-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, July 11, 2011

NLD တွင်ကျင်းပမည့် ဦးမြင့်၏ စာတမ်းဖတ်ပွဲ တားဆီးခံရ

ရန်ပိုင် Monday, 11 July 2011 14:02 .အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ပြုလုပ်မည့် သမ္မတ အကြံပေးအဖွဲ့ဝင် စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းဖတ်ပွဲကို အစိုးရ၏ ဖိအားပေးမှုကြောင့် ဖျက်သိမ်းလိုက်ရကြောင်း NLDတာဝန်ရှိသူ များကပြောသည်။




NLD ရုံးချုပ်တွင် ကျင်းပသည့် ကမ္ဘာ့ AIDS နေ့၌ ဒေါက်တာဦးမြင့် ဖျော်ဖြေနေစဉ် (ဓာတ်ပုံ - AP)

“နေပြည်တော်က ဖုန်းနဲ့လှမ်းပြီး မလုပ်ဖို့ပြောတာ။ နားထောင်ဖို့စောင့်နေတဲ့ လူတွေ တော်တော်စိတ်ပျက်သွားတယ်” ဟု NLD ပါတီ ခေါင်းဆောင် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဆိုသည်။

အဆိုပါ စာတမ်းဖတ်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်တွင် ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ပါတီ ၀င်များနှင့် ပြင်ပမှ စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ဖိတ်ကြားထားသည်။

ယခုကဲ့သို့ ပိတ်ပင်ခံရမည်ကို စိုးရိမ်သည့်အတွက် စီးပွားရေးပညာရှင် ဦးမြင့်က သိုသိုသိပ်သိပ်သာ လုပ်ရန် ပြောဆိုခဲ့ကြောင်း NLD ပါတီဝင် တဦးက ဆိုသည်။

ပြီးခဲ့သည့်လကလည်း ရန်ကုန် အခြေစိုက် NGO တခု ဖြစ်သော Myanmar Egress ၏ ဒါရိုက်တာ အဖွဲ့ဝင် နိုင်ငံရေး သိပ္ပံပညာရှင် ဒေါက်တာကျော်ရင်လှိုင်က NLD ရုံးချုပ်တွင် နိုင်ငံရေးသင်တန်းပေးရန် စီစဉ်သည်ကို အစိုးရက ဖိအားပေးသဖြင့် ဖျက်ခဲ့ရသည်။

ယခု စာတမ်းဖတ်ပွဲ ပြုလုပ်မည့် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်သည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေရင်း တဦးဖြစ်သကဲ့သို့ သမ္မတသစ် ဦးသိန်းစိန် အစိုးရအဖွဲ့တွင် သမ္မတ၏ စီးပွားရေး အကြံပေးတဦးလည်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် တာဝန်ယူခဲ့ပြီးသည့်နောက် ဧပြီလအတွင်းက သမ္မတကို အကြံပေးရန် နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးရာ အဖွဲ့များ ဖွဲ့စည်းခဲ့ရာ စီးပွားရေး အကြံပေးအဖွဲ့တွင် ဒေါက်တာဦးမြင့်၊ ဦးဝင်စတန်ဆက်အောင်၊ ဒေါက်တာ တင်လှဗိုလ်တို့က တာဝန် ယူခဲ့သည်။

ပြီးခဲ့သည့် မေလက သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းဖတ်ပွဲကို နေပြည်တော်တွင် ပြုလုပ်ခဲ့ရာ ဒေါက်တာဦးမြင့်က မြန်မာနိုင်ငံ၌ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ပတ်သက်ပြီး စာတမ်းတစောင် တင်သွင်းခဲ့သေးသည်။

အစိုးရ သက်တမ်း ရက် ၁၀၀ မပြည့်မီ ၃ ရက်အလိုက မြန်မာ့အလင်း သတင်းစာတွင် ရက် ၁၀၀ အတွင်း အစိုးရ ဆောင်ရွက်နိုင်မှု များထဲ၌ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စာတမ်း ဖတ်ကြားခဲ့ကြောင်း ထည့်သွင်းရေးသားထားသည်။

ဒေါက်တာဦးမြင့်သည် ရန်ကုန် တက္ကသိုလ်မှ BA (အင်္ဂလိပ်စာပေ၊ နိုင်ငံရေးသိပ္ပံနှင့် ဘောဂဗေဒ) ဘွဲ့ကို လည်းကောင်း၊ ကောနဲလ်တက္ကသိုလ်မှ MA (ဘောဂဗေဒ) ဘွဲ့ကို လည်းကောင်း၊ အမေရိကန် ပြည်ထောင်စု ဘာကလေရှိ ကာလီဖိုးနီးယား တက္ကသိုလ်မှ PhD (ဘောဂဗေဒ) ကို ဘွဲ့ကိုလည်းကောင်း ရရှိခဲ့သူ ဖြစ်သည်။

၎င်းသည် ရန်ကုန် စီးပွားရေး တက္ကသိုလ် သုတေသန လုပ်ငန်းဌာနတွင် လည်းကောင်း၊ ဘောဂဗေဒ ဌာနတွင် ကထိက အဖြစ် လည်းကောင်း၊ ရန်ကုန် ပညာရေး တက္ကသိုလ် ဘောဂဗေဒ ဌာနတွင် ကထိက၊ ဌာနမှူး အဖြစ် လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန စီးပွားရေး ဌာနခွဲတွင် ညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ အဖွဲ့ကြီးတွင် ဝန်ထမ်း အဖြစ် လည်းကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အခြေစိုက်သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အာရှနှင့် ပစိဖိတ်ဒေသ) ၏ ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာဆန်းစစ်ရေး ဌာနခွဲမှူး အဖြစ် လည်းကောင်း၊ အထက်တန်း စီးပွားရေး ပညာရှင် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

စီးပွားရေး သုတေသန စာတမ်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဆွေးနွေးပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ အတွက် အထောက်အကူပြု စာတမ်းများ၊ အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးနှင့် လူမှုရေး စစ်တမ်း စာစောင်များကိုလည်း ဒေါက်တာ ဦးမြင့်က ပြုစု ရေးသားခဲ့သည်။

ဒေါက်တာဦးမြင့်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေတဦးဖြစ်ပြီး NLD ရုံးချုပ်တွင် ကျင်းပခဲ့သော ကမ္ဘာ့ AIDS နေ့အထိမ်းအမှတ်ပွဲ၌ ဂစ်တာတီး ဖျော်ဖြေပေးခဲ့သည်

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.

Sunday, July 10, 2011

နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိပြန်လည်လွတ်မြောက်ရေးလှုပ်ရှားဆန္ဒပြမှု(နဂိုယာ)



နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိပြန်လည်လွတ်မြောက်ရေးလှုပ်ရှားဆန္ဒပြမှု တစ်ရပ်ကို
ယနေ့(၁၀-၇-၂၀၁၁) တနင်္ဂနွေနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ ဂျပန်ဌာနခွဲ၊
နဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များက ဂျပန်နိုင်ငံ၊နဂိုယာမြို့၊ KANAYAMAဘူတာရှေ့တွင်
နေ့လည်(၁)နာရီမှ(၃)နာရီအထိ လှုပ်ရှားဆန္ဒပြခဲ့ကြသည်။

Saturday, July 9, 2011

အခြေချတရုတ်၊ နေရာပျောက် မြန်မာနှင့် မန္တလေး ကိုယ်ခံအား

ကြည်ဝေ Wednesday, 06 July 2011 18:40 ဆောင်းပါး

China

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.

Friday, July 8, 2011

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်

ရဲဘော်ကေ

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.

နိုင်ငံရဲ့ကောင်းကျိုးအတွက် သတင်း လွတ်လပ်ခွင့် လိုအပ်

2011-07-08
"ကျမတို့က ဒီမိုကရေစီ စံနှုန်းထားတွေကို ယုံကြည်တဲ့ အလျောက် သတင်းလွတ်လပ်ခွင့်ဆိုတာ နိုင်ငံ တနိုင်ငံရဲ့ ကောင်းကျိုးအတွက် လွန်စွာမှ လိုအပ်တယ်လို့ ယူဆပါတယ်။ သတင်းသမားတွေဟာ မိမိတို့ လွတ်လပ်မှု အတွက် တစိုက်မတ်မတ် ကြိုးစားဖို့ လိုသလို နိုင်ငံရေး လူမှုရေး စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒီလွတ်လပ်ခွင့်တွေကို တိုးပွါးလာအောင်လို့ တတ်နိုင်တဲ့ ဖက်ကနေ လုပ်ဆောင်ပေးဖို့ လိုပါတယ်" လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။



RFA

လမ်းဘေးဂျာနယ် အရောင်းသမားနှင့် သတင်းဂျာနယ် ဖတ်သူများ။

" နိုင်ငံအစိုးရကလည်း တကယ်ဘဲ တိုင်းပြည် တိုးတက်ရေးကို လိုလားရင် သတင်းလွတ်လပ်ခွင့် အာမခံပေးဖို့ လိုပါတယ်။"

အာရ်အက်ဖ်အေက အပတ်စဉ် ထုတ်လွှင့်နေတဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အမေးအဖြေ အစီအစဉ်မှာ တောင်ကိုရီးယား နိုင်ငံက မြန်မာနိုင်ငံသား သောတရှင် တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ဖြေကြားခဲ့တာပါ။

ပြင်သစ်နိုင်ငံ အခြေစိုက် နိုင်ငံတကာ နယ်စီးမခြား သတင်းထောက်များ အဖွဲ့  RSF ရဲ့ နှစ်စဉ် ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အနဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို သောကြာနေ့ ညပိုင်း အာရ်အက်ဖ်အေ အစီအစဉ်မှာ ထုတ်လွှင့်ပေးနေ ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

NLD ရုံးချုပ် ဝင်စီးမှာလား စိုးရိမ်မှုဖြစ်

မျိုးသန့် | သောကြာနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၁ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်များက ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်တွင် ညအိပ်စောင့်ဆိုင်းနေသဖြင့် အတိုက်အခံပါတီကြီး၏ ရုံးခန်းကို အာဏာပိုင်များက ဝင်ရောက် စီးနင်းမှာလားဆိုသော စိုးရိမ်မှုများ ရန်ကုန်နှင့် နယ်စပ်ရှိ ဒီမိုကရေစီလိုလားသော အတိုက်အခံများအတွင်း
ပေါ်ထွက်နေသည်။

သို့သော် ပါတီရုံးကို ဝင်ရောက်ရှာဖွေဖွယ် မရှိနိုင်ကြောင်း
အာဏာပိုင်များ ရှောင်တခင် ဝင်ရောက်စီးနင်း၍ စာရွက်စာတမ်များ သိမ်းဆည်းသွားမည်ကို စိုးရိမ်သောကြောင့် ရွှေဂုံတိုင်လမ်းရှိ




ပါတီရုံးချုပ်တွင် ပါတီလူငယ်များ ညအိပ်စောင့် (ဓါတ်ပုံ မဇ္ဈိမ)
ပါတီအကြီးတန်း ခေါင်းဆောင်များက ခန့်မှန်းထားသည်။

NLD လူငယ် ၅ ဦးကျ ရုံးချုပ်တွင် ညအိပ် စောင့်ကြပ်နေ သည်မှာ တပတ်ရှိပြီ ဖြစ်ကာ၊ ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပုဂံသို့ ဘုရားဖူးထွက်သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ပြည်ထဲရေးဝန်ကြီးဌာနက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့်
ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူပြီး တရားဝင်ပါတီမဟုတ်ဘဲ တရားဝင်သကဲ့သို့ လှုပ်ရှားနေခြင်းသည် ဥပဒေနှင့်ဆန့်ကျင်နေကြောင်း သတိပေးပြီးနောက် ဒေသခံရဲများက ရုံးချုပ်ကို ရှောင်တခင်ဝင်ရောက်ပြီး စာရွက်စာတမ်းများ သိမ်းဆည်းသွားမည်ကို စိုးရိမ်သဖြင့် ညအိပ်စောင့်ခြင်း
ဖြစ်ကြောင်း ပါတီလူငယ် ကိုရာဇာက မဇ္ဈိမကို ပြောသည်။

© Copyright 1998 - 2011 Mizzima News. All Rights Reserved.

Wednesday, July 6, 2011

ဂျပန်ပေါ်လစီ ဆွေးနွေး

ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၇ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ ဂျပန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများနှင့် ဂျပန် အမတ်များသမဂ္ဂတို့ တိုကျိုမြို့တွင် ဗုဒ္ဓဟူးနေ့က ဆွေးနွေးကြသည်။

မြန်မာအပေါ် ထားရှိသည့် ဂျပန်၏ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲနိုင်မှု ရှိ၊ မရှိ၊ ရှေ့အလားအလာနှင့် ပတ်သက်၍ အဓိက ဆွေးနွေးခဲ့ကြကြောင်း ပါဝင်ဆွေးနွေးခဲ့သည့် တိုကျိုအခြေစိုက် မြန်မာ့ရေးရာရုံးမှ အတွင်းရေးမှူး
ဒေါက်တာမင်းညိုက မဇ္ဈိမကို ပြောသည်။

“ဂျပန်က မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်တဲ့ အနေအထားရှိရမယ်။ နောက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုပြီး ပြောထားခဲ့တာတွေ ရှိတယ်။ နောက် ဥပဒေကို အခြေခံရမယ်ဆိုပြီး တောင်းဆိုထားတာ ရှိတယ်။ ဒီတော့ ဒီအပေါ်မှာအခြေခံတဲ့ နိုင်ငံရေးပေါ်လစီကို ပြောင်းသွားပြီလားဆိုတာ ကျနော်တို့ ဆွေးနွေးတာပေါ့” ဟု ဒေါက်တာမင်းညိုက ပြောသည်။



ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ ပါလီမန်နိုင်ငံခြားရေးရာ ဒုဝန်ကြီး မစ္စစ် Makiko KIKUTA ကို NLD ရုံးချုပ်၌ တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
ပါလီမန် နိုင်ငံခြားရေးရာ ဒုဝန်ကြီး မစ္စစ် Makiko Kikuta ဇွန်လကုန်ပိုင်းက မြန်မာပြည်သို့ သွားရောက်ခဲ့ အပြီး မြန်မာပြည် အပေါ် စီးပွားရေးအကူအညီ ပြန်ပေးရန် စဉ်းစားနေသည်ဆိုသည့် သတင်းများ ပေါ်ထွက်လာခဲ့သည်။ ထိုအကြောင်းကို ဂျပန်နိုင်ငံ နေ့စဉ်ထုတ် သတင်းစာ ယူမီယူရီ Yumiuri ၌ ဇူလိုင်လ ၃ ရက်နေ့က ဖော်ပြခဲ့သည်။

“ပါလီမန်ဒုတိယဝန်ကြီးက မြန်မာပြည်ကို သွားတော့ ဂျပန်-မြန်မာ ဆက်ဆံရေးက မျက်နှာသစ် ဖွင့်လိုက်ပြီလို့
ပြောတာကိုးဗျ။ ဒီတော့ မျက်နှာသစ် ဖွင့်လိုက်တယ်ဆိုတော့၊ စာမျက်နှာအသစ် ရောက်ပြီဆိုတော့ မူဝါဒအသစ် ဖြစ်တယ်ဆိုတဲ့ သဘော ရောက်တယ်လို့ အဓိပ္ဗာယ်ပေါ်တာပဲလေ” ဟု ဒေါက်တာမင်းညိုက ဆိုသည်။

ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ဂျပန်ဘက်မှ ဂျပန်အမတ်များသမဂ္ဂ အတွင်းရေးမှူးလည်းဖြစ်၊ အာဏာရ ဒီမိုကရက်တစ် ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ Azuma Konno၊ မြန်မာ့ရေးရာရုံး၊ ဂျပန် အလုပ်သမားများ သမဂ္ဂ တာဝန်ရှိသူများနှင့် Network of Democracy in Burma - NDB မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲကို ပါလီမန်အမတ်များ နေထိုင်ရာဝင်းအတွင်းရှိ မစ္စတာ Azuma Konno ၏ ရုံးခန်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် လက်ရှိမြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ တင်ပြ ပြောဆိုခဲ့ကြပြီး၊ ရှမ်းပြည်နယ် တိုက်ပွဲများ၌
မြန်မာအစိုးရတပ်များမှ ဓာတုလက်နက် သုံးနေသည်၊ မြောက်ကိုရီးယားမှ နျူကလီးယား လက်နက်များ တင်သွင်းနေသည် ဆိုသည့် စွပ်စွဲပြောဆိုချက်များ၊ အစိုးရတပ်များ၌ ကလေးစစ်သား အသုံးပြုနေခြင်းနှင့် အဓမ္မ ခိုင်းစေခြင်းများ စသည့် အကြောင်းအရာများလည်း ပါဝင်သည်ဟု သိရသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်၍ ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် ဂျပန်နိုင်ငံ အမတ်များ သမဂ္ဂ အထူး အစည်းအဝေး၌ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံရောက် မြန်မာဒီမိုကရေစီအင်အားစုများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု မရှိသေးခြင်းနှင့် ပြည်တွင်းစစ် ဆက်ဖြစ်နေသည့်အတွက် ဂျပန်အစိုးရအနေဖြင့် မြန်မာအစိုးရအား အကူအညီ
ပြန်လည် မပေးသင့်သေးကြောင်း ရှုမြင်သည်။


© Copyright 1998 - 2011 Mizzima News. All Rights Reserved.