
မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ် ပြောင်းလဲလာတာနဲ့ အမျှ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ပြန်လည် ရရှိလာဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ဦးဆောင်ပြီး နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် Trades Union Congress ဖွဲ့စည်းထူထောင်မယ့်အကြောင်း မေလ ၁ ရက် နေ့စွဲနဲ့ ကြေညာခဲ့ပါတယ်။သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေအရ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်လာတဲ့အတွက် အလုပ်သမားနဲ့ လယ်သမား အခြေခံ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အလုပ်သမား အဖွဲ့အစည်းတွေ လိုအပ်လာကြောင်း၊ ဒီလိုအပ်ချက်ကို ILO ပြဋ္ဌာန်းချက်တွေနဲ့ အညီ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ကို ထူထောင်ပြီး အလုပ်သမားထု အကျိုးကို ကာကွယ် စောင့်ရှောက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီကြေညာချက်ဟာ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အလုပ်သမားရေး ဆိုင်ရာ အဖွဲ့အစည်းတရပ် ပေါ်လာဖို့ ရည်ရွယ်သလို မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် စမ်းသပ်ချက်လည်း ဖြစ်တယ်လို့ NLD က ပြောပါတယ်။
အလုပ်သမားနဲ့ လယ်သမားရေး ဆောင်ရွက်နေတဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသန်းထွန်းကို RFA က ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။
RFAသတင်းမှကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment