Wednesday, December 9, 2009
Monday, December 7, 2009
မှတ်သားဖွယ်စကား
Sunday, December 6, 2009
Friday, December 4, 2009
ဗဟိုတရားရုံးချုပ်က သူတို့၏ ရုံးရှေ့ Notice Board တွင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလျှောက်လဲချက်ကို လာမည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကြားနာမည်

ဗဟိုတရားရုံးချုပ်က သူတို့၏ ရုံးရှေ့ Notice Board တွင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလျှောက်လဲချက်ကို လာမည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကြားနာမည်ဟု ယနေ့နံနက်က ထည့်သွင်း ကြေငြာခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေနှင့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ထုတ်ဖေါ်ပြောပြခဲ့သည်ဟု သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သော သြဂုတ်လ ၁၁ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို လက်ခံခဲ့သည့် အမှုဖြင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ပြီး ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် ၁နှစ်ခွဲ သို့ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။
ထိုအမှုနှင့် ပါတ်သက်ပြီး သူမ၏ ရှေ့နေများက အောက်တိုဘာလ ၂ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံးချုပ် သို့ အယူခံလွှာ တင်းသွင်းခဲ့သော်လည်း ရန်ကုန်တိုင်းတရားရုံးချုပ်က အောက်ရုံး အမိန့်ကို ဆက်လက် အတည်ပြု ခဲ့ပါသည်။
ထို့ကြောင့် သူမ၏ ရှေ့နေများက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဗဟို တရားရုံးချုပ်သို့ ဆက်လက် တင်ပြ အယူခံခဲ့ရာ ဗဟိုတရားရုံးက လက်ခံထားခဲ့ပြီး ကြားနာမည့် နေ့ကို ယနေ့နံနက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါ သည်။ ဗဟို တရားရုံးချုပ် အယူခံသည် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ဥပဒေလမ်းကြောင်း အယူခံတွင် နောက်ဆုံး အဆင့်လဲဖြစ်ပါသည်။
အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ NLD သည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း အာဏာလွှဲပြောင်းရန် ငြင်းဆိုခြင်း ခံခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည် မှာလည်း ယခုအထိ နေအိမ် အကျယ်ချုပ် ခံခဲ့ရသော သက်တမ်းမှာ ၁၄နှစ်ကျော် ရှိခဲ့ပြီ ဖြစ်ပါသည်။
Thursday, December 3, 2009
Wednesday, December 2, 2009
Tuesday, December 1, 2009
Subscribe to:
Posts (Atom)

