-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, January 11, 2011

လကုန်မှာ လွှတ်တော်အကုန် ခေါ်မည်



လွှတ်တော် အစည်းအဝေးများအတွက်
ပြည်သူ့လွှတ်တော် အဆောက်အဦးကို စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။


ကိုဝိုင်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲအပြီး ပထမဆုံး လွှတ်တော်အစည်းအဝေးများကို ဇန်နဝါရီ ၃၁ ရက်တွင် ခေါ်ယူမည်ဟု စစ်အစိုးရက ယနေ့ ကြေညာလိုက်သည်။

စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်သော အမိန့်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် အသံလွှင့်ရုံက ထုတ်ပြန်ရာတွင် ဇန်နဝါရီလ ၃၁ ရက် တနင်္လာနေ့ နံနက် ၈ နာရီ ၅၅ မိနစ် တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့ကို တပြိုင်တည်း ကျင်းပရမည် ပါရှိသည်။

ကြိုတင်ပြင်ဆင်ချက်အနေဖြင့် လေ့လာဖတ်ရှုနိုင်ရန် ဥပဒေ၊ နည်းဥပဒေ ၁၇ မျိုးကိုလည်း ပုံနှိပ်ဖြန့်ဝေကြောင်း မြန်မာ့ရုပ်မြင်သံကြား MRTV4 ကြေညာချက်တွင် ပါရှိသည်။

၎င်းတို့မှာ (က) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နည်းဥပဒေ၊ (ခ) နိုင်ငံတော် သမ္မ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ၊ (ဂ) ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေ၊ (င) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥပဒေ၊ (စ) နေပြည်တော်ကောင်စီ ဥပဒေ၊ (ဆ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (ဇ) ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေ၊ (ဈ) နိုင်ငံတော် အလံဥပဒေနှင့် နည်းဥပဒေ၊ (ည) နိုင်ငံတော် သီချင်း ဥပဒေနှင့် နည်းဥပဒေတို့ ပါရှိသည်။

ထို့ပြင် (ဋ) ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဌ) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ (ဍ) အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဎ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဏ) ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ၊ (တ) ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ (ထ) ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတို့ ဖြစ်သည်။

လွှတ်တော်သုံးရပ်ပေါင်းအမတ် ၆၄ ဦးအရွေးခံရသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကလည်း လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးကို သန်ဘက်ခါနောက်ဆုံးထား လုပ်မည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပြောသည်။

ထို့ပြင် လွှတ်တော်သုံးရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ၈၈၂ နေရာဖြင့် အများဆုံးနိုင်ထားသော စစ်အစိုးရ ထူထောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက်ပါတီများကို ပိုအားနည်းအောင် လုပ်နေသည်ဟု အတိုက်အခံပါတီများက စွပ်စွဲနေကြသည်။

လတ်တလောတွင် တစည၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ-SNDP၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ-RNDP တို့မှ ရွေးကောက်ခံအမတ် ၂ဝ ကို ကြံ့ဖွံ့က နေပြည်တော် ပြည်ထောင်စုကော်မရှင်ရုံးတွင် ကန့်ကွက်ထားခြင်းကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

ပဲခူးတိုင်းနှင့် မကွေးတိုင်းမှ တစညအမတ် ၈ ယောက်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အမတ် ၁ ယောက်၊ ကျားဖြူခေါ် SNDP မှ အမတ် ၂ ယောက်၊ RNDP မှ ၉ ယောက်ကို ကြံ့ဖွံ့က မဲမသမာမှုဖြင့် အနိုင်ရသည်ဆိုကာ ကန့်ကွက်ထားသည်။

သို့သော်လည်း ပဲခူးတိုင်း ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဝင်ပြိုင်ခဲ့သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဒေါ်ချိုချိုကျော်ငြိမ်းက ကြံ့ဖွံ့ ပြည်သူ့လွှတ်တော်အမတ် ဦးသန့်ဇင်က မဲလိမ်ကာ အနိုင်ယူသွားသည်ဟု တရားစွဲထားသည်။ ထိုအမှုကို မနက်ဖြန် နေပြည်တော်တွင် ကြားနာမည်။

တချိန်တည်းမှာပင် ရှမ်း၊ ရခိုင်၊ ချင်း၊ မွန်၊ ကရင်ပါတီများကလည်း ပူးပေါင်းဆောင်ရွက်မှုများလုပ်ရန် မကြာခင် တွေ့ဆုံသွားမည်ဟု ပါတီသတင်းရပ်ကွက်များက ပြောသည်။


© Copyright 1998 - 2010 Mizzima News. All Rights Reserved.

HRDP Report About Human Rights and Election 2010

HRDP Report About Human Rights and Election 2010

Monday, January 10, 2011

စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စိုးရိမ်


နေပြည်တော်၌ ကျင်းပသော ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြနေသော တပ်မတော် သားများ (Getty Images)


ဧရာဝတီ Monday, 10 January 2011 17:01 .စစ်အစိုးရက စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းမည် ဆိုသောသတင်း ပျံ့နှံ့လျက်ရှိရာ မြန်မာပြည်သူများ စိုးရိမ်ပူပန် နေကြကြောင်း သတင်းရရှိသည်။

ဧရာဝတီက ရန်ကုန်မြို့နေ လူတန်းစား အလွှာအသီးသီးမှ လူဦးရေ ၁၀၀ ကို တွေ့ဆုံ မေးမြန်း စစ်တမ်းကောက်ယူခဲ့ရာ လူ ၉၀ က ၎င်းတို့ ကိုယ်တိုင်သော်လည်းကောင်း၊ ၎င်းတို့၏ ဆွေမျိုး၊ သားသမီး များကိုသော် လည်းကောင်း စစ်မှုမထမ်း စေလိုကြောင်း ပြောဆိုခဲ့ကြပြီး ၅ ဦးမှာ အဆိုပါ ဥပဒေကို အားပေးပြီး ကျန် ၅ ဦးက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

၂၀၁၀ နိုဝင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြုစုထားကြောင်း၊ ၎င်း ဥပဒေကို ကိုယ်တိုင်ဖတ်ရှုခဲ့ရသူ တဦးက ပြောသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု ၂ နှစ် ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့်နိုင်ကြောင်း၊ စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကိုယ် ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ်ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။

သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့် သားသည် မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်၊ ထောင်တွင်းအကျဉ်းကျ ခံနေရသူများနှင့် သက်ကြီးရွယ်အိုများကို စောင့်ရှောက် နေသူများမှာ စစ်မှုထမ်းချိန်ကို ခေတ္တရွှေ့ဆိုင်းနိုင်သော်လည်း နောက်ပိုင်းတွင် ပြန်လည် စစ်မှုထမ်းရမည် ဟုလည်း AP သတင်းတွင် ရေးသားထားသည်။

“ဒီသတင်းစပျံ့ နေတာက တော်တော်ကြာပြီ။ ဒီဇင်ဘာလကုန်လောက် ကတည်းက လူပြော တော်တော်များတယ်။ အင်တာနက်၊ Facebook တွေမှာလည်း ရေးသား ပြောဆိုတာတွေ ရှိတယ်။ ဒီသတင်းထွက်တော့ လူတွေ တော်တော် စိတ်ပူကုန်တယ်။ အဓိက စစ်မှုမထမ်းချင် ကြဘူး” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ပြည်သူအများစုသည် စစ်တပ်ကို မုန်းတီးနေခြင်းကြောင့် စစ်မှုမထမ်းလိုခြင်းဖြစ်သည်ဆိုသည့် သုံးသပ်မှုများ ရှိသည်။

“လူထုကြားထဲမှာ စစ်တပ်ကို မုန်းတဲ့စိတ်၊ နာကြည်းတဲ့စိတ်က မျိုးဆက်လိုက် လက်ဆင့်ကမ်းလာသလို ဖြစ်နေတယ်။
၈၈ အရေးအခင်း နဲ့ ၂၀၀၇ အရေးအခင်း ကာလ မတရား ရိုက်နှက် ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိတော့ စစ်ဗိုလ်ချုပ်တွေကို မုန်းနေတယ်။ စစ်သားမြင် ဆဲချင်နေကြတယ်” ဟု ရန်ကုန်မြို့ခံ ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

အသက် ၁၈ နှစ်အထက် သား ၂ ဦးရှိသော အသက် ၅၀ အရွယ်ရှိ မိခင် တဦးကလည်း သူ၏ သားများကို စစ်မှု ထမ်းခိုင်းမည် မဟုတ်ဟု ပြောသည်။

“သူတို့ဟာသူတို့ ဘယ်လို ဥပဒေပဲ ပြဋ္ဌာန်းပြဋ္ဌာန်း ကျမ သားတွေကိုတော့ စစ်ထဲမပို့နိုင်ဘူး။ ခဏလည်း မပို့ဘူး၊ အမြဲလည်း မပို့ဘူး။ ကျမလိုပဲ မိဘတိုင်းမှာ ဒီလို စိတ်ရှိမှာပဲ။ အမြင်တူတဲ့ မိဘတွေစုပြီး ကန့်ကွက်မယ်။ မရရင် အသေခံ ဆန္ဒပြဖို့ပဲ ရှိတယ်။ ဒါက သားသမီးအရေး ဖြစ်လာပြီ။ ကျမတို့ ရင်ခွင်ထဲက ကလေးတွေကို ဆွဲထုတ်သလို ခံစားရတယ်” ဟု သူက ဆိုသည်။

ရန်ကုန်မြို့ခံ သတင်းထောက် တဦးကမူ စစ်မှုမထမ်းမနေရ ဆိုသော ဥပဒေ အမှန်တကယ် ထုတ်ပြန် ပြဋ္ဌာန်းလျှင် ပြဿနာ များစွာ ဖြစ်ပေါ်လာပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း ပြောသည်။

“ဒီကိစ္စက လူတွေရဲ့ ဒေါသကို ဆွပေးသလိုဖြစ်လာနိုင်တယ်။ လူတွေရဲ့ အခြေခံစိတ်မှာ စစ်တပ်ဆိုတာ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်ဆိုတဲ့ အတွေးက ဖျောက်လို့မရဘူး။ သားသမီးတွေအပေါ် အန္တရာယ် ကျရောက်မှာကို မလိုလားတဲ့ လူကြီး မိဘတွေကလည်း ဒီဥပဒေကို ငြိမ်ခံနေမှာ မဟုတ်ဘူး။ တကယ်ကို ပြဿနာတွေ အကြီးအကျယ် ဖြစ်လာနိုင်ပါတယ်” ဟု ယင်း သတင်းထောက်က ဆိုသည်။

စစ်မှုမထမ်းမနေရ ဥပဒေသည် တပ်မတော်နှင့် ပြည်သူများအကြား နားလည်မှုရစေပြီး စစ်တပ်နှင့် ပြည်သူအများအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးကြောင့် ပြည်သူကို အမှန်တကယ်ချစ်သော၊ ပြည်သူ့မျက်နှာကို ကြည့်သော စစ်တပ် ဖြစ်လာနိုင်သည်ဆိုသည့် ထင်မြင်ယူဆချက် တချို့လည်း ရှိသည်။

ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း တဦးက “ပြည်သူတွေ စစ်ရေး နားလည်လာရင် ကျနော်တို့ ဒီမိုကရေစီ ပန်းတိုင်ပိုပြီး နီးလာမယ်။ စစ်မှုမထမ်း မနေရ ဥပဒေကြောင့် ပြည်သူက စစ်သား၊ စစ်တပ်ဆိုတာ ပြည်သူ့တပ်ဆိုတဲ့ ပုံစံ၊ အမြင်မျိုးတွေ ရှိလာမယ်။ အာဏာရှင်တွေ ခိုင်းတဲ့ အတိုင်း လုပ်မယ့် စစ်တပ်မဟုတ်တော့ဘူး” ဟု ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အခန်း ၈၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် တပ်မတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဖြစ်လာမှာက အသေအချာပဲ။ ဒါပေမယ့် လွှတ်တော် ပေါ်ပေါက်လာမှ အတည်ဖြစ်မှာပါ။ သိပ်တော့ စိုးရိမ်ဖို့ မလိုပါဘူး။ တင်းကျပ်လွန်းရင် လူထုကလည်း လက်ခံမှာ မဟုတ်ပါဘူး” ဟု ရန်ကုန်မြို့မှ တရားရုံးချုပ် ရှေ့နေတဦးက ပြောသည်။

စစ်အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု ၉၂. ၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြသည်ဟု ဆိုကာ မြန်မာပြည်တွင်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ပြီးချိန် ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်း ခဲ့သည်။

စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးသော အာရှနိုင်ငံများမှာ စင်ကာပူ၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား တို့ဖြစ်ပြီး ထိုင်းနှင့် တရုတ်နိုင်ငံတို့မှာ လူရွေးစနစ်ဖြင့်ကျင့်သုံးသည်။ အဆိုပါ နိုင်ငံများအားလုံးတွင် အမျိုးသားများသာ စစ်မှုထမ်း ရသည်။

မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေကို ယခင်က တကြိမ်တခါမှ ပြဋ္ဌာန်းခဲ့ဖူးခြင်း မရှိဘဲ အဆိုပါ ဥပဒေကို မကြာမီ ခေါ်ယူမည့် လွှတ်တော်တွင် အတည်ပြုဖွယ်ရှိသည်။

Copyright © 2011 ဧရာဝတီ. All Rights Reserved

၆၃နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးသုံးသပ်ချက်စာတမ်း ၊ သဘာပတိမိန့်ခွန်းနှင့် ကြေငြာချက်များ

痼貰€シ痼イ痰批€≪€コ痼ウ痼甫€ケ瘁・痼・€ョ痼ク痼甫€シ痼ャ痼ク痼ア痼帋€ク痼榱€カ痼ッ痼ク痼榱€甫€ケ痼≪€コ痼€痼ケ痼・€ャ痼雪€吼€ケ痼ク-瘁・痼榱€倔€ャ痼甫€雪€ュ痼吼€ュ痼批€ケ痰甫€≪€シ痼批€ケ...

ရာပြည့်နေ့အတွက် ဒေါ်စုအမည်ကို ဂါးဒီးယန်း အဆိုပြု



နှစ် ၁ဝဝ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ကမ္ဘာတဝှန်းရှိ အမျိုးသမီးကြီး ၁ဝဝ ကို အအောင်မြင်ဆုံးနှင့် အကျော်ကြားဆုံး သူများအဖြစ် ရွေးချယ်မည့် စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်အခြေစိုက် ဂါးဒီးယန်း သတင်းစာကြီးက အဆိုပြုလိုက်သည်။

ယခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် နှစ် ၁ဝဝ ပြည့် နိုင်ငံတကာ အမျိုးသမားများနေ့ အထိမ်းအမှတ်အဖြစ် ရွေးချယ်မည်ဖြစ်ရာ အစီအစဉ်ကို ယခုလ ၅ ရက်နေ့ကတည်းက ဂါးဒီးယန်း သတင်းစာကြီးက စတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုတင်သွင်းနိုင်သည့်သူများတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ အမေရိကန် ရုပ်သံစီစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ ဟယ်ရီပေါ်တာစာအုပ် ရေးသားသူ ဂျေ ကေ ရိုးလင်း အပါအဝင် အမျိုးသမီး ၈ ဦးကို နမူနာအဖြစ် ဖော်ပြထားသည်။

မိမိက သီးခြားအဆိုပြုလိုသူ၏ တိုင်းပြည်နှင့် နာမည်ကို မိမိအသုံးပြုနေသော အီးမေးလ်လိပ်စာဖြင့် ရေးသားကာ အဆိုတင်နိုင်ပြီး မည်သည့်အတွက် ရွေးချယ်ရကြောင်းကိုပါ ဖော်ပြရန် လိုအပ်သည်။

အဆိုတင်သွင်းသူများထဲမှ ရွေးချယ်ခံရသူများကို ရာပြည့်နေ့တွင် ထုတ်ပြန်ကြေညာမည်ဟု ဂါးဒီးယန်း အင်တာနက် စာမျက်နှာတွင် ဆိုထားသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်အဖြစ် ၁၅ နှစ်ကျော် ကျခံခဲ့ရပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အိန္ဒိယ လူ့အခွင့်အရေးအဖွဲ့ မာနိုဗ် အိခ်တ ပရီရှဒ် Manav Ekta Parishad က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဂုဏ်ထူးဆောင် ဧကရီဘွဲ့ (Queen of Myanmar's Democracy and Human Rights) အား မြို့တော်နယူးဒေလီတွင် အခမ်းအနားဖြင့် ပေးအပ်ခဲ့သေးသည်။ သို့သော် ယခင်ဆုများကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်မှာ ကိုယ်တိုင်သွားရောက်ကာ လက်ခံရယူနိုင်ခြင်း မရှိခဲ့ပါ။

သူသည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုအပြင် သိုးရော့ဖ်ရဖ်တို အထိမ်းအမှတ်ဆု (၁၉၉ဝ)၊ ဆာခါရော့ဖ်ဆု (၁၉၉၁)၊ ဂျဝါဟာလာနေရူးဆု (၁၉၉၃)၊ အပြည်ပြည်ဆိုင်ရာ လစ်ဘရယ် လွတ်လပ်ခွင့်ဆု (၁၉၉၅)၊ ဒဗ္ဗလင်မြို့တော် လွတ်ငြိမ်းချမ်းသာခွင့်ဆု - အိုင်ယာလန်နိုင်ငံ (၁၉၉၉)၊ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတဆု (၂ဝဝဝ)၊ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ဗံနှင့် ယဉ်ကျေးမှု (ယူနက်စကို) ၏ မဒန်ဂျိတ်ဆင့်ဂ်ျဆု (၂ဝဝ၂)၊ တောင်ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံးဆု တခုဖြစ်သည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆု (၂ဝဝ၄)၊ အမေရိကန်နိုင်ငံ၏ ကွန်ဂရက် ရွှေတံဆိပ်ဆု (၂ဝဝ၈) အပါအဝင် နိုင်ငံတကာ ဆုတံဆိပ် အမြောက်အမြား ရရှိထားသူ ဖြစ်သည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ်တွင် ဂျာမဏီနိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး အမျိုးသမီးများ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး လုပ်ဆောင်ချက်များကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာတဝှန်း ကျင်းပလာခြင်း ဖြစ်သည်။


MIZZIMA သတင်းမှ ကူးယူဖေါ်ပြပါသည်။

The Voice ဂျာနယ် 7-5

The Voice 7-5

သတင်း မြတ်လေးငုံ

ရွှေရတု အတွဲ ၁၂အမှတ် ၁

shweyatu 2011-1-11

News from NLD(LA) JAPAN BRANCH