-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --
Monday, August 9, 2010
(၂၂)နှစ်မြောက်ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်ချီတက်ဆန္ဒပြပွဲ ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင်ကျင်းပ
(၂၂)နှစ်မြောက်ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်ချီတက်ဆန္ဒပြပွဲကို ယမန်နေ့ (၈-၈-၂၀၁၀)တနင်္ဂးနွေနေ့လည်(၁)နာရီမှ(၃)နာရီအထိ ဂျပန်နိုင်ငံ၊တိုကျိုမြို့၊ ODANTAပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို နေ့လည်(၁း၃၀)နာရီတွင် စတင်ဖွင့်လှစ်ပြီး ဂျပန်နိုင်ငံရှိ မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများကဖွင့်လှစ်အမှာစကားပြောကြားပြီး ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ မြန်မာ့အရေးစိတ်ဝင်စားသောဂျပန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများ စုစုပေါင်းလူဦးရေ (၁၁၅၀)ခန့်က တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ကြသည်။ ထို့နောက် ဒီမိုကရေစီအင်အားစုများက ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လည်လွှတ်ပေးရေး၊ တရားမျှတမှုမရှိသော ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် နအဖ၏စစ်မှန်မှုမရှိသော ၂၀၁၀ရွေးကောက်ပွဲအား အလိုမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး ပြုလုပ်ပေးရန် စသည်တို့ကိုတောင်းဆိုလျှက် ODANTAပန်းခြံမှ နအဖစစ်အခွန်ရုံးရှေ့အထိ ချီတက်ဆန္ဒပြတောင်းဆိုပြီး (၃း၃၀)နာရီခန့်တွင် အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment