-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, May 25, 2011

အန်အယ်လ်ဒီတွင် ၉၀ ရွေးကောက်ပွဲအထိမ်းအမှတ် စာတမ်းသုံးစောင်ဖတ်မည်

ဒီလ ၂၇ရက်နေ့ကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပမယ့် ၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်ပွဲ အထိမ်းအမှတ်အခမ်းအနားမှာ စာတမ်းသုံးစောင် ဖတ်ကြားဖို့ စီစဉ်ထားတယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် ကပြောပါတယ်။
“၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲကို ဘာကြောင့်ဝင်ခဲ့ရသလဲ”စာတမ်းကို အဖွဲ့ချုပ် မွန်ပြည်နယ်စည်းရုံးရေးကော်မတီဝင် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကြည်ညွှန့်၊ “၂၀၁၀ ရွေးကောက်ပွဲကို ဘာကြောင့် မဝင်ခဲ့တာလဲ” စာတမ်းကို ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသား ကိုဖြိုးမင်းသိမ်း နဲ့ “၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေပေါ်မှာ တိုင်းရင်းသားတွေရဲ့ သဘောထား” စာတမ်းကို စီအာပီပီ အတွင်းရေးမှူး ဦးအေးသားအောင် က အသီးသီး ပြုစုဖတ်ကြားကြမှာဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာကြတဲ့ နိုင်းငံရေးအကျဉ်းသားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ဂုဏ်ပြုတဲ့ အစီအစဉ်တရပ်ကိုလည်း ထူးထူးခြားခြား ထည့်သွင်းထားတယ်လို့ သူကပြောပါတယ်။
သမိုင်းဝင် ရှစ်လေးလုံး လူထုအုံကြွမှုအပြီး တပ်မတော်အစိုးရက ဦးစီးကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အပြတ်အသတ် အနိုင်ရပေမယ့် တပ်မတော်အစိုးရက အာဏာလွှဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့ပါတယ်
၂၀၁၀ ခုနှစ်မှာ တပ်မတော်အစိုးရက ထပ်မံကျင်းပတဲ့ ရွေးကောက်ပွဲမှတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်မပြိုင်ပါဘူး။

DVB မှ ကူးယူဖော်ပြပါသည်။

No comments: