-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, March 3, 2010

ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အစည်းအဝေးကျင်းပ


NEJ/ ၃ မတ် ၂ဝ၁ဝ


အန်အယ်လ်ဒီ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အစည်းအဝေးကို ယနေ့ ပါတီရုံးချုပ်တွင် ကျင်းပပြီး အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်ကြောင်း သိရသည်။

ယခုအစည်းအဝေးမှာ ပုံမှန်လစဉ်အစည်းအဝေးဖြစ်သော်လည်း ဦးတင်ဦး ပြန်လည်လွတ်မြောက်လာပြီးနောက် ၎င်းကိုယ်တိုင် တက်ရောက်သည့် ပထမဆုံးအစည်းအဝေးဖြစ်သည်။

“ဥပဒေအထောက်အကူပြုလုပ်ငန်းတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့အမှုတွေမှာ တတ်နိုင်သမျှ စေတနာအလျှောက် ကူညီတဲ့ ရှေ့နေတွေ ပေါင်းပြီး အကူအညီပေးတာပါ။ အန်အယ်လ်ဒီ ပါတီဝင်များကိုသာမက မည်သူ့ကိုမဆို ကျနော်တို့ အကူအညီ ပေးပါတယ်” ဟု အစည်းအဝေးတက်ရောက်သူ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင် (၁၀) ဦးအနက် ဒု-ဥက္ကဋ္ဌ
ဦးတင်ဦး၊ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးသိန်းညွန့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးအောင်သိန်းတို့ တက်ရောက်ကြကြောင်း သိရသည်။

ယခုအခါတွင် ဥပဒေအမျိုးမျိုးဖြင့် စွဲချက်တင်မှုများ အရေအတွက် များပြားနေသဖြင့် ရှေ့နေအင်အားကို ယခုထက် ပိုမိုစည်းရုံးသွားကာ ကြိုးစားဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော်တို့ ငွေရေးကြေးရေးအရ မတတ်နိုင်သူတွေကို လူ့အခွင့်အရေးတို့ နိုင်ငံရေးတို့နဲ့ပတ်သက်ပြီး ဥပဒေဆိုင်ရာ အကူအညီတွေ ပေးပါတယ်။ အခုလောလောဆယ် အမှု (၁၀၀) လောက်ကို အကူအညီပေးနေရပါတယ်” ဟု ၎င်းက ပြောသည်။


Copyright © 2004 The New Era Journal :::

No comments: