-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, January 10, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိအမြန်ဆုံး ပြန်လည်လွှတ်ပေးရေး ဆန္ဒပြတောင်းဆို


ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိအမြန်ဆုံး ပြန်လည်လွှတ်ပေးရေး ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုတစ်ရပ်ကို ယနေ့(၁၀-၁-၂၀၁၀)တနင်္ဂနွေနေ့ နေ့လည်(၁)နာရီမှ(၃)နာရီအထိ ဂျပန်နိုင်ငံ၊ နဂိုယာမြို့၊ Kanayamaဘူတာရှေ့တွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါဆန္ဒပြတောင်းဆိုလှုပ်ရှားမှုသို့ ဂျပန်နိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ-နဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များက စုံညီစွာပူးပေါင်းပါဝင်ခဲ့ကြပြီး လက်ရှိမြန်မာနိုင်ငံ၏ပြည်တွင်းရေးအခြေအနေများကို ဂျပန်ပြည်သူပြည်သားများနှင့်တကွကမ္ဘာမှ ပိုမိုသိရှိနားလည်လာစေရန် လက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့ကြသည်။ ဆက်လက်၍ မြန်မာ့အရေးစိတ်ဝင်စားသော နိုင်ငံခြားသားများ ၊ လာရောက်မေးမြန်းအားပေး ကြည့်ရှုကြသောဂျပန်ပြည်သူပြည်သားများအား သိရှိလိုသည်များကိုရှင်းလင်းဖြေကြား၍ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နှိင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လည်မလွှတ်ပေးဘဲ ယခုနှစ်အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိသောရွေးကောက်ပွဲ ဖြစ်လာနိုင်မည်မဟုတ်ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

No comments: