၂၂.၁၁.၂၀၀၉
ယနေ့(၂၂.၁၁.၂၀၀၉)၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်) ဂျပန်ဌာနခွဲ၏ နဂိုယာစည်းရုံးရေးဒေသ အဖွဲ့ချုပ်ဝင်များမှ လှုပ်ရှားမှု့များကို ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အားမတရားအမှုဆင်လုပ်ဆောင်ပြီး အမိန့်ချမှတ်ခြင်းကို လုံးဝ(လုံးဝ)လက်မခံနိုင်ကြောင်းကို ဂျပန်ပြည်သူများအား သေချာသိရှိစေရန် လက်ကမ်းစာဆောင်ဝေခြင်းအမှုအား နဂိုယာစည်းရုံးရေးဒေသ အဖွဲ့ချုပ်ဝင်များမှ စဉ်ဆက်မပြတ်လုပ်ဆောင်လာခဲ့သည်။
ယနေ့၌ နဂိုယာစည်းရုံးရေးဒေသ၏ ဆက်တိုက်လုပ်ဆောင်မှု့များကို ဂျပန်ပြည်သူများ အသိအမှတ်ပြုလာခြင်းကို လက်တွေ့လာရောက် အားပေးခြင်းဖြင့် ကျနော်တို့ အဖွဲ့ချုပ်ဝင်များ၏ ယုံကြည်ချက်ဖြင့် လုပ်ဆောင်နေမှု့များကို ပိုမိုခိုင်လာစေသည်။
No comments:
Post a Comment