-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, June 19, 2011

(၆၆)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းပွဲအခမ်းအနား(နဂိုယာ)








(၆၆)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းပွဲအခမ်းအနားကို ယနေ့(၁၉-၆-၂၀၁၁)နေ့ တနင်္ဂနွေနေ့တွင် မြန်မာ့ဒီမိုကရေစီအဖွဲ.ချုပ်နဂိုယာဌာနခွဲနှင့် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ-နဂိုယာစည်းရုံးရေးဒေသမှ အဖွဲ.၀င်များနှင့် ဒီမိုကရေစီအင်အားစုများက နေ.လည်(၁)နာရီမှ ညနေ(၅)နာရီအထိ ဂျပန်နိုင်ငံနဂိုယာမြို.၊ TEMMACHO ရှိ HATARAKU HITO NO IE ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြစ်စဉ်ဓါတ်ပုံများနှင့် အထ္တုပတ္တိစာအုပ်များကို အမေနှင့်အမေအကြောင်းခေါင်းစဉ်ဖြင့်ခင်းကျင်းပြသခဲ့ကြပြီး တတ်ရောက်လာကြသော မြန်မာနိုင်ငံဒီမိုကရေစီအရေးစိတ်ဝင်စားသော ဂျပန်လူမျိုးများနှင့်ဒီမိုကရေစီအင်အားစုများအား နန်းကြီးသုတ်ဖြင့် ကျွေးမွေးဧည်.ခံခဲ့ကြသည်၊ဆက်လက်၍ တတ်ရောက်လာကြသော ဂျပန်နိုင်ငံသားများမှ ဒေါ်အောင်ဆန်းစုကြည် မွေးနေ.အတွက် ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြပြီး နဂိုယာဒိုးပတ်မောင်အဖွဲ.မှ မြန်မာ့ရိုးရာဒိုးပတ်ဖြင့်လည်းကောင်း၊ ခေတ်ပေါ်တေးဂီတတို.ဖြင့်ဖျော်ဖြေခဲ့ပြီး ညနေ(၅)နာရီတွင် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။

1 comment:

dfs said...

ပို့စ်တွေကို Categories တွေခွဲပြီးထားရင် ပိုပြီးဖတ်လို့လွယ်ကူပြီး ရှာဖွေရတာလဲအဆင်ပြေမယ်လို့ထင်ပါတယ်..