-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --
Sunday, October 11, 2009
ဒေါ်အောင်ဆန်းစုကြည်အပေါ် အယူခံပယ်ချခြင်းကို ဆက်လက်ဆန့်ကျင်ဆန္ဒပြ
ယနေ့ (၁၁.၁၀.၂၀၀၉)နေ့လည် ၂နာရီမှ ညနေ ၄နာရီအထိ နာဂိုယာမြို့ ခါနယာမ ဘူတာရှေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် နာဂိုယာစည်းရုံးရေးဒေသအဖွဲ့ဝင်များမှ ဂျပန်လူမျိုးများကို မြန်မာလူမျိုးများမှ စစ်အစိုးရ၏ မတရားသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုခြင်း ၊အယူခံပယ်ချခြင်းတို့အပေါ် လက်မခံနိုင်ကြောင်းကို သိရှိစေရန် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြသည်။
မြန်မာ့အရေးကို စိတ်ဝင်စားကြသော ဂျပန်လူမျိုးများကို မြန်မာနိုင်ငံ၏ လက်ရှိအနေအထားများ ၊စစ်အစိုးရ၏ ပြည်သူ့အပေါ် လိမ်လည်နေခြင်း ၊ ၎င်းစစ်အစိုးရ၏ သဘောထားမှန်ကန်ခြင်း မရှိကြောင်းကို ရှင်းလင်းပြခဲ့သည်။ထို့အပြင် ဂျပန်လူမျိုးများအနေဖြင့် ယခုလက်ရှိ ဂျပန်အစိုးရအနေဖြင့် မြန်မာအစိုးရအပေါ် ပြင်းထန်သောမူဝါဒများထားရှိပေးရန် နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွတ်မြောက်စေရေးကို တောင်းဆိုပေးကြရန် မေတ္တာရပ်ခံခဲ့ကြသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment