-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, January 18, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်စေရန်နှင့် ၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ


ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံး
ပြန်လည်လွတ်မြောက်စေရန်နှင့် ၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှုတစ်ရပ်ကို (၁၇-၁-၂၀၁၀)ရက်၊ တနင်္ဂနွေနေ့၊ နေ့လည် (၁)နာရီမှ(၃)နာရီအထိ ဂျပန်နိုင်ငံ၊နာဂိုယာမြို့၊kanayamaဘူတာရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ ဂျပန်ဌာနခွဲ၊ နာဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များကပူးပေါင်းလှုပ်ရှားခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိအမြန်ဆုံးပြန်လည်လွှတ်ပေးစေရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ဆက်လက်၍ (၁၉၉၀)ခုနှစ်ရွေးကောက်ပွဲသည်သာစစ်မှန်၍တရားမျှတသော
ရွေးကောက်ပွဲဖြစ်ပြီး အဆိုပါရွေးကောက်ပွဲ၏ ရလဒ်အားအသိအမှတ်ပြုရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ယခုနှစ်အောက်တိုဘာလတွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်လာမည်မဟုတ်ကြောင်းကို ဂျပန်ပြည်သူပြည်သားများနှင့် ဂျပန်အစိုးရမှသိရှိနားလည်စေရန်ထုတ်ဖော်ဆန္ဒပြခဲ့ကြပြီး လက်ရှိမြန်မာနိုင်ငံ၏ပြည်တွင်းရေး အခြေအနေများကို နိုင်ငံတကာမှပိုမိုသိရှိစေရန် လက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့ကြသည်။

No comments: