-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, June 26, 2011

၂၀၁၁ခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားကိုကျင်းပပြုလုပ်


၂၀၁၁ခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့အခမ်းအနားအား ယနေ့(၂၆-၆-၂၀၁၁)တနင်္ဂနွေနေ့တွင် ဂျပန်နိုင်ငံ၊
OSAKAမြို့ရှိ SUMAI JOHOO CENTRE တွင် နေ့လည်(၁၂း၃၀)နာရီမှ ညနေ(၁၆း၂၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ဂျပန်နိုင်ငံရှိ လူ့အခွင့်အရေးအသီးသီးမှတာဝန်ရှိသူများနှင့်အဖွဲ့ဝင်များ ၊NGO အဖွဲ့အစည်းအသီးသီး၊ ဂျပန်နိုင်ငံရှိကမ္ဘာအရပ်ရပ်မှ ဒုက္ခသည်အဖွဲ့အစည်းများနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ဂျပန်ဌာနခွဲ၊နဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတတ်ရောက်ခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားတွင်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ဒုက္ခသည်များဖြစ်ပေါ်လာပုံ၊ဒုက္ခသည်များဖြစ်ပေါ်လာရသည့်အကြောင်းအရင်းနှင့် လူ့အခွင့်အရေးနှင့်ဆိုင်ရာ အကြောင်းအရင်းများကို စာတမ်းဖတ်တင်ပြ နှီးနှောဆွေးနွေးဖလှယ်ခဲ့ကြပြီး ဓာတ်ပုံမှတ်တမ်းများနှင့်စာရွက်စာတမ်းများကိုခင်းကျင်း ပြသခဲ့ကြင်္ပြီး အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။

No comments: