-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Friday, July 1, 2011

ဒေါ်အောင်ဆန်းစုကြည် ပုဂံ ခရီးစဉ် လေးရက်ကြာမည်


ဖနိဒါ | သောကြာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် တနင်္လာနေ့တွင် ပုဂံသို့ ဘုရားဖူးသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်က အတည်ပြု ပြောကြားလိုက်ပြီး
လေးရက်ကြာမြင့်မည်ဟု ဆိုသည်။

“၄ ရက်နေ့ တနင်္လာနေ့ကို ပုဂံကို သွားပါ့မယ်။ လေကြောင်းလိုင်းနဲ့ သွားပါ့မယ်။ ဘယ်လေကြောင်းလိုင်းနဲ့ဆိုတာ မသိပါဘူး။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စသွားတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ရုံးကို ခွင့်တိုင်ထားတာကိုပဲ သိပါတယ်။ ကျန်တာ အဖွဲ့ချုပ်က မသိပါဘူး” ဟု ဦးဟံသာမြင့်က မဇ္စျိမကို ပြောသည်။


ပုဂံသို့ လေးရက်ကြာ ဘုရားဖူး သွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်က ပြောကြား (Photo :: NLD)
၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီး
နောက် ပထမဆုံး ရန်ကုန်ပြင်ပ ခရီးစဉ် ဖြစ်ကာ၊ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင်၏ လုံခြုံရေးအတွက် အနည်းဆုံး လူငယ် ၁ဝ ဦး လိုက်ပါသွားမည်ဟု NLD ခေါင်းဆောင်များက ပြောသည်။ ခရီးစဉ် အသေးစိတ်ကို ပြောဆိုရန် ငြင်းဆန်ထားပြီး၊ ပုဂံမြို့တွင် NLD ပါတီဝင်များနှင့် တွေ့ဆုံရန် မရှိဟု ဆိုသည်။

“ပုဂံမှာ ဘုရားဖူးသတ်သတ်သွားတဲ့ ခရီးစဉ်မှာ ရက်က အားလုံးဆိုရင် ၄ ရက်လောက် ကြာမယ် ထင်ပါတယ်။ သောကြာနေ့ထိ ခွင့်ယူထား ပါတယ်”ဟု ဦးဟံသာမြင့်က ပြောသည်။

ရန်ကုန်မှ ညောင်ဦးမြို့သို့ လေယာဉ်ဖြင့် သွားရောက်ရမှာ ဖြစ်ပြီး၊
ညောင်ဦးမှ ပုဂံသို့ ကားလမ်းပေါက်သည်။ ပုဂ္ဂလိက လေကြောင်းလိုင်း အားလုံးပင် ရန်ကုန်မှ ညောင်ဦးသို့ ပြေးဆွဲနေကြပြီး မနက်အစောပိုင်း တွင် မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ နိုင်ငံရေး လုပ်ငန်းများ မလုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက အချိန်ကိုက် သတိပေးထားမှုနှင့် မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများ မကြာသေးခင် က ဖြစ်ပွားခဲ့သဖြင့် ယခုခရီးစဉ် လုံခြုံရေးအတွက် အတိုက်အခံ
နိုင်ငံရေး အသိုင်းအဝိုင်းတွင် စိုးရိမ်တကြီး ဆွေးနွေးစရာတခု ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍ တာဝန်ယူထားကြောင်း NLD ရုံးအဖွဲ့ဝင် ဦးဝင်းထိန်က
ပြောသည်။

ပထမမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်ခဲ့သော လက်ရှိ မန္တလေးတိုင်း ပုဂံမြို့ရှိ အဆောက်အအုံ အများအပြားမှာ ၁၁ ရာစုနှင့် ၁၃ ရာစုနှစ်အတွင်း တည်ဆောက်ထားခဲ့ပြီး ဗုဒ္ဓဘာသာဝင်များ၏ ရှေးဟောင်း စေတီပုထိုး အများအပြား တည်ရှိရာ မြို့ဖြစ်သည်။

ထိုစဉ်တွင် အိန္ဒိယ မီဒီယာအချို့က မကြာသေးခင်က ရေးသားခဲ့သော အကြောင်းအရာ တခုဖြစ်သည့်
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်မှ မလွှတ်ပေးခင် “ နိုင်ငံခြား အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း မပြုရန်” မြန်မာစစ်အစိုးရနှင့် ကြိုတင် သဘောတူညီခဲ့သည် ဆိုသော ကိစ္စကို မဇ္ဈိမက မေးမြန်းရာ သဘောတူညီမှု မယူထားကြောင်း ဦးဝင်းထိန်က ပြောသည်။

“မရှိပါဘူးခင်ဗျ၊ အပတ်တိုင်းလို၊ နေ့တိုင်းလို တွေ့နေတာပဲ။ အဲဒါဆို မှားတာပေါ့။ မဟုတ်ပါဘူး” ဟု သူက ပြောသည်။


© Copyright 1998 - 2011 Mizzima News. All Rights Reserved

တိုက်ပွဲများ​ ကျယ်ပြန့်​လာသည့်​အ​ပေါ် အထူး​စိုး​ရိမ်​ကြောင်း​ စီအာပီပီ​ပြော


Published on July 1, 2011 by ​အေး​နိုင် · No Comments
တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ ကျယ်ပြန့်​လာ​နေတာကို အထူး​စိုး​ရိမ်ပူပန်တယ်လို့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု ​ကော်မတီ (စီအာပီပီ) ​ပြောခွင့်​ရ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။


ဦးအေးသာအောင်
ကချင်ပြည်နယ်မှာ အစိုး​ရနဲ့​ ​ကေအိုင်အကြား​ တဖက်နဲ့​တဖက် ​တွေ့​ဆုံ​ဆွေး​နွေး​တဲ့​အ​ပေါ် ဝမ်း​မြောက်​ပေမယ့်​ ကျန်တိုက်ပွဲဖြစ်တဲ့​အဖွဲ့​တွေကိုလည်း​ ဒီလိုပဲ​ဆွေး​နွေး​ပြီး​ တတိုင်း​ပြည်လုံး​သ​ဘော​ဆောင်တဲ့​ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ရ​အောင် ​ဆောင်ရွက်ဖို့​ သူက တိုက်တွန်း​ပါတယ်။

“အခုလို လက်နက်ကိုင်တိုက်ပွဲ​တွေ ကျယ်ပြန့်​လာတဲ့​အခါမှာ ကျ​နော်တို့​ အ​နေနဲ့​ အထူး​စိုး​ရိမ်တယ်။ အခု လက်တ​လောအ​နေနဲ့​ ကချင်ပြည်နယ်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ တာ​တွေ ကြား​ရ​တော့​လည်း​ ဒါကို ကျ​နော်တို့​က ဝမ်း​သာတယ်။ ဒါ​ပေမယ့်​ ဒီ ​ဆွေး​နွေး​ရုံနဲ့​ မပြီး​သေး​ဘူး​။ ကချင်ပြည်နယ်တခုတည်း​မှာ ​ဆွေး​နွေး​တာထက်စာရင် တပြည်လုံး​အတိုင်း​အတာနဲ့​ အပစ်ခတ်ရပ်စဲပြီး​တော့​ ​ဆွေး​နွေး​ဖို့​ လိုမယ်။ ပြီး​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​အား​လုံး​နဲ့​ အပြန်အလှန် ယုံကြည်မှုကို တည်​ဆောက်ပြီး​တော့​ တကယ့်​ စစ်မှန်တဲ့​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ကို တည်​ဆောက်ဖို့​ လိုမယ်။ ပြည်တွင်း​စစ်ကို ရပ်စဲပြီး​တော့​ တတိုင်း​ပြည်လုံး​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​က​နေ စစ်မှန်တဲ့​ပြည်​ထောင်စုကို တည်​ဆောက်နိုင်မှသာ တကယ့်​ဖွံ့​ဖြိုး​တိုး​တက်တဲ့​ ဒီမိုက​ရေစီနိုင်ငံကို တည်​ဆောက်နိုင်မယ်လို့​ ကျ​နော်တို့​က ယုံလည်း​ ယုံကြည်တယ် ဒီအတိုင်း​ပဲ၊​ အား​လုံး​ကို ကျ​နော်တို့​က တိုက်တွန်း​လိုပါတယ်။”

ဒီက​နေ့​ကျင်း​ပတဲ့​ စီအာပီပီအစည်း​အ​ဝေး​မှာ လက်ရှိနိုင်ငံ​ရေး​အ​ခြေအ​နေ​တွေ၊​ ပင်လုံနဲ့​ပြည်​ထောင်စုစိတ်ဓာတ်ဆိုတဲ့​ ​ခေါင်း​စဉ်နဲ့​ စာတမ်း​ဖိတ်​ခေါ်မှု​တွေကို ​ဆွေး​နွေး​ပါတယ်။ စီအာပီပီလုပ်ငန်း​တွေမှာ လူငယ်​တွေကို တွဲ​ခေါ်ဖို့​ ကိစ္စကိုလည်း​ ​ဆွေး​နွေး​ကြတယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

ဒီလုပ်​ဆောင်ချက်ဟာ အဖွဲ့​ဝင်အတိုး​အ​လျော့​ကိစ္စ မဟုတ်သလို စီအာပီပီကို ချဲ့​ထွင်တာလည်း​ မဟုတ်ဘဲ စီအာပီပီရဲ့​ လက်​တွေ့​လုပ်ငန်း​နယ်ပယ်​တွေမှာ လူငယ်​တွေကို လုပ်​ဆောင်​စေဖို့​ ဖြစ်တယ်လို့​ ရှင်း​ပြပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မြို့​ပြင်ထွက်မယ့်​ကိစ္စနဲ့​ ပတ်သက်လို့​ စိုး​ရိမ်ပူပန်မှု​တွေ ထွက်​ပေါ်​နေတဲ့​အ​ပေါ် ​မေး​မြန်း​ချက်ကို ဦး​အေး​သာ​အောင်က မကြာခင်သွား​မယ့်​ ခရီး​စဉ်ဟာ မိသား​စုခရီး​စဉ် ဖြစ်တာ​ကြောင့်​ အ​ထွေအထူး​ပြောစရာမရှိပါဘူး​လို့​ ​ပြောပါတယ်။

ကနဦး​ပိုင်း​တုန်း​က နယ်မြို့​တွေကိုသွား​မယ့်​ခရီး​စဉ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အတွက် စိုး​ရိမ်ပူပန်တာ မှန်​ပေမယ့်​ နိုင်ငံ​ရေး​ခေါင်း​ဆောင်တဦး​အ​နေနဲ့​ လုပ်သင့်​လုပ်ထိုက်တာကို လုပ်တယ်လို့​ မြင်ပါတယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

“အခု သွား​မယ့်​ ခရီး​စဉ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သူ့​ရဲ့​သား​က ဘုရား​ဖူး​ သက်သက်သွား​မှာပါ။ ဒီခရီး​စဉ်နဲ့​ ပတ်သက်လို့​တော့​ ကျ​နော်တို့​ ဘာမှ အ​ထွေအထူး​ ​ပြောစရာ မရှိပါဘူး​။ ဒါ​ပေမယ့်​ အရင်က ကျ​နော်တို့​ ​ပြောခဲ့​သလို​ပေါ့​။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ပါတီ ​ခေါင်း​ဆောင် တ​ယောက်လည်း​ ဖြစ်တဲ့​အတွက်​ကြောင့်​ နိုင်ငံ​ရေး​အရ ​ဆောင်ရွက်တဲ့​ ​နေရာမှာ လိုအပ်တဲ့​ ​နေရာ​တွေကို ခရီး​ထွက်ခဲ့​တာ​တွေက ယခင့်​ ယခင်ကလည်း​ ရှိတယ်။ အခု ထွက်ဖို့​အတွက် စီစဉ်တာနဲ့​ ပတ်သက်လို့​လည်း​ ကျ​နော်တို့​ အ​နေနဲ့​က​တော့​ စိုး​ရိမ်ရတာ တပိုင်း​ပေါ့​လေ။ ဒါ​ပေမယ့်​ ဒါ လုပ်သင့်​လုပ်ထိုက်တဲ့​ အလုပ်ကို လုပ်တယ်လို့​ပဲ ကျ​နော့်​အ​နေနဲ့​ မြင်ပါတယ်။”

DVB

Thursday, June 30, 2011

ဒေါ်စုနဲ့ ဂျပန် သံအဖွဲ့တွေ့ဆုံ


© Copyright 1998 - 2011 Mizzima News. All Rights Reserved.









VOA

ဂျပန်က မြန်မာ့ ဒီမိုကရေစီရေး ဆက်ကူညီမည်

လင်းသန့် Wednesday, 29 June 2011 18:50 .မြန်မာ့ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေး အတွက် ဂျပန်နိုင်ငံက ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ပါလီမန် ဆိုင်ရာ ဒု နိုင်ငံခြားရေး ၀န်ကြီး မစ္စ မခိကို ခိခုတနှင့် ကိုယ်စားလှယ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) သို့ ယနေ့ လာရောက်တွေ့ဆုံစဉ် ပြောဆိုသည်။



ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘက်မြို့၌ ၂၀၁၀ နိုဝင်ဘာ အတွင်းက ကျင်းပသော ဖွံ့ဖြိုးရေး ဖိုရမ်တွင် ပြောဆိုရှင်လင်းနေသည့် မစ္စ မခိကို ခိခုတ (ဓာတ်ပုံ - uk.emb-japan.go.jp)
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်များနှင့် မစ္စ မခိကို ခိခုတ တို့သည် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ နေ့ လယ် ၁ နာရီခန့်က ၄၅ မိနစ်ကျော်ကြာ တွေ့ဆုံခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့တယ်။ ကျနော်တို့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့တယ်”ဟု NLD လူငယ် ခေါင်းဆောင်တဦးဖြစ်သူ ကိုရာဇာ က ဧရာဝတီကို ပြောသည်။

ဂျပန် ဒု နိုင်ငံခြားဝန်ကြီး က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သို့ လာရောက်တွေ့ဆုံချိန်သည် ယနေ့ထုတ် အစိုးရ သတင်း စာတွင် ပါရှိသည့် NLD လုပ်ဆောင်နေသော လုပ်ငန်းများကို ရပ်တန့်ရန် သတိပေးထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် ပြည့်စုံအောင် ၏ “ရွေးချယ်ခွင့်က လက်ထဲမှာ”ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မည်ဆိုသည့်အပေါ် “မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည် နယ်ထွက်လာလျှင် မြောက်မြားလှစွာသော ယခင့်ယခင် သာဓကများနည်းတူ ရုတ်ရုတ်သဲသဲ လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာမှာကို ကျနော်တို့စိုးရိမ် မိသည်။ စိုးရိမ်လောက်စရာ အကြောင်းတွေလည်း အခိုင်အမာပင်ရှိနေသည်”ဟု ဖော်ပြထားချိန်လည်းဖြစ်သည်။

“ဂျပန် ဒု ၀န်ကြီးနဲ့ အဖွဲ့ လာသွားပြီး ဘာတွေ ဆွေးနွေးတယ်ဆိုတာ သတင်းထောက်တွေကိုလည်း ဂျပန်ဝန်ကြီးက ဘာမှ မပြောသွားဘူး၊ ဒီနေ့က အောက်မြန်မာနိုင်ငံ လူငယ်တွေနဲ့ ဆွေးနွေးပွဲလည်း လုပ်နေတယ်။ နောက်လူငယ် ဆွေးနွေးပွဲမှာလည်း လူငယ်တယောက်က ပါတီ ဆက်လက်ရပ်တည်ရေး မေးတယ်။ ဒီနေ့ သတင်းစာထဲမှာ ပြည်ထဲရေး ၀န်ကြီးက စာပို့ ထားတာကို အန်တီက စာပို့သူဆီကို ပြန်စာ အကြောင်းကြားဖို့ တာဝန်ရှိတယ်။ ဒီ မတိုင်ခင်မှာတော့ အသေးစိပ် မပြောလို သေးဘူးလို့ အန်တီက ပြန်ဖြေလိုက်တယ်”ဟု ကိုရာဇာ က ဆက်လက် ပြောပြသည်။

ယနေ့ညနေ ၅ နာရီတွင် ဂျပန် ဒု နိုင်ငံခြားရေးဝန်ကြီးသည်၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတချို့မှ ကိုယ်စား လှယ်များနှင့် ရန်ကုန်ရှိ ဂျပန်သံရုံးတွင် တွေ့ဆုံကြမည်ဖြစ်သည်။

“ဆွေးနွေးဖြစ်မှာတွေ ကတော့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အကောင်းဘက် ဖြစ်ပေါ်တိုးတက် မှုတွေဖြစ်ဖို့ ဂျပန်က အကူအညီပေးမှုဆိုင်တာတွေလည်း ဆွေးနွေးဖြစ်ကြမယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီကိုပြောသည်။

ဂျပန်ပါလီမန်သို့ သွားရောက်လေ့လာရန် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၁၀ ဦး၊ NDF ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) အပါအ၀င် တိုင်းရင်းသား ၅ ပါတီတို့မှ အသက် ၃၅ နှစ် အောက် နိုင်ငံရေးပါတီကိုယ်စားလှယ်၂ ဦးစီနှင့် စုစုပေါင်း ဂျပန်ပါလီမန်လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ဝင်၂၀ တို့ကိစ္စလည်း ဆွေးနွေးသွားကြမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဂျပန် ဒု နိုင်ငံခြားရေးဝန်ကြီး မစ္စ မခိကို ခိခုတ သည် နေပြည်တော်တွင် ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ ဦးနန္ဒကျော်စွာ နှင့် လည်း ယမန်နေ့က တွေ့ဆုံခဲ့သေးသည်။

ထို့အပြင် နေပြည်တော် နယ်စပ်ရေးရာ ၀န်ကြီးဌာန တွင်ကျင်းပသော ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် သို့ ထောက်ပံ့ကူညီသည့် စားနပ်ရိက္ခာများ လွှဲပြောင်းပွဲသို့လည်း မစ္စ မခိကို ခိခုတ တက်ရောက်ပြီး နယ်စပ်နှင့် မြန်မာ့ စက်မှု ဖွံ့ဖြိုး ရေး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးနှင့်လည်း တွေ့ဆုံခဲ့သည်။

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.

သီပေါစော်ဘွား၏ မဟာဒေ၀ီ စ၀်သုစန္ဒီနှင့် တွေ့ဆုံမေးမြန်းခန်း



DVB

လန်းလိုက်ချင်သေးရဲ့ (ကော့သား)

Lan Like Chin Thay Yee[1]

အလင်းအိမ်

ရထားလမ်းနဲ့ နယ်ချဲ့ တဲ့နည်း

By ဦးအောင်ခင် & မညိုညိုလွင်
....ဦးသိန်းစိန်ရဲ့  တရုတ်ပြည်ခရီးအတွင်း မြန်မာနဲ့ တရုတ်အစိုးရတို့ ရယူခဲ့တဲ့ သဘောတူချက်တွေထဲမှာ ရထားလမ်းတွေ တိုးချဲ့ ဖို့လည်း ပါဝင်ပါတယ်။ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းစတဲ့ ကျောက်ဖြူကနေ တရုတ်နယ်စပ် ကျယ်ခေါင်အထိ ရထားလမ်းဖောက်ဖို့ သဘောတူပြီး မေလကုန်က ရွှေလီမှာ ရထားလမ်းအုတ်မြစ်ချပွဲ ကျင်းပကြောင်း တရုတ်သတင်းမှာ ဖော်ပြပါတယ်။ ရထားလမ်းဟာ တံတားနဲ့ ဥမင်လိုဏ်ခေါင်းတွေကို ဖြတ်သွားရမှာမို့ အလွန်ခက်ခဲမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ permafrost (ခေါ်) အမြဲတမ်း ရေခဲနေတဲ့ မြေအောက်လွှာပေါ်မှာ ရထားလမ်းဆောက်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆနေတဲ့ကြားက တရုတ်အင်ဂျင်နီယာတွေဟာ ကမ္ဘာ့အမြင့်ဆုံး တရုတ်-တိဗက်ရထားလမ်းကို (၅) နှစ်နဲ့ အပြီးတည်ဆောက်နိုင်ခဲ့ပါတယ်။

အခုလည်း ကျောက်ဖြူ၊ အမ်း၊ မင်းဘူး၊ မကွေး၊ မန္တလေး၊ လာရှိုး၊ မူဆယ် နဲ့ ဂျယ်ခေါင် ကိုဆက်သွယ်မယ့် ရထားလမ်းကို (၃) နှစ်နဲ့အပြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။ ရထားလမ်းဆောက်တဲ့အတွက် အကျိုးအမြတ် ခံစားရသူရှိသလို ဆုံးရှုံးနစ်နာသူတွေလည်း ရှိပါတယ်။ သွားလာရခက်ခဲတဲ့ ဒေသကို ရထားလမ်းဖောက်လုပ်တာဟာ ဗဟိုအစိုးရ အာဏာစက်ချဲ့ ထွင်တာဖြစ်လို့ ဒေသခံလူမျိုးစုရဲ့  ယဉ်ကျေးမှုဓလေ့ ကွယ်ပျောက်သွားတဲ့ သာဓက ရှိပါတယ်။ အမေရိကန်နိုင်ငံတည်ထောင်စဉ်က ရထားလမ်းတည်ဆောက်တာကို ဒေသခံလူမျိုးတွေ အပြင်းအထန် ဆန့်ကျင်ခဲ့ကြပါတယ်။

မက္ကဆီကိုမှာလည်း ရထားလမ်းကြောင့် လယ်ယာမြေဆုံးရှုံးမှု များလာတဲ့အတွက် တော်လှန်ရေး ဖြစ်ပွားခဲ့ပါတယ်။ ၁၉ ရာစု ဥရောပ အရင်းရှင်တွေ စီးပွားရေးနယ်ပယ်ချဲ့ ထွင်ရာမှာ ရထားလမ်းဟာ အဓိကအခန်းက ပါဝင်ပါတယ်။ အိန္ဒိယပြည်ကို နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ ကိုလိုနီအစိုးရ ရေရှည်ချုပ်ကိုင်နိုင်တာဟာ ရထားလမ်းတွေ တပြည်လုံးမှာ ဖောက်လုပ်နိုင်တာကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ မီးရထားလုပ်ငန်းမှာ ငွေရင်းမြုပ်နှံပြီး သဘာဝသယံဇာတ အရင်းအမြစ်ကို ထုတ်ယူတာဟာ ဥရောပအင်ပါရာရဲ့ အသွင်လက္ခဏာတခု ဖြစ်ပါတယ်။ ရထားလမ်းတွေ ဆောက်လုပ်ပြီးစီးသွားတဲ့အခါ ရထားလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံသူတွေသာ အကျိုး ခံစားရပါတယ်။ ဒါပေမဲ့ ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်လာအောင် ရထားလမ်း တည်ဆောက်ပေးတာလို့ ကိုလိုနီအစိုးရက ဝါဒဖြန့်လေ့ရှိပါတယ်။

စစ်သား၊ စစ်ပစ္စည်း နဲ့ ရိက္ခာအများအပြား ရထားနဲ့ သယ်ယူပို့ဆောင်နိုင်တဲ့အတွက် အုပ်ချုပ်ရေးအာဏာကို အခိုင်အမာ တည်ဆောက် နိုင်ပါတယ်။ စက်ခေါင်း၊ ရထားတွဲ၊ သံလမ်း စတာတွေအတွက် ငွေရင်း အများအပြား လိုအပ်ပါတယ်။ ဒီ လိုအပ်တဲ့ ငွေရင်းကို ဥရောပ အရင်းရှင်တွေက စိုက်ထုတ်တာကြောင့် အရင်းရှင်နဲ့ ကိုလိုနီးအာဏာပိုင်တို့ အပြန်အလှန် ကူညီရိုင်းပင်းတဲ့အဖြစ်ကို ရောက်သွားပါတယ်။ မြန်မာပြည်မှာလည်း ရထားလမ်းတွေ တိုးချဲ့ ဆောက်လုပ်မှုကြောင့် ဗမာအစိုးရရဲ့  နိုင်ငံရေးအာဏာစက် ကျယ်ပြန့်လာနိုင်သလို တရုတ်လုပ်ငန်းရှင်တွေရဲ့  စီးပွားရေးအရှိန်အဝါလည်း ကြီးမားလာနိုင်ပါတယ်။ စီးပွားရေးအင်ပါယာ တည်ဆောက်ရာမှာ ဒေသခံအင်အားစု တွေရဲ့  အကူအညီလိုပါတယ်။ အုပ်ချုပ်ရေးအာဏာပိုင်နဲ့ လုပ်ငန်းရှင်အရင်းရှင်တွေ အပေးအယူလုပ်ပြီး ဗြိတိသျှအင်ပါယာကို တည်ထောင်ရာမှာ မီးရထားလုပ်ငန်းဟာ အရေးကြီးတဲ့အခန်းက ပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။

တရုတ်ပြည် မန်းချူးရီးယား (Manchuria) ဒေသမှာ ဂျပန်နယ်ချဲ့ နိုင်အောင် ရထားလမ်းက ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။ Moscow ကနေ Vladivostok အထိ ရထားလမ်းဆောက်ပြီး ရုရှားအင်ပါယာ ထိန်းသိမ်းထားပုံကို ဂျပန်ကအားကျပြီး မန်းချူးရီယား တောင်ပိုင်းကမ်းရိုးတန်း ဒေသမှာ ရထားလမ်းတည်ဆောက်ပါတယ်။ ရထားလမ်းပြီးတာနဲ့ ဂျပန်လုပ်ငန်းရှင်တွေ မန်းချူးရီးယားကို ဝင်ရောက်လာပါတယ်။ စီးပွားရေး သွေးကြောဖြစ်တဲ့ ရထားလမ်းကို အားနည်းတဲ့ တရုတ်အစိုးရက မကာကွယ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျပန်စစ်တပ်တွေ မန်းချူးရီးယားကို ကျူးကျော်ဝင်ရောက် လာပါတယ်။ နောက်တော့ အပြီးအပိုင် ဂျပန်ကိုလိုနီအဖြစ် သိမ်းပိုက်လိုက်တာ ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့အထိ ဖြစ်ပါတယ်။

ရထားလမ်းဖောက်လို့ အရင်ဆုံး ဒုက္ခရောက်ရသူတွေဟာ ဒေသခံပြည်သူလူထု ဖြစ်ပါတယ်။ ရထားလမ်းအတွက် နေရာဖယ်ပေးရတာကြောင့် ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်လာတဲ့ လယ်မြေစိုက်ခင်းနဲ့ အိမ်ယာတွေ ဆုံးရှုံးကြရပါတယ်။ အမေရိကန်ပြည်ထောင်စု တည်ဆောက်စဉ်က ရထားလမ်းနဲ့အတူ ဥရောပတိုက်သား အများအပြား ဝင်ရောက်လာတာကို ဒေသခံ တိုင်းရင်းသားတွေက ခုခံတိုက်ခိုက်ရင်း နောက်ဆုံးမှာ ဒေသခံတိုင်းရင်းသား ယဉ်ကျေးမှုဓလေ့ပါ ကွယ်ပျောက်သွားပါတော့တယ်။

စီးပွားရေးနယ်ချဲ့တွေဘက်က ကြည့်ရင်တော့ ရထားလမ်းတွေကြောင့် သယ်ယူပို့ဆောင်ရေး အင်အား ကောင်းလာတဲ့အတွက် ကူးသန်း ရောင်းဝယ်မှု တိုးတက်ထွန်းကားလာတယ်လို့ ပြောနိုင်ပါတယ်။ တရုတ်ကုန်ပစ္စည်းကို ကျောက်ဖြူဆိပ်ကမ်းက နိုင်ငံခြားတင်ပို့ပြီး နိုင်ငံခြား ပစ္စည်းကို တင်သွင်းနိုင်မှာမို့ ဆရုတ်အတွက်အများကြီး အကျိုးရှိမယ့် ရထားလမ်းဖြစ်ပါတယ်။ ဘင်္ဂလာဒေ့ရှ်ကလည်း Cox’s Bazaar ဆိပ်ကမ်းက မြန်မာပြည်နယ်စပ်အထိ ရထားလမ်းဖောက်ပြီး တရုတ်၊ မြန်မာ ရထားလမ်းကြောင်းကို အသုံးပြုဖို့ စီစဉ်နေပါတယ်။ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဈေးကွက်ကို ဖွင့်ပေးရာမှာ ရထားလမ်းဟာ အရေးပါအရာရောက်သလို အင်အားကြီးတဲ့ အရင်းရှင်ကို စီးပွားရေးနယ်ချဲ့ ခွင့် ပေးလိုက်သလိုလည်း ဖြစ်နေပါတယ်။

VOA