Sunday, July 3, 2011
နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
မြန်မာနိုင်ငံကိုရောက်နေတဲ့ ၾသစေတ်းလ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kevin Rudd ဟာ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို မြန်မာ အစိုးရအဖွဲနဲ့ တွေ့ဆုံစဉ် တိုက်တွန်းတောင်းဆိုခဲ့ပေမယ့် အစိုးရဆီက တိကျတဲ့ အဖြေမရခဲ့ဘူးလို့ မြန်မာ့နိုင်ငံရေး ပါတီတွေကို ပြောပါတယ်။ မစ္စတာ Kevin Rudd ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့ တွေ့ဆုံပြီး မြန်မာနိုင်ငံကို သြစတျေးလျနိုင်ငံက ကူညီပေးနေတဲ့ ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြသလို မြန်မာ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ အတူ နယ်စပ်ဒေသအခြေအနေတွေကိုပါ ဆွေးနွေး မေးမြန်းခဲ့ပါတယ်။ ဒီကနေ့ Mr. Kevin Rudd ရဲ့ မြန်မာ့အရေးဆွေးနွေးမှု အခြေအနေတွေကိုတော့ မသင်းသီရိက မေးမြန်းတင်ပြထားပါတယ်။
ရန်ကုန်မြို့ ရွှေတောင်ကြားမှာရှိတဲ့ ၾသစေတ်းလ် ကလပ္မွာ ဒီကနေ့ မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီကျော် ထိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ Kevin Rudd တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံပေါ် သြစတျေးလျနိုင်ငံက အကူအညီပေးနေတဲ့ ကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင် က ပြောပါတယ်။
“အထွေထွေအတွင်းရေးမှူးနဲ့အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ အထွေထွေ အတွင်းရေးမှူး (၁) ရဲ့ ရုံးအဖွဲ့ဝင် ဦးထင်ကျော်တို့ လိုက်ပါသွားပါတယ်။ တွေ့ဆုံရာမှာ သြစတျေးလျနိုင်ငံခြားရေးဝန်ကြီးက သြစတျေးလျနိုင်ငံက မြန်မာနိုင်ငံကို လူမှုရေးအရ NGO တွေကနေတဆင့် အကူအညီပေးနေပုံတွေကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြတယ်လို့ သိရပါတယ်။ ဆွေးနွေးချက်တွေကို ထုတ်ပြန်ခြင်းမပြုဘူးလို့လည်း သိရပါတယ်။”
ဒီလို လူသားချင်း စာနာထောက်ထားမှု ကူညီရေးဆိုင်ရာ အခြေအနေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Kevin Rudd တို့ ဟာ လက်ရှိနိုင်ငံရေး အခြေအနေတွေကိုလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့တော့ Mr. Kevin Ruddဟာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနဲ့အတူ ဒီမို ကရက်တစ်ပါတီ(မြန်မာ) အပြင် ရှမ်း၊ ကချင် အဖွဲ့တွေအပြင် မွန် ဒေသလုံးဆိုင်ရာပါတီ၊ ရခိုင် အမျိုးသားများ တိုးတက်ရေးပါတီလို တိုင်းရင်းသားနိုင်ငံရေး ပါတီအဖွဲ့တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးအခြေအနေတွေကို သိချင်သမျှမေးမြန်းခဲ့ပါတယ်။ သူ့အနေနဲ့ မြန်မာအစိုးရအဖွဲ့က ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စကို အဓိက တိုက်တွန်းခဲ့တာကို သူ ပြောပြခဲ့တဲ့အကြောင်း NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။
“သူကတော့ အကျဉ်းသားပြဿနာနဲ့ပတ်သက်လို့ သမ္မတကြီးကို တိုက်တွန်းခဲ့တဲ့ အကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ရှိနေတာကို ပြန်လွှတ်ပေးဖို့ သူ တိုက်တွန်းခဲ့တဲ့အကြောင်း ကို ပြောပြပါတယ်။ ပြောတော့လည်း တဘက်က တိကျတဲ့အဖြေကို သူမရလိုက်ဘူးလို့ ပြောတယ်ဗျ။
အခုသွားနေတဲ့ နိုင်ငံရေးပုံစံအပေါ်မှာ ဘယ်လိုမြင်သလဲ လို့ မေးတော့ ကျနော်တို့က ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကလည်း ဘာမှ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးကို ကျနော်တို့ လုပ်ကြတယ်ဆိုသော်လည်း ဘာမှ ထွန်းထွန်းပေါက်ပေါက် ဖြစ်မလာဘူး။ မလုပ်ခဲ့နိုင်ဘူးပေါ့။ အခုကျတော့ကာ ရလာတဲ့အခွင့်အရေးကို ယူပြီးတော့ ဒီလမ်းပေါ်ကို လျှောက်တဲ့အခါ ပူးပေါင်းဆောင်ရွက်ရေးကို တိုင်းပြည်တည်ဆောက်ရေးအတွက် ကြိုးပမ်းတဲ့ လမ်းကြောင်းပေါ်မှာတော့ ဆက်ရှိနေပြီ။ ဒီလမ်းကြောင်းပဲ ထွက်ပေါက်ရှိလို့ ဒီလမ်းကြောင်းကိုပဲ ကျနော်တို့ ဆက်သွားနေတယ်လို့ အကြမ်းဖျဉ်း ရှင်းပြတာပေါ့ဗျာ။
သူကလည်း သူတို့အနေနဲ့လည်း ဒီလို သွားနေတဲ့ဟာကို လက်ခံပါတယ်တဲ့။ ဒီလိုပဲ သွားရမယ် ဆိုတာကိုလည်း သူတို့ မြင်တွေ့နေပါပြီတဲ့။ သွားပုံသွားနည်းကို သူတို့ လက်ခံပါတယ်တဲ့။ ဒီလို ပြောပါတယ်။”
ဒါ့အပြင် ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကိုလည်း မစ္စတာ Kevin Rudd က မေးမြန်းခဲ့ပါတယ်။
“နယ်စပ်မှာဖြစ်တဲ့ ပြဿနာတွေကတော့ ရပ်ဆိုင်းနေသင့်တယ်ပေါ့ ဗျာ။ ဟိုမှာတော့ ညှိနှိုင်းမှုတွေတော့ စနေပြီပေါ့-အစိုးရနဲ့။ ညှိနှိုင်းမှုတွေ စနေတဲ့အချိန်မှာပဲ တဘက်မှာလည်း တိုက်ခိုက်မှုတွေလည်း ဆက်ရှိနေသေးတယ်ပေါ့။ ဒါတွေကတော့ ဘယ်လောက်ထိကြာအောင် ဆက်ဖြစ်နေအုံးမလဲ။ ဘာလဲ ဆိုတာတော့ သူတို့လည်း မသိဘူးပေါ့။ မသိနိုင်ဘူးပေါ့။
ဒီမိုကရေစီမှာ အခြေခံတွေ လိုပါတယ်ပေါ့။ Institutions တွေပေါ့။ Institutions တွေရှိမှ ဒီမိုကရေစီလမ်းလျှာက်တဲ့ နေရာမှာ ရေရေရာရာ ဖြစ်သွားမယ်။ ဒီလူတွေလည်း ဒီမိုကရေစီ အကျင့်၊ အလေ့စရိုက်တွေ ဖြစ်သွားမယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေထဲက သင့်တော်တဲ့ ပုဂ္ဂိုလ်တွေကို ပြည်တွင်းမှာ နိုင်ငံရေးသင်တန်းတွေဖြစ်နိုင်အောင် ဖြစ်သွားအောင်ဆိုပြီး Capacity Building တွေကို ပေးဖို့အတွက် ရည်ရွယ်ထားတာ ရှိပါတယ်ပေါ့။ အဲဒီလို ပြောသွားပါတယ်”
NDF ပါတီက ဦးခင်မောင်ဆွေပါ။
ၾသစေတ်းလ် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Mr. Kevin Rudd ဟာ ဇွန်လ ၃၀ ကြာသာပတေးနေ့ ကနေပြီး ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့အထိ ၃ ရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ရောက်နေတာ ဖြစ်ပြီး သူ့ခရီးစဉ်အတွင်းမှာ အစိုးရအဖွဲ့နဲ့ရော နိုင်ငံရေးပါတီတွေအပြင် မြန်မာနိုင်ငံထဲမှာ အခြေစိုက် လုပ်ကိုင်နေတဲ့ NGO လိုအဖွဲ့တွေနဲ့အတူ UNHCR လို ဒုက္ခသည်များဆိုင်ရာအဖွဲ့ကြီးတွေနဲ့လည်း တွေ့ဆုံသွားပါတယ်။
Mr. Kevin Rudd ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြူပြင်ပြောင်းလဲမှုဆိုင်ရာ အခြေအနေတွေ အပါအ၀င် စီးပွားရေးဆိုင်ရာအခြေအနေတွေ၊ လူ့အခွင့်ရေး ဆိုင်ရာနဲ့အတူ လူသားချင်းကူညီရေးဆိုင်ရာ ကိစ္စတွေ အတွက် မြန်မာနိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။ သြစတျေးလျနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာတွေ တိုးတက်ဖို့ အတွက် အစဉ်တစိုက်အားပေးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း အရင်စစ်အစိုးရရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် ကူလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကိစ္စကို သြစတြေးလျနိုင်ငံက ထောက်ခံထားပါတယ်။
VOA

Saturday, July 2, 2011
အားမနွဲ့ကြသူများ

လူသားတွေရဲ့ အစသမိုင်းဦးဘုံမြေခေတ်တွေကထဲက အမျိုး သားတွေက အုပ်ချုပ်သူနေရာမှာ နေခဲ့ကြတာ ယဉ်ကျေးပါ တယ်ဆိုတဲ့ ယနေ့ခေတ်အထိ ပါပဲ။ အခု အချိန်မှာတောင် အမျိုးသမီးဆိုတာက အားနွဲ့တဲ့ လူသားတွေအဖြစ် သတ်မှတ်ထားကြဆဲပါ။ လူ့ အခွင့်အရေး အပြည့်အဝ ရတဲ့ အမေရိကန်လိုနိုင်ငံ မျိုးမှာတောင် အမျိုးသမီး သမ္မတ မရှိသေးပါဘူး။
ကျမတို့ ငယ်စဉ်က သမိုင်းဖတ်စာအုပ်ထဲမှာ အာဇာနည် ဂျုံး ဆိုတဲ့ မိန်းခလေးတဦး အ ကြောင်းသင်ခဲ့ရဖူးပါတယ်။ သူက ခရစ်ယာန် ဘာသာကို ယုံကြည်ကိုးကွယ်ပါတယ်။ အဲ ဒီ အချိန်တုန်းက ပြင်သစ်နိုင်ငံမှာ ခရစ်ယာန် ဘာသာကို မကိုးကွယ်ကြသေးပါဘူး။ ခရစ် ယာန်ဘာသာ ကိုးကွယ်သူတွေကိုလဲ စုန်း၊ စုန်းမ လို့စွပ်စွဲပြောဆိုနေကြချိန် ဖြစ်ပါတယ်။ သူမကို အာဏာပိုင်တွေက ဖမ်းမိသွားချိန်မှာ ခရစ်ယာန်ဘာသာကို မကိုးကွယ်ပါဘူးလို့ ထွက်ဆိုခိုင်းပါတယ်။ ဒါပေမဲ့ သူမက မထွက်ဆိုခဲ့ပါဘူး။ ဒါကြောင့် သူမကို ရုံးတင် ပါ တယ်။ ရုံးတော်မှာ သူမကို စုန်းမလို့ ဝန်ခံခိုင်းခဲ့ပါတယ်။ သူမက ဝန်မခံခဲ့တဲ့အတွက် မီး ရှို့သတ်ခံခဲ့ရပါတယ်။ သူမရဲ့ သတ္တိကြောင့် လူတွေက ခရစ်ယာန် ဘာသာကို စိတ်ဝင် စားလာခဲ့ကြပါတယ်။
လူတွေ သတ်မှတ်သလို တကယ်ပဲ အမျိုးသမီးတွေက အားနည်းနေသလား၊ တကယ် ကို စွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတွေ အစဉ်အလာနဲ့ ရှိခဲ့ဘူးပါတယ်။ ၁၉၈၀ခုနှစ် မှာ ကျမက လူမှန်းသိတဲ့ အရွယ်ရောက်နေပါပြီ။ တခါတရံ တီဗွီကနေ အင်္ဂံလန်နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် တော်တော်ချောတဲ့ မာဂရက်သက်ချာကို တွေ့ဘူးနေပါတယ်။ သူ့ကို ထက်မြက်တဲ့သူ အဖြစ်သိနေပေမဲ့ သူကိုဘာကြောင့်လူတွေ အသိအမှတ်ပြုလဲ ဆိုတာကို နားမလည်ခဲ့ပါဘူး။ လူကြီး သူမတွေ ကိုမေးတော့မှ သူ့ရဲ့ အရည်အချင်းကို သိလာပါတယ်။
သူ့ရဲ့ လက်ထက်မှာ အာဂျင်တီးနား နိုင်ငံရဲ့ အရှေ့မှာရှိတဲ့ ဖေါက်ကလန်ကျွန်း အရေး အခင်း ဖြစ်ခဲ့ပါတယ်။ အဲဒီ အရေးအခင်းမှာ သက်ချာက အင်္ဂလန်တပ်တွေကို ချက်ခြင်း စေလွတ်တိုက်ခိုက်ခဲ့ပါတယ်။
၁၉၈၄ မှာတော့ အိုင်းရစ်ရီပတ်ဘလစ် တပ် (IRA) က ကွန်ဖရင့် ကျင်းပနေစဉ်မှာပဲ ဗုံးခွဲ လုပ်ကြံခဲ့ပါတယ်။ သက်ချာ ကွန်ဖရင့်ကိုလာစဉ် လမ်းမှာ လုပ်ကြံခံရတာပါ။ သူမက ကြောက်ရွံ့တုန်လှုပ်မှု လုံးဝမရှိဘဲ ကွန်ဖရင့်မှာမိန့်ခွန်း ဆက်ပြောခဲ့ပါတယ်။ ဒါကြောင့် လဲ သူမကို အင်္ဂလန် သမိုင်းမှာ အိုင်းရင်းလေဒီလို့ ခေါ်ခဲ့ကြတာပေါ့။
အမေရိကန် နိုင်ငံဟာ လူ့အခွင့်အရေး အပြည့်အဝပေးထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကျား၊ မ တန်းတူ အခွင့်အရေး ပေးထားပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ သမတ မဖြစ်ကြသေး ပါဘူး။ အမျိုးသမီးတွေဟာ အမြင့်ဆုံးရာထူးအဖြစ် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးကတော့ မယ်ဒလင်းအော်ဘရိုက်ပဲ ဖြစ်ပါ တယ်။
သူမဟာ ချက်ကိုဆလိုဗက်ကီးယား နိုင်ငံသူတဦး ဖြစ်ခဲ့ပြီး ဆိုဗီယက်တွေ ချက်ကိုသိမ်း ပိုက်တော့ အမေရိကန်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ သူဖြစ်ပါတယ်။ သူမဖခင်က ချက် ဒီမိုကရက် တဦးဖြစ်ခဲ့ပြီး သူရဲ့ အဘိုးအသွားတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီ တွေရဲ့ သတ်ဖြတ်မှု ကိုခံ ခဲ့ရပါတယ်။ သူမဟာ သတင်းစာသမားတဦး ၊ကျောင်းဆရာမ တဦး ဖြစ်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ သမ္မတ ဘီလ်ကလင်တန်က ကမ္ဘာကုလသမဂ္ဂမှာ အမေရိကန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ရာကနေ စတင်ထင်ရှားလာပါတယ်။
၁၉၉၇ ခုနှစ်မှာတော့ သူမဟာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့ပါတယ်။
ကျမတို့နေထိုင်တဲ့ အာရှတိုက်မှာတော့ ကျား၊ မ ခွဲခြားမှုက ပြင်းထန်တယ်လို့ ဆိုနိုင်ပါ တယ်။ မိန်းခလေးမွေးတာဟာ မိဘတွေကို ဂုဏ်ငယ်စေတယ်လို့ ထင်မြင်ယူဆသူတွေ များပါတယ်။ ယောက်ကျားလေးတွေကို မြင့်မြတ်တယ်လို့လဲ ယူဆကြပါတယ်။ ကျမတို့ မြန်မာတွေမှာ စကားပုံတောင်ရှိပါတယ် “ကြက်မတွန်လို့ မိုးမလင်းဘူး” တဲ့ ဒါဆို ကြက် ဖတွေတွန်လို့ မိုးလင်းခဲ့တာလား။
ကျမတို့ အာရှတိုက်မှာတော့ ထူးခြားထင်ရှားတဲ့ အမျိုးသမီးတွေ အများအပြားပေါ်ထွန်း ခဲ့ဖူးပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အင်ဒီရာဂန္ဒီ ဖြစ်ပါတယ်။ သူမဟာ ဖခင်တည်ထောင် ခဲ့တဲ့ BJP ပါတီမှ ၁၉၆၆-၇၇ ခုနှစ်အထိ ပထမအကြိမ် ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။ သူ အာ ဏာရစဉ် ၁၉၆၇ ခုနှစ်တွင် အမျိုးသား နျူကလီးယား စီမံကိန်းကို စတင်ခဲ့ပါသည်။
၁၉၇၅ ခုနှစ်တွင် အစိမ်းရောင်တော်လှန်ရေးဟု လူသိများသော လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ပြုပြင် ပြောင်းလဲ ခဲ့သည်။ ဒုတိယအကြိမ် အဖြစ် ၁၉၈၀ မှ ၁၉၈၄ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ သူ့ဘဝတလျောက်လုံး နိုင်ငံအရေးကိစ္စများကိုသာ ဆောင်ရွက်ခဲ့ပါ တယ်။ ၁၉၈၄ ခုနှစ်မှာတော့ ဆစ်ခ် သူပုန်များက လုပ်ကြံခဲ့တဲ့အတွက် အင်ဒီရာဂန္ဒီ သေ ဆုံးခဲ့ရပါတယ်။
ပါကစ္စတန် နိုင်ငံဟာ နိုင်ငံရေး မတည်ငြိမ်မှု တနှစ်ထက် တနှစ်ပိုများလာပါတယ်။ ပါကစ္စ တန်နိုင်ငံမှာ နိုင်ငံရေးအရ ထင်ရှားတဲ့ “ဘူတို” မိသားစုဟာ လုပ်ကြံမှုကြောင့် အားလုံးနီးပါး သေဆုံးခဲ့ရပါတယ်။ ဖခင်အလီဘူတိုဟာ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦး ဖြစ်ပြီး သမ္မတ၊ ဝန်ကြီးချုပ် ရာထူးများဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ အလီ ဘူတိုဟာ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ကို စတင်တည်ထောင်ခဲ့ သူဖြစ်ပါတယ်။
၁၉၇၇ ခုနှစ်မှာစစ်အာဏာရှင် “မိုဟာမက် ဇီယာအူဟတ်” က အာဏာသိမ်းလိုက်ပြီး အလီဘူတိုကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ အလီဘူတိုရဲ့ သမီးအကြီးဆုံး ဘနေဇီရာဘူ တို ကို ဖမ်းဆီးကာ ထောင်ထဲမှာ ၂ နှစ်ထားပြီး နေအိမ်အကျယ်ချုပ်နဲ့ ၆ နှစ်နီးပါး ထားခဲ့ ပါတယ်။
၁၉၈၄ ခုနှစ်မှာ နိုင်ငံတကာ ဖိအားတွေကြောင့် ဇီယာအူဟတ်က ဘနေဇီရာ ကို လွတ် ပေးပြီး ဆေးကုသခွင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်္ဂလန်ထွက်ခွင့် ပြုခဲ့ပါတယ်။ အဲဒီ နောက် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ ဘနေဇီရာက အဝေးရောက် ပါတီခေါင်း ဆောင်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဘနေဇီရာ ပါကစ္စတန် ပြန်ရောက်လာခဲ့ပါတယ်။
သူမက ပါကစ္စတန်မှာ လွပ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပပေးဖို့ လှုံ ဆော်မှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ အာဏာရှင် ဇီယာအူဟတ် လုပ်ကြံခံရပြီး နောက် ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ဘနေဇီရာဘူတို အနိုင်ရ ခဲ့ပါတယ်။ သူမဟာ မူဆလင်နိုင်ငံတွေရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာခဲ့ ပါတယ်။ ဝန်ကြီးချုပ်ဖြစ်ချိန်မှာ သူမဟာ အသက် ၃၅ နှစ်သာ ရှိပါသေးတယ်။ လ ၂၀ အကြာမှာ သမ္မတ ဂူလန်အဟတ်ခန်က သူမကို လာဒ်စားမှုနဲ့ ဖယ်ရှားခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာတော့ ရွေးကောက်ပွဲ နောက်တကြိမ် ပြန်နိုင်ခဲ့ပြီး ၁၉၉၆ မှာ သမတ ဖာ ရူလီဟာရိ က လာဒ်စားမှုနဲ့ ရုံးတင်တရားစွဲတဲ့အတွက် ဒူဘိုင်းကို ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ ဘနေဇီရာဘူတိုကို ထောင်ဒဏ် ၃ နှစ် ချမှတ်ထားခဲ့ ပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ သမ္မတ မူရှာရက်က လွတ်ငြိမ်းချမ်းသာ ခွင့်ပေး လိုက်တဲ့အတွက် ပါကစ္စတန်ကို ပြန်ရောက်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကျင်းပပေးမဲ့ အထွေထွေရွေး ကောက်ပွဲမှာ အဓိက အတိုက်အခံအဖြစ် ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။ ၂၀၀၇၊ ဒီဇင်ဘာလမှာတော့ သူမဟာ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ဟာ ၁၉၈၀ ခုနှစ် ဝန်းကျင်တွေတုန်းက အာဏာရှင် မားကိုစ့်ရဲ့ လက် အောက်က ဆင်းရဲနေတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ ခေါင်းဆောင် Mr အာကွီနို ကိုလုပ်ကြံခဲ့ပြီးနောက် ပြုလုပ်တဲ့ ရွေးကောက်ပွဲကို Mrအာကွီနိုရဲ့ ဇနီးဖြစ်သူ ကိုရာဇန် အာကွီနိုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ကိုရာဇန်အနိုင်ရခဲ့ပေမဲ့ မား ကိုစ့်က သူအနိုင်ရတယ်ဆိုပြီး ကြေညာတဲ့ အခါမှာတော့ ပြည်သူတွေက ငုံမခံတော့ဘဲ အထွေထွေသပိတ်ကို ဆင်နွဲကြပါတယ်။ အာဏာရှင်က စစ်တပ်နဲ့အနိုင်ယူဘို့ ကျိုးစားခဲ့ ပေမဲ့ စစ်ဦးစီးချုပ် ရားမိုစ့် က ပြည်သူဖက်က အခိုင်အမာ ရပ်တည်ခဲ့တာကြောင့် မား ကိုစ့် နိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။
ကျမတို့ ဗမာပြည်မှာလဲ ထူးခြားထက်မြက်တဲ့ အမျိုးသမီးတွေ ရှိခဲ့ပါတယ်။ စာရေး ဆရာ မကြီး ဒေါ်ခင်မျိုးချစ်ဆိုရင် ဂျပန်ခေတ်က ဂျပန်တွေရဲ့ရုံးမှာ စာရေးမလုပ်ရင်း တိုက်ပွဲဝင် ရဲဘော်တွေအတွက် သတင်းတွေစုံစမ်းပေးခဲ့ပါတယ်။ ဂျပန်တွေသာ သိသွားခဲ့ရင်တော့ ဆရာမကြီးအတွက် တွေးဝန့်စရာ မရှိပါဘူး။ ဆရာမကြီးဟာ တိုင်းပြည်အတွက် အသက် နဲ့ ရင်းဝံ့သူတဦး ဖြစ်ပါတယ်။ ဆရာမကြီးဟာ သူအသက်ရှင်ခဲ့သမျှ ကာလတလျောက် လုံး တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်ခဲ့တဲ့ သူဖြစ်ပါတယ်။
အမေလူထု ဒေါ်အမာဆိုရင်လည်း အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ ရဲရဲတောက်ကျောင်းသူ တဦး ဖြစ်ခဲ့ပါတယ်။ အမှန်တရားဘက်က ရပ်တည်ရင်း သတင်းစာသမားဘဝမှာ ထောင် အကြိမ်ကြိမ်ကျခဲ့ရသလို၊ အမေ့ရဲ့ သားတွေဟာလဲ တော်လှန်ရေးအတွက် သားကောင်း တွေ ဖြစ်ခဲ့ကြပါတယ်။ အမေက လူထုအတွက် ကြံကြံခိုင်ရပ်ရင်း သားတွေကိုလဲ ထောင်ဝင်စာ ပို့ပေးခဲ့သလို စာပေသားသမီးတွေကိုလဲ မွေးထုတ်ပေးခဲ့ သူဖြစ်ပါတယ်။
ပြည်သူလူထုတွေက ချစ်ခင်မြတ်နိုးကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင် ဆန်းရဲ့ ရင်သွေးတဦး ဖြစ်ပါတယ်။ ဟီလာရီ ကလင်တန်က ဒ်ါအောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ မျော်လင့်ချက် ဖြစ်တယ်လို့ ၂၀၀၉ ခုနှစ် က လူသိရှင်ကြား ထုတ်ဖော် ပြောကြားသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ကိုယ်ပိုင်ဘဝကိုစွန့်လွတ် ထားပြီး ပြည်သူတွေအတွက် သူမ မြှုပ်နှုံခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ သူမကို စစ်အာဏာသိမ်းအစိုးရက မြန်မာပြည်က ထွက်ခွါသွားမယ်ဆိုရင် နေအိမ်အ ကျယ်ချုပ်က လွတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ သူမက ငြင်းပယ် ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာ သူမကို လုပ်ကြံခဲ့ပေမဲ့ သူမက တုန်လှုပ်မှုမရှိဘဲ ယနေ့ထိတိုင် ပြည်သူ့ ရှေ့မှ မားမားမတ်မတ် ရပ်တည်နေသူ ဖြစ်ပါတယ်။ သေနတ်ကိုင်ထားသူ အမျိုးသားကြီး များရဲ့ ကြောက်ရွံ့ခံနေရသူ လည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားရင်ကြားစေ့ရေးကို ကျိုးပမ်း ဆောင်ရွက်နေဆဲပါ။
၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတရာထူးကို တာဝန်ယူဖို့ အတွက် စစ်ရေးအတွေ့အကြုံ ရှိရမယ်လို့ ဆိုပါတယ်။ အခြေခံဥပဒေအရ သမ္မတရဲ့အထက်မှာ စစ်ဦးစီးချုပ် ကနေရာ ယူထားပါတယ်။ ဒါပေမဲ့ အရည်အချင်း ဘယ်လောက်ပြည့်စုံနေပါစေ မြန်မာအမျိုးသမီး တွေဟာ သမ္မတဖြစ်ခွင့် မရပါဘူး။
မြန်မာပြည်ကို စစ်ရေးအတွေ့အကြုံရှိသူတွေဟာ ရာစုနှစ်တဝက်လောက် အုပ်ချုပ်လာ ခဲ့ကြပါတယ်။ ဒါကြောင့် ယနေ့မြန်မာပြည်ဟာ ခေတ်နောက်ကြနေတဲ့ ဖွံဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်နေတဲ့အပြင် ပြည်သူတွေဟာ ဆင်းရဲမွဲတေနေကြပါတယ်။ နိုင်ငံကို တိုးတက်အောင်လုပ်ချင်တဲ့ ဆန္ဒအမှန်တကယ်ရှိတယ်ဆိုရင် စစ်ရေးအမြင်ရှိဖို့ထက် တိုင်းပြည်နဲ့ ပြည်သူတွေကို အမှန်တကယ် ချစ်တတ်ဖို့ပဲ လိုပါတယ်။
ခင်ငြိမ်းသစ်
Copyright © 2010 နေ့သစ်. All rights reserved.
CRPP မှာ လူငယ်တွေကို နေရာပေးမယ်
2011-07-01
ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ CRPP အနေနဲ့ လူငယ် သွေးသစ်တွေကို ကော်မတီမှာ တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက NLD ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ CRPP အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။

(Photo:Courtesy of NCGUB)
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (ရှေ့တန်း၊ ဝဲမှယာ) ဦးလွင်၊ ဦးအေးသာအောင်၊ ဦးအောင်ရွှေ၊ ဦးသန်းထွန်း၊ ဦးတင်ဦး၊ (နောက်တန်း၊ ဝဲမှယာ) ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဒေါ်အောင်ဆန်းစုကြည်။ (Photo:Courtesy of NCGUB)
CRPP အစည်းအဝေးကို NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပြင် ဗဟို အလုပ် အမူဆောင် ဦးဝင်းတင်၊ ဦးသန်းထွန်း ဦးလှဖေ တို့နဲ့ CPPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးကျင်ရှင်းထန် နဲ့ ဦးစိုးဝင်းတို့ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။
"အထွေထွေ နိုင်ငံရေး အခြအနေကို သုံးသပ်တယ်။ ပြီးတော့ CRPP အဖွဲ့မှာ အသက်အရွယ် ကြီးရင့်တာ၊ တချို့ကလည်း ကျမ်းမာရေးချို့တဲ့တာတွေကြောင့် လစ်လပ်သွားတဲ့ နေရာတွေမှာ သက်ဆိုင်ရာ ပါတီတွေအလိုက် သင့်တော်တဲ့ ပုဂ္ဂိုလ်များကို အစားထိုး အားဖြည့်သွားဖို့ သူတို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။ "
အစည်းအဝေးမှာ NLD ပါတီ အပေါ် ပြည်ထဲရေး ၀န်ကြီး ဌာနက သတိပေးချက်နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအကြောင်း အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။
Copyright © 1998-2011 Radio Free Asia. All rights reserved.

သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံ ရောက်ရှိ

By ဒေါ်ခင်မျိုးသက်
....
ဓာတ်ပုံ AP
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ်။ ဇွန် ၆၊ ၂၀၁၁။မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် သြစတြေးလျနိုင်ငံက ဘယ်လို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ်ဆိုတာ သိရအောင် ၃ ရက်ခရီး လာခဲ့တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ် (Kevin Rudd) ဟာ မနေ့က ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်လာပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ တာဝန်ရှိသူတွေအပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တိုင်းရင်းသားတွေနဲ့ တခြား နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ NGO အဖွဲ့တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ်ဟာ မြန်မာနိုင်ငံကို ၃ ရက်ခရီးစဉ်နဲ့ ရောက်နေကြောင်း ရန်ကုန် သြစတြေးလျ သံရုံးကနေ အတည်ပြု ပြောကြားခဲ့ပါတယ်။
“နိုင်ငံခြားရေး ၀န်ကြီးဟာ မြန်မာနိုင်ငံမှာ ရောက်နေပါပြီ။ ကြာသပတေး၊ သောကြာနဲ့ စနေ ၃ ရက် နေမှာပါ။ သူဟာ မြန်မာနိုင်ငံ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီး၊ ပညာရေး ၀န်ကြီးတွေနဲ့လည်း တွေ့မှာပါ။ နောက် မြန်မာနိုင်ငံထဲမှာရှိတဲ့ NGO အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အဖွဲ့မျိုးစုံနဲ့တွေ့ဖို့ စီစဉ်ထားပေမဲ့ UNHCR နဲ့ Save the Children အဖွဲ့တွေကတော့ အဓိက ပါပါတယ်။ နောက် တွေ့ဖို့ရှိတဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။” လို့ ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ရေးတွေ လုပ်ဆောင်ဖို့ အချိန်အတော်ကြာ ကတည်းက တောင်းဆိုနေတဲ့ သြစတြေးလျနိုင်ငံ အနေနဲ့ အခု နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထပ်ပြီး တောင်းဆိုဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့အပတ် မြန်မာနိုင်ငံကို မလာခင်မှာ မစ္စတာ ရပ်ဒ်က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေနဲ့အတူ တိုက်ရိုက်ထိတွေ့ ဆက်ဆံဖို့ပါ မူဝါဒ ချမှတ်ထားတဲ့ သြစတြေးလျနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း မြန်မာသမ္မတသစ် အပါအ၀င် ၀န်ကြီးတွေနဲ့ တွေ့ဆုံဖို့အပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။
“မနက်ဖြန် အထွေထွေ အတွင်းရေးမှူးရဲ့ နေအိမ်မှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ သူနဲ့ပါလာတဲ့ အဖွဲ့နဲ့ လက်ခံတွေ့ပါမယ်။ နေ့လယ်ပိုင်းမှာပါ။ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မပါပါဘူး။ အခုထိ ကျနော်တို့ CEC ကို ဖိတ်ထားတာ မရှိပါဘူး။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင် ပြောသွားတာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသားနဲ့ တခြားပါတီ တချို့က ခေါင်းဆောင်တွေကိုတော့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ ရွှေတောင်ကြားက သြစတြေးလျ သံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။
“၂ ရက်နေ့ ၂ နာရီ တွေ့မယ်ဗျ။ ကျနော်တို့ပါတီကတော့ ကျနော်နဲ့ ဒေါက်တာသန်းငြိမ်း ပါမှာပေါ့။ တခြားပါတီကတော့ ဘယ်သူတွေ ဖိတ်ထားလည်း မသိဘူး။ တိုင်းရင်းသား ပါတီတွေလည်း ပါလိမ့်မယ် ထင်ပါတယ်။ ထုံစံအတိုင်း ဆုံတာများတာတော့ ၅ ပါတီလောက်တော့ ဖိတ်တယ်ဗျ။ တိုင်းရင်းသားတွေရော ကျနော်တို့နဲ့ရောပေါ့လေ။
“အဓိကကတော့ သမ္မတ ဦးသိန်စိန် ပေးထားတဲ့ ကတိက၀တ်အတိုင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့၊ လယ်ယာကဏ္ဍ မြှင့်တင်ရေးတို့ကို တကယ် ဆောင်ရွက်နိုင်ပ့ါမလားဆိုတဲ့ မေးခွန်းပေါ့၊ ကျနော်တို့က ဒါကို ဘယ်လိုမြင်သလဲပေါ့၊ ပါတီတွေက၊ ဒါပဲမေးမှာပါ။ အဲဒါတွေ ကျနော်တို့ ဖြေပေးရမှာပေါ့။ နိုင်ငံမှာ ဖြစ်နေတဲ့ဟာတွေပေါ့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ၊ နယ်စပ်မှာ ဖြစ်နေတဲ့ ကိစ္စ၀ိစ္စတွေလည်း မေးရင် ကျနော်တို့က ဖြေပေးရမှာပါ။
“ကျနော်တို့ဘက်ကတော့ စီးပွားရေး ပိတ်ဆို့မှု ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတာကိုး။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြရမှာပေါ့ဗျာ။ ဦးသိန်းစိန်နဲ့ ပတ်သက်တဲ့ ကိစ္စလည်း ကျနော်တို့ ရှင်းရမှာပေါ့ဗျာ။ ဒါကတော့ သူပြောတိုင်းလည်း ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ ကျနော်တို့က တာဝန် ဘယ်ခံနိုင်မလဲ။ စောင့်ကြည့် လေ့လာဖို့တော့ ကျနော်တို့ အချိန်ယူရမှာပေါ့။ ဒါတွေပြောရမှာပါ။”
မစ္စတာရပ်ဒ်ရဲ့ အခုခရီးစဉ်ဟာ ၂၀၀၂ ခုနှစ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား ဒေါင်းနား (Alexander Downer) သွားခဲ့ပြီးတဲ့နောက်မှာ ၉ နှစ်အတွင်း ဒါဟာ ပထမဆုံး သြစတြေးလျ အဆင့်မြင့် အရာရှိကြီးတဦး မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) အဆိုတင်သွင်းခဲ့တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ ကိစ္စကို မစ္စတာရပ်ဒ် လက်ထက်မှာ သြစတြေးလျက ပထမဆုံး ထောက်ခံခဲ့သလိုပဲ ၁၉၉၉ ခုနှစ်လောက်မှာ သြစတြေးလျ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မစ္စတာ ခရစ်စ်တိုဖာ ဆီဒိုတီ လက်ထက်မှာ မြန်မာနိုင်ငံက မြန်မာအရာရှိတွေအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ သင်တန်းတွေ ပထမဆုံး စတင် ဖွင့်လှစ်ပေးခဲ့တာမို့ အကျဉ်းဦးစီးဌာန၊ ရဲနဲ့ တရားဥပဒေရေးဆိုင်ရာ အရာရှိ အတော်များများလည်း တက်ရောက်ခွင့် ရခဲ့တာ တွေ့ရပါတယ်။
VOA
Friday, July 1, 2011
ဒေါ်အောင်ဆန်းစုကြည်အပေါ် အစိုးရသစ် ခြိမ်းခြောက်ပြောဆိုမှု ဗြိတိန် စိုးရိမ်
2011-07-01
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အစိုးရသစ်က ခြိမ်းခြောက်တဲ့ အသုံးအနှုန်းတွေနဲ့ ပြုမူ ပြောဆိုလာတာကို ဗြိတိန် အစိုးရ အနေနဲ့ အထူးတလည် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး William Hague က မနေ့က ပြောကြားလိုက် ပါတယ်။

(Photo: AFP)
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိဂ်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အန္တရာယ် မရှိပဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိရမယ်လို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးက ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့လည်း အခြေအနေ တွေကို အနီးကပ် စောင့်ကြည့်နေတယ် လို့လည်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးရဲ့ ထုတ်ဖေါ် ပြောဆိုချက်ဟာ မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ပိုပြီး တင်းကြပ်လာမယ်၊ အသက် အန္တရာယ်ကို ထိခိုက်လာမယ် ဆိုရင် မြန်မာ အစိုးရကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြင်းထန်တဲ့ ဖိအားပေးမယ်ဆိုတဲ့ အရိပ် လက္ခဏာပဲ ဖြစ်တယ်လို့ ဗြိတိန် အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ညွန်ကြားရေးမှုး Mark Farmaner က အာအက်ဖ်အေကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရရဲ့ ကြေညာချက်ကို ကျနော်တို့ အလွန်ပဲ ကြေနပ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ကမ္ဘာက မျက်ခြေမပျက် စောင့်ကြည့်နေတယ် ဆိုတာကို နိုင်ငံတကာ အစိုးရတွေက အခုလို ပြောဆိုလာတာဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ Mark Farmaner က ဆိုပါတယ်။
ဒါ့အပြင် မကြာခင် ကာလ အတွင်း စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် ခရီးစဉ် လုံခြုံရေးဟာ အစိုးရမှာ တာဝန်ရှိတယ် ဆိုတာကိုလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတိပေးနေပါတယ်လို့ ပြောသွားပါတယ်။

Subscribe to:
Posts (Atom)