-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, May 28, 2011

ဂျွန်မက်ကိန်း မြန်မာပြည်သွားမည်

အမေရိကန် ဆီးနိတ်အမတ် မစ္စတာဂျွန်မက်ကိန်းသည် လာမည့်သီတင်းပတ်အတွင်း
မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မှာ ဖြစ်သည်။

ရီပတ်ပလစ်ကင်ပါတီမှ ၂ဝဝ၈ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဗီယက်နမ် စစ်ပြန်ကြီးသည် နေပြည်တော်တွင် အာဏာပိုင်များနှင့် တွေ့ဆုံမှာဖြစ်သလို၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု သတင်းရပ်ကွက်များက ပြောသည်။

ဂျွန်မက်ကိန်းသည် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပိတ်ဆို့အရေးယူမှုကို ထောက်ခံသူ
ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ လက်ရှိသမ္မတအိုဘားမားကို ရှုံးနိမ့်ခဲ့သူ ဂျွန်မက်ကိန်းသည် အိုဘားမားအစိုးရ၏ လုပ်ဆောင်ချက် အများအပြားကို ပြင်းထန်စွာ ကန့်ကွက်လေ့ရှိသူအဖြစ် ထင်ရှားသည်။

mizzima မှ ကူးယူဖော်ပြပါသည်။

No comments: