-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, July 2, 2011

CRPP မှာ လူငယ်တွေကို နေရာပေးမယ်

2011-07-01
ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ CRPP အနေနဲ့ လူငယ် သွေးသစ်တွေကို ကော်မတီမှာ တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက NLD ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ CRPP အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။



(Photo:Courtesy of NCGUB)

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (ရှေ့တန်း၊ ဝဲမှယာ) ဦးလွင်၊ ဦးအေးသာအောင်၊ ဦးအောင်ရွှေ၊ ဦးသန်းထွန်း၊ ဦးတင်ဦး၊ (နောက်တန်း၊ ဝဲမှယာ) ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဒေါ်အောင်ဆန်းစုကြည်။ (Photo:Courtesy of NCGUB)

CRPP အစည်းအဝေးကို NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပြင် ဗဟို အလုပ် အမူဆောင် ဦးဝင်းတင်၊ ဦးသန်းထွန်း ဦးလှဖေ တို့နဲ့ CPPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးကျင်ရှင်းထန် နဲ့ ဦးစိုးဝင်းတို့ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။

"အထွေထွေ နိုင်ငံရေး အခြအနေကို သုံးသပ်တယ်။ ပြီးတော့ CRPP အဖွဲ့မှာ အသက်အရွယ် ကြီးရင့်တာ၊ တချို့ကလည်း ကျမ်းမာရေးချို့တဲ့တာတွေကြောင့် လစ်လပ်သွားတဲ့ နေရာတွေမှာ သက်ဆိုင်ရာ ပါတီတွေအလိုက် သင့်တော်တဲ့ ပုဂ္ဂိုလ်များကို အစားထိုး အားဖြည့်သွားဖို့ သူတို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။ "

အစည်းအဝေးမှာ NLD ပါတီ အပေါ် ပြည်ထဲရေး ၀န်ကြီး ဌာနက သတိပေးချက်နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအကြောင်း အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။

Copyright © 1998-2011 Radio Free Asia. All rights reserved.

သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံ ရောက်ရှိ


By ဒေါ်ခင်မျိုးသက်
....
ဓာတ်ပုံ AP
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ်။ ဇွန် ၆၊ ၂၀၁၁။မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် သြစတြေးလျနိုင်ငံက ဘယ်လို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ်ဆိုတာ သိရအောင် ၃ ရက်ခရီး လာခဲ့တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ် (Kevin Rudd) ဟာ မနေ့က ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်လာပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ တာဝန်ရှိသူတွေအပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တိုင်းရင်းသားတွေနဲ့ တခြား နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ NGO အဖွဲ့တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ်ဟာ မြန်မာနိုင်ငံကို ၃ ရက်ခရီးစဉ်နဲ့ ရောက်နေကြောင်း ရန်ကုန် သြစတြေးလျ သံရုံးကနေ အတည်ပြု ပြောကြားခဲ့ပါတယ်။

“နိုင်ငံခြားရေး ၀န်ကြီးဟာ မြန်မာနိုင်ငံမှာ ရောက်နေပါပြီ။ ကြာသပတေး၊ သောကြာနဲ့ စနေ ၃ ရက် နေမှာပါ။ သူဟာ မြန်မာနိုင်ငံ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီး၊ ပညာရေး ၀န်ကြီးတွေနဲ့လည်း တွေ့မှာပါ။ နောက် မြန်မာနိုင်ငံထဲမှာရှိတဲ့ NGO အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အဖွဲ့မျိုးစုံနဲ့တွေ့ဖို့ စီစဉ်ထားပေမဲ့ UNHCR နဲ့ Save the Children အဖွဲ့တွေကတော့ အဓိက ပါပါတယ်။ နောက် တွေ့ဖို့ရှိတဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ရေးတွေ လုပ်ဆောင်ဖို့ အချိန်အတော်ကြာ ကတည်းက တောင်းဆိုနေတဲ့ သြစတြေးလျနိုင်ငံ အနေနဲ့ အခု နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထပ်ပြီး တောင်းဆိုဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့အပတ် မြန်မာနိုင်ငံကို မလာခင်မှာ မစ္စတာ ရပ်ဒ်က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေနဲ့အတူ တိုက်ရိုက်ထိတွေ့ ဆက်ဆံဖို့ပါ မူဝါဒ ချမှတ်ထားတဲ့ သြစတြေးလျနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း မြန်မာသမ္မတသစ် အပါအ၀င် ၀န်ကြီးတွေနဲ့ တွေ့ဆုံဖို့အပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။

“မနက်ဖြန် အထွေထွေ အတွင်းရေးမှူးရဲ့ နေအိမ်မှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ သူနဲ့ပါလာတဲ့ အဖွဲ့နဲ့ လက်ခံတွေ့ပါမယ်။ နေ့လယ်ပိုင်းမှာပါ။ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မပါပါဘူး။ အခုထိ ကျနော်တို့ CEC ကို ဖိတ်ထားတာ မရှိပါဘူး။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင် ပြောသွားတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသားနဲ့ တခြားပါတီ တချို့က ခေါင်းဆောင်တွေကိုတော့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ ရွှေတောင်ကြားက သြစတြေးလျ သံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။

“၂ ရက်နေ့ ၂ နာရီ တွေ့မယ်ဗျ။ ကျနော်တို့ပါတီကတော့ ကျနော်နဲ့ ဒေါက်တာသန်းငြိမ်း ပါမှာပေါ့။ တခြားပါတီကတော့ ဘယ်သူတွေ ဖိတ်ထားလည်း မသိဘူး။ တိုင်းရင်းသား ပါတီတွေလည်း ပါလိမ့်မယ် ထင်ပါတယ်။ ထုံစံအတိုင်း ဆုံတာများတာတော့ ၅ ပါတီလောက်တော့ ဖိတ်တယ်ဗျ။ တိုင်းရင်းသားတွေရော ကျနော်တို့နဲ့ရောပေါ့လေ။

“အဓိကကတော့ သမ္မတ ဦးသိန်စိန် ပေးထားတဲ့ ကတိက၀တ်အတိုင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့၊ လယ်ယာကဏ္ဍ မြှင့်တင်ရေးတို့ကို တကယ် ဆောင်ရွက်နိုင်ပ့ါမလားဆိုတဲ့ မေးခွန်းပေါ့၊ ကျနော်တို့က ဒါကို ဘယ်လိုမြင်သလဲပေါ့၊ ပါတီတွေက၊ ဒါပဲမေးမှာပါ။ အဲဒါတွေ ကျနော်တို့ ဖြေပေးရမှာပေါ့။ နိုင်ငံမှာ ဖြစ်နေတဲ့ဟာတွေပေါ့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ၊ နယ်စပ်မှာ ဖြစ်နေတဲ့ ကိစ္စ၀ိစ္စတွေလည်း မေးရင် ကျနော်တို့က ဖြေပေးရမှာပါ။

“ကျနော်တို့ဘက်ကတော့ စီးပွားရေး ပိတ်ဆို့မှု ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတာကိုး။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြရမှာပေါ့ဗျာ။ ဦးသိန်းစိန်နဲ့ ပတ်သက်တဲ့ ကိစ္စလည်း ကျနော်တို့ ရှင်းရမှာပေါ့ဗျာ။ ဒါကတော့ သူပြောတိုင်းလည်း ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ ကျနော်တို့က တာဝန် ဘယ်ခံနိုင်မလဲ။ စောင့်ကြည့် လေ့လာဖို့တော့ ကျနော်တို့ အချိန်ယူရမှာပေါ့။ ဒါတွေပြောရမှာပါ။”

မစ္စတာရပ်ဒ်ရဲ့ အခုခရီးစဉ်ဟာ ၂၀၀၂ ခုနှစ် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား ဒေါင်းနား (Alexander Downer) သွားခဲ့ပြီးတဲ့နောက်မှာ ၉ နှစ်အတွင်း ဒါဟာ ပထမဆုံး သြစတြေးလျ အဆင့်မြင့် အရာရှိကြီးတဦး မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) အဆိုတင်သွင်းခဲ့တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ ကိစ္စကို မစ္စတာရပ်ဒ် လက်ထက်မှာ သြစတြေးလျက ပထမဆုံး ထောက်ခံခဲ့သလိုပဲ ၁၉၉၉ ခုနှစ်လောက်မှာ သြစတြေးလျ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မစ္စတာ ခရစ်စ်တိုဖာ ဆီဒိုတီ လက်ထက်မှာ မြန်မာနိုင်ငံက မြန်မာအရာရှိတွေအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ သင်တန်းတွေ ပထမဆုံး စတင် ဖွင့်လှစ်ပေးခဲ့တာမို့ အကျဉ်းဦးစီးဌာန၊ ရဲနဲ့ တရားဥပဒေရေးဆိုင်ရာ အရာရှိ အတော်များများလည်း တက်ရောက်ခွင့် ရခဲ့တာ တွေ့ရပါတယ်။

VOA

Friday, July 1, 2011

စစ်နဲ့ ပြည်သူ အထူးတင်ပြချက်..


DVB

ဒေါ်အောင်ဆန်းစုကြည်အပေါ် အစိုးရသစ် ခြိမ်းခြောက်ပြောဆိုမှု ဗြိတိန် စိုးရိမ်

2011-07-01
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အစိုးရသစ်က ခြိမ်းခြောက်တဲ့ အသုံးအနှုန်းတွေနဲ့ ပြုမူ ပြောဆိုလာတာကို ဗြိတိန် အစိုးရ အနေနဲ့ အထူးတလည် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး William Hague က မနေ့က ပြောကြားလိုက် ပါတယ်။



(Photo: AFP)

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိဂ်။ (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အန္တရာယ် မရှိပဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိရမယ်လို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့လည်း အခြေအနေ တွေကို အနီးကပ် စောင့်ကြည့်နေတယ် လို့လည်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးရဲ့ ထုတ်ဖေါ် ပြောဆိုချက်ဟာ မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ပိုပြီး တင်းကြပ်လာမယ်၊ အသက် အန္တရာယ်ကို ထိခိုက်လာမယ် ဆိုရင် မြန်မာ အစိုးရကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြင်းထန်တဲ့ ဖိအားပေးမယ်ဆိုတဲ့ အရိပ် လက္ခဏာပဲ ဖြစ်တယ်လို့ ဗြိတိန် အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ညွန်ကြားရေးမှုး Mark Farmaner က အာအက်ဖ်အေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရရဲ့ ကြေညာချက်ကို ကျနော်တို့ အလွန်ပဲ ကြေနပ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ကမ္ဘာက မျက်ခြေမပျက် စောင့်ကြည့်နေတယ် ဆိုတာကို နိုင်ငံတကာ အစိုးရတွေက အခုလို ပြောဆိုလာတာဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ Mark Farmaner က ဆိုပါတယ်။

ဒါ့အပြင် မကြာခင် ကာလ အတွင်း စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် ခရီးစဉ် လုံခြုံရေးဟာ အစိုးရမှာ တာဝန်ရှိတယ် ဆိုတာကိုလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတိပေးနေပါတယ်လို့ ပြောသွားပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

မြန်မာ့ဒီမိုကရေစီလူ့အဖွဲ့အစည်း ရောက်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခင်ဦးသာ Friday, 01 July 2011 17:41 .မြန်မာပြည်သူလူထု တရပ်လုံး ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ မကြာမီ ရောက်ရှိတော့မည် ဟုမျှာ်လင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် အခမ်းအနားတခု၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဥရောပနိုင်ငံ တနိုင်ငံဖြစ်သော လစ်သူယေးနီးယား(Lithuania) နိုင်ငံ၌ ဇွန်လ ၃၀ ရက်နေ့က ကျင်းပခဲ့သော ဒီမိုကရေစီ လူထု အခြေပြု အဖွဲ့များ (Community of Democracies) ၀န်ကြီးအဆင့် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယို မိန့်ခွန်းပြောရာ၌ ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လစ်သူယေးနီးယား နိုင်ငံသည်လည်း ဒီမိုကရေစီရရှိရေးအတွက် မြန်မာနိုင်ငံကဲ့သို့ ကြိုးပမ်းခဲ့ပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်ခဲ့ကြောင်း၊ ယခုအစည်းအဝေးအား ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေချိန်သည် မိမိနေအိမ် အကျယ်ချုပ်မှ လွတ်လာချိန်နှင့် တိုက်ဆိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

နိုင်ငံတကာ၌ ကျင်းပနေသော အစည်းအဝေးများ၊ နှီးနှောဖလှယ်ပွဲများ၊ လွှတ်တော်များသို့ ဗီဒီယိုမိန့်ခွန်းများ ပေးပို့ရာတွင် “မြန်မာနိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲကို ၀ိုင်းဝန်းကူညီကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က အစဉ် တိုက်တွန်းသည်ကို တွေ့ရသည်။

ဒီမိုကရေစီအရေး လုပ်ဆောင်နေသည့်အတွက် လူထုအခြေပြု အဖွဲ့ကြီးအား ထောက်ခံကြောင်းနှင့် တန်ဖိုးထား ကျေးဇူးတင်ပါကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ စသည့် နိုင်ငံများမှ လူထုအခြေပြု အဖွဲ့များ တက်ရောက်၍ မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ နိုင်ငံရေး အခြေအနေများ ကိုဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ဆွေးနွေးခဲ့သော ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်၏ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကလည်း ကချင်ပြည်နယ်အတွင်း ဒေသတချို့၌ မြန်မာအစိုးရ စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်နေမှုနှင့် ကချင်အမျိုးသမီး ၁၈ ဦးအား မုဒိန်းကျင့် စော်ကားမှု ကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့၍ အရေးယူမှု လုပ်ဆောင်ရန် အစည်းအဝေးတွင် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

“အဓိက ဆွေးနွေးခဲ့တာတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခြေအနေတွေ ပိုဆိုးလာတာရယ်၊ ကချင်ဒေသမှာ အမျိုးသမီးတွေကို စစ်တပ်က မုဒိန်းကျင့်၊ သတ်ဖြတ်နေတာတွေ၊ ထိုးစစ်ဆင်နေတဲ့ ကိစ္စတွေ ရယ်ပါ” ဟု
ဒေါ်ခင်ဥမ္မာ က ဧရာဝတီကို ပြောသည်။

ယခုလဆန်းပိုင်း၌ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း အမျိုးသမီး ၁၈ ဦး မုဒိန်းကျင့်ခံရကာ ၄ ဦး အသတ်ခံခဲ့ရကြောင်း၊ ထိုလုပ်ရပ်အား အစိုးရ၏ ခြေမြန်တပ်ရင်း အမှတ် ၄၃၇၊ ခြေလျင်တပ်ရင်း အမှတ်၂၃၇၊ ၁၄၁ ၊ ၁၄၂၊ ၁၃၉ တို့မှ စစ်သားများက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ကချင်အမျိုးသမီးအစည်းအရုံးကချင် - ထိုင်းနိုင်ငံ (KWAT) က ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လစ်သူယေးနီးယန်း နိုင်ငံတွင် ကျင်းပသည့် အစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဒီမိုကရေစီ ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ၀န်ကြီးများ တက်ရောက်ခဲ့ကြသည်။

မစ္စ ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အစည်းအဝေး၌ သီးသန့် ထင်မြင်ပြောဆိုခြင်း မရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို အလေးထား မှတ်တမ်းတင်ယူသွားကြောင်း ဒေါ်ခင်ဥမ္မာက ဆိုသည်။

ဟီလာရီကလင်တန်သည် နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူပြီးနောက် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆံမှု လုပ်ဆောင်ခြင်းနှင့်အတူ စီးပွားရေး ပိတ်ဆို့ကန့်သတ်မှုများကိုပါ တဘက်မှလုပ်ဆောင်သွားမည်ဟု အမေရိကန် အစိုးရ၏ မူဝါဒကို ပြောဆိုထားခဲ့သည်။

ဒီမိုကရေစီ လူထုအခြေပြု အဖွဲ့သည် သက်တမ်း ၁၁ နှစ်ဝန်းကျင်ရှိပြီး ဒီမိုကရေနိုင်ငံများ စုပေါင်းဖွဲ့စည်းထားကာ ဒီမိုကရေစီ ထွန်းကားရေး၊ ရရှိပြီး ဒီမိုကရေစီစနစ်အား ပိုမိုခိုင်မြဲလာရေးအတွက် ဆောင်ရွက်နေသော အဖွဲ့ကြီးတခု ဖြစ်သည်။

Copyright � 2008 Irrawaddy Publishing Group. All Rights Reserved.

ဒေါ်အောင်ဆန်းစုကြည် ပုဂံ ခရီးစဉ် လေးရက်ကြာမည်


ဖနိဒါ | သောကြာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် တနင်္လာနေ့တွင် ပုဂံသို့ ဘုရားဖူးသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်က အတည်ပြု ပြောကြားလိုက်ပြီး
လေးရက်ကြာမြင့်မည်ဟု ဆိုသည်။

“၄ ရက်နေ့ တနင်္လာနေ့ကို ပုဂံကို သွားပါ့မယ်။ လေကြောင်းလိုင်းနဲ့ သွားပါ့မယ်။ ဘယ်လေကြောင်းလိုင်းနဲ့ဆိုတာ မသိပါဘူး။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စသွားတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ရုံးကို ခွင့်တိုင်ထားတာကိုပဲ သိပါတယ်။ ကျန်တာ အဖွဲ့ချုပ်က မသိပါဘူး” ဟု ဦးဟံသာမြင့်က မဇ္စျိမကို ပြောသည်။


ပုဂံသို့ လေးရက်ကြာ ဘုရားဖူး သွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုအလုပ်မှုဆောင် ဦးဟံသာမြင့်က ပြောကြား (Photo :: NLD)
၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီး
နောက် ပထမဆုံး ရန်ကုန်ပြင်ပ ခရီးစဉ် ဖြစ်ကာ၊ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင်၏ လုံခြုံရေးအတွက် အနည်းဆုံး လူငယ် ၁ဝ ဦး လိုက်ပါသွားမည်ဟု NLD ခေါင်းဆောင်များက ပြောသည်။ ခရီးစဉ် အသေးစိတ်ကို ပြောဆိုရန် ငြင်းဆန်ထားပြီး၊ ပုဂံမြို့တွင် NLD ပါတီဝင်များနှင့် တွေ့ဆုံရန် မရှိဟု ဆိုသည်။

“ပုဂံမှာ ဘုရားဖူးသတ်သတ်သွားတဲ့ ခရီးစဉ်မှာ ရက်က အားလုံးဆိုရင် ၄ ရက်လောက် ကြာမယ် ထင်ပါတယ်။ သောကြာနေ့ထိ ခွင့်ယူထား ပါတယ်”ဟု ဦးဟံသာမြင့်က ပြောသည်။

ရန်ကုန်မှ ညောင်ဦးမြို့သို့ လေယာဉ်ဖြင့် သွားရောက်ရမှာ ဖြစ်ပြီး၊
ညောင်ဦးမှ ပုဂံသို့ ကားလမ်းပေါက်သည်။ ပုဂ္ဂလိက လေကြောင်းလိုင်း အားလုံးပင် ရန်ကုန်မှ ညောင်ဦးသို့ ပြေးဆွဲနေကြပြီး မနက်အစောပိုင်း တွင် မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ နိုင်ငံရေး လုပ်ငန်းများ မလုပ်ဆောင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက အချိန်ကိုက် သတိပေးထားမှုနှင့် မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများ မကြာသေးခင် က ဖြစ်ပွားခဲ့သဖြင့် ယခုခရီးစဉ် လုံခြုံရေးအတွက် အတိုက်အခံ
နိုင်ငံရေး အသိုင်းအဝိုင်းတွင် စိုးရိမ်တကြီး ဆွေးနွေးစရာတခု ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍ တာဝန်ယူထားကြောင်း NLD ရုံးအဖွဲ့ဝင် ဦးဝင်းထိန်က
ပြောသည်။

ပထမမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်ခဲ့သော လက်ရှိ မန္တလေးတိုင်း ပုဂံမြို့ရှိ အဆောက်အအုံ အများအပြားမှာ ၁၁ ရာစုနှင့် ၁၃ ရာစုနှစ်အတွင်း တည်ဆောက်ထားခဲ့ပြီး ဗုဒ္ဓဘာသာဝင်များ၏ ရှေးဟောင်း စေတီပုထိုး အများအပြား တည်ရှိရာ မြို့ဖြစ်သည်။

ထိုစဉ်တွင် အိန္ဒိယ မီဒီယာအချို့က မကြာသေးခင်က ရေးသားခဲ့သော အကြောင်းအရာ တခုဖြစ်သည့်
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်မှ မလွှတ်ပေးခင် “ နိုင်ငံခြား အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း မပြုရန်” မြန်မာစစ်အစိုးရနှင့် ကြိုတင် သဘောတူညီခဲ့သည် ဆိုသော ကိစ္စကို မဇ္ဈိမက မေးမြန်းရာ သဘောတူညီမှု မယူထားကြောင်း ဦးဝင်းထိန်က ပြောသည်။

“မရှိပါဘူးခင်ဗျ၊ အပတ်တိုင်းလို၊ နေ့တိုင်းလို တွေ့နေတာပဲ။ အဲဒါဆို မှားတာပေါ့။ မဟုတ်ပါဘူး” ဟု သူက ပြောသည်။


© Copyright 1998 - 2011 Mizzima News. All Rights Reserved

တိုက်ပွဲများ​ ကျယ်ပြန့်​လာသည့်​အ​ပေါ် အထူး​စိုး​ရိမ်​ကြောင်း​ စီအာပီပီ​ပြော


Published on July 1, 2011 by ​အေး​နိုင် · No Comments
တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေ ကျယ်ပြန့်​လာ​နေတာကို အထူး​စိုး​ရိမ်ပူပန်တယ်လို့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု ​ကော်မတီ (စီအာပီပီ) ​ပြောခွင့်​ရ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။


ဦးအေးသာအောင်
ကချင်ပြည်နယ်မှာ အစိုး​ရနဲ့​ ​ကေအိုင်အကြား​ တဖက်နဲ့​တဖက် ​တွေ့​ဆုံ​ဆွေး​နွေး​တဲ့​အ​ပေါ် ဝမ်း​မြောက်​ပေမယ့်​ ကျန်တိုက်ပွဲဖြစ်တဲ့​အဖွဲ့​တွေကိုလည်း​ ဒီလိုပဲ​ဆွေး​နွေး​ပြီး​ တတိုင်း​ပြည်လုံး​သ​ဘော​ဆောင်တဲ့​ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ရ​အောင် ​ဆောင်ရွက်ဖို့​ သူက တိုက်တွန်း​ပါတယ်။

“အခုလို လက်နက်ကိုင်တိုက်ပွဲ​တွေ ကျယ်ပြန့်​လာတဲ့​အခါမှာ ကျ​နော်တို့​ အ​နေနဲ့​ အထူး​စိုး​ရိမ်တယ်။ အခု လက်တ​လောအ​နေနဲ့​ ကချင်ပြည်နယ်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ တာ​တွေ ကြား​ရ​တော့​လည်း​ ဒါကို ကျ​နော်တို့​က ဝမ်း​သာတယ်။ ဒါ​ပေမယ့်​ ဒီ ​ဆွေး​နွေး​ရုံနဲ့​ မပြီး​သေး​ဘူး​။ ကချင်ပြည်နယ်တခုတည်း​မှာ ​ဆွေး​နွေး​တာထက်စာရင် တပြည်လုံး​အတိုင်း​အတာနဲ့​ အပစ်ခတ်ရပ်စဲပြီး​တော့​ ​ဆွေး​နွေး​ဖို့​ လိုမယ်။ ပြီး​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​အား​လုံး​နဲ့​ အပြန်အလှန် ယုံကြည်မှုကို တည်​ဆောက်ပြီး​တော့​ တကယ့်​ စစ်မှန်တဲ့​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ကို တည်​ဆောက်ဖို့​ လိုမယ်။ ပြည်တွင်း​စစ်ကို ရပ်စဲပြီး​တော့​ တတိုင်း​ပြည်လုံး​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​က​နေ စစ်မှန်တဲ့​ပြည်​ထောင်စုကို တည်​ဆောက်နိုင်မှသာ တကယ့်​ဖွံ့​ဖြိုး​တိုး​တက်တဲ့​ ဒီမိုက​ရေစီနိုင်ငံကို တည်​ဆောက်နိုင်မယ်လို့​ ကျ​နော်တို့​က ယုံလည်း​ ယုံကြည်တယ် ဒီအတိုင်း​ပဲ၊​ အား​လုံး​ကို ကျ​နော်တို့​က တိုက်တွန်း​လိုပါတယ်။”

ဒီက​နေ့​ကျင်း​ပတဲ့​ စီအာပီပီအစည်း​အ​ဝေး​မှာ လက်ရှိနိုင်ငံ​ရေး​အ​ခြေအ​နေ​တွေ၊​ ပင်လုံနဲ့​ပြည်​ထောင်စုစိတ်ဓာတ်ဆိုတဲ့​ ​ခေါင်း​စဉ်နဲ့​ စာတမ်း​ဖိတ်​ခေါ်မှု​တွေကို ​ဆွေး​နွေး​ပါတယ်။ စီအာပီပီလုပ်ငန်း​တွေမှာ လူငယ်​တွေကို တွဲ​ခေါ်ဖို့​ ကိစ္စကိုလည်း​ ​ဆွေး​နွေး​ကြတယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

ဒီလုပ်​ဆောင်ချက်ဟာ အဖွဲ့​ဝင်အတိုး​အ​လျော့​ကိစ္စ မဟုတ်သလို စီအာပီပီကို ချဲ့​ထွင်တာလည်း​ မဟုတ်ဘဲ စီအာပီပီရဲ့​ လက်​တွေ့​လုပ်ငန်း​နယ်ပယ်​တွေမှာ လူငယ်​တွေကို လုပ်​ဆောင်​စေဖို့​ ဖြစ်တယ်လို့​ ရှင်း​ပြပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မြို့​ပြင်ထွက်မယ့်​ကိစ္စနဲ့​ ပတ်သက်လို့​ စိုး​ရိမ်ပူပန်မှု​တွေ ထွက်​ပေါ်​နေတဲ့​အ​ပေါ် ​မေး​မြန်း​ချက်ကို ဦး​အေး​သာ​အောင်က မကြာခင်သွား​မယ့်​ ခရီး​စဉ်ဟာ မိသား​စုခရီး​စဉ် ဖြစ်တာ​ကြောင့်​ အ​ထွေအထူး​ပြောစရာမရှိပါဘူး​လို့​ ​ပြောပါတယ်။

ကနဦး​ပိုင်း​တုန်း​က နယ်မြို့​တွေကိုသွား​မယ့်​ခရီး​စဉ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အတွက် စိုး​ရိမ်ပူပန်တာ မှန်​ပေမယ့်​ နိုင်ငံ​ရေး​ခေါင်း​ဆောင်တဦး​အ​နေနဲ့​ လုပ်သင့်​လုပ်ထိုက်တာကို လုပ်တယ်လို့​ မြင်ပါတယ်လို့​ ဦး​အေး​သာ​အောင်က ​ပြောပါတယ်။

“အခု သွား​မယ့်​ ခရီး​စဉ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သူ့​ရဲ့​သား​က ဘုရား​ဖူး​ သက်သက်သွား​မှာပါ။ ဒီခရီး​စဉ်နဲ့​ ပတ်သက်လို့​တော့​ ကျ​နော်တို့​ ဘာမှ အ​ထွေအထူး​ ​ပြောစရာ မရှိပါဘူး​။ ဒါ​ပေမယ့်​ အရင်က ကျ​နော်တို့​ ​ပြောခဲ့​သလို​ပေါ့​။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ပါတီ ​ခေါင်း​ဆောင် တ​ယောက်လည်း​ ဖြစ်တဲ့​အတွက်​ကြောင့်​ နိုင်ငံ​ရေး​အရ ​ဆောင်ရွက်တဲ့​ ​နေရာမှာ လိုအပ်တဲ့​ ​နေရာ​တွေကို ခရီး​ထွက်ခဲ့​တာ​တွေက ယခင့်​ ယခင်ကလည်း​ ရှိတယ်။ အခု ထွက်ဖို့​အတွက် စီစဉ်တာနဲ့​ ပတ်သက်လို့​လည်း​ ကျ​နော်တို့​ အ​နေနဲ့​က​တော့​ စိုး​ရိမ်ရတာ တပိုင်း​ပေါ့​လေ။ ဒါ​ပေမယ့်​ ဒါ လုပ်သင့်​လုပ်ထိုက်တဲ့​ အလုပ်ကို လုပ်တယ်လို့​ပဲ ကျ​နော့်​အ​နေနဲ့​ မြင်ပါတယ်။”

DVB