-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, May 4, 2011

အလုပ်သမားအဖွဲ့ချုပ် ဦးဆောင်ဖွဲ့ စည်းရေး NLD က ပြန်လည် ရှင်းလင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ မေဒေးနေ့ ကြေညာချက်မှာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံးအဖွဲ့ ချုပ် ကိစ္စနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာသားမှာ အဓိပ္ပါယ်ကောက်ယူမှု လွဲချော်နိုင်တဲ့အတွက် ဒီကနေ့ ပြန်လည်ပြင်ဆင် ကြေညာ လိုက်ပါတယ်။
ပထမ ကြေညာချက်မှာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် ဖွဲ့ စည်း တည်ထောင်ပြီး အလုပ်သမား အကျိုးကို NLD က အမြဲတမ်း ကာကွယ် စောင့်ရှောက်သွားမယ်လို့ ရေးသားထား ပါတယ်။

ဒီရေးသားချက်အရ အလုပ်သမားအဖွဲ့ ကို NLD က ဦးဆောင် ဖွဲ့စည်းမယ့်သဘော သက်ရောက် သွားခဲ့ပါတယ်။ တကယ်တမ်း ဆိုလိုချင်တာက အလုပ်သမားအဖွဲ့ ကို NLD က ဦးဆောင်ဖွဲ့ စည်းမှာ မဟုတ်ပဲ အလုပ်သမားအဖွဲ့ ပေါ်ပေါက်လာပြီးတဲ့အခါမှာ NLD က ပံ့ပိုးကူညီသွားမယ်လို့ ဆိုလိုတာ ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

"ကျတော်တို့ အရင်ထုတ်လိုက်တဲ့အထဲမှာ ၀ါကျ အထားအသိုလွဲနေလို့ အဓိပ္ပါယ် နှစ်မျိုး သုံးမျိုး ပြောလာကြတယ်။ အဲဒါကြောင့်။ ဆိုလိုတဲ့ သဘောက အလုပ်သမား အဖွဲ့ချုပ်ကို NLD က ဖွဲ့မယ်ဆိုတဲ့ သဘော တချို့က သက်ရောက်နေတယ်။ အဲဒါကြောင့် အဲလို မဟုတ်ဘူး။ အလုပ်သမား အဖွဲ့ကတော့ ကိုယ့်ဖာသာကိုယ် ဖွဲ့ကြမယ်။ အဲလို ဖွဲ့ပြီးတဲ့ အခါမှာ အဖွဲ့ချုပ်ကနေပြီးတော့ အလုပ်သမား အကျိုးအတွက် ကာကွယ်စောင့်ရှောက်တဲ့ လုပ်ငန်းတွေကို လုပ်သွားမယ်လို့ အဲလို ပြင်တာပါ။"

တကယ်တမ်း အလုပ်သမားအဖွဲ့ချုပ်ကို ဖွဲ့ စည်းရမယ့် ပုဂ္ဂိုလ်တွေက သက်ဆိုင်ရာ အလုပ်သမားတွေ ကိုယ်တိုင်ပဲ ဖြစ်တယ်လို့  ဦးဥာဏ်ဝင်းက ပြောပါတယ်။
RFAသတင်းမှကူးယူဖေါ်ပြပါသည်။

No comments: