-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --
Sunday, June 12, 2011
နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိအမြန်ဆုံးပြန်လည်လွှတ်ပေးေ၇း လှုပ်ရှားတောင်းဆိုဆန္ဒပြ
နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိအမြန်ဆုံးပြန်လည်လွှတ်ပေးေ၇း လှုပ်ရှားတောင်းဆိုဆန္ဒပြမှုတစ်ရပ်ကို ယနေ့(၁၂-၀၆-၂၀၁၁)တနင်္ဂးနွေနေ့တွင်နေ့လည်(၁)နာရီမှ(၃)နာရီအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ဂျပန်ဌာနခွဲ၊ နဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များက ဂျပန်နိုင်ငံ၊နဂိုယာမြို့၊KANAYAMAဘူတာရှေ့တွင် လှုပ်ရှားတောင်းဆိုဆန္ဒပြခဲ့ကြသည်။
အဆိုပါ လှုပ်ရှားတောင်းဆိုဆန္ဒပြပွဲသို့ မြန်မာ့အရေးကိုစိတ်ဝင်စားသော ဂျပန်နိုင်ငံသူ၊နိုင်ငံသားများနှင့်အခြားနိုင်ငံသားများက ကြည့်ရှု အားပေးခဲ့ကြပြီး၊ အဖွဲ့ချုပ်အဖွဲ့ဝင်များကလည်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများမြောက်များစွာ ကျန်ရှိနေသေးကြောင်းကို ရှင်းလင်းပြောကြားပြီး၊လက်ရှိမြန်မာနိုင်ငံ၏ပြည်တွင်းရေးကိုသိရှိနားလည်စေရန် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment