
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ အရေးယူထားတာဟာ မြန်မာအစိုးရနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရတဲ့ စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က ပြောပါတယ်။
ဒေါက်တာ ဦးမြင့်ဟာ အင်္ဂလိပ်စာ၊ နိုင်ငံရေးသိပ္ပံနဲ့ ဘောဂဗေဒ ဘီအေဘွဲ့ကို ရန်ကုန်တက္ကသိုလ်၊ ဘောဂဗေဒ မဟာဘွဲ့ကို အမေရိကန် ကောနဲလ် တက္ကသိုလ်နဲ့ ဘောဂဗေဒပါရဂူဘွဲ့ကို အမေရိကန် ဘာကလေမြို့ ကာလီဖိုးနီးယား တက္ကသိုလ်တို့က ရရှိခဲ့ပြီး၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်မှာ ကထိက ဌာနမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့အပြင် ESCAP လို့ခေါ်တဲ့ ကုလသမဂ္ဂ အာရှနဲ့ ပစိဖိတ်ဒေဆိုင်ရာ စီးပွားရေး ကော်မရှင်မှာလည်း အကြီးတန်း စီးပွားရေးအရာရှိအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။
ဒေါက်တာ ဦးမြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment