-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, February 3, 2011

ဦးသိန်းစိန်နှင့် စိုင်းမောက်ခမ်း ရွေးချယ်ခံရ

ပြည်သူ့လွှတ်တော်တွင် စစ်အစိုးရ ဝန်ကြီးချုပ်ဖြစ်သူ ဦးသိန်းစိန်နှင့် အမျိုးသား လွှတ်တော်တွင် စိုင်းမောက်ခမ်းကို ဒုသမ္မတများအဖြစ် ယနေ့ ရွေးချယ်လိုက်သည်။

နေပြည်တော်တွင် ဆက်လက်ကျင်းပနေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုသမ္မတရွေးချယ်ရာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်လည်းဖြစ်သူ ဦးသိန်းစိန်က ပြိုင်ဘက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဦးစောသိန်းအောင်ကို ၂၇၆ မဲ - ၃၈ မဲ ဖြင့် အပြတ်သတ် အနိုင်ရခဲ့သည်။

အမျိုးသားလွှတ်တော်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှပင် စိုင်းမောက်ခမ်းက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ ဒေါက်တာအေးမောင်ကို ၁၄ဝ မဲ - ၂၇ မဲဖြင့် အနိုင်ရရှိလိုက်ခြင်း ဖြစ်သည်။

မနက်ဖြန်တွင် သမ္မတကို ရွေးချယ်မည်ဖြစ်ရာ ဦးသိန်းစိန်၊ စိုင်းမောက်ခမ်းတို့သည် စစ်ဘက်မှ ရွေးချယ်သော ဒုသမ္မတနှင့် ယှဉ်ပြိုင်ကြရမည်။

စစ်တပ်ကိုယ်စားလှယ်များက ရွေးချယ်သော ဒုသမ္မတမှာ သီဟသူရ ဦးတင်အောင်မြင့်ဦးဟု နေပြည်တော်မှလာသော သတင်းပေးသူများက ပြောသည်။ သို့သော် စစ်အစိုးရအာဘော် နိုင်ငံပိုင် မီဒီယာများတွင် ထိန်ချန်ထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ၁ ဦးနှင့် ဒုသမ္မတ ၂ ဦး ပေါ်ထွက်လာမည် ဖြစ်သည်။



MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

No comments: