
ယနေ့နေ့လည် မြန်မာစံတော်ချိန် ၂ နာရီ အချိန်တွင် ရန်ကုန်မြို့  အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ရှေ့ နေ ဦးဥာဏ်ဝင်းနှင့် ဒေါ်အောင်ဆန်းကြည်တို့နှစ်ဦးအား တရားဝင်တွေ့ဆုံဆွေးနွေးပြောဆိုခွင့်ကို နအဖစစ်အစိုးရမှခွင့်ပြုခဲ့ပါသည်။
ပြောရေးဆိုခွင့်ရှိသူဦးဥာဏ်ဝင်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ပြောဆိုသောစကားများကိုနအဖစစ်အစိုးရမှ အသံဖမ်းစက်များဖြင့်ခိုးယူအသံဖမ်းနားထောင်သောကြောင့်အရေးကြီးကိစ္စရပ်များကိုကောင်းမွန်စွာ ပြောဆိုခွင့်မရခဲ့ပါဟုသိရပါသည်။သို့သော်လည်းဦးဥာဏ်ဝင်းအားဒေါ်အောင်ဆန်းစုကြည်မှခြံဝင်းအတွင်း လမ်းလျှောက်သွားစဉ်လွန်စွာမှအရေးကြီးသောကိစ္စရပ်များကို အောက်ပါအတိုင်းပြောဆိုခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှ ရှေ့ နေဦးဥာဏ်ဝင်းအားပြောကြားချက်များ
၁ ။ ပါတီမှတ်ပုံတင် အသက်မရှိတော့သော NLD ရွှေဂုံတိုင်ရုံးချုပ်အတွင်း၌ နိုင်ငံရေးကိစ္စလုံး
ဝမပြုလုပ်စေရန်
၂ ။ NLDရွှေဂုံတိုင်ရုံးချုပ်သို့ ပြည်ပမှအဖွဲ့အစည်းများ ၊ နိုင်ငံခြားသားများအားလက်ခံတွေ့
ဆုံခြင်းမပြုရန်
၃ ။ မတ်လ ၂၉ ရက်နေ့တွင် NLD အဖွဲ့ချုပ်မှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကိုမလိုက်နာ လက်
မခံပဲ မိမိတစ်ဦးတည်းသဘောနှင့် ခွဲထွက်ပါတီထောင်ခဲ့သော ဦးခင်မောင်ဆွေ နှင့် အဖွဲ့အား
အပြင်းအထန် ကန့်ကွက်ရှုတ်ချပါကြောင်းနှင့်
၎ ။ အမေရိကန်သံအမတ် ကာ့တ်ကမ်ဘဲလ် နှင့်တွေ့ ဆုံပြောဆိုညှိနှိုင်းမှုမှာ လွန်စွာအားရဖွယ်ကောင်းကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ NLD ၏ပြောရေးဆိုခွင့်ရှိသူ ရှေ့ နေ ဦးဥာဏ်ဝင်းပြောကြားခဲ့ပါသည်ဟု သတင်းရရှိပါသည်။
သတင်း.Burma Paparazi
မြတ်လေးငုံ ထံမှရရှိပါသည်
No comments:
Post a Comment