-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, October 7, 2009

ဒေါ်အောင်ဆန်းစုကြည်အပေါ် အယူခံပယ်ချမှုအားဆန့်ကျင်ကန့်ကွက် ဆန္ဒပြ


ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်မရှိကြောင်းအယူခံဝင်မှုကို မြန်မာစစ်အစိုးရမှပယ်ချလိုက်သည်။ ယင်းအယူခံပယ်ချလိုက်မှုအတွက် ဆန့်ကျင်ကန့်ကွက်ကြောင်းဆန္ဒပြလှုပ်ရှားမှုကို ဂျပန်နှိင်ငံ၊နာဂိုယာမြို့တွင် ကျင်းပလုပ်ဆောင်လှုပ်ရှားခဲ့သည်။အဆိုပါဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲသို့ ဂျပန်နှိင်ငံရောက်မြန်မာနှိင်ငံဒီမိုကရေစီလှုပ်ရှားသူများဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွပ်မြောက်နယ်မြေ)၊ နာဂိုယာစည်းရုံးရေးဒေသမှအဖွဲ့ဝင်များက ဂျပန်နှိင်ငံ၊နာဂိုယာမြို့၊ခါနာယာမဘူတာရှေ့တွင် (၄-၁၀-၂၀၀၉)ရက် တနင်္ဂနွေနေ့ ၊ နေ့လည်(၂)နာရီ မှ (၄)နာရီအထိ ပါဝင်လှုပ်ရှားခဲ့ပြီး မြန်မာနှိင်ငံ၏လက်ရှိနှိင်ငံရေးအခြေအနေနှင့် ပြည်တွင်းရေးအခြေအနေကို ဂျပန်လူမျိုးများနှင့်တကွ လူမျိုးပေါင်းစုံသိရှိနားလည်စေရန် လက်ကမ်းစာဆောင်များဖြန့်ဝေခဲ့ကြသည်၊၊

No comments: