
ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်းရာ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူး ၁ တို့လည်း ပါဝင်နေသည်။
ပြည်သူ့လွှတ်တော်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ စောသိန်းအောင်တို့ တင်သွင်းခံရသည်။
စစ်ဘက် ကိုယ်စားလှယ်များက
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးကို ရွေးချယ်ကြသည်။
အမျိုးသား လွှတ်တော်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်တို့ ယှဉ်ပြိုင်နေကြသည်။
ဆန်ကာတင်စာရင်းဝင် ဒုသမ္မတလောင်းများကို အရည်အချင်း စိစစ်နေပြီး ကြာသပတေးနေ့တွင် သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်မည် ဖြစ်သည်
ကြံ့ခိုင်ဖွံ့ဖြိုးရေးက အသာစီးရထားသဖြင့် ဦးသိန်းစိန်နှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့ လွှတ်တော် ၂ ရပ်မှ ဒုသမ္မတများ ဖြစ်လာဖွယ်ရှိသည်။
ဒေါက်တာစိုင်းမောက်ခမ်းမှာ လားရှိုးမှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၃)အတွက် ကြိုတင်မဲ တသောင်းကျော်နှင့် အနိုင်ရသူ ဖြစ်ပြီး ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သည်။ ကြံ့ဖွံ့အတွက် မဲဆွယ်စဉ်က ကြံ့ဖွံ့မထောက်ခံလျှင် ထောင်ထဲ တောထဲရောက်သွားမည်ဟု ခြိမ်းခြောက်မဲဆွယ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
အစိုးရအဖွဲ့ ယခုအပတ်ထဲ ဖွဲ့နိုင်မည်ဟု လွှတ်တော်တက်နေသော အမတ်တဦးက မဇ္ဈိမသို့ ပြောသည်။
MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment