-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, January 16, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖစစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖစစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့တွေ့ဆုံသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ယနေ့နေ့လယ် (၁) နာရီတွင် သွားရောက်တွေ့ဆုံခဲ့ပြီး (၂၅) မိနစ်ခန့်အကြာတွင် ပြန်လည်ထွက်ခွာသွားသည်ဟု အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “ဟုတ်ကဲ့၊ တွေ့တယ်လို့တော့ ကြားပါတယ်။ ကျနော်တို့ တရားဝင်တော့ မသိရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ နေ့လယ် (၁) နာရီမှာ တွေ့ပြီးတော့ (၁) နာရီ (၂၅) မိနစ်လောက်မှာ ၀န်ကြီးက ပြန်ထွက်သွားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့တယ်လို့ ပြောရပါမယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်းဖြစ်၊ ဆက်ဆံရေးဝန်ကြီးလည်းဖြစ်သည့် ဦးအောင်ကြည်တို့သည် ယခုနှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ (၉) ရက်၌လည်း အစိုးရဧည့်ဂေဟာတွင် (၄၅) မိနစ်ကြာ တွေ့ဆုံခဲ့ကြသည်။

No comments: