-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, June 21, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးလှုပ်ရှားမှု


ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးလှုပ်ရှားမှုတရပ်ကို ယမန်နေ့(၂၀-၆-၂၀၁၀)တနင်္ဂနွေနေ့ မွန်းလွဲ(၁)နာရီမှ(၃)နာရီအထိ ဂျပန်နိုင်ငံ၊နဂိုယာမြို့၊kanayamaဘူတာရှေ့တွင်ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါတောင်းဆိုလှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ)၊ နဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များကပူးပေါင်းပါဝင် လှုပ်ရှားခဲ့ကြပြီး မြန်မာနိုင်ငံ၏လက်ရှိပြည်တွင်းရေးအခြေအနေများကို ဂျပန်ပြည်သူပြည်သားများ ပိုမိုသိရှိနားလည်စေရန် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။ ဆက်လက်ပြီး(၆၅)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံနှင့်ကိုယ်ရေးဖြစ်စဉ်အကျဉ်း ရိုက်နိုပ်ထားသော post card များကိုလည်းဖြန့်ဝေခဲ့ပြီး ယခုနှစ် အောက်တိုဘာလတွင် ကျဉ်းပပြုလုပ်မည့် မြန်မာစစ်အစိုးရ၏တရားမျှတမှုမရှိသော ရွေးကောက်ပွဲအားဆန့်ကျင်ပြီး အသိအမှတ်မပြုကြောင်းကိုထုတ်ဖော်ဆန္ဒပြခဲ့ကြသည်။

No comments: