-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, May 25, 2011

ကလေးမြို့ထောင်မှာ အကျဉ်းသားအခွင့်အရေး တောင်းဆိုသူများ တိုးလာ


စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ရောက် နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်း ဆေးကုသမှု ကောင်းကောင်းမွန်မွန် ရရှိဖို့နဲ့ တခြားအခွင့်အရေးတွေ ရရှိဖို့ အတွက် အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့တွေဆီကို တင်ပြ တောင်းဆိုတာတွေ ဆက်လက် ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကစပြီး ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရနဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညီပု အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ယောက် လက်မှတ်ရေးထိုးပြီး တောင်းဆိုခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ ရပိုင်ခွင့်အချက် ၆ ချက် အပေါ် နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၈ ယောက်က မေလ ၁၈ ရက်နေ့မှာ ထပ်မံ ပါဝင်ေ ထာက်ခံ တောင်းဆိုခဲ့ကြောင်း RFA က စုံစမ်းသိရှိရပါတယ်။

အဲဒီ နိုင်ငံရေးအကျဉ်းသားတွေကတော့ တောင်ကုတ်မြို့နယ် NLD အဖွဲ့ဝင် ကိုမင်းအောင်၊ ကိုနေလင်းအောင်၊ ကိုမြင့်လှိုင်၊ ကိုလှိုင်မျိုး ခေါ် မျိုးကြီး၊ ကိုအောင်အောင်၊ ဦးသိန်းလွင်ဦး၊ ကိုရန်ရွှေနဲ့ ဦးအေးချိုတို့ ဖြစ်ပါတယ်။

သူတိုရဲ့တောင်းဆိုချက်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ပေးဖို့၊ အစားအသောက် အသုံးအဆောင် အပြည့်အဝပေးဖို့၊ ထောင်ဝင်စာ တွေ့ချိန်မှာ မိသားစုနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ရဖို့၊ ထောင်ဝင်စာ မလာနိုင်သေးတဲ့ ကြားကာလမှာ တယ်လီဖုန်း ဆက်သွယ် စကားပြောခွင့် ပြုဖို့၊ တရားဝင် ထုတ်ဝေထားတဲ့ စာအုပ်စာတမ်းမှန်သမျှ ဖတ်ရှုခွင့်ရဖို့၊ ရေဒီယို ရုပ်မြင်သံကြား ကြည့်ရှုခွင့် ရဖို့နဲ့ အကျဉ်းထောင် လက်စွဲဥပဒေအတိုင်း ရပိုင်ခွင့်တွေ ပေးဖို့ ဖြစ်ပါတယ်။

အဲဒီတောင်းဆိုစာကို နိုင်ငံတော်သမ္မတ အပါအဝင် အကျဉ်းဦးစီးဌာနနဲ့ ကုလသမဂ္ဂ၊ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်တွေဆီကို ပေးပို့ခဲ့ကြောင်း သိရပါတယ်။


RFA မှ ကူးယူဖော်ပြပါသည်။

No comments: