-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, March 2, 2011

မန္တလေး ကွန်ရက်အဖွဲ့များ ချိတ်ဆက်ကာ နွေရာသီပညာဒါန သင်တန်းဖွင့်


မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ကျောင်းမနေနိုင်တဲ့ ကလေးငယ်တွေ အတွက် လူငယ် ကွန်ရက် အဖွဲ့တွေက ဦးစီးပြီး နွေရာသီပညာဒါန သင်တန်းတခုကို မတ်လ ၁ ရက် ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်၊
ဒီသင်တန်းကို ရဲရင့်နှလုံးသား လူမှုဖွံ့ဖြိုးရေးအသင်းက ကြီးမှူး ဆောင်ရွက်ခဲ့တာလို့ ဒီကျောင်းအတွက် အကူအညီ ပေးနေတဲ့ လူငယ်ကွန်ရက် အဖွဲ့ဝင် လူငယ်တဦးက ပြောပြပါတယ်၊

ဒီကနေ့ သင်တန်းစဖွင့်တဲ့နေ့မှာ စာရင်းလာပေးတဲ့ ကျောင်းသားကျောင်းသူ ၂၀၀ ခန့် ရှိတယ်လို့ သိရပါတယ်၊ ခုလိုနွေရာသီ ပညာဒါနအလှူအတွက် ဆောင်ရွက်ခဲ့တာ အခုနှစ်ပါဆိုရင် ၃ ကြိမ်ရှိပြီလို့ သိရပါတယ်။

ဒီသင်တန်းအတွက် လူငယ်ကွန်ရက်အဖွဲ့တွေ အချင်းချင်း ချိတ်ဆက် အကူအညီပေးပြီး ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သင်တန်းဖြစ်မြောက်ရေး အကူအညီပေးနေတဲ့ လူငယ်တဦးက ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး လူငယ်ကွန်ရက်အဖွဲ့ ဝင်တဦးကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။

No comments: