-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, February 9, 2011

တိုင်းနှင့် ပြည်နယ်မှ လူငယ် ၃၀၀ ကျော်ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်အနှံ့က လူငယ်တွေ တွေ့ဆုံပွဲ ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ စတင်ပြုလုပ်ရာမှာ လူငယ်ကွန်ရက်ကိစ္စ၊ လူမှု ကူညီထောက်ပံရေး ကိစ္စတွေ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စတွေ၊ ဒီမိုကရေစီ ထွန်းကားရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ တိုင်းနဲ့ ပြည်နယ် အသီးသီးမှ တက်ရောက်တဲ့ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး၊ လူမှုရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းတာ၊ သူတို့အမြင် အယူအဆတွေကို တင်ပြဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ လာရောက်တဲ့ လူငယ်တွေဟာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တွေက ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ တိုင်းနဲ့ ပြည်နယ် ၅ ခုက အခြေအနေတွေကို အဓိကဆွေးနွေးခဲ့ပြီး မနက်ဖြန်မှာ ကျန်ရှိနေတဲ့ တိုင်းနဲ့ ပြည်နယ်က လူငယ်တွေက တင်ပြ ဆွေးနွေးကြဦးမယ်လို့ သိရပါတယ်။ ဒီကနေ့ တက်ရောက်တဲ့ လူငယ် စုစုပေါင်း ၃၀၀ လောက်ရှိပြီး အားလုံးဟာ အန်အယ်ဒီ အဖွဲ့ဝင် မဟုတ်ပဲ တိုင်းပြည်ရေး၊ လူမှုရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲကို ၂ ရက်ကြာ ပြုလုပ်မှာ ဖြစ်ပြီး ပထမနေ့အဖြစ် ဒီကနေ့ မနက် ၉ နာရီ ခွဲလောက်က စတင်ကာ နေ့လည် ၂ နာရီကျော်လောက်မှာ ပြီးဆုံးခဲ့ပါတယ်။ RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။

No comments: