-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, June 5, 2011

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် သွေးလှူဒါန်းနိုင်ရန် လူငယ်များ ကြိုးပမ်းနေ




မြန်မာပြည်တွင်းက လူငယ်တစုဟာ ၂၀၁၁ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၆ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဇွန်လ ၁၄ ရက်နေ့မှ စတင်ကာ သွေးလှူဒါန်းတဲ့ လှုပ်ရှားမှုကို ပြုလုပ်မှာ ဖြစ်ကြောင်း၊ ထို အဖွဲ့ကို BG အဖွဲ့လို့ အမည်ပေးထားပြီး သွေးလှူဒါန်းလိုသူများအနေနဲ့ ရန်ကုန်မြို့က ကိုညီညီ (၀၉၄၉ ၃၂၈ ၀၅၅)၊ဒေါ်သီတာ (၁ ၃၉၆ ၄၇၆)၊ ကိုလင်းထက် (၀၉၇၃ ၁၂၅ ၈၈၅)၊ ကိုကောင်းထက်ကျော် (၀၉၉ ၉၂၇ ၀၈၂) တို့ထံ ပူးတွဲပါ တယ်လီဖုန်းအမှတ်များမှတဆင့် ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

(အခု ဖော်ပြထားတဲ့ ဓါတ်ပုံများဟာ မေ ၃၀ ရက် ဒီပဲယင်း လုပ်ကြံမှု နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် BG အဖွဲ့ သွေးလှူဒါန်းစဉ်က ဓါတ်ပုံများ ဖြစ်ပါတယ်။)

burmatoday မှ ကူးယူဖော်ပြပါသည်။

No comments: