ရေးခဲ့တဲ့ ကမ္ဘာ့သမိုင်းအမြင် ဆောင်းပါးများကို စုစည်းတင်ပြသည့် 'သမိုင်းကြေးမုံ' စာအုပ်မှ ကူးယူခြင်း ဖြစ်ပါတယ်။]

၁၉ ရာစုနှစ်တုန်းက အလယ်ပိုင်း အာရှတိုက်ကို စိုးမိုးရန်အတွက် ဂရိတ်ဗြိတိန် နှင့် ဇာဘုရင် ရုရှားတို့သည် အာဖဂန်နစ္စတန်တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ပွဲကို ရုဒ်ယတ်ကစ်ပလင်းက ‘မဟာ ကစားပွဲကြီး’ ဟု အမည်ပေးခဲ့သည်။ ယနေ့ခေတ် ကစားသူများ ဖြစ်သည့် အင်အားကြီးနိုင်ငံများ၏ လက်ထက်တွင်မူ အာဖဂန်နစ္စတန်မှ မဟာကစားပွဲကြီးသည် အပြီးသတ်ပွဲကို ကစားနေပြီဟု ယူဆရသည်။ ယခုပွဲတွင်မူ ယခင်က ကစားခဲ့သူများသည် ဘေးသို့ရောက်သွားကာ ပွဲကြည့်ပရိသတ်များ ဖြစ်နေလေပြီ။ သူတို့သည် ကစားပွဲကို စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်။ ယခုပွဲတွင် ပါဝင်ကစားသူများမှာ တခါက စစ်တုရင်ရုပ်များ ဖြစ်ခဲ့သည့် အာဖဂန် လူမျိုးများကိုယ်တိုင် ဖြစ်သည်။
ကစ်ပလင်း၏ ခေတ်တုန်းကမူ ဂရိတ်ဗြိတိန်သည် မိမိတို့ အုပ်စိုးသည့် အိန္ဒိယ ပထ၀ီတိုက်ငယ်ကို ၀င်ရာ တံခါးပေါက်ဖြစ်သည့် အာဖဂန်နစ္စတန်ပြည်၏ ကိုင်ဘာတောင်ကြားကို ရုရှတို့လက်သို့ မကျစေရန် စစ်ပွဲ နှစ်ပွဲကို တိုက်ခိုက်ခဲ့ဖူးသည်။ စစ်အေးခေတ်တွင်မူ ၀ါရှင်တန်နှင့် မော်စကိုတို့သည် တတိယကမ္ဘာ့နိုင်ငံတခုဖြစ်သော အာဖဂန်နစ္စတန်တွင် လာ၍ အားပြိုင်နေကြသည်။ သို့ရာတွင် ဆိုဗီယက်တို့၏ ရုပ်သေးရုပ် ဖြစ်သော နာဂျီဘူလာ အစိုးရပြုတ်ကျသွားသည်နှင့်အတူ တတိယကမ္ဘာတွင် ဖြစ်နေသော ဆိုဗီယက်နှင့် အမေရိကန်တို့၏ စစ်အေးတိုက်ပွဲ တပွဲသည် အဆုံးသတ်သွားခဲ့လေပြီ။
မည်သည့်ဘက်က ကြည့်ကြည့် အမေရိကန်တို့ အဖို့မူ ၀မ်းသာစရာပင် ဖြစ်သည်။ ၁၉၇၉ ခုနှစ်တုန်းက ရုရှားသည် အာဖဂန်နစ္စတန်ရှိ ကွန်မြူနစ်အစိုးရကို ထောက်ခံရန်အတွက် အာဖဂန်နစ္စတန်ကို ၀င်ရောက် သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က သမ္မတ ကာတာသည် စိတ်ဆိုးမာန်ဆိုး ကန့်ကွက်သည့်အနေဖြင့် ၁၉၈၀ ပြည့်နှစ် မော်စကို အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ခဲ့သည်။ ထို့နောက်မှစ၍ ၀ါရှင်တန်သည် ဒေါ်လာသန်းပေါင်း ၂၀၀၀ တန်ဖိုးရှိသည့် လက်နက် ခဲယမ်းမီးကျောက်များကို အာဖဂန်နစ္စတန်ရှိ မူဂျာဟစ်ဒင် သူပုန်အစု အသီးသီးသို့ ထောက်ပံ့ခဲ့သည်။ မူဂျာဟစ်ဒင် သူပုန်အစုများသို့ သမ္မတကာတာလက်ထက်က ပေးပို့ခဲ့သော ထောက်ပံ့မှုတန်ဖိုး မှာ သန်းသုံးဆယ်ဖိုးခန့်သာ ရှိသော်လည်း သမ္မတရေဂင် လက်ထက်သို့ ရောက်သည့်အခါတွင် ပခုံးထောက်၍ ပစ်ရသည့် စတင်းဂါးဒုံးကျည်များ အပါအ၀င် လက်နက်ခဲယမ်းမီးကျောက် အမြောက်အမြားကို အောတိုက်ပို့ပေး ခဲ့သည်။ အာဖဂန်သူပုန်များသည် ထို စတင်းဂါးဒုံးကျည်များဖြင့် ဆိုဗီယက်အစိုးရ လေယာဉ်ပေါင်း ၂၅၀ တို့ကို ပစ်ချနိုင်ခဲ့သည်။
နာဂျီဘူလာ ပြုတ်ကျသွားပြီးနောက် အစ္စလာမ် အစိုးရအဖွဲ့ တက်လာသည့်အခါတွင် နောက်လှမ်းရမည့် ခြေလှမ်းများမှာ နည်းနည်းတော့ ရှုတ်ထွေးသည်။ ၀ါရှင်တန်သည် နာဂျီဘူလာ ပြုတ်ကျသွားသည်ကို ၀မ်းသာသည်။ သို့ရာတွင် မော်စကိုနှင့် မိမိတို့နှစ်ဦး (၀ါရှင်တန်နှင့် မော်စကို) တို့ အာဖဂန်နစ္စတန်ရှိ သူပုန် အစုစုအသီးသီးထံသို့ လက်နက်တင်ပို့ ထောက်ပံ့ခြင်းမပြုရန် သဘောတူပြီးနောက်တွင်မူ ၀ါရှင်တန်သည် မူဂျာဟစ်ဒင် အစုများပေါ်တွင် သြဇာမညောင်းတော့ဘဲ ဖြစ်လာကာ သူပုန်အုပ်စုအချင်းချင်း တိုက်ခိုက်ကြမည့် အာဏာလုပွဲကြီးကို စိုးရိမ်နေခဲ့သည်။ (နောက်ပိုင်းတွင် သူပုန် အုပ်စုချင်း တိုက်ပွဲများ ပေါ်ပေါက်ခဲ့သည်) အထူးသဖြင့် အလယ်အလတ်ကျသူ မာဆွတ်နှင့် ပြင်းထန်သူ ဟက်မာတီယာတို့၏ အစုနှစ်ခုကြားတွင် တိုက်ပွဲဖြစ်ပွါးလာမည်ကို စိုးရိမ်ခဲ့သည်။ (နောင်တွင်လည်း စိုးရိမ်ခဲ့သည့်အတိုင်း တိုက်ပွဲများ ဖြစ်ပွါးလာခဲ့သည်) နာဂျီဘူလာ ပြုတ်ကျသွားသည့်အခါတွင် ၀ါရှင်တန်ရှိ ပြောရေးရှိသူက ‘သင်တို့တွင် အာဏာလဟာနယ်ကြီးတခု ဖြစ်သွားသည်။ ပရမ်းပတာမှုများ ပေါ်ပေါက်လာနိုင်သည်။ အကြမ်းဖက်မှုများ မဖြစ်ပါစေနှင့်’ ဟု ငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံခဲ့သည်။
သို့ရာတွင် အာဖဂန်နစ္စတန်သည် များစွာ ကံမကောင်းလှပါ။ ကာဘူး မြို့သိမ်းတိုက်ပွဲသည် သွေးထွက်သံယို များလှပါသည်။ အယ်လဇန္ဒြား ဘုရင်ဖြစ်စေ၊ ဂျင်ဂျစ်ခန် ဖြစ်စေ၊ ဆိုဗီယက်တပ်မတော် ဖြစ်စေ၊ မည်မျှ အင်အားကြီးသော စစ်တပ်ကိုမဆို အာဖဂန်လူမျိုးများသည် ခုခံ တိုက်ခိုက်မည်သာ ဖြစ်ပါသည်။
‘အာဖဂန် လူမျိုးတွေဟာ ဘယ်လိုရန်သူမျိုးကိုပဲ ဖြစ်ဖြစ် ခုခံတိုက်ခိုက်တဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်တယ်။ သူတို့ဟာ နိုင်ငံခြား ကျူးကျော်သူ မှန်သမျှကို အသေအလဲ တိုက်ကြတယ်။ နောင်တော့ သူတို့အချင်းချင်းလည်း ပြန်တိုက်ကြတာပဲ’ ဟု ကာဘူးတွင် အမေရိကန် သံအမတ် လုပ်ခဲ့သည် ရောဘတ်နယူးမင်းက ပြောခဲ့ဖူးသည်။
အာဖဂန်နစ္စတန် နိုင်ငံသည် လူမျိုးစုတွေ ရောနှောနေထိုင်သည့် တိုင်းပြည်ဖြစ်သည်။ အကယ်၍သာ ယခုကဲ့သို့ အစုချင်း ရေရှည် တိုက်ခိုက်နေပါက အာဖဂန်နစ္စတန်တွင် နောက်ထပ် ‘ဘော်လကန် ဇာတ်သွင်းမှု’ တွေ ဖြစ်ပွါးလာမည်ကို ၀ါရှင်တန်က စိုးရိမ်နေသည်။ ဘလူချီ လူမျိုးစုများသည် အီရန်နှင့် ပါကစ္စတန် နိုင်ငံများအတွင်းသို့ စိမ့်ဝင် အံကျလာနေကြသည်။ ပထန်လူမျိုးစုများသည် ပါကစ္စတန်အနောက်မြောက်ပိုင်းသို့ စိမ့်ဝင်လာနေကြသည်။ တားဂျစ်နှင့် ဥဇဘက် လူမျိုးစုများသည် ယခင် ဆိုဗီယက် ယူနီယံအတွင်းသို့ ကူးလူး နေကြသည်။ သို့ဖြင့် အာရှအလယ်ပိုင်းတွင် မငြိမ်သက်မှုများ ပေါ်ပေါက်လာနိုင်သည်။ ကွန်မြူနစ်ဝါဒ မရှိသည့် နောက်တွင် အစ္စလာမ်သည် အရေးကြီးသည့် ပြဿနာတရပ် ဖြစ်လာခဲ့သည်။ နယ်စပ်တွင်ရှိသော မျိုးတူစု အချင်းချင်း ဆက်သွယ်မှုရှိပြီး နောက်ထပ် နိုင်ငံရေး ပေါင်းစည်းမှု အသစ်များ ဖြစ် မဖြစ် ဆိုသည်ကိုလည်း မည်သူမျှ မပြောနိုင်သေး။
‘ပဲစေ့ တစေ့တော့ ကျသွားတာပဲဗျ၊ အဲဒီ ပဲစေ့က ဘယ်လောက် အပင်ကြီးကြီး ပေါက်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်သေးဘူး’ ဟု နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ကာနက်ဂျီ ရန်ပုံငွေဌာနမှ လူမျိုးစုရေးရာ ကျွမ်းကျင်သူတဦး ဖြစ်သည့် ပေါဂိုဘယ်က ပြောသည်။
သို့ဖြင့် အာဖဂန် အင်အားစု အသီးသီးတို့သည် သူတို့နိုင်ငံကို တစုတည်း ပေါင်းစည်းရန် ကြိုးစားလျက် ရှိကြပါသည်။ ကာဘူး မြို့ပြင်ဘက်တွင် သူတို့သည် ယခင်က အစိုးရ စစ်သားများ၊ ပြည်သူ့စစ်များနှင့် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရန် စကားပြောနေကြသော်လည်း ကာဘူးမြို့ အတွင်းတွင်မူ ဒေါသတကြီးဖြင့် ရန်ဖြစ်နေကြသည်။ (နောင်တွင် လက်နက်ကိုင် တိုက်ခိုက်လာခဲ့ကြသည်) “အာဖဂန်နစ္စတန်နိုင်ငံဟာ မကူးစက်ဘဲနေမယ့် ရောဂါမျိုး မဟုတ်ဘူး” ဟု အရှေ့အလယ်ပိုင်းရေးရာ ကျွင်းကျင်သူတဦးက ပြောခဲ့သည်။
တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲလျှင် မည်မျှအခြေအနေဆိုးနိုင်ကြောင်းကို ရှည်ရှည်ဝေးဝေး ကြည့်ရှုစရာ မလိုပါ။ ၁၉၇၈ ခုနှစ်က အာဖဂန်နစ္စတန်တွင် ဆိုဗီယက်တို့ ထောက်ခံသည့် အာဏာသိမ်းပွဲ ပေါ်ပေါက်ခဲ့သည်။ နောက် လအနည်းအကြာတွင် အီရန်မှ ရှားဘုရင် ပြုတ်ကျသွားခဲ့သည်။ တီဟီရန်တွင် အနောက်တိုင်း ဆန့်ကျင်သူများက အမေရိကန်သံရုံးကို စီးနင်း တိုက်ခိုက်ခဲ့ကြသည်။ ထိုနေ့မှာပင် ကာဘူးတွင် ရှိသည့် အမေရိကန် သံအမတ် အဒေါ်ဒတ်ကို ကားပေါ်မှ ဆွဲချကာ သတ်ပစ်လိုက်ကြသည်။
ယခုအချိန်တွင် ပထ၀ီ နိုင်ငံရေး အခြေအနေသည် ပို၍ ရှုတ်ထွေးလာခဲ့သည်။ အာရှတိုက် အလယ်ပိုင်းတွင် ဆိုဗီယက် ယူနီယံသည် မရှိတော့။ သို့ရာတွင် မတည်ငြိမ်သော အစ္စလာမ် အာရှအလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်း ဒေသသည် ယမ်းအိုးကြီး ဖြစ်လာနိုင်သည်။
အာဖဂန်နစ္စတန်နိုင်ငံ စည်းလုံး ညီညွတ်ရေးသည် အားလုံး၏ အကျိုးဖြစ်သည်။ သို့ရာတွင် စည်းလုံး ညီညွတ်မှု ရရန်မှာ သိပ်လွယ်သည့် ကိစ္စမဟုတ်ပါ။ ၁၃ နှစ်ကြာ ဖြစ်ခဲ့သည့် ပြည်တွင်းစစ်ပွဲ ဒဏ်ရာ ဒဏ်ချက်ကလည်း ကြောက်စရာ ကောင်းပါသည်။ လူပေါင်း တသန်း သေခဲ့ပြီး ကျေးရွာအားလုံး၏ သုံးပုံတပုံ ပျက်စီးခဲ့ရပါသည်။ လမ်းများ ပျက်စီးခဲ့ရပါသည်။ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ရေးတို့ ဆုံးရှုံးခဲ့ရပါသည်။
အာဖဂန်နစ္စတန်သည် စစ်တုရင်ခုံတခုံ ဖြစ်သည်။ ယခင်က ထိုခုံတွင် စစ်တုရင်သမားများ ကစားခဲ့ကြသည်။ ယခု ထိုခုံတွင် စစ်တုရင်ရုပ်တွေ ကိုယ်တိုင် ကစားနေလေပြီ။

ရည်ညွှန်း။ Time, May, 11, 1992.

အုတ်လှငယ် (မြသန်းတင့်)

[နွယ်နီမဂ္ဂဇင်း၊ ၁၉၉၂၊ ဒီဇင်ဘာ]

Sunday, May 30, 2010

ဒီပဲယင်းအရေးတော်ပုံ(၇)နှစ်မြောက်ဆန္ဒပြလှုပ်ရှားတောင်းဆိုမှု


ဒီပဲယင်းအရေးတော်ပုံ(၇)နှစ်မြောက်ဆန္ဒပြလှုပ်ရှားတောင်းဆိုမှုကိုယနေ့ (30.05.2010) တနင်္ဂနွေနေ့ နေ့လည် (၁၂) နာရီ မှနေ့လည်(၂)နာရီအထိ ဂျပန်နိုင်ငံ Nagoya မြို့Sakae တွင်ကျင်းပပြုလုပ်ခဲ့ကြသည်။အဆိုပါဆန္ဒပြလှုပ်ရှားတောင်းဆိုမှုကိုဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ၊ မြန်မာ့အရးစိတ်ဝင်စားသောဂျပန်လူမျိုးများ၊မြန်မာ့ဒီမိုကရေစီအဖွဲ့ချူပ်(၊နဂိုယာနယ်မြေ) မှအဖွဲ့ဝင်ဒီမိုကရေစီအင်အားစုများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(လွတ်မြောက်နယ်မြေ၊ဂျပန်ဌာနခွဲ) (နဂိုယာစည်းရုံးရေးဒေသ)မှအဖွဲ့ဝင်များစုံညီစွာပူးပေါင်းပါဝင်ဆန္ဒပြခဲ့ကြပြီး လက်ရှိမြန်မာနိုင်ငံဧ။် အခြေအနေများကိုဂျပန်နိုင်ငံသားများနှင့်တကွ ဂျပန်အစိုးရမှသိရှိစေရန်လက်ကမ်းစာဆောင်များကိုဖြန့်ဝေ၍ဂျပန်နိုင်ငံသားများဧ။် ထောက်ခံမှုလက်မှတ်များကိုကောက်ခံခဲ့ကြသည်။ဆက်လက်ပြီးလက်ရှိမြန်မာနိုင်ငံစစ်အစိုးရ၏ တရားမျှတမှုမရှိသော၂၀၁၀ခုနှစ် အောက်တိုဘာလတွင်ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲအားဆန့်ကျင်၍ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုစေရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လည်လွတ်မြောက်ရေးအတွက်ဆန္ဒပြလှုပ်ရှားခဲ့ကြသည်။

ဒီပဲယင်းအရေးအခင်းနှင့် ပတ်သက်ပြီး ဦးတင်ဦး၏ ပြောကြားချက်

ဖိလစ်ပိုင် သမ္မတသစ်အတွက် အဖွဲ့ချုပ်က သ၀ဏ်လွှာပို့

Saturday, May 29, 2010

၁၉၉၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်ပွဲနှစ်(၂၀)ပြည့်အထိမ်းအမှတ်

Pamphlet 1
News from မြတ်လေးငုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၏ နှစ်(၂၀)ပြည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးနေ့ထုတ်ပြန်ကြေငြာချက်

Statement for May 27 Election Victory Day

News by မြတ်လေးငုံ

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်တိုး

ဖနိဒါ | သောကြာနေ့၊ မေလ ၂၈ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၉ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဖြန့်ဝေ၍ ထောင်ကျနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တဦးကို နောက်ထပ် ထောင်ဒဏ် ၁ဝ နှစ် ထပ်မံတိုးလိုက်ရာ စုစုပေါင်း ၁၄ နှစ်ခွဲ ဖြစ်သွားသည်။

တာမွေမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးက တာမွေမြို့နယ် လူငယ်တာဝန်ခံ ကိုကျော်မိုးနိုင် ခေါ် ကိုကျော်ကြီးကို အီလက်ထရောနစ် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁ဝ နှစ် ယမန်နေ့က ချမှတ်လိုက်သည်။

အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃(ခ)ဟူသည် နိုင်ငံတော် တည်ငြိမ်လုံခြုံရေးကို ထိခိုက်စေနိုင်သော သတင်းအချက်အလက်များကို အင်တာနက်မှတဆင့် ပေးပို့ဖြန့်ချီမှုဖြစ်ကာ ဒီမိုကရေစီလိုလားသော အတိုက်အခံများကို ထောင်ချရာတွင် စစ်အစိုးရက တွင်တွင်ကျယ်ကျယ် အသုံးပြုလာသော ဥပဒေ ဖြစ်သည်။

မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ရှိသည့်အနက် ”၂ဝဝ၅ ခုနှစ်နောက်ပိုင်း နှစ်ရှည်ထောင်ဒဏ်ချခံရသူ အကုန်လုံးလို” မှာ အီလက်ထရောနစ် အက်ဥပဒေဖြင့် စွဲဆို ထောင်ချခံရသည်ဟု ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“တရားသူကြီးဖတ်ပြတာက အီးမေးကို အသုံးပြုပြီးတော့ တဖက်က တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး သတင်းပို့တယ်ဆိုပြီးတော့ ပြောတယ်” ဟု တရားခွင်သို့ တက်ရောက်နားထောင်ခဲ့သော ကိုမျိုးသန်းထက်က ပြောသည်။ သို့သော်လည်း မည်သည့်အဖွဲ့အစည်းများ ဖြစ်သည်ကို တရားသူကြီးက ရည်ညွှန်းသွားခြင်းမရှိဟု သိရသည်။

ကိုကျော်မိုးနိုင်နှင့် ပါတီလုပ်ဖော်ကိုင်ဖက် ကိုအောင်အောင် ခေါ် ကိုအောင်အောင်ဦး၊ ကိုကျော်ဝင်းထွန်း ခေါ် ကိုဘိုထွန်းတို့က အတိုက်အခံခေါင်းဆောင်၏ ဓာတ်ပုံများ လမ်းသွားလမ်းလာများအား ရန်ကုန်မြို့ တာမွေအဝိုင်းအနီး ယခင်နှစ် ဇွန်လ ၁၂ ရက်နေ့က ဖြန့်ချီနေစဉ် ရဲက ဖမ်းဆီးခဲ့သည်။

ကိုကျော်မျိုးနိုင်ကို နိုင်ငံတော် ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ၂ နှစ် နှင့်တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ၂ နှစ်ခွဲချထားရာ အင်းစိန်ထောင်တွင် ရှိနေသည်။ ကျန် ၂ ဦးမှာလည်း နိုင်ငံတော်ဆူပူစေရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချခံရသည်။

လူငယ်များဖမ်းဆီးခံရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏ နေအိမ်သို့ မဖိတ်ခေါ်ဘဲ ခိုးဝင်လာသော အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ဧည့်ခံမှုဖြင့် အင်းစိန်ထောင်တွင်း တရားရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။

© Copyright 1998 - 2009 Mizzima News. All Rights Reserved

ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန်ဝန်ကြီးချုပ် နောက်ဆုံး စာတစောင်ရေး


ဧရာဝတီ Friday, May 28, 2010 .0ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းသည် ရာထူးမှ နုတ်ထွက်မည့် နေ့တွင် ၎င်း၏ အစိုးရ နေအိမ်မှ နောက်ဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ စာတစောင် ရေးသားခဲ့ကြောင်း သိရသည်။


ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်း
လန်ဒန်မြို့ရှိ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်မှ ဂေါ်ဒွန် ဘရောင်းက လက်ရေးဖြင့် ရေးထားသည့် စာတွင် “ကျနော် ရေးသမျှထဲမှာ ဝန်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နောက်ဆုံးရေးတဲ့စာပါ၊ မြန်မာပြည်အတွက် ခင်ဗျားရဲ့ ဒီမိုကရေစီအရေး စွမ်းဆောင်မှုကို ရပ်တည်ကာကွယ်ပေးဖို့ပါ။ ခင်ဗျားကို ကျနော် တတ်နိုင်သမျှ အားလုံး ထောက်ခံသွားမယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားဟာ ကျနော့်ကို အားတက်စေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော် တိုက်ပွဲဝင်သွားပါမယ်” ဟု ပါရှိကြောင်း New Statesman မဂ္ဂဇင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

တောင်အာဖရိကမှ နယ်လ်ဆင် မင်ဒဲလားနှင့် နေအိမ်အကျယ်ချုပ်ဖြင့် အထိမ်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်တို့သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျကြသူများဖြစ်ပြီး ဂေါ်ဒွန် ဘရောင်းအတွက် အကြီးအကျယ် စိတ်ခွန်အားပေးခဲ့သူများ ဖြစ်သည်ဟု စာထဲတွင် ဆက်လက်ရေးသားထားကြောင်း ဂေါ်ဒွန် ဘရောင်း၏ မိတ်ဆွေတဦးကို ကိုးကား၍ အဆိုပါ ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။

ဂေါ်ဒွန် ဘရောင်းသည် ၂၀၀၇ ဇွန်လတွင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီ အနိုင်ရပြီးနောက် မေလ ၁၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။

Copyright © 2010 ဧရာဝတီ.

အမေရိကန် လွှတ်တော် အမတ်များ စစ်အစိုးရကို ဝေဖန်ပြစ်တင်

ခက်ထန် Friday, May 28, 2010 .0၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အာဏာ လွှဲမပေးခြင်းနှင့် ၂၀၁၀ တွင် NLD ပါဝင်မှု မရှိဘဲ ရွေးကောက်ပွဲ ကျင်းပမည့် အပေါ် အမေရိကန် လွှတ်တော် အမတ် ၆ ဦးက ဝေဖန် ပြစ်တင်လိုက်သည်။

သြဇာရှိသည့် လွှတ်တော်အမတ်များ ဖြစ်သော မစ်ခ်ျ မက်ကော်နယ်၊ ဂျိုး လီဗာမန်၊ ဒိုင်ယာနီ ဖိန်းစတိန်း၊ ဂျဒ် ဂရက်၊ ဂျွန် မက်ကိန်းနှင့် ဆမ် ဘရောင်းဘက်ခ်တို့က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် အနှစ် ၂၀ ပြည့်တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး ဝေဖန်ရှုတ်ချလိုက်ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲ နှစ် ၂၀ ပြည့်မှာ မြန်မာပြည်သူတွေရဲ့ အနာဂတ်ကို သူတို့ ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ကျနော်တို့ရဲ့ ခံယူချက်ကို ထပ်လောင်း အတည်ပြုပါတယ်” ဟု လွှတ်တော် အမတ်များ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်အစိုးရက အာဏာကို ဆက်လက် ရယူထားခြင်းအား ရှုတ်ချလိုက်ပြီး နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများ၊ တိုင်းရင်းသားများနှင့် တွေ့ဆုံ ညှိနှိုင်းရန်လည်း တောင်းဆိုထားသည်။

အကျဉ်းကျနေသော NLD ပါတီဝင်များ မပါဝင်နိုင်အောင် ပြဌာန်းထားသော ရွေးကောက်ပွဲဥပဒေများအရ စစ်အစိုးရ ကတိပြုထားသော ရွေးကောက်ပွဲမှာ အတုအယောင်သာ ဖြစ်မည်ဆိုသည့် သဘောပင် ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဝေဖန်ထားသည်။

NLD သည် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေအရ ပါတီတည်ရှိမှု ပျက်ပြယ်သည့်တိုင် မြန်မာပြည်သူများနှင့် နိုင်ငံတကာ၏ အမြင်တွင် တရားဝင်မှု ပျောက်ဆုံးခြင်း မရှိကြောင်း လွှတ်တော် အမတ်များက ပြောသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က “မစ္စတာ မက်ကိန်းတို့ ပြောသလိုပဲ၊ နိုင်ငံတကာက ကျနော်တို့ကို နိုင်ငံရေးပါတီ အဖြစ် အသိအမှတ်ပြုနေတာပဲ၊ အလားတူ ပြည်သူတွေကလည်း အသိအမှတ်ပြုတာပဲ။ အစိုးရက အသိအမှတ်ပြုခြင်း မပြုခြင်းတွေက အရေးမကြီးဘူး၊ ကိုယ်လုပ်စရာ လုပ်ဖို့ပဲ။ ကျနော်တို့ကတော့ နိုင်ငံရေးပါတီ ရှိနေတယ်လို့ပဲ သဘောထားတယ်” ဟု ဦးဝင်းတင်က ပြောသည်။

လွှတ်တော် အမတ်များက အိုဘားမား အစိုးရအနေဖြင့် မြန်မာနိုင်ငံလက်ရှိ အရေးအတွက် အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ပူးပေါင်းဆောင်ရွက်မည့်သူ ခန့်ထားရန်လည်း တိုက်တွန်းထားသည်။

အမေရိကန် လွှတ်တော်အမတ်များ၏ ပူးတွဲကြေညာချက်၊ တိုက်တွန်းချက်များက စစ်အစိုးရအပေါ် သက်ရောက်မှု ရှိမရှိဆိုသည်မှာ စစ်အစိုးရ အပေါ်၌သာ မူတည်သည်ဟု ဦးဝင်းတင်က ဆိုသည်။

လွှတ်တော် အမတ်များ၏ ပူးတွဲ ကြေညာချက် မထုတ်ပြန်မီက အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် မြန်မာ နိုင်ငံသို့ လာမည့် ဇွန်လ ၄ ရက်နေ့တွင် လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ဂျင်မ် ၀က်ဘ်သည် ယမန်နှစ် သြဂုတ်လလယ်ကလည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို သီးခြားစီတွေ့ ဆုံခဲ့သည်။

ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းထဲသို့ ရေကူးဝင်ရောက်ခဲ့မှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် အမေရိကန် နိုင်ငံသား ဂျွန် ယက်ထောကို စစ်အစိုးရက လွှတ်ပေးရန် လုပ်ဆောင်နိုင်ခဲ့သည်။


Copyright © 2010 ဧရာဝတီ.

Friday, May 28, 2010

ဆရာသုမောင်အမှတ်တရ- ခလုတ်တိုက်မိသောစရိုက်များ

thu mg.p

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဦးတင်ဦးအိမ်မှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲ အနိုင်ရ နှစ်(၂၀)ပြည့် အမှတ်တရ တွေ့ဆုံပွဲ ဓာတ်ပုံမှတ်တမ်း.




ဓာတ်ပုံပေးပို့လာသူ ကိုစိုင်း၊ မြတ်လေးငုံ...

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဦးတင်ဦးအိမ်မှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲ အနိုင်ရ နှစ်(၂၀)ပြည့် အမှတ်တရ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

" အမှတ်တရ တွေ့ဆုံပွဲပါ။ ကြေငြာချက် ထုတ်တာတော့ မရှိပါဘူး... သမိုင်းပေါ့ ၉၀ခုနှစ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲ အောင်နိုင်မှုသမိုင်း ... ဒီသမိုင်း မပျောက်ဘူးဆိုတာ ပြသတဲ့ သဘောပါ။ တိုင်းရင်းသားအဖွဲ့အစည်းတွေ လည်းလာကြပါတယ်။ လူ၁၀၀ကျော်လောက် ရှိပါတယ်။ ဒါတောင်မှ သီးခြားဖိတ်စာ ထုတ်တာတွေတောင် မလုပ်ပဲနဲ့ လာကြပါတယ်။ အခမ်းအနားရယ် လို့တော့ မဟုတ်ပါဘူး အမှတ်တရ တွေ့ဆုံပွဲ လုပ်တာပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။


ရွေးကောက်ပွဲအနိုင်ရ အထိမ်းအမှတ်ကျင်းပ
ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၁ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဖျက်သိမ်းခံလိုက်ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အသိအမှတ် အပြုမခံရသော ပါတီအောင်ပွဲ နှစ် ၂ဝ ပြည့် အထိမ်းအမှတ် စုဝေးမှုကို ဦးတင်ဦး၏ နေအိမ်တွင် ယနေ့ပြုလုပ်ကြသည်။

အတိုက်အခံနိုင်ငံရေးသမား ၁၅ဝ ခန့်က အန်အယ်ဒီ၏ ၁၉၉ဝ ခုနှစ် မေ ၂၇ ရက်နေ့က အထွေထွေ ရွေးကောက်ပွဲများ မဲအပြတ်အသတ်ဖြင့် အနိုင်ရခြင်း စုဝေးမှုကို တက်ရောက်ခဲ့ကြသည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်များကို ပါတီမှထုတ်ပစ်ရန် သတ်မှတ်ထားသော ရွေးကောက်ပွဲဥပဒေများကြောင့် မေ ၆ ရက်နေ့တွင် ပါတီမှတ်ပုံပြန်လည်မတင်ဘဲ ထားခဲ့ရာ ပါတီပျက်ပြယ်သည်ဟု စစ်အစိုးရက သတ်မှတ်ထားသည်။

နိုင်ငံရေးအကျဉ်းသားအချို့အား ကူညီထောက်ပံ့ငွေပေးခြင်း၊ ဦးတင်ဦးနေအိမ်ဝင်းအတွင်း သစ်ပင် စိုက်ပျိုးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။ ယခင်နှစ်များက အန်အယ်ဒီ၏ ရုံးချုပ် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အဆောက်အအုံတွင် အခမ်းအနားများ ကျင်းပရာ နိုင်ငံခြားသံတမန်များ ပုံမှန်တက်ရောက်ခဲ့သော်လည်း ယခုနှစ် စုဝေးမှုတွင် မတွေ့ရပေ။

“ ၁၉၉ဝ လှုပ်ရှားခဲ့တာတွေနဲ့ ဒီနေ့အခြေအနေအထိ ဖြတ်သန်းခဲ့ရတဲ့အကြောင်းတွေကို ဆွေးနွေးကြတာပါဘဲ။ ဒီခေတ်လူငယ်တွေ သိအောင် ပြောပြတာပါဘဲ” ဟု အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရက ထုတ်ပြန်ထားသည့် ယခုနှစ် ရွေးကောက်ပွဲဥပဒေများအရ NLD ပါတီသည် မေလ ၇ ရက်နေ့မှစ၍ အလိုလိုပျက်ပြယ်ပြီဟု ဆိုသော်လည်း အဖွဲ့ချုပ်ကမူ ပါတီသည် ရှင်သန်လျက်ရှိပြီး လူမှုရေးလုပ်ငန်းများ ဆက်လုပ်မည်ဟု ပြောသည်။

အောက်ခြေ အာဏာပိုင်များ၏ ဖိအားကြောင့် အဖွဲ့ချုပ်မြို့နယ်ရုံးတချို့၏ ဆိုင်းဘုတ်များကို ဖြုတ်ချခဲ့ သော်လည်း ဗဟိုရုံးချုပ်၌မူ ရုံးတက်ရုံးဆင်း ပုံမှန်လုပ်နေပြီး နိုင်ငံရေးကိစ္စဖြစ်သောကြောင့် ယနေ့ပွဲကို နေရာရွှေ့လုပ်ခြင်းဖြစ်ကြောင်း ဦးဝင်းတင်ကပြောသည်။

အလားတူ မန္တလေးတောင်တွင် သရက်ပင်၊ ပိန္ဒဲပင်များကို အပင် ၂ဝ ကျော် စိုက်ပျိုးခဲ့ပြီး မိဘမဲ့ ဘုန်းကြီးကျောင်းတကျောင်းတွင် ကျောင်းသား ၁ဝဝ ခန့်ကို စာအုပ်၊ ခဲတံများ လှူဒါန်းခဲ့ကြကြောင်း မန္တလေးတိုင်းစည်းအဖွဲ့ဝင် ကိုမျိုးဟန်က ပြောသည်။

ရေနံချောင်းမြို့နယ်တွင် ဘေးမဲ့ရပ်ကွက်မှ ကျောင်းသား ၁ဝဝ ခန့်ကို ပလာစာအုပ်၊ ခဲတံ၊ ခဲဖျက် တို့ လှူဒါန်းခဲ့ကြသည်ဟု မကွေးတိုင်း အဖွဲ့ချုပ် အမျိုးသမီး ဥက္ကဌ ဒေါ်ခင်စောဌေးက ပြောသည်။

စစ်မှန်သည့် ဒီမိုကရေစီစနစ် ထွန်းကားပြီး ပြည်သူလူထု၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန်နှင့် စစ်အစိုးရခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးအဖြေရှာရန် ယနေ့ ထပ်မံတောင်းဆို လိုက်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည်။

NLD သည် လူမှုရေးလုပ်ငန်းများဖြစ်သည် နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက်ပံ့ခြင်း၊ ရေပြတ်လပ်နေသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ရေများ လှူဒါန်းခဲ့သည်။ စက်ရေတွင်းများ တူးပေးရန်လည်း အစီအစဉ်များ စတင်နေပြီဖြစ်သည်။

စစ်အစိုးရက ဖွဲ့စည်းပုံအခြေဥပဒေအသစ်ရေးဆွဲမှု ၁၄ နှစ်ကြာပြုလုပ်ပြီး အငြင်းပွားဖွယ်ရာ ဆန္ဒခံယူပွဲဖြင့် ထောက်ခံမဲ ၉၂ ရာခိုင် နှုန်းကျော် ရရှိကြောင်း ကြေညာခဲ့သည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် NLD သည် မဲ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သော် လည်း စစ်အစိုးရက အာဏာလွှဲပေးခြင်း မရှိပေ။

© Copyright 1998 - 2009 Mizzima News. All Rights Reserved

၁၉၉၀ ပြည့်နှစ် မေလ(၂၇) ရက် နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း...

Book of Record on 1990 General Elections

သတင်း ဒီမိုဝေယံ

ခွပ်ဒေါင်းအလံ

မောင်စွမ်းရည်
မေ ၂၆၊ ၂၀၁၀
ဒေါင်းပျိုထိုးဆွပ်
ဘယ်ညာခွပ်၍
လွတ်လပ်ရလေ
တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား- လို့
ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့ရဲ့ ဆရာလဲဖြစ်၊ ရဲဘော် ရဲဘက်လဲဖြစ်တဲ့ စာဆိုကြီး မင်းသုဝဏ်က ခွပ်ဒေါင်းအလံကို ဂုဏ်ပြုဖွဲ့ဆိုခဲ့ပါတယ်။


ရှေးက မြန်မာနိုင်ငံတော်ရဲ့ အလံဟာ “ကဒေါင်းပုံ” ဖြစ်ပါတယ်။ “ကဒေါင်း”ဆိုတာ အမြီးဖြန့်ကားပြီး ကနေတဲ့ဒေါင်းပေါ့။ ကဒေါင်းကို “နေ” ကယူပါတယ်။ “နေ”ထဲမှာ ဒေါင်းပုံ ပါရှိပြီး “လ” ထဲမှာ “ယုန်” ပုံ ပါရှိတယ်လို့ ဗမာ့ရိုးရာ အယူအဆ ရှိပါတယ်။ ၀ံသာနုခေတ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “ဒေါင်းဋီကာ” “ဒေါင်ဂဏ္ဌိ” စတဲ့ “ဒေါင်း” အဖွင့် စာပေတွေ ပြုစုလို့ အမျိုးသားကျောင်းတွေမှာ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ၀ံသာနုခေတ်လို့ ခြုံငုံပြီးခေါ်တဲ့ခေတ်မှာ အရေးပါတဲ့ အဖွဲ့အစည်းက ဗမာပြည်တ၀န်းရှိ ၀ံသာနု ၀ိုင်အမ်မ်ဘီအေ အသင်းတွေကို စုစည်းထားတဲ့ ဂျီစီဘီအေ အသင်းချုပ်ကြီးပါ။
ဗုဒ္ဒဘာသာကလျာဏယုဝအသင်း ပေါ်ပေါက်လွှမ်းမိုးတဲ့ခေတ်ကို ၀ံသာနုနိုင်ငံရေးခေတ်လို့ ခေါ်လေ့ရှိပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း နာယကအဖြစ်နဲ့ ဦးဆောင်တဲ့ သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်သိန်းဖေ၊ သခင်ဗဟိန်းစတဲ့ သခင်လူငယ်တွေ လွှမ်းမိုးတဲ့ နိုင်ငံရေးခေတ်ကိုတော့ သခင်နိုင်ငံရေးခေတ်လို့ ခေါ်ခဲ့ကြပါတယ်။
သခင်ခေတ်မှာ လွတ်လပ်ရေးကို လက်ဖြန့်တောင်းလို့ မရတော့ဘူး၊ တိုက်ယူမှ ရတော့မယ်ဆိုပြီး ဆရာကြီးမှိုင်းကစ လူသိရှင်ကြားပြောဟောခဲ့ပါတယ်။ ခေတ်သစ်လူငယ်လေးတွေ ဆိုတာ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်က မွေးထုတ်လိုက်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသားတွေက ဖြစ်လာခဲ့တာပါပဲ။ ၀ံသာနုခေတ်လို့ အမျိုးသားရေး အလွမ်းသည်တဲ့ ခေတ်မဟုတ်တော့ဘဲ လက်သီးလက်မောင်းတန်းတဲ့ ခေတ်ဖြစ်လာပါပြီ။ တက္ကသိုလ် သမဂ္ဂမှာလဲ “အိုးဝေ” ဆိုတဲ့ ဒေါင်းသံ ရင့်ကျူးလာခဲ့ပါပြီ။ ကိုအောင်ဆန်းနဲ့ ကိုညိုမြတို့ တီထွင်ခဲ့တဲ ကျောင်းသားအသံ မဂ္ဂဇင်းပါ။ သူတို့တတွေဟာ တက္ကသိုလ်သမဂ္ဂတို့သာမက၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂကိုပါ တည်ထောင်ဖွဲ့စည်းပြီး ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲဝင်ခဲ့ကြပါပြီ။ ခွပ်ဒေါင်းအလံကို စွဲကိုင်ခဲ့ကြပါပြီ။
ရန်ကုန်တက္ကသိုလ်မှာ ကိုဗဆွေလေး၊ မန္တလေးတက္ကသိုလ်မှာ မောင်သာနိုးတို့ဟာ ခွပ်ဒေါင်းပုံကို စုတ်နဲ့ တကြောင်းဆွဲ ရေးဆွဲလေ့ ရှိခဲ့ကြပါတယ်။ အဲဒီခေတ် (၁၉၆၀) ၀န်းကျင်မှာ ကျနော် တကသ အမှုဆောင်အဖြစ် ကိုသာနိုးတို့နဲ့အတူ ပါဝင်လုပ်ဆောင်တဲ့အခါ ကျနော်လဲ ခွပ်ဒေါင်းပုံအဆွဲ လေ့ကျင့်ခဲ့ပါတယ်။ (ကိုစိန်မြင့် (ခုမောင်မိုးသူ) နဲ့ ကိုစိန်မောင် (ပန်းချီ) တို့ဟာ ခွပ်ဒေါင်းပိုစတာဆွဲရာမှာ ထူးချွန်သူတွေအဖြစ် အခွင့်သာတုန်းမှာ မှတ်တမ်းတင်ပါရစေ။) ဒီလိုခွပ်ဒေါင်းပုံတွေရေးဆွဲခဲ့ပေမဲ့ ကျနော်တို့တတွေဟာ မူလ ခွပ်ဒေါင်းအကြောင်းကို မစပ်စုမိခဲ့ပါဘူး။ အောင်ဆန်းခေတ်မှာပေါ်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် အမှတ်တံဆိပ်လို့သာ ယေဘုယျ နားလည်ခဲ့ရပါတယ်။
အမေရိကားရောက်တော့မှ ဆရာဒဂုန်တာရာတို့ ဖုန်းနဲ့လှမ်းမေးခဲ့တော့ သူတို့ခေတ်မှာ (အောင်ဆန်းခေတ်မှာ) ကာတွန်းကိုဘဂျမ်း ရေးဆွဲပေးခဲ့တာကိုပဲ ရေးရေးသတိရတော့တယ်လို့ ဖြေပါတယ်။ ခုအခါ ဆရာတာရာနဲ့ သခင်အုန်းမြင့်စတဲ့ အောင်ဆန်းခေတ်ပြိုင်ပုဂ္ဂိုလ်တွေနဲ့ ရှေးမီနောက်မီ ပုဂ္ဂိုလ်တွေကို အသေးစိတ် ဆက်လက်မေးမြန်း ထားသင့်ကြပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ရှင်လူရဟန်းတွေ အများကြီး ပါဝင်လာခဲ့ပေမဲ့ တကယ်ရှေ့ဆောင် လှုပ်ရှားခဲ့တာကတော့ ခွပ်ဒေါင်းအလံကိုင် ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ဗကသဆိုတာကို ခေတ်အဆက်ဆက် အစိုးရတွေ ဖိနှိပ်ဖြိုဖျက်လာခဲ့ပေမဲ့ ခေတ်အဆက်ဆက်ကျောင်းသားတွေက ပြန်လည်ဖွဲ့စည်းပြီး ခွပ်ဒေါင်းအလံကို တိုက်ပွဲဝင်အလံအဖြစ် သွေး၊ ချွေး၊ မျက်ရည်တွေ ရင်းနှီးပြီး ဆက်လက် လွှင့်ထူခဲ့ကြပါတယ်။
ဒါကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အသိအမှတ်ပြုပြီး တော်လှန်ရေးကြယ်ဖြူနဲ့ ခွပ်ဒေါင်းတို့ ပေါင်းစပ်လိုက်ပါတယ်။ တိုက်ပွဲသမိုင်းကြီး တခုလုံးကို ထင်ဟပ် လေးနက်စေခဲ့ပါတယ်။
ခုခေတ်ဟာ ဒီမိုကရေစီရေး တိုက်ပွဲဝင်တဲ့ ခေတ်ပါ။ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲခေတ်ပါ။ တိုက်ပွဲဝင်ဆဲကာလ ဖြစ်လို့ တိုက်ပွဲ အထိမ်းအမှတ် ခွပ်ဒေါင်းဟာ အလွန့်အလွန် အဓိပ္ပါယ်ရှိပြီး အလေးအနက် ထားရပါလိမ့်မယ်။
တိုက်ပွဲမ၀င်ရဲသူ၊ သစ္စာဖောက်သူ၊ သွေဖယ်ဖောက်ပြန်သူတွေဟာ ခွပ်ဒေါင်းအလံကို ကိုင်ဆောင်ဖို့ဝေးစွ အရိပ်တောင် မနင်းရပါဘူး။ တိုက်ရဲသူတို့အလံကို ချောင်ကြိုချောင်ကြားက အမြီးကုပ် ထွက်လာသူမျိုးက မတန်မရာကိုင်ရင် မိုးကြိုးပစ်ပါစေ။ မစိုးရိမ်ဆရာတော်ကြီး အမိန့်ရှိဖူးသလို ကံကြီးထိုက်တတ်ပါတယ်။ ခေတ်အဆက်ဆက် သွေးမြေကျခဲ့ကြရတဲ့ ကျောင်းသားတွေရဲ့ ၀ိဉာဉ်ကလဲ အလံကို စောင့်ရှောက်ပါစေ။ လက်ရှိတိုက်ပွဲဝင် ကျောင်းသားတွေက ကာကွယ်နိုင်ပါစေသတည်း။
ခွပ်ဒေါင်းအလံကို အလေးပြုနီလျက် …
မောင်စွမ်းရည်။ ၂၀၁၀ မေ ၆။ နယူးယောက်။


© 2010 MoeMaKa Radio & Multimedia

Thursday, May 27, 2010

ဈေးသည်မလေးမှ ပညာပန်းဆွတ်ခူးနိုင်ဖို့



ရေးသားသူ - ကယားထဲ

12345(2 မဲ)နွေနှောင်းမှ မိုးဦးကာလ ကူးပြောင်းချိန်ရဲ့ မနက်ခင်းဝေလီဝေလင်းအချိန်မှာ ဆယ်ကျော်သက်အရွယ် မိန်းခလေးတစ်ဦး လေးလံနေပုံရတဲ့ ပုလိုင်းတစ်လုံး ကိုရွက်လို့ သူမရဲ့ အသွက်လက်ဆုံး ခြေလှမ်းနဲ့ လျှောက်လှမ်းနေတယ်။

သူမခြေလှမ်းတွေက ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ဈေးကို ဦးတည်သွားနေတာပါ။ သူမဟာ (၄)မိုင်ဝေးသော မိုဆိုကျေးရွာဘက်မှ မနက်မိုးမလင်းခင်ကတည်းကပင် ခြေလျှင်ခရီးနဲ့ ထွက်လာခဲ့ခြင်းဖြစ်တယ်။

ဈေးထဲကိုရောက်တော့ သူမရဲ့ပုလိုင်းထဲကနေ အစိတ်စိတ်အမွှာမွှာခုတ်ထားတဲ့ ပိန္နဲသီးအစိမ်းနဲ့ မန်ကျည်းရွက်နုများကို တစီတရီနဲ့ ခင်းကျင်းနေတယ်။ သူမက ဈေးဝယ်လာတဲ့ သူတွေနဲ့ ကျနော့်ကို မျက်လုံးလေး ကလယ်ကလယ်နဲ့ အားပေးပါ အုံးဆိုတဲ့ အကြည့်လိုမျိုးနဲ့ လိုက်ကြည့်နေတယ်။

ကျနော်လည်း အားပေးဖို့ သူမရဲ့ပိန္နဲသီးအမွှာလေး ခင်းကျင်းထားတဲ့ရှေ့မှာ ရပ်လိုက်တဲ့အခါ “အစ်ကို တစ်ပုံကို ငါးဆယ်ပါ”လို့ ကယောဘာသာစကားနဲ့ လေသံဝဲ၀ဲလေး ပြောပါတယ်။ အသီးတွင်သာမက အစေ့မှာပင် အဟာရဓာတ် များစွာပါဝင်တဲ့ ပိန္နဲသီးကို ကျနော်အားပေးလိုက်ပါတယ်။ အဲဒီနောက်ကျနော်သူမနဲ့ ခင်မင်မှုရရှိသွားပြီး သူမအကြောင်း အနည်းငယ်ကို သိလိုက်ရတယ်။သူမနာမည်က ကာမေးလယ်တဲ့။

အပတ်တိုင်းနေ့တိုင်း ကာမေးလယ်ဟာ ဖရူးဆိုဈေးသို့သာမက တခြားဈေးများကိုလည်း ယခုလို သွားရောင်းလေ့ရှိကြောင်း ပြောတယ်။ အကြောင်းကတော့ ယခုလို ကျောင်းပြန်ဖွင့်တော့မည့် အချိန်သည် ကျောင်းသူ/သား လူငယ်မောင်မယ်များ ကျောင်းတက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ကြရသော အချိန်အခါဖြစ်နေလို့ပါပဲ။

ကာမေးလယ်က “အိမ်ပြန်ရင်ဆားဝယ်ရမယ်။ ကျန်တာကို စာအုပ်တွေဝယ်ဖို့ စုထားတာ” လို့ ပိန္နဲသီးများ ရောင်းရတဲ့ ငွေတွေကို ရေတွက်ရင်း ပြောသွားတယ်။

လာမည့်ဇွန်လ ကျောင်းပြန်ဖွင့်ချိန်ရောက်လျှင် အလယ်တန်းကျောင်း ပဉ္စမတန်း ကိုတက်ရမှာမို့ ကျောင်းစရိတ်များကို စုဆောင်းထား ခြင်းဖြစ်ပါတယ်လို့ သူမက ဆက်ပြောပါတယ်။

သူမဟာမိဘများ မရှိတော့လို့ အဖိုး၊အဖွားနဲ့ဘဲနေပြီး ဘ၀ကို ရုန်းကန်နေရသူတစ်ဦး ဖြစ်ကြောင်း သိလိုက်ရတယ်။ မိမိရဲ့ပညာရေးမနှောင့်နှေးရအောင် ဘ၀ ကိုရုန်းကန် ကြိုးစားနေတဲ့ သူမဟာ ပညာရေးကိုပိုပြီး တန်ဖိုးထားတတ်လာတာ ကိုတွေ့ရတယ်။

“အတန်းကြီးတက်ရတော့မယ်ဆိုတော့ အများကြီးပိုကြိုးစာရမယ်” လို့ သူမက ကျနော့်ကို ပညာဆက်လက် မသင်ကြားနိုင်တော့မှာကို စိုးရိမ်တဲ့ အသံလေးနဲ့ ပြောသွားရှာတယ်။

ကျနော်တို့ မြန်မာနိုင်ငံတခုထဲမဟုတ်ပါဘူး။ တခြားနေရာဒေသတွေမှာလဲ ပညာရေးနဲ့ ပတ်သက်ပြီး တန်းတူရေး၊ တရားမျှတရေးဟာ ကာမေးလယ်တို့လို မရှိဆင်းရဲသားတွေအဖို့ မရှိကြပါဘူး။

ဒါပေမဲ့ ဆင်းရဲနေတဲ့အတွက် ဘာမှမလုပ်ပဲ ဆင်းရဲဒဏ်ကို ဒီအတိုင်းခံနေလို့မဖြစ်ပါဘူး။ ကျနော်တို့မြန်မာနိုင်ငံမှာ ဆင်းရဲသားတွေအဖို့ ကာမေးလာလိုဘဲ အရွယ်နဲ့မလိုက်အောင် အလုပ်ကိုကြိုးစားပန်းစားလုပ်မှသာ ပညာကို သင်ကြားခွင့် ရတော့မှာပါ။



Copyright © 2009 Kantarawaddy Times

Wednesday, May 26, 2010

အမေရိကန် ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံသို့ ထပ်သွားမည်

မုံပီး | ဗုဒ္ဓဟူးနေ့၊ မေလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၁၅ မိနစ် .
အိုကလာဟိုးမား (မဇ္ဈိမ) ။ ။ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် ယခုလ ၂၉ ရက်နေ့တွင် စတင်မည့် အာရှ ၃ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာစစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေးကို လိုလားသူတဦးဖြစ်သည်။သူသည် မြန်မာနိုင်ငံသို့ ၂ဝဝ၉ ခုနှစ် သြဂုတ်လကလည်း လာရောက်ခဲ့သူဖြစ်ကာ၊ မြန်မာနိုင်ငံသို့ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် လာရောက်ခဲ့သည့် အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် ဖြစ်သည်။

မစ္စတာ ဝက်ဘ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မည်သည့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမည်ကိုမူ မသိရသေးပေ။

“အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ်သည် ၂ဝ၁ဝ ခုနှစ် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အထိ ကိုးရီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံသို့ သွားရောက်လိမ့်မည်” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်၏ ဌာနက ယမန်နေ့ ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် အမေရိကန် ပြည်ထောင်စု ဆီးနိတ် လက်နက်ရေးရာ ကော်မတီ၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

မစ္စတာ ဝက်ဘ်သည် အစိုးရ အရာရှိများ၊ အမေရိကန် သံတမန်များ၊ စစ်ဖက်ဆိုင်ရာ အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု ဆိုထားသည်။

ဆီးနိတ်အမတ်သည် ‘အမေရိကန်အနေဖြင့် အာရှနိုင်ငံများနှင့် ဆက်ဆံရေး ဆုတ်ယုတ်ကျဆင်းလာပါက တရုတ်နိုင်ငံ၏ သြဇာသည် ထိုအာရှနိုင်ငံများအား လျင်မြန်စွာ လွှမ်းမိုးလာလိမ့်မည်’ ဟု ယူဆထားသူဖြစ်ကာ အာရှဒေသရှိ နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ထူထောင်ရန် စိတ်အားထက်သန်စွာ ထောက်ခံသူတဦး ဖြစ်သည်။

“အခုအချိန်ဟာ အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ် နိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံကို ဒေသတွင်း တည်ငြိမ်ရေးနဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် တာဝန်ယူ လုပ်ဆောင်လာစေဖို့ တိုက်တွန်း ဖိအားပေးရမယ့် အချိန်ဖြစ်ပါတယ်” ဟု မစ္စတာ ဂျင်မ်ဝက်ဘက်က ဆိုခဲ့သည်။

မြန်မာနိုင်ငံ ခရီးစဉ်သည် စစ်အစိုးရက ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အကြီးအကျယ် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေသည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲသည် အဓိက အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင် ပါဝင်လာစေခြင်း မရှိနိုင်ရန် ကန့်သတ်ထားသဖြင့် အမေရိကန် အပါအဝင် နိုင်ငံများစွာက ဝေဖန်နေကြသည်။

“မစ္စတာ ဂျင်မ်ဝက်ဘ်၏ အာရှ ၃ နိုင်ငံ ခရီးစဉ် ထွက်ပေါ်လာချိန်သည် ထို ၃ နိုင်ငံလုံးတွင် ပဋိပက္ခများ ဖြေရှင်းနေရသည့် အချိန်လည်း ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ ချိုနန် စစ်ရေယာဉ်သည် မြောက်ကိုရီးယားနိုင်ငံမှ တော်ပီဒိုဖြင့် ပစ်ခတ်နှစ်မြှုပ်ခြင်း ခံထားခဲ့ရပြီး၊ ထိုင်းနိုင်ငံတွင်မူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကြမ်းဖက် ဆန္ဒပြမှုများကို နှိမ်နင်းခဲ့ရကာ မြန်မာနိုင်ငံတွင်မူ စစ်အစိုးရက အတိုက်အခံများအား ဖိနှိပ်နေဆဲ” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်၏ ဌာနမှ သတင်းထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် မေလအတွင်း အမေရိကန် ထိပ်သီး နိုင်ငံရေးသံတမန်များ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကမ်းဘဲလ်သည် မြန်မာနိုင်ငံသို မေလဆန်းက လာရောက်ခဲ့သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်၏ ခရီးစဉ်နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံးနှင့် အင်အားအကြီးဆုံးသော မဟာမိတ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ဇွန်လ ၂ရက်နေ့၌ မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိသည်။

မေလ ၁ဝ ရက်နေ့က ဒေါက်တာ ကမ်းဘဲလ်သည် စစ်အစိုးရအား အတိုက်အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းရန် ပျက်ကွက်နေခြင်းကို အပြစ်တင် ဝေဖန်လိုက်ပြီး ရွေးကောက်ပွဲအား အားလုံးပါဝင်လာနိုင်ကာ တရားမျှတမှု ရှိလာစေရေးကို တိုက်တွန်းခဲ့သည်။

ထို့အပြင် နိုင်ငံတဝှန်းရှိ အကျဉ်းထောင်များတွင် ရှိနေသော နိုင်ငံရေး အကျဉ်းသား ၂၁ဝဝ ခန့်ကိုလည်း ချက်ချင်း လွှတ်ပေးရန်ကိုလည်း တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲသည် တရားမျှတမှု မရှိပါက နိုင်ငံအတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ဖော်ဆောင်ရန် ခက်ခဲနေလိမ့်ဦးမည်ဟု သတိပေး ပြောဆိုခဲ့သည်။

မစ္စတာ ဝက်ဘ်သည် ပြီးခဲ့သည့်နှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အင်းလျားကန်မှတဆင့် တိတ်တဆိတ် ရေကူးဝင်ရောက်သဖြင့် ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ပြစ်ဒဏ်ချအပြီး ရက်ပိုင်းအကြာတွင် သူနှင့်အတူ တပါတည်း ခေါ်ဆောင်သွားနိုင်ခဲ့သူဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း ၁၄ နှစ်ခန့် နေအိမ်အကျယ်ချုပ် ကျခံနေရသူ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာ ယက်တောက သူမ၏ နေအိမ်အတွင်းသို့ ကျူးကျော် ဝင်ရောက်ခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟု ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခြင်း ခံခဲ့ရသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုပြစ်ဒဏ်အား လျှော့ပေါ့ပေးသည်ဟုဆိုကာ နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံစေခဲ့သည်။

© Copyright 1998 - 2009 Mizzima News. All Rights Reserved

Tuesday, May 25, 2010

လူထုနဲ့ တသားတည်းဆိုတဲ့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်


ဧပြီလလည် မြန်မာနှစ်ဆန်းအပြီးကတည်းက ပဲခူးနယ်တ၀ှမ်းက ရေရှားပါးမှုပြဿနာများကို ပြည်ပက မြန်မာသတင်းစာမျက်နှာများနဲ့ ပြည်ပရေဒီယိုဌာနအစီအစဉ်များကတဆင့် မြန်မာတို့ ကြားသိလာကြရပါတယ်။ အဲသည်နောက် ဧပြီလကုန်မှ စတင်ပြီး ပဲခူးမြို့နယ်၊ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့် က ဒေသခံများ၊ စေတနာရှင်များနဲ့ လက်တွဲပြီး ရေပေးလှူခြင်းများကို ၀ိုင်းဝန်း ကူညီ ဆောင်ရွက်လာတာကို တွေ့ရပါတယ်။
မေလမှာတော့ဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ကလည်း တတပ်တအား ရေအလှူဒါနလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်လာပါတယ်။ ထို့အတူ အင်န်အယ်ဒီပါတီရဲ့ လူမှုအထောက်အကူလုပ်ငန်းအဖွဲ့များ၊ လူငယ်များနဲ့ အမျိုးသမီးများကလည်း ရေပေးဝေရေးအလုပ်များကို ၀ိုင်းဝန်းလျက် ရှိတာကို တွေ့ရပါတယ်။
ဒေသခံများနဲ့ အလှူရှင်တွေ၊ စေတနာရှင်တွေ၊ လုပ်အားပေးတွေနဲ့အတူ အမြဲတမ်း တက်တက်ကြွကြွတွေ့နေရတဲ့ အဖွဲ့ကတော့ ဦးအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့ ဖြစ်ပါတယ်။ သတင်းမီဒီယာအဖွဲ့များက ဆက်သွယ်မေးမြန်းတိုင်းမှာလည်း ဦးအေးမြင့်တို့က အချိန်ပေးပြီး ဒေသရဲ့ အခြေအနေတွေ၊ ဆောင်ရွက်ချက်တွေကို အချိန်ယူပြီး အသေးစိတ် ရှင်းပြတဲ့အတွက် နေ့စဉ် သတင်းမီဒီယာနဲ့ ဘလောဂ့်စာမျက်နှာတွေမှာ လှုပ်ရှားမှုတွေကို တွေ့နေ၊ သိနေကြတာကို တွေ့ရပါတယ်။
ယနေ့ ဦးအေးမြင့်နဲ့ တွေ့ဆုံခိုက် ပထမဦးဆုံးမေးမိတာက ကလေးစစ်သားတွေ မိဘတွေနဲ့ ပြန်ဆုံတွေ့ကြပြီလား ဆိုတာ ဖြစ်ပါတယ်။ ဦးအေးမြင့်က ကလေးစစ်သားတွေကို မိဘတွေအိမ်ပြန်ရောက်သွားကြပြီလို့ ဖြေကြားပါတယ်။ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး လက်လှမ်းမီသမျှတွေကို မေးမြန်းမိပါတယ်။
“အဓိကကတော့ အင်န်အယ်ဒီရဲ့ အခမ်းကဏ္ဍပျောက်ကွယ်သွားမှာကို စိုးရိမ်မိတယ်။ ဒါကို ပထမဦးဆုံး ပြောချင်ပါတယ်။ ကျနော့်ရင်ထဲမှာ ရှိတဲ့ စေတနာကို အရင်းခံအတိုင်းပြောရရင်တော့ အင်န်အယ်ဒီပါတီဟာ မိမိပါတီ မဟုတ်ပေမဲ့ ကျနော်တို့တတွေဟာ အင်န်အယ်ဒီနဲ့လည်း တသားတည်း ရှိနေတယ်ဆိုတာကို သိစေချင်ပါတယ်။”
အဲသည်မှာ မေးဖြစ်တာက အခုအချိန်မှာ ဒေသခံတွေနဲ့ လက်တွဲပြီး ရေရှားပါးမှုနဲ့ ရေတွင်း ရေကန်များ တူးဖော်မှုတွေ ဆောင်ရွက်နေချိန်မှာ အင်န်အယ်ဒီကလည်း အတူတကွ ဆောင်ရွက်နေကြတယ် မဟုတ်ဘူးလား ဆိုတာဖြစ်ပါတယ်။
“ဟုတ်ပါတယ်။ အနီးမှာရှိနေတဲ့ အင်န်အယ်ဒီတွေကို အမြဲရှိနေစေချင်တယ်။ ပြီးတော့လည်း ဦးဝင်းတင်တို့ ဦးတင်ဦးတို့လည်း လူထုထဲ ကိုယ်တိုင်ဆင်းပြီး ၀ိုင်းဝန်းပေးနေတာတွေကို အမြဲ မြင်တွေ့နေစေချင်ပါတယ်။”
အဲသည်မှာ ပါတီရဲ့ အခမ်းကဏ္ဍနဲ့ ပတ်သက်ပြီး ဦးအေးမြင့်ရဲ့ သဘောထားကို မေးပါတယ်။
“အခုအချိန်မှာ ပါတီဟာ အာဏာမလိုပါဘူး။ သြဇာပဲ လိုတယ်လို့ ပြောချင်ပါတယ်။ အာဏာဆိုတာ မမြဲပါဘူး။ သြဇာဆိုတာ တည်မြဲပါတယ်။ ဗိုလ်သန်းရွှေမှာ လက်နက်နဲ့ အာဏာရှိတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်နေရတာကတော့ ဒေါ်စုရဲ့ သြဇာကြီးမားမှုကြောင့် ဖြစ်ပါတယ်။
အခုအချိန်မှာ နာမည်ကြီးဖို့၊ ကြွားဝါဖို့၊ နေရာရဖို့တွေက အရေးမကြီးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က နာမည်ကြီးဟီးရိုး လုပ်ခဲ့တာ မဟုတ်ဘူး၊ အခုအချိန်မှာ လူထုနဲ့ တသားတည်းဖြစ်အောင် လူထုထဲကို ဆင်းပြီးတော့ လူထုရဲ့ ဘ၀အခြေအနေကို အမြဲကြည့်နေလို့ရှိရင် လူထုထံက ပေးအပ်ယုံကြည်တဲ့ သြဇာကို လက်ကိုင်ရရှိမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”
အဲသည်မှာ ပြောဖြစ်တဲ့ကိစ္စကတော့ လူထုထဲကို ဆင်းတဲ့နေရာမယ် အင်န်အယ်ဒီပါတီရဲ့ လိုအပ်တဲ့ အရင်းအနှီးတွေ၊ သယံဇာတတွေက ဘာတွေ ဖြစ်မလဲ။ ဘယ်လိုမျိုး အင်အားတွေကို အထောက်အကူပြုပြီး ဆောင်ရွက်ကြရမှာလဲ ဖြစ်ပါတယ်။
“ ပထမဦးဆုံးကတော့ စိတ်ဓာတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ကျနေရတာတောင် လူတွေအတွက် အမြဲ နားစွင့်နေပါတယ်။ ဒါကို အတုခိုးကြရမယ်။ နောက်ပြီးတော့ ဒီအချိန်ဟာ အခွင့်အရေးအတွက် တံခါးခေါက်တဲ့ အချိန်ဖြစ်ပါတယ်။ ပါတီဝင်တိုင်း လူထုထဲ ဆင်းကြပြီး၊ လူထုလိုအပ်ချက်တွေကို လိုက်လံဖြည့်ဆည်းကြတဲ့နေရာမှာ ငွေကြေး ဥစ္စာနဲ့ ဖြည့်မှ မဟုတ်ပါဘူး။ စေတနာတွေ လုပ်အားတွေနဲ့ လူတွေကြားထဲက လူမှုရေးဆောင်ရွက်ချက်တွေ များများလုပ်စေချင်ပါတယ်။ ပြီးတော့လည်း မီဒီယာတွေ သတင်းပြန်ကြားရေးတွေက ၀ိုင်းပြီး ထုတ်ပြန် အသိပေးနေကြရင် ရှေ့ကို တိုးလာဖို့ပဲ ရှိပါတယ်။”
လက်ရှိ အခြေအနေမှာလည်း အင်န်အယ်ဒီက လူထုကြားထဲက လိုအပ်ချက် အခက်အခဲတွေကို ၀င်ရောက်ဆောင်ရွက်နေတာကို တွေ့နေရတာပဲ ဖြစ်ပါတယ်။ သို့သော် အဲသည်မှာ ဘယ်လိုမျိုး လိုအပ်ချက်တွေ ရှိနေသေးသလဲ။ ဝေဖန်ချင်သလဲ ဆိုတာက နောက်မေးခွန်းတခု ဖြစ်ပါတယ်။
“အခု လုပ်နေတာကို ဒီထက်ပိုပြီး ပြည့်စုံစေချင်တာပါ။ တယောက်တပေါက် ကိုယ်သန်ရာ သန်ရာ လုပ်နေတာကနေ သေသေချာချာ စီမံကိန်းချပြီး လုပ်လာတာမျိုး မြင်လာချင်ပါတယ်။ ဥပမာ ဦးဝင်းတင်က တမျိုးပြော၊ ဆင်းလုပ်တဲ့ ဦးအုန်းကြိုင်က တမျိုး လုပ် ဖြစ်နေတယ် ဆိုတာမျိုး မမြင်သွားစေချင်ပါဘူး။ နောက်ပြီးတော့လည်း တပြည်လုံးအနှံ့ လျောက်လုပ်နေဖို့လည်း မဟုတ်သေးပါဘူးး
အခု လက်ရှိ အရေးပေါ်နေတဲ့ နယ်မြေတခုဆိုရင် အဲသည်နယ်မြေကို အာရုံစိုက်ပြီး အားလုံးက ပူးပေါင်းလုပ်တာ၊ စုပေါင်းတိုင်ပင်ပြီး စီမံကိန်းဆွဲပြီး လုပ်တာမျိုးတွေကို အကြံပေးလိုပါတယ်။ လူအများကြီးနဲ့လည်း လုပ်စရာမလိုပါဘူး။
အဖွဲ့အစည်းတခုအနေနဲ့ လုပ်ပြီဆိုရင်တော့ စည်းစနစ်နဲ့၊ တိုင်ပင်ပြီး လုပ်ကြရင် မိမိသဘောနဲ့ မိမိ လုပ်ကြ၊ လှူကြတာမျိုး၊ သီးခြားစီ လုပ်ကြတာမျိုး အများက မမြင်တော့ဘူးပေါ့။ သတင်းပြန့်နှံ့မှုမှာလည်း နေ့စဉ် ရက်ဆက် လုပ်ကိုင်နေတာတွေကို ကြားသိနေကြရမှာ ဖြစ်ပါတယ်။ ဥပမာဆိုရင် နာရေးကူညီမှုအသင်းကို ရေအလှူလုပ်ငန်းတွေကို ကြည့်ပါ။”
အခုလက်ရှိအခြေအနေမှာ ဒေသခံတွေနဲ့အတူ နီးနီးကပ်ကပ် ရှိနေတဲ့ ဦးအေးမြင့်တို့ လမ်းပြကြယ် အဖွဲ့သားများက အလှူရှင်များ၊ စေတနာရှင်များ၊ လုပ်အားပေးများအတွက် ကျေးရွာတွေ အရောက် လုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးနေတဲ့ အကြောင်းတွေကို ဆက်လက်ပြီး မေးဖြစ်ပါသေးတယ်။
“ အခုဟာက ရေပေးဝေတဲ့ အလှူတင်မဟုတ်တော့ဘဲ၊ ရေတွင်း ရေကန်တွေ တူးဖော်ပေးရတဲ့ ရေရရှိရေး အလုပ်တွေ ဖြစ်လာပါတယ်။ အခု ခင်ဗျားတို့ဆီမှာ တင်ထားတဲ့ ဓာတ်ပုံသတင်းတွေအတိုင်း ကျေးရွာ ၈ ရွာခန့်ကို ရေရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကျေးရွာတရွာကို ပျမ်းမျှ လူဦးရေ ၈၀၀ ခန့် ရှိပါတယ်။
ဒါတွေက ရေရှည်အလုပ်တွေ ဖြစ်သွားပြီ။ အခု လမ်းပြကြယ်ဟာ အားလုံးအတွက် လိုက်လံဆောင်ရွက်လျက် ရှိပါတယ်။ ၀ိုင်းဝန်းလုပ်ကိုင်ကြတဲ့ နေရာမှာလည်း အင်န်အယ်ဒီပါတီဝင်တွေနဲ့ အတူ လက်တွဲပြီး လုပ်ကြတယ် ဆိုတဲ့အကြောင်းကို ပြောပြပါတယ်။ လမ်းပြကြယ်ရဲ့ ဆောင်ရွက်ချက်ဆိုတာ အင်န်အယ်ဒီရဲ့ ကိုယ်ပွားသဖွယ် ဆောင်ရွက်နေတာ ဖြစ်တယ် ဆိုတာကို သဘောပေါက်အောင်လည်း ကျေးရွာတွေမှာ ရှင်းပြသင့်တဲ့အခါ ရှင်းပြပါတယ်။
ရေသည် အသက်၊ အသက်သည် ရေ ဆိုတာကို သိကြသလိုပဲ လူထုရဲ့ အသက်ဝိဉာဏ်ဟာ အင်န်အယ်ဒီအဖြစ် တည်ရှိနေစေချင်သလို၊ အင်န်အယ်ဒီရဲ့ အသက်ဟာလည်း လူထုလက်ထဲမှာ ဖြစ်တယ် ဆိုတာကို အားလုံးကို သိသွားစေချင်ပါတယ်။”
ဦးအေးမြင့်က လက်ရှိ အခြေအနေများကို ရှင်းပြနေရင်းနဲ့ပဲ မြန်မာပြည်ရဲ့ တခုတည်းသော အတိုက်အခံပါတီ အင်န်အယ်ဒီဖက်ကို အာရုံက ရောက်ရောက်သွားပါတယ်။ အဲဒါနဲ့ပဲ လက်ရှိ အင်န်အယ်ဒီရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံမတင်ခြင်းနောက်ပိုင်း အလားအလာတွေကို ထင်မြင်ချက်တောင်းမိပြန်ပါတယ်။
“အန်အယ်ဒီပါတီဟာ မတ်လ ၂၉ ဆုံးဖြတ်ချက်နဲ့ စိတ်ဓာတ်ကျနေတဲ့ လူထုကို မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ အန်အယ်ဒီဟာ ပယောဂစကားနဲ့ပြောရရင်တော့ အတွင်းရန် နိုင်ငံရေးပယောဂကို ကုလိုက်တာ ဖြစ်ပါတယ်။ အတွင်းပယောဂကြီးဖြစ်တဲ့ ဒေါက်တာသန်းငြိမ်းတို့၊ ဦးခင်မောင်ဆွေတို့ကို ကွာထွက်သွားအောင် ကုသလိုက်တာ ဖြစ်ပါတယ်။ နောက်ဆက်လက်ပြီးတော့ ပါတီတွင်း ပယောဂပအသေးလေးတွေဖြစ်တဲ့ ကြွားဝါချင်တာတွေ၊ အလုပ်ထက် နေရာကို လုနေတာတွေ၊ အထက်နဲ့ အောက်ခြေပြတ်တောက်နေတာတွေကိုလည်း ကုစားရမှာ ဖြစ်ပါတယ်။
ပယောဂကုတယ်ဆိုတာက ၀ိဉာဉ်နဲ့ ခန္တာကိုယ်က ခွာပြီးတော့ ကုကြရတယ်မဟုတ်လား။ ၀ိဉာဉ်တွေက ခန္တာကိုယ်ကြီးဆီက ခွာလိုက်တာ ကြာသွားရင် ပြန့်ထွက်သွားပြီးတော့ စုစည်းလို့ မရတော့ဘဲ နေသွားလိမ့်မယ်။ အခုချိန်မှာ ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့ စတဲ့ ပါတီဌာနချုပ်က ခေါင်းဆောင်တွေက အနယ်နယ်က အင်အားတွေကို ပြန်လည် စုစည်းကြရမယ်။ ဥပမာ ခေါင်းကြီးပဲ ရှိနေပြီးတော့ ခြေတွေ လက်တွေ မရှိဘဲနဲ့ ဘယ်လိုမျိုး အလုပ်တွေ ဆက်လုပ်ကြမှာလဲ။
အခုအချိန်မှာ ကျနော် အကြိုက်ဆုံး အလေးစားဆုံးသူတဦးကို ပြပါဆိုရင်တော့ - မကွေးတိုင်း၊ ရေနံချောင်းမြို့က ဒေါ်ခင်စောဋ္ဌေးဆိုတဲ့ အမျိုးသမီးကြီးပဲ ဖြစ်ပါတယ်။ သူလုပ်တဲ့လုပ်ရပ်နဲ့ အသံလွှင့်ဌာနတွေမှာ ပြောဆိုနေတဲ့ စကားတွေ၊ လေသံတွေကို သိပ်လေးစားမိပါတယ်။ အဲသည်လိုမျိုး အများကြီး ဖော်ထုတ်သင့်ပါတယ်။
ကဲ … ဒီလောက်ပြောလိုက်ရရင် အားလုံး သဘောပေါက်ကြလိမ့်မယ် ထင်ပါတယ်။ အခုတော့ ရေတွင်း ရေကန်တူးတာတွေ၊ လွန်ဆွဲတာတွေ၊ ပရိတ်ရွတ် တရားနာကြတာတွေ၊ ရေလှူတာတွေ ဆက်လုပ်လိုက်ဦးမယ်”
ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့က ရှေ့နေကြီး ဦးအေးမြင့်နဲ့ တွေ့ဆုံမေးမြန်းသမျှ ဖြစ်ပါတယ်။


(ဓာတ်ပုံ - နာရေးကူညီမှုအသင်း (ရန်ကုန်)၊ မေလ ၁၄ - ၂၀၁၀။ ပြည်သူ့ဂုဏ်ရည် ဦးကျော်သူ နဲ့ ပြည်သူ့ဂုဏ်ရည် နောက်ဆုံးဆန်ကာတင်စာရင်းဝင် ဦးအေးမြင့် (လမ်းပြကြယ်))


© 2010 MoeMaKa Radio & Multimedia

ဒေါ်အောင်ဆန်းစုကြည် အမှာစကားနှင့် ပါတီရပ်တည်ရေးအတွက် ဗဟိုတရားသူကြီးချုပ်အထိ ဆက်တင် မည်

အရေးတော်ပုံရင်ခုန်သူများ.....

Aung Way Spirit of Revolution Series


News by ဒီမိုဝေယံ

ဂျပန် သတင်းဋ္ဌာန NNN မှသွားရောက် ရိုက်ကူးထားတဲ့ ကြပ်ပြေးနေပြည်တော် သတင်းရုပ်သံပါ



ဂျပန် သတင်းဋ္ဌာန NNN မှသွားရောက် ရိုက်ကူးထားတဲ့ ကြပ်ပြေးနေပြည်တော် သတင်းရုပ်သံပါ... စစ်ရေးပြအခမ်းအနား...လွန်ခဲ့တဲ့ ငါးနှစ်က ဘာကြောင့် ပြောင်းသွားမှန်းမသိတဲ့ နေပြည်တော်... ပါလီမာန် အဆောက်အဦး.. အလုပ်သမားတွေ ဘဝ... ဝန်ထမ်းတွေ နေတဲ့ Apartment, ခြံတွေနဲ့ နေတဲ့ ဗိုလ်ချုပ်ရွာ၊ ဘယ်သူမှ မရှိတဲ့ တိရိစ္ဆာန်ရုံမှ တရုတ်ပြည်က ကျားဖြူ၊ ဘာမှ သေသေချာချာမသိရပဲ ဗေဒင်ဟောကိန်းအရ ပြောင်းသွားရတဲ့ အကြောင်း.... လေယာဉ်ပျံဆင်းလို့ ရအောင် လုပ်ထားတယ်ဆိုတဲ့ ဧရာမကားလမ်းမကြီး .. တော်လှန်ရေးနေ့ အခမ်းအနားမှာ ဒီမိုကရေစီကိုတောင် ပီအောင် မပြောနိုင်ပဲ ရွေးကောက်ပွဲလုပ်မယ် ဆိုတဲ့ နေပြည်တော် နတ်ဆိုးကြီး...၊ နေပြည်တော် Shopping Mall မှဈေးကြီးတဲ့ ဂျပန်အလှကုန်ပစ္စည်းတွေ ရောင်းတဲ့ဆိုင် စတာတွေကို ရိုက်ကူးတင်ပြသွားပါတယ်။



မြန်မာပြည်ရဲ့ ရှုခင်းတွေနဲ့ ဂျပန်သီချင်းလေးပါ...

News by ဒီမိုဝေယံ

Saturday, May 22, 2010

ဒေါ်အောင်ဆန်းစု ကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်သူ

Friday, 21 May 2010 21:07 သျှမ်းသံတော်ဆင့် .မေ ၂၁ ရက်၌ ကျရောက်သော ၅၂ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစု ကြည်သာ ပင်လုံကတိပြန်ဖေါ်နိုင်သူ ဟု SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောကြားခဲ့ပါသည်။

“ပင်လုံစာချုပ်ကို ကျောခိုင်းလို့တိုင်းပြည်အခြေအနေ အခုလိုမျိုးဖြစ်ရတာ။ ရှေ့ဆက် ဥပက္ခာပြု မေ့ချင်သယောင် လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ပြဿနာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာမဟုတ်ဘူး။ တန်းတူ အခွင့်အရေး အတွက် ပင်လုံကတိကို ပြန်ဖေါ်ရမယ်၊ ပင်လုံကို ပြန်ဖေါ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ အဓိက အခန်း ကဏ္ဍ ဖြစ်တယ်၊ သူမကို ဆက်လက်ထောက်ခံအားပေးရမယ်”- ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြော၏။


ဒုဗိုလ်ချုပ်ကြီး ယွက်စစ်

မေ ၂၁ ရက် သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ ကျင်းပရာ စစ်သည် အင်အား ၁၅၀၀ ကျော် တက်ရောက် စစ်ရေးပြပြီး လူထုပရိသတ် အပါဝင် စုစုပေါင်း အင်အား ၂၀၀၀ ကျော် တက်ရောက်ခဲ့၏။

မနက်ပိုင်း တော်လှန်ရေးအခမ်းအနားကျင်းပပြီး မွန်းလွဲပိုင်း ၁၃း၃၀ နာရီတွင် တော်လှန်ရေးနေ့နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်ြုပလုပ်ခဲ့ရာ သတင်းထောက်များ၏ မေးမြန်းချက်အပေါ် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပင်လုံနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဒွန်တွဲပြောဆိုခြင်းဖြစ်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးလဲဖြစ်တယ်။ အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီး သီးကလဲ သူမကိုလက်ခံတယ်။ ပင်လုံအကြောင်းသူမ ပြန်ပြောင်းပြောလာမယ်ဆိုရင် ပိုထိရောက်မယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်လာနိုင်အောင် အဲဒီအခွင့်အလှမ်း ကနေ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို သူမဖေါ်ဆောင်နိုင်မယ်။ UN ပြောသလိုပါဘဲ တိုင်းရင်းသားမပါရင်မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး” - ဟု သတင်းထောက်များအား ဆက်လက်ပြောပြ၏။

လွယ်တိုင်းလျဲန်းဌာနချုပ် သတင်းစာရှင်းလင်းပွဲတွင် ပချားထိုင်းကဲ့သို့ ထိုင်းသတင်းဌာနများအပြင်၊ ဒီဗွီဘီ သတင်းဌာန နှင့် အတူ သျှမ်းသံတော်ဆင့်သတင်းဌာနတို့လည်း ပါဝင်တက်ရောက် သတင်းယူမေးမြန်းခဲ့ပါသည်။

၁၉၅၂ ခုနှစ် တွင် တရုပ်ဖြူကျူးကျော်မှုကိုအကြောင်းပြု၍ ဗမာ့တပ်မတော်က သျှမ်းပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို သိမ်းပိုက်ထိပါးလာမှုကြောင့် လွတ်လပ်ရေး၊ တန်းတူရေးမြတ်နိုးတန်ဖိုးထားသည့် စောနွဲ့ဆောယန္တ ဦးဆောင် သျှမ်းလူငယ် ၃၁ ယောက်က ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးစတင်ကာ သျှမ်းပြည်တော်လှန်ရေးသမိုင်းစာမျက်နှာ စဖွင့်ခဲ့ခြင်းဖြစ်ပါသည်။

Copyright © 2010 သျှမ်းသံတော်ဆင့်.

Friday, May 21, 2010

သခင်စိုးမြင့်


100520_bty_bur_u_soe_myint

The Voice Weekly ဂျာနယ် Vol.6/ No.27

Voice (6 27) e Book

သခင်သိန်းဖေမွေးနေ့တွင် လူရွေးဖိတ်ကြား




မောင်စံ / ၂၁ မေလ ၂၀၁၀

ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ ခေါင်းဆောင် သခင်သိန်းဖေ၏ (၉၄) နှစ်မြောက် မွေးနေ့ကို မရမ်းကုန်းမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ယနေ့နံနက်ပိုင်း၌ ပြုလုပ်သည်။

မွေးနေ့ပွဲတွင် သခင်သိန်းဖေက မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် နောက်ဆုံးထွက်သက်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံန္နိဋ္ဌာန်ပြုပြောကြားသွားသည်။

မွေးနေ့ပွဲ တက်ရောက်လာသူများထဲမှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၊ တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်၊ အန်အယ်လ်ဒီခေါင်းဆောင် ဦးဝင်းတင်နှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ရှေ့နေကြီးတဦးတို့က မြန်မာပြည်လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် သခင်သိန်းဖေ၏ ယနေ့ထက်တိုင် အနစ်နာခံဆောင်ရွက်မှုနှင့် ပေးဆပ်မှုတို့ကို ဂုဏ်ပြုပြောကြားကြသည်။

ယနေ့မွေးနေ့ပွဲ၏ ထူးခြားချက်မှာ ယခင်အခမ်းအနားများတွင် တွေ့နေကျ ပုဂ္ဂိုလ်အချို့အား မတွေ့မြင်ရခြင်းဖြစ်သည်။

အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားသည့် ဦးသုဝေ၊ ဦးရွှေအုံး၊ ဦးအုံးတင်တို့ကိုလည်းကောင်း၊ အန်အယ်လ်ဒီ စီအီးစီဟောင်းများဖြစ်သော ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့် စသည့်သူများကို မတွေ့ရှိရပေ။

ယင်းကိစ္စနှင့်ပတ်သက်၍ ၀ါရင့်အဖွဲ့မှ တာဝန်ရှိသူတဦးက “ရွေးကောက်ပွဲဝင်မယ့်သူတွေကို တမင်မဖိတ်ဘဲ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အခြားဝါရင့်နိုင်ငံရေးသမားကြီးတဦးကလည်း “ဒါပုဂ္ဂိုလ်ရေးအရ မဟုတ်ပါဘူး။ နိုင်ငံရေးရည်ရွယ်ချက်အရပါ။ အထူးသဖြင့် ကျနော်တို့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေအနေနဲ့ အန်အယ်လ်ဒီ၊ စီအာပီပီတို့နဲ့ နိုင်ငံရေးရပ်တည်ချက် တသားတည်း ဖြစ်ကြောင်း ပြသလိုက်တာဖြစ်သလို ကျနော်တို့ကိုယ်တိုင်လည်း ၂၀၀၈ ဖွဲ့စည်းပုံနှင့်တကွ ၂၀၁၀ ရွေးကောက်ပွဲကို မယုံကြည် လက်မခံတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် မွေးနေ့ပွဲ တက်ရောက်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သည့် ဦးအေးသာအောင်ကလည်း “ဒီနေ့ပွဲကတော့ သိပ်ကိုထူးခြားတယ်ဗျ။ နအဖ အလိုကျ ရွေးကောက်ပွဲဝင်မယ့်သူတွေကို မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် တကယ်တမ်း ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်နေကြတဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက မလိုလားကြောင်း၊ လက်မခံကြောင်း လက်တွေ့ ထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်တယ်ဗျာ” ဟု မှတ်ချက်ပြုပြောကြားသည်။

မွေးနေ့ပွဲသို့ သခင်နိုင်ငံရေးသမားဟောင်းကြီးများ၊ အန်အယ်လ်ဒီ အလုပ်အမှုဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အမျိုးသမီးခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ စာပေနယ်မှ ပုဂ္ဂိုလ်များနှင့် အခြားနိုင်ငံရေးနယ်ပယ်မှ လှုပ်ရှားတက်ကြွသူများ၊ မိတ်ဆွေများ စုံစုံညီညီတက်ရောက်ကြသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတိုက်ပွဲအဆင့်ဆင့်နှင့် နိုင်ငံရေးခေတ်အဆက်ဆက်တွင် ထောင် (၁၁) ကြိမ်အထိ ကျခံကာ စွန့်လွှတ်စွန့်စား ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည့် ၀ါရင့်သခင်နိုင်ငံရေးသမားဟောင်းကြီးဖြစ်ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး ပြည်သူ့လှုပ်ရှားမှုကြီးတွင် ရှေ့တန်းမှ ပါဝင်လှုပ်ရှားခဲ့ကြသည့် သခင်နိုင်ငံရေးသမားဟောင်းကြီးများထဲတွင် တဦးအပါအ၀င်ဖြစ်သည်။

အထူးသဖြင့် သခင်ဟောင်းကြီးများအပါအ၀င် ၀ါရင့်နိုင်ငံရေးသမားကြီးများပါဝင်သော “၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ” ဟူသော အဖွဲ့ကို သခင်သိန်းဖေက ဦးဆောင်စုစည်းလျက် ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုများကို အားပေးထောက်ခံကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးတို့အတွက် တောင်းဆိုချက်များ၊ ကြေညာချက်များနှင့် မေတ္တာရပ်ခံချက်များကို အခါအားလျော်စွာထုတ်ပြန်ခဲ့သည်။

::: Copyright © 1992-2010 The New Era Journal :::

စေတနာနဲ့ လုပ်တာဆိုတော့ ထိရောက်တယ်၊ အောင်မြင်တယ်



NEJ / ၂၁ မေလ ၂၀၁၀

မြန်မာပြည်အနှံ့အပြား ရေပြတ်လပ်မှု ပြဿနာများ၊ ရေအခက်အခဲများ လတ်တလော ရင်ဆိုင်နေရသည့်အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှလည်း ပြည်သူလူထု သောက်သုံးရေ ရရှိရေးအတွက် ကူညီလုပ်ကိုင်ပေးလျက်ရှိသည်။ ယင်းသို့ အန်အယ်လ်ဒီအနေဖြင့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဦးဆောင် ပါဝင်သူတဦးဖြစ်သည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်နှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။ ။ ယခုလောလောဆယ် ပြည်သူတွေကြုံတွေ့နေရတဲ့ ရေပြဿနာပြေလည်အောင် အန်အယ်လ်ဒီက ဆရာတို့အနေနဲ့ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော်တို့ လုပ်ဆောင်နေတဲ့ ရေရှားပါး ပြတ်လပ်မှုက နှစ်ပိုင်းပေါ့ဗျာ။ ပထမပိုင်းက ကျနော်တို့ နာဂစ်မုန်တိုင်းသင့်ဒေသ။ အဲဒီဒေသမှာ သောက်သုံးရေ ရှားပါးပြတ်လပ်မှုတွေ ဖြစ်တယ်။ နာဂစ်ဒေသ ဧရာဝတီတိုင်း မြို့နယ်ပေါင်း (၉) မြို့နယ်က ဘိုကလေးမြို့နယ်မှာ၊ မော်ကျွန်းမြို့နယ်တို့မှာ အ၀ီစိတွင်းတွေ တူးပြီး ရေပြဿနာကို ဖြေရှင်းပေးတယ်။ ဘိုကလေးမြို့နယ်မှာ တူးပြီးသားရေတွင်း (၈) တွင်း၊ မော်ကျွန်းမြို့နယ်မှာ ရေတွင်း (၂) တွင်း။ ကျနော်တို့မှာရှိတဲ့ ရန်ပုံငွေပေါ် မူတည်ပြီး သောက်သုံးရေကို ဆက်ပြီးတော့ ကူညီဖြေရှင်းသွားမယ်လို့ ဇောက်ချပြီး ဆောင်ရွက်နေတယ်။ ၂၀၀၈၊ ၂၀၀၉ ထဲမှာပေါ့။ လပွတ္တာမြို့နယ်မှာတော့ အ၀ီစိတွင်းတို့ သောက်သုံးရေတွင်းတို့ တူးလို့မရဘူး။ သူကရေငန်ဒေသ။ ဒါကြောင့် ဒေသမှာ အားထားနေရတဲ့ မိုးရေလှောင်ကန်ပေါင်း (၁၂၀) ကို ကျနော်တို့က အမှိုက်သရိုက်နဲ့ နွံတွေကို သန့်ရှင်းပေးခဲ့တယ်။ အဲဒါက ကျနော်တို့ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ်လို့ လုပ်နေတဲ့ နာဂစ်ဒေသတွေမှာ ဆောင်ရွက်နေတဲ့ မူလလုပ်ငန်းပေါ့ဗျာ။

အဲဒီတုန်းမှာ ဒီနှစ်ထဲမှာ ထူးထူးခြားခြား ရာသီဥတုက ပူပြင်းလာတယ်။ သင်္ကြန်လွန်ပြီးတဲ့ထိ ကဆုန်လပြည့်ကျော်တဲ့အထိ မိုးကမရွာဘူး။ အဲတော့ ယခင်သောက်သုံးရေ ပြဿနာမရှိတတ်တဲ့ ဒေသတွေမှာ ပဲခူးတိုင်းက သနပ်ပင်မြို့နယ်၊ ဝေါမြို့နယ်တို့မှာ ရေကန်တွေက အကုန်ခန်းခြောက်ကုန်တယ်။ နောက်ရေတွင်းတွေလည်း ခန်းခြောက်ကုန်တယ်။ အဲဒီဒေသတွေက မိုးရေလှောင်တဲ့ကန်တွေကိုပဲ သောက်သုံးရေအတွက် သုံးနေကြတာ။ ဒီနှစ်ရာသီဥတုက မမျှော်လင့်ဘဲ ပူပြင်းလာတဲ့အခါကျတော့ မိုးကလည်းမရွာတော့ အလျဉ်မမီတော့ဘူး ဖြစ်သွားတာပေါ့ဗျာ။ သူတို့မှာ ဒီလိုအခက်အခဲ ကြုံရလေ့မရှိဘူးပေါ့ဗျာ။ နောက် ရန်ကုန်တိုင်းထဲက ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ အဲဒီဘက်တွေအထိ ရေအခက်အခဲတွေ ဖြစ်ကုန်တယ်။ နောက် ရန်ကုန်မြို့သစ်တွေဖြစ်တဲ့ ဒဂုံမြို့သစ်တို့မှာလည်း ရေရှားပါးပြတ်လပ်မှုတွေ ကြုံကုန်တယ်။

ဒါကြောင့် ကျနော်တို့က နာဂစ်မှာလုပ်နေတုန်းက အစီအစဉ်တွေကို လုပ်ရင်းကပဲ ဒီဘက်မှာ အရေးပေါ်ဖြစ်လာတဲ့ ရေရှားပါးပြတ်လပ်မှုကို ကူညီဖြေရှင်းရတာ ဖြစ်ပါတယ်။ ပဲခူးတိုင်းထဲက ပဲခူးမြို့၊ သနပ်ပင်မြို့နယ်၊ ဝေါမြို့နယ်ထဲက ရွာတွေကို ကျနော်တို့သောက်သုံးရေ သွားပြီးတော့ တတ်နိုင်သလောက် ကူညီခဲ့ပါတယ်။ မေ (၁၉) ရက်နေ့ကဆို ဒလနဲ့ သုံးခွ၊ ကော့မှူးမြို့နယ်တွေကို သွားပြီးတော့ သောက်သုံးရေ အကူအညီပေးနေပါတယ်။

မေး။ ။ ဆရာတို့အနေနဲ့ အန်အယ်လ်ဒီပါတီ မှတ်ပုံမတင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း ပြည်သူ့အကျိုးပြု လူမှုရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်လာတဲ့သဘောလား။

ဖြေ။ ။ အခုကျနော်တို့ လူမှုရေးလုပ်ငန်းက လုပ်လက်စအားဖြင့် (၃) ခုရှိပါတယ်။ ကျနော်ကတော့ နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းပေါ့။ အဲဒါကလည်း လုပ်မယ်ဆို လုပ်သလောက် လုပ်စရာတွေက အများကြီးပါ။ နောက်လုပ်နေတဲ့ လုပ်ငန်းတခုကတော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့မိသားစုတွေကို ကူညီစောင့်ရှောက်တဲ့လုပ်ငန်းပေါ့။ အဲဒါလည်း ကျနော်တို့က အရင်ကတည်းက ဒီကိစ္စကို တာဝန်ယူဆောင်ရွက်နေတာပါ။ ကျနော်တို့ အန်အယ်လ်ဒီပါတီဝင်မှရယ် မဟုတ်ဘူး။ တခြားဘယ်နိုင်ငံရေးပါတီက ဘယ်အင်အားစုကဖြစ်ဖြစ် ထောင်ကျတယ်ဆိုရင် ကျနော်တို့က မိသားစုကိုရော သူတို့ကလေးတွေရဲ့ ပညာရေးကိုရော တတ်နိုင်သလောက် အကူအညီပေးပါတယ်။ အဲဒီလုပ်ငန်းကိုလည်း ဆက်ပြီးဆောင်ရွက်နေပါတယ်။ နောက်တခုကတော့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနဲ့ ကုသပေးရေးပေါ့။ ဝေသနာသည်တွေကို စေတနာထားပြီး ကုသပေးရင်းကနေ ဒီရောဂါ မြန်မာနိုင်ငံမှာ လုံးဝ ပပျောက်သွားအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့၊ ကျနော်တို့ စေတနာနဲ့ ကူညီနေတဲ့လုပ်ငန်းရှိတယ်။ အဲဒီလုပ်ငန်း (၃) ခုကို ဇောက်ချပြီးတော့ လုပ်နေတာပဲ။

အဲဒီလို လုပ်ငန်းလုပ်နေရင်းကနေ တိုက်တိုက်ဆိုင်ဆိုင်ပေါ့ဗျာ။ မေလ (၆) ရက်နေ့မှာ ကျနော်တို့က ဒီနေ့ကျမှပဲ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုရေးလုပ်ငန်းတွေ၊ ဆိုလိုတဲ့သဘောကတော့ ပြည်သူလူထုကို ကူညီမယ်ဆိုတဲ့ စိတ်ဓာတ်ပါ။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ကျနော်တို့ ထက်ထက်သန်သန်ပေါ့၊ နိုင်ငံရေးလုပ်တဲ့ စေတနာမျိုးနဲ့ပဲ ကျနော်တို့ လုပ်မယ်ဆိုတာကို မျက်နှာမူလိုက်တဲ့အခါမှာ တိုက်တိုက်ဆိုင်ဆိုင် ရေပြဿနာ လာကြုံရတာပေါ့ဗျာ။ ဒါကြောင့် ရေပြဿနာကို စလုပ်တာပေါ့။

မေး။ ။ ရှေ့ဆက်လက်ပြီး တခြား လူမှုရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်သွားဖို့ ရှိပါသလား။

ဖြေ။ ။ ရေပြဿနာလုပ်ရင်းကပဲ ပြည်သူလူထုထဲရောက်သွားတော့ ပြည်သူလူထု လိုအပ်ချက်တွေကတော့ အများကြီးပဲဗျ။ ရေပြဿနာကတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးပြဿနာပေါ့။ ကလေးတွေရဲ့ပညာရေး၊ သူတို့ရဲ့သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး စတဲ့ ပညာပေးလုပ်ငန်းတွေကတော့ လုပ်မယ်ဆို လုပ်စရာတွေ အများကြီးပါပဲ။ နောက် ကျနော်တို့မှာ လုပ်တဲ့အင်အားလည်း တောင့်တင်းလာမယ်၊ ပံ့ပိုးနိုင်တဲ့ စွမ်းအားတွေလည်း ပံ့ပိုးလာမယ်ဆိုရင် သူတို့ရဲ့စီးပွားရေးဘ၀တွေကို ကူညီပြုပြင်ပေးဖို့တောင်မှ အများကြီးလုပ်စရာတွေရှိနေတယ်။ ပြည်သူလူထုကတော့ ၀င်သွားလိုက်ရင် အားကိုးတကြီးပဲ အကူအညီတောင်းတာပဲဗျ။ ကျနော်တို့ အဲလိုနဲ့ပဲ လုပ်ငန်းတွေ ချဲ့ချဲ့ပြီး လုပ်ကြမှာပါ။

အရင်လုပ်ခဲ့တဲ့ လုပ်ငန်းတွေအပြင် အခုဟာကတော့ နိုင်ငံရေးစေတနာနဲ့ပါပေါ့ဗျာ။ အဲဒီလို အခြေခံလုပ်တဲ့အခါကျတော့ ပြည်သူလူထုကလည်း ကျနော်တို့ကို ပိုပြီးတော့ အားကိုးလာသလို သူတို့ရဲ့အခက်အခဲတွေ ပိုပြီးတော့တင်ပြလာတယ်။ သူတို့ရဲ့ဘ၀အခြေအနေတွေကို ကျနော်တို့ကိုယ်တိုင် မြင်လိုက်ရတဲ့အခါကျတော့ ဘယ်နေရာတွေကတော့ ကျနော်တို့အရေးပေါ် ကူညီရမယ့်နေရာတွေ၊ ဘယ်နေရာတွေကတော့ဖြင့် ရေရှည်တဖြည်းဖြည်း ပြုပြင်ကူညီသွားရမယ့် ကိစ္စတွေဆိုတာ ကျနော်တို့မြင်လာတာပေါ့။ အဲလိုပဲ ကျနော်တို့ဟာ ပြည်သူလူထုနဲ့အတူ လက်တွဲပြီး ဒီလုပ်ငန်းတွေ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

မေး။ ။ အခုလို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် လူမှုရေးလုပ်ငန်းတွေ လက်တွေ့ကွင်းဆင်းလုပ်နေတဲ့ ဆရာ့အတွေ့အကြုံကို သိပါရစေ။

ဖြေ။ ။ ကျနော်ကတော့ အရင်နာဂစ်တုန်းကလည်း အတွေ့အကြုံရှိဖူးတယ်ဗျ။ ကျနော်ကတော့ ဒီလုပ်ငန်းတွေဟာ ပါတီအဖြစ်နဲ့ မှတ်ပုံတင်တာ မတင်တာနဲ့ ပတ်သက်ပြီးတော့ ဘာမှထူးထူးခြားခြား ပြောင်းလဲတဲ့အခြေအနေမရှိဘူး။ ကျနော်တို့က စေတနာထားပြီး လုပ်နိုင်သလောက် လုပ်တာ။ ဒါတွေက ပြည်သူကလည်း အကျိုးရှိတယ်၊ ပြည်သူ့အားကိုးမှုလည်း ရတယ်လို့ ယုံကြည်တယ်။ ဥပမာ နာဂစ်တုန်းကလည်း ကော်မတီဖွဲ့ပြီး ကျနော်တို့ သွားရောက်ကူညီတယ်။ ကျနော်တို့ အန်အယ်လ်ဒီ အလံကြီးကို လွှင့်ပြီး အန်အယ်လ်ဒီဆိုပြီး ကြွေးကြော်ကူညီခဲ့တာ မဟုတ်ဘူး။ သူတို့ကို ကူညီမယ်ဆိုတဲ့ စေတနာရှင်တယောက်အနေနဲ့ပေါ့။ ဒါပေမယ့် သူတို့က သိနေတာပါ။ ကျနော်တို့ကို တွေ့တဲ့အခါ ပြည်သူလူထုက အားကိုးတကြီးဗျ၊ နိုင်ငံရေးသမားနဲ့ ပြည်သူလူထုဆိုတာ အဲဒီလိုပဲဗျ။ ကျနော်တို့က အုပ်ချုပ်သူ မဟုတ်ဘူးလေဗျာ။ ဒါကြောင့် သူတို့က ကျနော်တို့ကို ထိတ်လန့်ကြောက်ရွံ့မနေဘူး။ သူတို့ရဲ့အခက်အခဲတွေ၊ အမြင်တွေကို ပွင့်ပွင့်လင်းလင်းပြောတယ်၊ တင်ပြတယ်၊ သူတို့ဖြစ်ချင်တာတွေကို သူတို့က တရင်းတနှီးပြောတယ်၊ ကျနော်တို့နဲ့ သူတို့နဲ့က တကယ့်ကို ဆွေမျိုးသားချင်းတွေ တွေ့သလို တွေ့ကြတာကိုးဗျ။ အဲလိုဆိုတော့ ကျနော်ကတော့ ပိုပြီးတော့ ထိထိရောက်ရောက် ကူညီနိုင်တယ်လို့ ထင်တယ်။

မေး။ ။ အခုဆရာတို့ ရေပြဿနာအခက်အခဲ ပြေလည်အောင် ဆောင်ရွက်နေရာမှာ ဘယ်လိုပုံစံနဲ့ ပြည်သူလူထုကို ကူညီဆောင်ရွက်ပေးနေတာပါလဲ။

ဖြေ။ ။ အဲဒီမှာ ကျနော်တခုတော့ ပြောချင်တယ်။ ကျနော်တို့ဟာ အန်အယ်လ်ဒီ မဟုတ်တော့ဘူးဆိုတဲ့ အကြောင်းလည်း မပြောဘူး၊ အန်အယ်လ်ဒီလို့လည်း ကျနော်တို့ မပြောပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကသိနေတာပဲဗျာ။ ဒါကတော့ ဒီလိုရှိတယ်။ ကျနော်တို့ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံမတင်ဘူး။ နိုင်ငံရေးဟန်ဖြစ်တဲ့၊ လုပ်နည်းလုပ်ဟန်တွေဖြစ်တဲ့ အစည်းအဝေးထိုင်တာတို့၊ ညွှန်ကြားချက်ထုတ်တာတို့၊ သဘောထားပေးတာတို့ ဆိုတာတွေမလုပ်တော့ဘူးလို့ ကျနော်တို့ ပြောပြီးတဲ့နောက် ကျနော်တို့ ပြည်သူ့ အကျိုးပြုတဲ့လုပ်ငန်းတွေ လုပ်မယ်လို့ ပြောတာ။ အဲလို ပြောတဲ့အတွက်ကြောင့် အန်အယ်လ်ဒီရဲ့ ရည်မှန်းချက်တွေကတော့ လုံးဝ လျော့သွားတာမဟုတ်ဘူး။ အန်အယ်လ်ဒီရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ လူ့အခွင့်အရေးအစစ်အမှန်ရရှိရေး၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ထူထောင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဖြေရှာရေးဆိုတာတွေဟာ ကျနော်တို့ ရင်ထဲမှာရှိနေပြီးသား၊ ဒါတွေကို အောင်မြင်အောင် ဆက်ဆောင်ရွက်သွားမယ်လို့ ကျနော်တို့အားလုံးက သန္နိဋ္ဌာန်ချထားပြီးသား။ အဲတော့ အခိုက်အတန့်အဖြစ် အခုလို ပါတီအဖြစ်နဲ့ မှတ်ပုံမတင်သော်လည်းဘဲ ကျနော်တို့ယုံကြည်တဲ့၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုကို ခံယူတဲ့ ကျနော်တို့ တရားတွေကတော့ ဒီအတိုင်းပဲ ရှိနေတာဗျ။

ကျနော်ဆိုရင် ကျနော် ဘာဆိုတာ ပြောနေစရာမလိုဘူး။ ကျနော်ဘယ်သူဆိုတာသိတယ်။ ဘာလုပ်နေတာဆိုတာ သိတယ်။ ကျနော်ဘာရည်ရွယ်တယ်ဆိုတာသိတယ်။ ထို့အတူ နယ်ရောက်သွားတဲ့အခါ မြို့နယ်စည်းရုံးရေး ကော်မတီဝင်တို့၊ တိုင်းစည်းရုံးရေး ကော်မတီဝင်တို့ ဆိုတဲ့သူတွေကလည်း ကျနော်တို့ ရင်ထဲမှာတော့ အတူတူပဲ။ ကျနော်တို့မှာ ဘာမှပါတီဆိုတာ ပျက်သွားတာ မရှိဘူး။ ကျနော်တို့ ပါတီက မပျက်ဘူး။ ကျနော်တို့က မှတ်ပုံတင်ထားပြီးသားပါတီ။ နောက်ထပ်ထွက်လာတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ကျနော်တို့က ဘယ်လိုမှ တရားမျှတမှုမရှိလို့ မှတ်ပုံမတင်တာသာ ဖြစ်ပေမယ့်လို့ ကျနော်တို့ဟာ တကယ့်အခိုင်အမာ ဖွဲ့စည်းထူထောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဖွဲ့ထားတဲ့ အင်အားစုကြီးဖြစ်တယ်။ အဲဒီလို အင်အားစုကြီးဖြစ်တဲ့အတွက် ကျနော်တို့အချင်းချင်းလည်း အသိအမှတ်ပြုနေတယ်။ ကျနော် ခံစားချက်ပြောရရင် ပြည်သူလူထုကလည်း အသိအမှတ်ပြုနေသေးတယ်။ ကျနော်တို့ကို ဟာ ဒီပါတီက မရှိတော့ဘူးလို့ ပြည်သူလူထုက မေးလည်းမမေးဘူး၊ အရိပ်အကဲလည်းမပြဘူး။ ကျနော်တို့ကို အရင်က အန်အယ်လ်ဒီကလူတွေလို့ပဲ သူတို့သိနေတုန်းပဲ။ အဲလိုသိနေရင် ကျနော်တို့နဲ့ ပြည်သူကြားမှာ ဘာမှ ပြောင်းလဲသွားချက်တွေ မရှိတော့ဘူးဗျ။ အဲလိုနည်းနဲ့ ကျနော်တို့ ကူညီတာတွေကို ဆောင်ရွက်နိုင်တာပါ။

အခုလို ရေအခက်အခဲဖြစ်နေတယ်ဆိုရင် ကျနော်က နယ်ကရဲဘော်တွေကို အခြေအနေမေးရတာပေါ့။ ဘယ်လိုဖြစ်နေလဲပေါ့။ နောက်တခုကလည်း အခြေအနေမှန်တွေကို ရပ်ကျေးက အဖွဲ့ဝင်တွေကလည်း သိနေပါတယ်။ ဘယ်လိုအခြေအနေ ရှိတယ်၊ ဘယ်လောက်အခက်အခဲ ဖြစ်နေတယ်၊ ကူညီမှဖြစ်မယ်ဆိုတာမျိုးတွေ ညှိနှိုင်းပြီးလုပ်တာပါ။

မေး။ ။ ဒေသခံအာဏာပိုင်တွေက ဆရာတို့ အကူအညီပေးမှုတွေကို တစုံတရာ နှောင့်ယှက်ဟန့်တားတာမျိုး ရှိပါသလား။

ဖြေ။ ။ ကျနော်တို့ ပဲခူးတိုင်း သနပ်ပင်မြို့နယ်ထဲမှာ (၁၀) မိုင်လောက်ဝေးတဲ့ ခလပ်ဆိုတဲ့ကျေးရွာကို ကျနော်ကိုယ်တိုင် စေတနာရှင်လုပ်ဖော်ကိုင်ဖက်တွေ ဒေါ်မေ၀င်းမြင့်တို့၊ ဒေါ်အေးအေးမာတို့၊ ဒေါ်ခင်စောမူတို့၊ ဦးကြည်ဝင်းတို့ပါ ပါပါတယ်။ ကျနော်တို့သွားပြီး ကူညီခဲ့တယ်။ ကျနော်တို့ကို လိုက်လံပြီးတော့ ကြည့်တာတွေတော့ ရှိတယ်လို့ ကျနော်တို့သိတယ်။ ဒါပေမယ့် ကျနော်တို့ကိုလာပြီး မေးတာမြန်းတာတွေတော့ မလုပ်ဘူး။ ကျနော်တို့ လုပ်ငန်းတွေကို နှောင့်ယှက်ဟန့်တားတာတွေ မရှိပါဘူး။ ဒါပေမယ့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေက ကျနော်တို့ ရွာကိုဆိုင်ကယ်နဲ့သွားတဲ့အခါ အဲဒီဆိုင်ကယ်နဲ့သွားတဲ့ အုပ်ထဲမှာတောင် သူတို့ပါလာတယ်ဆိုတာ သိတယ်။

မေး။ ။ ပြည်သူတွေအနေနဲ့ ဆရာ့တို့ကူညီတဲ့အပေါ် တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ပြည်သူတွေကတော့ အခက်အခဲကြုံနေရတာကိုးဗျာ။ အကူအညီလာပေးတာကို တကယ့်ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲပေါ့။ ပြည်သူတွေကလည်း သိဖူးကျွမ်းဖူးတဲ့ပုံစံမျုးဗျ။ အဲလိုပဲ သိဟောင်းကျွမ်းဟောင်းလို လက်ခံပြီး ဆက်ဆံကြပါတယ်။ ကျနော်တို့ လူမှုရေးလုပ်ငန်းလုပ်တာကို ပြည်သူတွေကလည်း မပြောဘဲနဲ့သိနေတယ်။ ကျနော်တို့က စေတနာနဲ့ လုပ်တာဆိုတော့ ထိရောက်တယ်၊ အောင်မြင်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ပြည်သူကို မျက်နှာမူတဲ့၊ နိုင်ငံရေးအခြေခံတဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်သွားမယ်ဆိုတဲ့ ဆရာတို့ရည်းမှန်းချက် အထမြောက် အောင်မြင်တယ်လို့ ဆိုလိုတာပါလား။

ဖြေ။ ။ ကျနော်ကတော့ ထိရောက်တယ်၊ အောင်မြင်တယ်လို့ ယူဆတယ်။ ပြည်သူလူထုရဲ့ နေ့စဉ်စားဝတ်နေရေး ပြဿနာတွေကို ဖြေရှင်းတာဟာ နိုင်ငံရေးပဲလို့ ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပြောဖူးပါတယ်။ နိုင်ငံရေးဆိုတာ အဲဒါပဲတဲ့။ အဲဒါကို မွန်မြတ်တဲ့စေတနာနဲ့ လုပ်ကြတဲ့။ ကျနော်တို့လည်း အဲလိုခံစားတယ်။ ကျနော်တို့ အဲဒီလိုလုပ်တဲ့အခါကျတော့ ပြည်သူလူထုက ကျနော်တို့ကို အားကိုးတာပေါ့။ သူတို့အခက်အခဲ လာကူညီဖြေရှင်းပေးတဲ့သူ တကယ်စေတနာနဲ့လုပ်ရင် အားကိုးတာပေါ့။ ကျနော်တို့က အမိန့်အာဏာသုံးပြီးတော့ စီစဉ်တာမဟုတ်ဘူး။ ကျနော်တို့က တကယ့်ကို ပင်ပန်းဆင်းရဲခံပြီးတော့ သူတို့ဆီ ဖြစ်အောင်လာတယ်။ သူတို့အခက်အခဲကို တွေ့ပြီးတော့ မေးတယ်။ အဲဒါကိုက ကျနော်တို့လုပ်ငန်း တ၀က်အောင်မြင်နေပြီ။ အဲလိုမှ ပြည်သူလူထုက နိုင်ငံရေးသမားဆိုတာကို အားကိုးမှာ။ နိုင်ငံရေးသမားဆိုတာ ဘာလဲဆိုတာ ပြည်သူလူထုက သူ့ဖာသာသူ ရင်ထဲက နားလည်မှာ။ နိုင်ငံရေးသမားဟာ ဒီမိုကရေစီရရှိရေးအတွက် ဘယ်လိုဆေင်ရွက်ရမယ်ဆိုတာကို စည်းရုံးသိမ်းသွင်း ဆွဲခေါ်တဲ့အခါမှာ ပြည်သူလူထုက သူတို့ရဲ့ တကယ့်ခေါင်းဆောင် အစစ်အမှန်ကို ရွေးတင်ပြီးတော့ အဲဒီမှာ ဒီမိုကရေစီစနစ် ဆိုတာကို လက်တွေ့ရောက်မှာကိုးဗျ။ ကျနော်တော့ အဲလို မြင်ပါတယ်။

မေး။ ။ အခု ဆရာတို့ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ထံက တစုံတရာ အမှာစကားပါးတာများ ရှိပါသလား ဆရာ။

ဖြေ။ ။ ကျနော် ဦးဉာဏ်ဝင်းက တဆင့်ပေါ့လေ။ ကျနော့်ဆီကို ပါးလိုက်တဲ့ လုပ်ငန်းကတော့ ရေအခက်အခဲလုပ်ငန်းတွေကို ဆက်ပြီးတော့ ကြိုးစားဆောင်ရွက်ပါတဲ့။ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အကျိုးပြုနိုင်အောင်လည်း ကြိုးပမ်းပြီး ဆောင်ရွက်ပါတဲ့။ လူငယ်တွေရော၊ အမျိုးသမီးတွေရော အကုန်လုံး အင်အားပြည့် ဆောင်ရွက်နိုင်အောင် ကြိုးစားပါတဲ့။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုမှာပါတယ်။

မေး။ ။ ဆရာ့အနေနဲ့ ပြည်သူလူထုထံ ခေတ်ပြိုင်ကတဆင့် ဘာများ အထူးအမှာစကားပြောကြားလိုပါသလဲ။

ဖြေ။ ။ အထူးပြောစရာတော့မရှိပါဘူး။ ကျနော်တို့ကတော့ နိုင်ငံရေးရည်မှန်းချက်ရှိတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်တာဟာလည်း တကယ်တော့ ကျနော်တို့ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ရမယ်လို့ ယုံကြည်စွာ ဆောင်ရွက်နေတာပါ။

အခု ကျနော်တို့ထဲကနေ ခွဲထွက်သွားတဲ့လူတွေက ကျနော်တို့လူမှုရေးလုပ်တာပဲ ဒါဟာ နိုင်ငံရေးအဆင့်ကျသွားပြီလိုလို ပြောနေတာတွေ ရှိပါတယ်။ ဒါတွေဟာ လုံးဝမဟုတ်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်ငန်းဟာ နိုင်ငံရေးလုပ်ငန်းပဲလို့ ကျနော်ပြောချင်တာတခု။ နောက်တခုက နယ်မှာ ကျနော်တို့ ကြားနေရတယ်၊ တချို့သူတွေက မေးတယ်။ ထင်ယောင်ထင်မှား ကိုယ်ပွားပါတီဆိုလား ဘာလားဆိုတာ။ မဟုတ်ဘူးဆိုတဲ့အကြောင်းလည်း ကိုယ့်ရဲဘော်တွေကို ကြုံတဲ့အခါ ပြောရသေးတယ်။ အန်အယ်လ်ဒီဆိုတာ ကျနော်တို့ကိုယ်တိုင်က မှတ်ပုံမတင်ဘဲ ဘာလို့ထပ်ပြီးတော့ ကိုယ်ပွားပါတီလို့ ဖွဲ့မလဲ။ မဟုတ်ဘူးဆိုတဲ့အကြောင်း ရှင်းရတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရဲ့ခေါင်းဆောင်ပဲ ဆိုတာမျိုး ပြောတာမျိုးတွေပေါ့ဗျာ။ နယ်တွေမှာပေါ့ဗျာ၊ ရင်းနှီးတဲ့သူတွေကနေ မေးတာမျိုးတွေ ရှိတယ်။ အဲဒါတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘူး ပြောထားပြီးပြီလေ။

နိုင်ငံရေးသမားတွေဟာ သိက္ခာရှိရှိ ကိုယ့်ကိုယ်ကိုယ် ပြတ်ပြတ်သားသား ဆောင်ရွက်သင့်တယ်။ ဒါမှပဲ ပြည်သု့အကျိုး တကယ်ဆောင်ရွက်တဲ့ နိုင်ငံရေးသမားကောင်းတွေ ဖြစ်မယ်၊ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်မယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။


::: Copyright © 1992-2010 The New Era Journal :::