-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, August 24, 2009

MONDAY, AUGUST 24, 2009
ဂျပန်နိုင်ငံရောက်ကြံ့ဖွတ်ခေါင်းဆောင် ဌေးဦး တည်းခိုတဲ့ ဟိုတယ်ရှေ့တွင် ခွပ်ဒေါင်းအလံတော်လွှင့်တင်နိုင်ခဲ့တဲ့သူများကို ဂုဏ်ယူလေးစားပါသည်

Monday, August 17, 2009

ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမိန့်ချခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆက်လက်ဆန္ဒပြ






ယနေ့ (၁၆.၀၈.၂၀၀၉)နေ့ နေ့လည် ၂နာရီမှ ၄ နာရီ ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နာဂိုယာ စည်းရုံးရေးဒေသ) အဖွဲ့ဝင်များ နှင့် အဖွဲ့ဝင်တစ်ဦးဖြစ်သော osaka မှ ကိုမောင်မောင် တို့ပူးပေါင်း၍ NAGOYA မြို့ KANAYAMA EKI ဘူတာမြောက်ဘက်ထွက်ပေါက် တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမိန့်ချထားခြင်းအား ဆန့်ကျင်ဆန္ဒပြကြောင်းကို ဂျပန်လူမျိုးများသိရှိစေရန် နှင့် ဂျပန်အစိုးရ မှ စစ်အစိုးရအပေါ် ပြင်းထန်ထိရောက်သော ဖိအားပေးရန် ဂျပန်လူမျိုးများအနေဖြင့် တောင်းဆိုမှုများပြုလုပ်ပေးကြရန် ဆက်လက် မေတ္တာရပ်ခံခဲ့ကြသည်။

Wednesday, August 12, 2009

ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်အစိုးရ၏ မတရားအမိန့်ချမူ့ကို ဆန့်ကျင်ကန့်ကွက်ကြောင်းဆန္ဒပြ







ယနေ့(၁၂.၀၈.၂၀၀၉) နေ့လည် ၂ နာရီ မှ ၄ နာရီ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နာဂိုယာ စည်းရုံးရေးဒေသ )အဖွဲ့ချုပ်ဝင်များမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမိန့်ချမှတ်ခြင်းအား ဂျပန်လူမျိုးများအား သိရှိစေရန်နှင့်ဂျပန်လူမျိုးများအနေဖြင့် ဂျပန်အစိုးရ မှ မြန်မာစစ်အစိုးရအပေါ် ပိုမိုဖိအားပေးရန် NAGOYA မြို့ KANAYAMA EKI ဘူတာရှေ့ ၌ မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြသည်။ တခြားဒီမိုကရေစီရေး လိုလားကြသော အင်အားစုများကလည်း လာရောက်ပူးပေါင်းခဲ့ ကြသည်။



ပြန်ခေါက်ထားခဲ့လေ

Sunday, August 9, 2009

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၂၁)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဒီမိုကရေစီအင်အားစုများ နာဂိုယာ၌ ကျင်းပပြုလုပ်






ယနေ့ ၂၀၀၉ ခုနှစ် သြဂုတ်လ(၉)ရက်နေ့တွင် မြန်မာနိုင်ငံ၏ တစ်ပါတီအာဏာရှင်စနစ်အား ပြည်သူလူထုကြီးတရပ်လုံး စုစည်းညီညွှတ်သောအင်အားဖြင့် တွန်းလှန်ဖြိုလှဲခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ (၂၁)နှစ်ပြည့်မြှောက်ခဲ့သော အထိမ်းအမှတ်ပွဲအား နာဂိုယာရောက် ဒီမိုကရေစီ အင်အားစုများ စုပေါင်းကျင်းပနိုင်ခဲ့ကြသည်။












ယနေ့ နေ့လည် ၁၂ နာရီ တွင် sakae koen ၌ ခေတ်အဆက်ဆက် ဒီမိုကရေစီရေးတိုက်ပွဲတွင် ကျဆုံးသွားကြသော သူရဲကောင်းအပေါင်းတို့အား ဂုဏ်ပြုသည့်အနေဖြင့် ပန်းစည်းချပွဲ အခမ်းအနားကိုကျင်းပပြီးနောက် အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ကြေညာချက်များကို ထုတ်ပြန်ကြေညာခဲ့ကြသည်။
ထို့နောက် နေ့လည် ၂ နာရီခွဲထိ NAGOYA မြို့ SAKAE ၌ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။







ဖတ်ကြည့်ချင်သေးလား

ပြန်ခေါက်ထားခဲ့လေ