Thursday, November 5, 2009
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝ ထွန်းကားဖို့နဲ့ အစိုးရနဲ့ အတိုက်အခံတို့ တွေ့ဆုံနိုင်ဖို့ ရည်ရွယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်မြန်မာနိုင်ငံကို ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ ဦးဆောင်သည့် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်(၄)ဦးတို့ ယနေ့မနက် ၁၁နာရီမှ ၁နာရီအထိ အင်းလျားလိတ်ဟိုတယ်တွင် (၂)နာရိကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ နေ့လည်(၃)နာရီခွဲမှ(၄)နာရီခွဲ အထိ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ရုံးခန်း၌ အဘဦးဝင်းတင်၊ ဦးခင်မောင်ဆွေအပါအဝင် အဖွဲ့ချုပ်CEC (၆)ဦးနှင့် (၁)နာရီကြာထပ်မံ တွေဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
" ဒီနေ့ မနက်(၁၁)နာရီကနေ နေ့လည်(၁)နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ်င့်တို့ ကိုယ်စားလှယ်အဖွဲ့ဝင်(၄)ဦးတို့ (၂)နာရီကြာ အင်းလျားလိတ်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေတော့ မသိရပါဘူး။ နေ့လည်(၃)နာရီခွဲကနေ(၄)နာရီအထိ အဖွဲ့ချုပ်ရုံးမှာ မစ္စတာကာ့တ်ကမ်ဘဲလ် တို့ကိုယ်စားလှယ်လေးဦးရယ် ဒီကဋ္ဌာနေကိုယ်စားလှယ် နှစ်ဦးရယ် ပေါင်း(၆)ဦးနဲ့ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေအပါအဝင် အဖွဲ့ချုပ်CEC (၆)ဦးနဲ့ ထပ်မံတွေဆုံပါတယ်။ အန်ကယ်လည်းပါပါတယ်။ သူတို့လာတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အကျိုးစီးပွားကို သိပ်တော့မပြောပါဘူး။ အခုမှ အစပဲရှိသေးတာရယ်၊ နောက်ဆက်လုပ်ရမယ့် အလုပ်တွေကရှိသေးတာရယ် အခြေအနေက မဆုံးသေးတာရယ်ကြောင့်ပါ။
အဓိက သူတို့ရည်ရွယ်ချက်က မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝ ထွန်းကားဖို့နဲ့ မြန်မာပြည်အတွင်းနိုင်ငံသား အချင်းချင်း အစိုးရနဲ့ အတိုက်အခံတို့ တွေ့ဆုံနိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောဆိုပါတယ်။ သူတို့ဘက်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်ဘဲလ် တစ်ယောက်ပဲအဓိကပြောဆိုပါတယ်။ အဖွဲ့ချုပ်ရုံးမှာ တွေ့ခွင့်ရတဲ့အတွက် အန်ကယ် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံခွင့်ရတာပါ။ မကြာခင်အချိန်မှာ ထပ်လာဦးမယ်လို့ ပြောသွားပါတယ်။ သူတို့ဒီနေ့ ညနေ(၆)နာရီခွဲ ပြန်ဘို့စီစဉ်ထားပေမယ့် နေပြည်တော်က ထွက်လာတာနောက်ကျတဲ့ အတွက်ကြောင့် (၇)နာရီခွဲမှ ပြန်ဖြစ်မယ်ပြောပါတယ်။ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ပြောပါတယ်" ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
အိုဘားမားအစိုးရ၏ မြန်မာပြည်နှင့် ပတ်သတ်တဲ့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒအသစ်ချမှတ်သည့် အချိန်မှစ၍ မြန်မာစစ်အစိုးရနှင့် အမေရိကန်အစိုးရကြား ထိတွေ့ဆက်ဆံမှု ပိုမိုများပြားလာပါတယ်။ ယခုအကြိမ်လာရောက်မှုသည် ၁၉၉၅ခုနှစ်က အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက် လာရောက်ပြီးသည့် နောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန် အစိုးရ၏ အဆင့်မြင့် ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံမှုဖြစ်ပါတယ်။
သတင်း....ဒီမိုဝေယံ။..။
Monday, November 2, 2009
ဒေါ်စုနဲ့ အဲန်အယ်လ်ဒီအဖွဲ့ကို အမေရိကန်အရာရှိတွေ တွေ့မည်

01 November 2009
မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့ အမေရိကန် အကြီးတန်း အရာရှိ ၂ ဦးနဲ့ ထိန်းသိမ်းခံနေရတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဖို့အတွက် လာရောက် အကြောင်းကြားထားသလို တွေ့ဆုံဖို့ ပြင်ဆင်မှုတွေလည်း လုပ်နေပြီလို့ သူ့ရဲ့ ဥပဒေအကျိုးဆောင်ဖြစ်သူက ပြောပါတယ်။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တဦးဖြစ်သူ ကာ့(တ်) ကမ်ဘဲလ် (Kurt Campbell) နဲ့ သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ စကော့ မာရှဲလ် (Scot Marciel) တို့ ဒီလ နိုဝင်ဘာ ၃ ရက် နဲ့ ၄ ရက် ၂ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ကြမှာ ဖြစ်ပါတယ်။
ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရောဘတ် ရု(ဒ်) (Robert Wood) ကတော့ အမေရိကန် အရာရှိ ၂ ဦးဟာ အစိုးရ တာဝန်ရှိသူတွေနဲ့ သာမက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေလည်းဖြစ်၊ သူ့ရဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ကတော့ ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ပါတီနဲ့ တွေ့ဆုံဖို့ စီစဉ်နေကြောင်း မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။
အမေရိကန် ပြည်ထောင်စုနဲ့ ကုလသမဂ္ဂ တို့ကတော့ ရှေ့နှစ် မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်နိုင်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ စစ်အစိုးရကို ဖိအားပေး နေကြတာပါ။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂ ပတ် အတွင်းမှာကိုပဲ စာနယ်ဇင်းသမား ၁၀ ဦး အပါအ၀င် အတိုက်အခံ တက်ကြွလှုပ်ရှားသူ တွေကို အာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ရှိခဲ့တဲ့အကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အီးမေးလ် ပုံနှိပ်ရန်
နိုင်ငံရေးကြောင့် စီးပွါးပျက်ရသူများ
နိုင်ငံရေးမှာ ပါဝင်ပတ်သက်ပြီး တက်တက်ကြွကြွလှုပ်ရှားသူတွေဟာ မြန်မာစစ်အစိုးရရဲ့ဖမ်းဆီး အကျဉ်းချတာတွေကို ခံနေရတာကြောင့် နိုင်ငံတကာက စစ်အစိုးရကို ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ စစ်အစိုးရ အာဏာပိုင်တွေဟာ ဒီလိုနိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေအပြင် စီးပွားရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေပါ လုပ်ခွင့်မရှိအောင် ပိတ်စို့တားမြစ်ထားတာကြောင့် မိသားစုတွေပါ အခက်အခဲ မျိုးစုံနဲ့ ကြုံတွေ့ကြရပါတယ်။ အကြောင်းစုံကို မညိုညိုလွင်က တင်ပြပေးထားပါတယ်။
Saturday, October 31, 2009
Wednesday, October 28, 2009
Sunday, October 18, 2009
Subscribe to:
Posts (Atom)




