-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Friday, July 1, 2011

မြန်မာ့ဒီမိုကရေစီလူ့အဖွဲ့အစည်း ရောက်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခင်ဦးသာ Friday, 01 July 2011 17:41 .မြန်မာပြည်သူလူထု တရပ်လုံး ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ မကြာမီ ရောက်ရှိတော့မည် ဟုမျှာ်လင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် အခမ်းအနားတခု၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဥရောပနိုင်ငံ တနိုင်ငံဖြစ်သော လစ်သူယေးနီးယား(Lithuania) နိုင်ငံ၌ ဇွန်လ ၃၀ ရက်နေ့က ကျင်းပခဲ့သော ဒီမိုကရေစီ လူထု အခြေပြု အဖွဲ့များ (Community of Democracies) ၀န်ကြီးအဆင့် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယို မိန့်ခွန်းပြောရာ၌ ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လစ်သူယေးနီးယား နိုင်ငံသည်လည်း ဒီမိုကရေစီရရှိရေးအတွက် မြန်မာနိုင်ငံကဲ့သို့ ကြိုးပမ်းခဲ့ပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်ခဲ့ကြောင်း၊ ယခုအစည်းအဝေးအား ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေချိန်သည် မိမိနေအိမ် အကျယ်ချုပ်မှ လွတ်လာချိန်နှင့် တိုက်ဆိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

နိုင်ငံတကာ၌ ကျင်းပနေသော အစည်းအဝေးများ၊ နှီးနှောဖလှယ်ပွဲများ၊ လွှတ်တော်များသို့ ဗီဒီယိုမိန့်ခွန်းများ ပေးပို့ရာတွင် “မြန်မာနိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲကို ၀ိုင်းဝန်းကူညီကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က အစဉ် တိုက်တွန်းသည်ကို တွေ့ရသည်။

ဒီမိုကရေစီအရေး လုပ်ဆောင်နေသည့်အတွက် လူထုအခြေပြု အဖွဲ့ကြီးအား ထောက်ခံကြောင်းနှင့် တန်ဖိုးထား ကျေးဇူးတင်ပါကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ စသည့် နိုင်ငံများမှ လူထုအခြေပြု အဖွဲ့များ တက်ရောက်၍ မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ နိုင်ငံရေး အခြေအနေများ ကိုဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ဆွေးနွေးခဲ့သော ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်၏ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကလည်း ကချင်ပြည်နယ်အတွင်း ဒေသတချို့၌ မြန်မာအစိုးရ စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်နေမှုနှင့် ကချင်အမျိုးသမီး ၁၈ ဦးအား မုဒိန်းကျင့် စော်ကားမှု ကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့၍ အရေးယူမှု လုပ်ဆောင်ရန် အစည်းအဝေးတွင် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

“အဓိက ဆွေးနွေးခဲ့တာတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခြေအနေတွေ ပိုဆိုးလာတာရယ်၊ ကချင်ဒေသမှာ အမျိုးသမီးတွေကို စစ်တပ်က မုဒိန်းကျင့်၊ သတ်ဖြတ်နေတာတွေ၊ ထိုးစစ်ဆင်နေတဲ့ ကိစ္စတွေ ရယ်ပါ” ဟု
ဒေါ်ခင်ဥမ္မာ က ဧရာဝတီကို ပြောသည်။

ယခုလဆန်းပိုင်း၌ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း အမျိုးသမီး ၁၈ ဦး မုဒိန်းကျင့်ခံရကာ ၄ ဦး အသတ်ခံခဲ့ရကြောင်း၊ ထိုလုပ်ရပ်အား အစိုးရ၏ ခြေမြန်တပ်ရင်း အမှတ် ၄၃၇၊ ခြေလျင်တပ်ရင်း အမှတ်၂၃၇၊ ၁၄၁ ၊ ၁၄၂၊ ၁၃၉ တို့မှ စစ်သားများက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ကချင်အမျိုးသမီးအစည်းအရုံးကချင် - ထိုင်းနိုင်ငံ (KWAT) က ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လစ်သူယေးနီးယန်း နိုင်ငံတွင် ကျင်းပသည့် အစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဒီမိုကရေစီ ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ၀န်ကြီးများ တက်ရောက်ခဲ့ကြသည်။

မစ္စ ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အစည်းအဝေး၌ သီးသန့် ထင်မြင်ပြောဆိုခြင်း မရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို အလေးထား မှတ်တမ်းတင်ယူသွားကြောင်း ဒေါ်ခင်ဥမ္မာက ဆိုသည်။

ဟီလာရီကလင်တန်သည် နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူပြီးနောက် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆံမှု လုပ်ဆောင်ခြင်းနှင့်အတူ စီးပွားရေး ပိတ်ဆို့ကန့်သတ်မှုများကိုပါ တဘက်မှလုပ်ဆောင်သွားမည်ဟု အမေရိကန် အစိုးရ၏ မူဝါဒကို ပြောဆိုထားခဲ့သည်။

ဒီမိုကရေစီ လူထုအခြေပြု အဖွဲ့သည် သက်တမ်း ၁၁ နှစ်ဝန်းကျင်ရှိပြီး ဒီမိုကရေနိုင်ငံများ စုပေါင်းဖွဲ့စည်းထားကာ ဒီမိုကရေစီ ထွန်းကားရေး၊ ရရှိပြီး ဒီမိုကရေစီစနစ်အား ပိုမိုခိုင်မြဲလာရေးအတွက် ဆောင်ရွက်နေသော အဖွဲ့ကြီးတခု ဖြစ်သည်။

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.

ဒေါ်အောင်ဆန်းစုကြည် ပုဂံ ခရီးစဉ် လေးရက်ကြာမည်


ဖနိဒါ | သောကြာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် တနင်္လာနေ့တွင် ပုဂံသို့ ဘုရားဖူးသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်က အတည်ပြု ပြောကြားလိုက်ပြီး
လေးရက်ကြာမြင့်မည်ဟု ဆိုသည်။

“၄ ရက်နေ့ တနင်္လာနေ့ကို ပုဂံကို သွားပါ့မယ်။ လေကြောင်းလိုင်းနဲ့ သွားပါ့မယ်။ ဘယ်လေကြောင်းလိုင်းနဲ့ဆိုတာ မသိပါဘူး။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စသွားတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ရုံးကို ခွင့်တိုင်ထားတာကိုပဲ သိပါတယ်။ ကျန်တာ အဖွဲ့ချုပ်က မသိပါဘူး” ဟု ဦးဟံသာမြင့်က မဇ္စျိမကို ပြောသည်။


ပုဂံသို့ လေးရက်ကြာ ဘုရားဖူး သွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်က ပြောကြား (Photo :: NLD)
၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီး
နောက် ပထမဆုံး ရန်ကုန်ပြင်ပ ခရီးစဉ် ဖြစ်ကာ၊ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင်၏ လုံခြုံရေးအတွက် အနည်းဆုံး လူငယ် ၁ဝ ဦး လိုက်ပါသွားမည်ဟု NLD ခေါင်းဆောင်များက ပြောသည်။ ခရီးစဉ် အသေးစိတ်ကို ပြောဆိုရန် ငြင်းဆန်ထားပြီး၊ ပုဂံမြို့တွင် NLD ပါတီဝင်များနှင့် တွေ့ဆုံရန် မရှိဟု ဆိုသည်။

“ပုဂံမှာ ဘုရားဖူးသတ်သတ်သွားတဲ့ ခရီးစဉ်မှာ ရက်က အားလုံးဆိုရင် ၄ ရက်လောက် ကြာမယ် ထင်ပါတယ်။ သောကြာနေ့ထိ ခွင့်ယူထား ပါတယ်”ဟု ဦးဟံသာမြင့်က ပြောသည်။

ရန်ကုန်မှ ညောင်ဦးမြို့သို့ လေယာဉ်ဖြင့် သွားရောက်ရမှာ ဖြစ်ပြီး၊
ညောင်ဦးမှ ပုဂံသို့ ကားလမ်းပေါက်သည်။ ပုဂ္ဂလိက လေကြောင်းလိုင်း အားလုံးပင် ရန်ကုန်မှ ညောင်ဦးသို့ ပြေးဆွဲနေကြပြီး မနက်အစောပိုင်း တွင် မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ နိုင်ငံရေး လုပ်ငန်းများ မလုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက အချိန်ကိုက် သတိပေးထားမှုနှင့် မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများ မကြာသေးခင် က ဖြစ်ပွားခဲ့သဖြင့် ယခုခရီးစဉ် လုံခြုံရေးအတွက် အတိုက်အခံ
နိုင်ငံရေး အသိုင်းအဝိုင်းတွင် စိုးရိမ်တကြီး ဆွေးနွေးစရာတခု ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍ တာဝန်ယူထားကြောင်း NLD ရုံးအဖွဲ့ဝင် ဦးဝင်းထိန်က
ပြောသည်။

ပထမမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်ခဲ့သော လက်ရှိ မန္တလေးတိုင်း ပုဂံမြို့ရှိ အဆောက်အအုံ အများအပြားမှာ ၁၁ ရာစုနှင့် ၁၃ ရာစုနှစ်အတွင်း တည်ဆောက်ထားခဲ့ပြီး ဗုဒ္ဓဘာသာဝင်များ၏ ရှေးဟောင်း စေတီပုထိုး အများအပြား တည်ရှိရာ မြို့ဖြစ်သည်။

ထိုစဉ်တွင် အိန္ဒိယ မီဒီယာအချို့က မကြာသေးခင်က ရေးသားခဲ့သော အကြောင်းအရာ တခုဖြစ်သည့်
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်မှ မလွှတ်ပေးခင် “ နိုင်ငံခြား အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း မပြုရန်” မြန်မာစစ်အစိုးရနှင့် ကြိုတင် သဘောတူညီခဲ့သည် ဆိုသော ကိစ္စကို မဇ္ဈိမက မေးမြန်းရာ သဘောတူညီမှု မယူထားကြောင်း ဦးဝင်းထိန်က ပြောသည်။

“မရှိပါဘူးခင်ဗျ၊ အပတ်တိုင်းလို၊ နေ့တိုင်းလို တွေ့နေတာပဲ။ အဲဒါဆို မှားတာပေါ့။ မဟုတ်ပါဘူး” ဟု သူက ပြောသည်။


© Copyright 1998 - 2011 Mizzima News. All Rights Reserved

တိုက်ပွဲများ​ ကျယ်ပြန့်​လာသည့်​အ​ပေါ် အထူး​စိုး​ရိမ်​ကြောင်း​ စီအာပီပီ​ပြော


Published on July 1, 2011 by ​အေး​နိုင် · No Comments
တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ ကျယ်ပြန့်​လာ​နေတာကို အထူး​စိုး​ရိမ်ပူပန်တယ်လို့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု ​ကော်မတီ (စီအာပီပီ) ​ပြောခွင့်​ရ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။


ဦးအေးသာအောင်
ကချင်ပြည်နယ်မှာ အစိုး​ရနဲ့​ ​ကေအိုင်အကြား​ တဖက်နဲ့​တဖက် ​တွေ့​ဆုံ​ဆွေး​နွေး​တဲ့​အ​ပေါ် ဝမ်း​မြောက်​ပေမယ့်​ ကျန်တိုက်ပွဲဖြစ်တဲ့​အဖွဲ့​တွေကိုလည်း​ ဒီလိုပဲ​ဆွေး​နွေး​ပြီး​ တတိုင်း​ပြည်လုံး​သ​ဘော​ဆောင်တဲ့​ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ရ​အောင် ​ဆောင်ရွက်ဖို့​ သူက တိုက်တွန်း​ပါတယ်။

“အခုလို လက်နက်ကိုင်တိုက်ပွဲ​တွေ ကျယ်ပြန့်​လာတဲ့​အခါမှာ ကျ​နော်တို့​ အ​နေနဲ့​ အထူး​စိုး​ရိမ်တယ်။ အခု လက်တ​လောအ​နေနဲ့​ ကချင်ပြည်နယ်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ တာ​တွေ ကြား​ရ​တော့​လည်း​ ဒါကို ကျ​နော်တို့​က ဝမ်း​သာတယ်။ ဒါ​ပေမယ့်​ ဒီ ​ဆွေး​နွေး​ရုံနဲ့​ မပြီး​သေး​ဘူး​။ ကချင်ပြည်နယ်တခုတည်း​မှာ ​ဆွေး​နွေး​တာထက်စာရင် တပြည်လုံး​အတိုင်း​အတာနဲ့​ အပစ်ခတ်ရပ်စဲပြီး​တော့​ ​ဆွေး​နွေး​ဖို့​ လိုမယ်။ ပြီး​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​အား​လုံး​နဲ့​ အပြန်အလှန် ယုံကြည်မှုကို တည်​ဆောက်ပြီး​တော့​ တကယ့်​ စစ်မှန်တဲ့​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ကို တည်​ဆောက်ဖို့​ လိုမယ်။ ပြည်တွင်း​စစ်ကို ရပ်စဲပြီး​တော့​ တတိုင်း​ပြည်လုံး​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​က​နေ စစ်မှန်တဲ့​ပြည်​ထောင်စုကို တည်​ဆောက်နိုင်မှသာ တကယ့်​ဖွံ့​ဖြိုး​တိုး​တက်တဲ့​ ဒီမိုက​ရေစီနိုင်ငံကို တည်​ဆောက်နိုင်မယ်လို့​ ကျ​နော်တို့​က ယုံလည်း​ ယုံကြည်တယ် ဒီအတိုင်း​ပဲ၊​ အား​လုံး​ကို ကျ​နော်တို့​က တိုက်တွန်း​လိုပါတယ်။”

ဒီက​နေ့​ကျင်း​ပတဲ့​ စီအာပီပီအစည်း​အ​ဝေး​မှာ လက်ရှိနိုင်ငံ​ရေး​အ​ခြေအ​နေ​တွေ၊​ ပင်လုံနဲ့​ပြည်​ထောင်စုစိတ်ဓာတ်ဆိုတဲ့​ ​ခေါင်း​စဉ်နဲ့​ စာတမ်း​ဖိတ်​ခေါ်မှု​တွေကို ​ဆွေး​နွေး​ပါတယ်။ စီအာပီပီလုပ်ငန်း​တွေမှာ လူငယ်​တွေကို တွဲ​ခေါ်ဖို့​ ကိစ္စကိုလည်း​ ​ဆွေး​နွေး​ကြတယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

ဒီလုပ်​ဆောင်ချက်ဟာ အဖွဲ့​ဝင်အတိုး​အ​လျော့​ကိစ္စ မဟုတ်သလို စီအာပီပီကို ချဲ့​ထွင်တာလည်း​ မဟုတ်ဘဲ စီအာပီပီရဲ့​ လက်​တွေ့​လုပ်ငန်း​နယ်ပယ်​တွေမှာ လူငယ်​တွေကို လုပ်​ဆောင်​စေဖို့​ ဖြစ်တယ်လို့​ ရှင်း​ပြပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မြို့​ပြင်ထွက်မယ့်​ကိစ္စနဲ့​ ပတ်သက်လို့​ စိုး​ရိမ်ပူပန်မှု​တွေ ထွက်​ပေါ်​နေတဲ့​အ​ပေါ် ​မေး​မြန်း​ချက်ကို ဦး​အေး​သာ​အောင်က မကြာခင်သွား​မယ့်​ ခရီး​စဉ်ဟာ မိသား​စုခရီး​စဉ် ဖြစ်တာ​ကြောင့်​ အ​ထွေအထူး​ပြောစရာမရှိပါဘူး​လို့​ ​ပြောပါတယ်။

ကနဦး​ပိုင်း​တုန်း​က နယ်မြို့​တွေကိုသွား​မယ့်​ခရီး​စဉ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အတွက် စိုး​ရိမ်ပူပန်တာ မှန်​ပေမယ့်​ နိုင်ငံ​ရေး​ခေါင်း​ဆောင်တဦး​အ​နေနဲ့​ လုပ်သင့်​လုပ်ထိုက်တာကို လုပ်တယ်လို့​ မြင်ပါတယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

“အခု သွား​မယ့်​ ခရီး​စဉ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သူ့​ရဲ့​သား​က ဘုရား​ဖူး​ သက်သက်သွား​မှာပါ။ ဒီခရီး​စဉ်နဲ့​ ပတ်သက်လို့​တော့​ ကျ​နော်တို့​ ဘာမှ အ​ထွေအထူး​ ​ပြောစရာ မရှိပါဘူး​။ ဒါ​ပေမယ့်​ အရင်က ကျ​နော်တို့​ ​ပြောခဲ့​သလို​ပေါ့​။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ပါတီ ​ခေါင်း​ဆောင် တ​ယောက်လည်း​ ဖြစ်တဲ့​အတွက်​ကြောင့်​ နိုင်ငံ​ရေး​အရ ​ဆောင်ရွက်တဲ့​ ​နေရာမှာ လိုအပ်တဲ့​ ​နေရာ​တွေကို ခရီး​ထွက်ခဲ့​တာ​တွေက ယခင့်​ ယခင်ကလည်း​ ရှိတယ်။ အခု ထွက်ဖို့​အတွက် စီစဉ်တာနဲ့​ ပတ်သက်လို့​လည်း​ ကျ​နော်တို့​ အ​နေနဲ့​က​တော့​ စိုး​ရိမ်ရတာ တပိုင်း​ပေါ့​လေ။ ဒါ​ပေမယ့်​ ဒါ လုပ်သင့်​လုပ်ထိုက်တဲ့​ အလုပ်ကို လုပ်တယ်လို့​ပဲ ကျ​နော့်​အ​နေနဲ့​ မြင်ပါတယ်။”

DVB

Thursday, June 30, 2011

ဒေါ်စုနဲ့ ဂျပန် သံအဖွဲ့တွေ့ဆုံ


© Copyright 1998 - 2011 Mizzima News. All Rights Reserved.









VOA

ဂျပန်က မြန်မာ့ ဒီမိုကရေစီရေး ဆက်ကူညီမည်

လင်းသန့် Wednesday, 29 June 2011 18:50 .မြန်မာ့ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေး အတွက် ဂျပန်နိုင်ငံက ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ပါလီမန် ဆိုင်ရာ ဒု နိုင်ငံခြားရေး ၀န်ကြီး မစ္စ မခိကို ခိခုတနှင့် ကိုယ်စားလှယ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) သို့ ယနေ့ လာရောက်တွေ့ဆုံစဉ် ပြောဆိုသည်။



ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘက်မြို့၌ ၂၀၁၀ နိုဝင်ဘာ အတွင်းက ကျင်းပသော ဖွံ့ဖြိုးရေး ဖိုရမ်တွင် ပြောဆိုရှင်လင်းနေသည့် မစ္စ မခိကို ခိခုတ (ဓာတ်ပုံ - uk.emb-japan.go.jp)
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်များနှင့် မစ္စ မခိကို ခိခုတ တို့သည် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ နေ့ လယ် ၁ နာရီခန့်က ၄၅ မိနစ်ကျော်ကြာ တွေ့ဆုံခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့တယ်။ ကျနော်တို့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့တယ်”ဟု NLD လူငယ် ခေါင်းဆောင်တဦးဖြစ်သူ ကိုရာဇာ က ဧရာဝတီကို ပြောသည်။

ဂျပန် ဒု နိုင်ငံခြားဝန်ကြီး က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သို့ လာရောက်တွေ့ဆုံချိန်သည် ယနေ့ထုတ် အစိုးရ သတင်း စာတွင် ပါရှိသည့် NLD လုပ်ဆောင်နေသော လုပ်ငန်းများကို ရပ်တန့်ရန် သတိပေးထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် ပြည့်စုံအောင် ၏ “ရွေးချယ်ခွင့်က လက်ထဲမှာ”ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မည်ဆိုသည့်အပေါ် “မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည် နယ်ထွက်လာလျှင် မြောက်မြားလှစွာသော ယခင့်ယခင် သာဓကများနည်းတူ ရုတ်ရုတ်သဲသဲ လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာမှာကို ကျနော်တို့စိုးရိမ် မိသည်။ စိုးရိမ်လောက်စရာ အကြောင်းတွေလည်း အခိုင်အမာပင်ရှိနေသည်”ဟု ဖော်ပြထားချိန်လည်းဖြစ်သည်။

“ဂျပန် ဒု ၀န်ကြီးနဲ့ အဖွဲ့ လာသွားပြီး ဘာတွေ ဆွေးနွေးတယ်ဆိုတာ သတင်းထောက်တွေကိုလည်း ဂျပန်ဝန်ကြီးက ဘာမှ မပြောသွားဘူး၊ ဒီနေ့က အောက်မြန်မာနိုင်ငံ လူငယ်တွေနဲ့ ဆွေးနွေးပွဲလည်း လုပ်နေတယ်။ နောက်လူငယ် ဆွေးနွေးပွဲမှာလည်း လူငယ်တယောက်က ပါတီ ဆက်လက်ရပ်တည်ရေး မေးတယ်။ ဒီနေ့ သတင်းစာထဲမှာ ပြည်ထဲရေး ၀န်ကြီးက စာပို့ ထားတာကို အန်တီက စာပို့သူဆီကို ပြန်စာ အကြောင်းကြားဖို့ တာဝန်ရှိတယ်။ ဒီ မတိုင်ခင်မှာတော့ အသေးစိပ် မပြောလို သေးဘူးလို့ အန်တီက ပြန်ဖြေလိုက်တယ်”ဟု ကိုရာဇာ က ဆက်လက် ပြောပြသည်။

ယနေ့ညနေ ၅ နာရီတွင် ဂျပန် ဒု နိုင်ငံခြားရေးဝန်ကြီးသည်၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတချို့မှ ကိုယ်စား လှယ်များနှင့် ရန်ကုန်ရှိ ဂျပန်သံရုံးတွင် တွေ့ဆုံကြမည်ဖြစ်သည်။

“ဆွေးနွေးဖြစ်မှာတွေ ကတော့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အကောင်းဘက် ဖြစ်ပေါ်တိုးတက် မှုတွေဖြစ်ဖို့ ဂျပန်က အကူအညီပေးမှုဆိုင်တာတွေလည်း ဆွေးနွေးဖြစ်ကြမယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီကိုပြောသည်။

ဂျပန်ပါလီမန်သို့ သွားရောက်လေ့လာရန် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၁၀ ဦး၊ NDF ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) အပါအ၀င် တိုင်းရင်းသား ၅ ပါတီတို့မှ အသက် ၃၅ နှစ် အောက် နိုင်ငံရေးပါတီကိုယ်စားလှယ်၂ ဦးစီနှင့် စုစုပေါင်း ဂျပန်ပါလီမန်လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ဝင်၂၀ တို့ကိစ္စလည်း ဆွေးနွေးသွားကြမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဂျပန် ဒု နိုင်ငံခြားရေးဝန်ကြီး မစ္စ မခိကို ခိခုတ သည် နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ ဦးနန္ဒကျော်စွာ နှင့် လည်း ယမန်နေ့က တွေ့ဆုံခဲ့သေးသည်။

ထို့အပြင် နေပြည်တော် နယ်စပ်ရေးရာ ၀န်ကြီးဌာန တွင်ကျင်းပသော ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် သို့ ထောက်ပံ့ကူညီသည့် စားနပ်ရိက္ခာများ လွှဲပြောင်းပွဲသို့လည်း မစ္စ မခိကို ခိခုတ တက်ရောက်ပြီး နယ်စပ်နှင့် မြန်မာ့ စက်မှု ဖွံ့ဖြိုး ရေး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးနှင့်လည်း တွေ့ဆုံခဲ့သည်။

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.

သီပေါစော်ဘွား၏ မဟာဒေ၀ီ စ၀်သုစန္ဒီနှင့် တွေ့ဆုံမေးမြန်းခန်း



DVB

လန်းလိုက်ချင်သေးရဲ့ (ကော့သား)

Lan Like Chin Thay Yee[1]

အလင်းအိမ်