-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, March 14, 2011

ဂျပန်ငလျင်အတွက် NLD သဝဏ်လွှာပို့


AFP

ဂျပန်နိုင်ငံတွင် ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဆူနာမီငလျင်ကြီး လှုပ်ခတ်သွားပြီးနောက် လေဆိပ်တခု အပြင်ဘက်ရှိ အပျက်အစီးများ အကြားတွင် လေယာဉ်ငယ်တစင်း ရောက်ရှိနေသည်ကို တွေ့ရပုံ။ (Photo: AFP)

2011-03-13
ဂျပန်နိုင်ငံမှာ လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ် ဆုံးရှုံးခဲ့ရတဲ့ ဂျပန်ပြည်သူတွေ အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတစောင်ကို NLD အဖွဲ့ဝင် အားလုံးကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ရှိ ဂျပန်သံအမတ်ကြီးထံ ပေးပို့လိုက်ပါတယ်။


အဲဒီသဝဏ်လွှာကို စနေနေ့ညနေပိုင်းက ဂျပန်သံအမတ်ကြီးနေအိမ်ကို သွားရောက် ပေးပို့ခဲ့ကြောင်း NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဟံသာမြင့် ကပြောပါတယ်။

“ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဖွဲ့ဝင်အားလုံးက ခံစားနေရတဲ့ ဂျပန်ပြည်သူတွေ အားလုံးအတွက် ဝမ်းနည်းကြောင်း ဆိုပြီး ပို့လိုက်တာပါ”

မနေ့က ရုံးပိတ်ရက်ဖြစ်တဲ့အတွက် သံအမတ်ကြီး နေအိမ်ကို အခုလို သွားရောက်ပေးပို့တာ ဖြစ်တယ်လို့လည်း ဦးဟံသာမြင့်က ပြောပါတယ်။


Copyright © 1998-2011 Radio Free Asia. All rights reserved.

No comments: