ယနေ့ ၂၇.၉.၂၀၀၉ ရက် နေ့လည် ၁၂ နာရီ တွင် နဂိုယာမြို့ ဆာကာအဲပန်းခြံ၌ နဂိုယာရှိဒီမိုကရေစီအင်အားစုများစုရုံး၍ အခမ်းအနားဖွင့်လှစ်ခြင်းနှင့် ဒီမိုကရေစီတိုက်ပွဲဆင်နွဲနေစဉ်အတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ၊ကျောင်းသား ၊ပြည်သူအပေါင်းအား ဆက်လက်တိုက်ပွဲဝင်လျှက်ရှိသော ဒီမိုကရေစီအင်အားစုများမှ ဂုဏ်ပြုပန်းများချ၍ ဂုဏ်ပြုခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။
ထို့နောက် နေ့လည် ၁ နာရီခွဲမှ စတင်ချီတက်၍ လက်ကမ်းစာဆောင်များဝေငှာခြင်းဖြင့် ဂျပန်ပြည်သူများအား သိရှိအောင် သတင်းဖြန့်ဝေခြင်း၊ ကြွေးကြော်သံများကို ကြွေးကြော်ရင်း ညနေ ၃ နာရီထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
No comments:
Post a Comment