Saturday, October 31, 2009
Wednesday, October 28, 2009
Sunday, October 18, 2009
Sunday, October 11, 2009
Saturday, October 10, 2009
စစ်အစိုးရ ခေါင်းဆောင်များအနေဖြင့် လွှတ်တော်အသီးသီအတွက် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောဆိုခြင်းသည် ပြည်သူလူထုကို လိမ်လည်

News from Yoma3
စစ်အစိုးရ ခေါင်းဆောင်များအနေဖြင့် လွှတ်တော်အသီးသီအတွက် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောဆိုခြင်းသည် ပြည်သူလူထုကို လိမ်လည်လှည့်ဖြား ချွေးသိပ်ပြောဆိုခြင်းသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး ဦးမြင့်စိုးက ပြောသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများ ညီလာခံ ဒုတိယနေ့တွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခြေခံဥပဒေအသစ်အရ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲများကို ကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာကျင့်သုံးရန်လိုကြောင်း ပြောကြားခဲ့သည့် မိန့်ခွန်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“စစ်ဗိုလ်ချုပ်တွေ၊ စစ်အာဏာရှင် ခေါင်းဆောင်တွေဟာ ဘာပဲလုပ်လုပ် သူတို့အတွက် တက်လို့ ဆုတ်လို့ရမဲ့ အနေအထားကို ရအောင်ယူထားတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုကိုလည်း ဘယ်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောတာလည်း မရှိဘူး။ သူတို့ ပေါ်လစီအတိုင်းပဲ လုပ်ချင်တာလုပ်တာ” ဟု ပြောသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင် ပြဌာန်းပေးရမည့် ဥပဒေများ အလေးနက်ထား လုပ်ဆောင်ပေးခြင်းမရှိဘဲ လုပ်ချင်သလို လုပ်နေခြင်းသည် အာဏာရှင်များ၏ ထုံးစံတခုပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“နမူနာအနေနဲ့ ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲပြီးတော့လည်း လွှတ်တော်အသစ် ဖွဲ့မလား၊ ၄၇ ဖွဲ့စည်းပုံအတိုင်း သွားမလာဆိုပြီး လွှတ်တော်ခေါ်ပြီး ပြောဆိုတာတွေ၊ ဘာတခုမှ တိတိကျကျ ပြဌာန်းလုပ်ဆောင်ပေးခဲ့တာမရှိဘူး။ လုပ်တာနဲ့ ပြောတာ ကိုက်ညီတာ ဘာမှမရှိဘူး” ဟု ဦးမြင့်စိုးက ဆက်လက်ပြောသည်။
မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူလူထုကို ဂရုစိုက်ခြင်းမရှိဘဲ လုပ်ချင်တာ လုပ်နေသည်ကို ၂၀၀၈ ခုနှစ်အတွင်းက နာဂစ်မုန်တိုင်းကြောင့် အသက်ပေါင်း သိန်းချီသေဆုံးခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်ဟု ပြောသည်။
“ထိုင်ဝမ်မှာဆိုရင် လူ ထောင်ဂဏန်းလောက် သေတာနဲ့ အစိုးရတဖွဲ့လုံး ပြုတ်သွားတယ်။ ကျနော်တို့ မြန်မာပြည်မှာ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း သိန်းချီသေသွားတဲ့ အချိန်မှာတောင် စစ်အာဏာရှင်တွေက သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရအောင်လုပ်သွားတယ်ဆိုတာ တော်တော်ကို စက်ဆုတ်ရွံရှာဖွယ် ကောင်းတယ်” ဟု ဆက်လက်ပြောသည်။
Wednesday, October 7, 2009
Friday, October 2, 2009
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံ တိုင်းရုံးက ပယ်ချ ။

Friday, October 2, 2009
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံ တိုင်းရုံးက ပယ်ချ ။
ခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ် စီရင်ခဲ့သည်ကို တိုင်းတရားရုံး၌ အယူခံဝင်ခဲ့ရာ ယနေ့တွင် တရားရုံးက ပယ်ချလိုက်ပြီ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့တွင် အင်းစိန်ထောင် တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး၊ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်ကြောင့် ပြစ်ဒဏ်ကို ထက်ဝက်လျှော့ကာ နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖွဲ့က အမှုကို တိုင်းတရားရုံးသို့ အယူခံတင်သွင်းရာ ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးခဲ့ကြပြီးနောက် ယနေ့တွင် စီရင်ချက်ချမည်ဟု ချိန်းဆိုခဲ့ရာမှာ အယူခံကို ပယ်ချလိုက်ခြင်း ဖြစ်သည်။
''အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုတယ်ဆိုပြီး တိုင်းရုံးက ပြောတယ်။ ဒါပေမဲ့ ကောင်းတာက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အသက်မရှိတော့ဘူးလို့ ဒီကနေ့ တရားရုံးက ပြောတယ်။ လုံးဝ ယုတ္တိမရှိဘူးလို့ ပြောတယ်'' ဟု ယနေ့ တရားရုံးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ရက်တော ဆိုသူသည် ရန်ကုန် အင်းလျားကန် ဘေးတွင် တည်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ အရေးယူ၍ တရားစွဲခဲ့ပြီး ခရိုင်တရားရုံးက ပြစ်ဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ထို ဥပဒေမှာ ပျက်ပြယ်ပြီး ဖြစ်သော ဥပဒေအဖြစ် တရားရုံးတွင် ခုခံချေပ ခဲ့ကြသေးသည်။
''၇၄ ဥပဒေကို မရှိတော့ဘူးလို့ ပြောတာ ကောင်းပါတယ်။ နောက်ပိုင်းမှာ လာမယ့် အမှုတွေအတွက် ရှင်းသွားတာပေါ့။ အခုဟာက ဥပဒေဆိုင်ရာ ထက် နိုင်ငံရေးအမှုဖြစ်တယ်။ အဲဒါကြောင့် အခုလို အသိအမှတ်ပြုတာ ကောင်းပါတယ်'' ဟု တရားရုံးအခြေအနေ လေ့လာ စောင့်ကြည့်သူက ဆိုသည်။
ခရိုင်တရားရုံး ဆုံးဖြတ်ချက်အတိုင်း တိုင်းတရားရုံးက ဆက်လက် အတည်ပြုပါက ဗဟိုတရားရုံးချုပ်သို့ ဆက်လက် အယူခံသွားမည်ဟု အစောပိုင်း ဆက်သွယ် မေးမြန်းချက်တရပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောဆိုခဲ့သည်။
မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂၀ ခန့်တွင် ၁၄ နှစ်ခန့် အကျယ်ချုပ် ကျခံခဲ့ရသည်။
အတိုက်အခံ အင်အားစုများကမူ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူမြင်ကွင်းမှ ပျောက်ကွယ်နေစေ ရန် ဆက်လက် ချုပ်နှောင်ထားလိုပြီး၊ အများပြည်သူအကြား သူမ၏ ကျော်ကြားမှုကို စိုးရိမ်နေသည်ဟု ဝေဖန်သုံးသပ်ကြသည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က အနောက်ကမ္ဘာ ဦးဆောင်သည့် ပြစ်ဒဏ်ခတ် အရေးယူမှုများ အဆုံးသတ်ရန် အတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ကမ်းလှမ်းသည့်စာကို မကြာသေးခင်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ ခဲ့သေးသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲ ဆောင်ရွက်ရန်ကို သံသယရှိသူ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် အဆိုပါ ကမ်းလှမ်းချက်ကို တုံ့ပြန်ဖွယ် မရှိကြောင်း လေ့လာသုံးသပ်သူများက ယုံကြည်ခဲ့ကြသည်။
ရင်းမြစ်။ (မဇ္ဈိမ)။
*မြတ်လေးငုံ*
Read More ...
Subscribe to:
Posts (Atom)