-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, December 23, 2010

ကုလ အနုမြူ စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးခွင့်ပေးရန် စစ်အစိုးရကို တောင်းဆို



ကုလသမဂ္ဂ၏ အနုမြူ စောင့်ကြည့်ရေးအဖွဲ့ကြီးဖြစ်သော အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က မြန်မာနိုင်ငံတွင် အနုမြူစက်ရုံများ ရှိနေသည်ဟု စွပ်စွဲ ပြောဆိုခြင်း ခံနေရသော နေရာများသို့ လာရောက်စစ်ဆေးခွင့်ပြုပါရန် မြန်မာစစ်အစိုးရကို မကြာသေးမီက စာရေးသား တောင်းဆိုခဲ့သည်ဟု အမည်ဖော်ပြမထားသော အမေရိကန် အရာရှိများကို ကိုးကားပြီး ဝေါလ်စထရိဂျာနယ်က ရေးသားသည်။

`မြန်မာနိုင်ငံ မြောက်ပိုင်းရှိ စက်ရုံများတွင် အနုမြူ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်အပေါ် ရှင်းလင်းမှုများ လုပ်ပေးပါရန်´ မြန်မာနိုင်ငံ အစိုးရသို့ ယခင်စာနှစ်စောင် ပေးပို့အပြီး ယခု တဖန် အိုင်အေအီးအေ ကာကွယ်လုံခြုံရေးဌာန အကြီးအကဲ Herman Nackaerts က ထပ်မံ ပေးပို့ အကြောင်းကြားခဲ့သည်ဟု အဆိုပါဂျာနယ်က အမေရိကန်အရာရှိများကို ကိုးကားဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အနုမြူလက်နက် မပြန့်ပွားရေး စာချုပ်ကို iaea1လက်မှတ်ရေးထိုးထားသော နိုင်ငံတနိုင်ငံ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင်ရှိသည်ဟု စွပ်စွဲပြောဆိုနေကြသော အနုမြူ စက်ရုံနေရာများသို့ စစ်ဆေး ကြည့်ရှုခွင့်ပေးရန် အိုင်အေအီးအေက မေတ္တာရပ်ခံပိုင်ခွင့် ရှိပါသည်။ သို့သော် နိုင်ငံတကာ ဥပဒေများအရ အဆိုပါ မေတ္တာရပ်ခံချက်များကို မြန်မာနိုင်ငံက ငြင်းပယ်ခွင့်လည်းရှိပါသည်။

အိုင်အေအီးအေ၏ ယခုနောက်ဆုံးစာသည် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား အနုမြူဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေ၍ အမေရိကန်အစိုးရက စိုးရိမ်ပူပန်နေသည် ဟူသောသတင်းများပါသည့် လျှို့ဝှက်ကြေးနန်းများကို ဝီကီလိ ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မသင်္ကာဖွယ် ပစ္စည်းအများအပြားကို မကွေးတိုင်း မင်းဘူးအနီးရှိ အနုမြူဓာတ်အားပေး စက်ရုံ ဆောက်လုပ်နေသည်ဟု ကောလဟလများ ထွက်ပေါ်နေသည့်နေရာသို့ သယ်ဆောင်နေကြောင်း သတင်းရင်းမြစ်တခုက ရန်ကုန်ရှိ အမေရိကန် သံရုံးသို့ ပြောကြားခဲ့သည်ဟု အဆိုပါ ကြေးနန်းတွင် ဖော်ပြထားသည်။

အဆိုပါကြေးနန်းများတွင် ရန်ကုန်ရှိ သြစတြေးလျ သံအမတ် မီရှဲလ်ချန်းကိုလည်း မြန်မာအစိုးရ အရာရှိတဦးက `မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ရဲ့ ဆက်ဆံမှုဟာ သမရိုးကျ လက်နက်များအတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် ကြာမြင့်စွာ ဖြစ်ပေါ်နေခဲ့သည့် လျှပ်စစ်ဓာတ်အား မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်သည့် ငြိမ်းချမ်းစွာ အနုမြူစွမ်းအင် အသုံးပြုရေးလဲ ပါဝင်ကြောင်း´ လွန်ခဲ့သော သြဂုတ်လက ပြောဆိုခဲ့သည်ဟုလည်း ဖော်ပြထားသည်။

သို့သော် ထူးထူးခြားခြားပင် အထက်ပါ ပြောဆိုချက်ကို အဆိုပါသတင်းရင်းမြစ်က ပြန်လည် ရုတ်သိမ်းသွားခဲ့ပြီး မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံအကြား အနုမြူ အစီအစဉ်တရပ် အမှန်စင်စစ် လုပ်ကိုင်နေခြင်း မရှိကြောင်း ပြောဆိုသွားခဲ့သည်ဟု နောက်ပိုင်းပေးပို့သော ကြေးနန်းများတွင် ဆက်လက် ဖော်ပြခဲ့သည်။

ဤသို့ပထမပြောဆိုချက်ကို ပြန်လည် ရုတ်သိမ်းသွားမှုကို တုံ့ပြန်သည့် အနေဖြင့် ရန်ကုန်ရှိ အမေရိကန်သံရုံး၏ ဝန်ထမ်းတဦးက လွန်ခဲ့သည့် နိုဝင်ဘာလက ကောက်ချက်ချရာတွင် `လိုရင်းအချက်-မြန်မာအစိုးရနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများသည် ဆက်လက်၍ လျှို့ဝှက်နေဆဲပင် ဖြစ်သည်။ တခုခု ဖြစ်ပွားနေသည်မှာတော့ သေချာသည်။ အဆိုပါ တစုံတခုတွင် အနုမြူ လက်နက်များလည်း ပါဝင်ပြီး သံရုံးက အစီရင်ခံရမည့် အထူးဦးစားပေး အဆင့်အတန်းတွင် ဆက်လက် ရှိနေသည်´ ဟု ရေးသားထားသည်။

မဇ္ဈိမမှကူးယူဖော်ပြသည်။

ယနေ့ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ကျင်းပ ပြုလုပ်တဲ့ ပြည်ထောင်စု စိတ်ဓာတ်အကြောင်း ဟောပြောပွဲအခမ်းအနား သတင်းဓာတ်ပုံ..






Saturday, December 4, 2010

ဒီဇင်ဘာ ၃ရက်နေ့ရ အဖွဲ့ချုပ်သတင်း.. အမေစုသတင်းများ..



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့မနက်ပိုင်းက ဘန်ကောက် အခြေဆိုက် ဘယ်လ်ဂျီယန်နိုင်ငံ သံအမတ်ကြီးမှ လာရောက်တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာတော့ ရန်ကုန်အခြေဆိုက် သြစတြေးလျ သံအမတ်ကြီးတို့မှ လာရောက်တွေ့ဆုံခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့ မနက်ပိုင်းကလည်း ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဆက်လက် ပြောဆိုသွားပါတယ်..။

လူထုခေါင်းဆောင် အမေစုသတင်းများ

လာမည့် ဒီဇင်ဘာလ ၈ရက် ဗုဒ္ဓဟူးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲ ပြုလုပ်မှာ ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဆွမ်းလောင်းလှူမှာ ဖြစ်ပါတယ်..။ လာမယ့်ရက်ပိုင်းအတွင်းမှာလည်း ဘားလမ်းရှိ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံကို သွားရောက် လေ့လာမှာ ဖြစ်ကြောင်း အဖွဲ့ချုပ် နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်မှ ပြောဆိုပါတယ်..။

နိုဝင်ဘာလ (၂၃)ရက်နေ့က မိခင်နှင့်သား တွေဆုံစဉ် ဓာတ်ပုံ..
ကိုထိန်လင်း လာမည့် အင်္ဂါနေ့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်..

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၃)ရက်နေ့က ၁၀နှစ်ကျော်ကြာ ကွဲကွာနေတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Aris ဟာ ပြည်ဝင်ခွင့် ဗီဇာ(၂)ပတ်ပြည့်မယ့် လာမည့် ဒီဇင်ဘာလ (၇)ရက်နေ့ အဂါင်္နေ့မှာ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ မနေ့က အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ကမ္ဘာ့ AIDS နေ့ အခမ်းအနားမှာလည်း ကိုထိန်လင်းဟာ မြန်မာပြည်သား အနုပညာရှင်များနဲ့ တွဲဘက်ပြီး တက်တက်ကြွကြွ ပါဝင်ဖျော်ဖြေခဲ့သလို.. ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀)ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်စဉ်မှာလည်း မိခင်ဖြစ်သူ လုံခြုံရေးအတွက် အထူးစောင့်ရှောက် ပေးခဲ့ပါတယ်..။ ကိုထိန်လင်း ခေါ် Kim Aris ဟာ ယခုလက်ရှိ အင်္ဂလန်နိုင်ငံမှာ နေထိုင်လျှက်ရှိပါတယ်...။

Friday, November 26, 2010

စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိပါ၍ BLOG အားခေတ္တရပ်နားထားသည်။

Sunday, November 14, 2010

ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ဖွဲ့ရေးတွင်ဂျပန်နိုင်ငံမှ သဘောတူလက်ခံရေး SIGN CAMPAIGN လှုပ်ရှားကျင်းပ



ဂျပန်( နာဂိုယာ)မြို့ ရှိ မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူများမှလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်

လွတ်မြောက်လာခြင်းကိုကြိုဆို၍ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့်မြန်မာနိုင်ငံတွင်းလူ့ အခွင့်

အရေးချိုးဖောက်မှု့ များအားဖော်ထုတ်ရေးတို့ ၌ဂျပန်အစိုးရမှပူးပေါင်းပါဝင်ဆောင်ရွက်ပေးရေးတောင်းဆိုမှု့ 

Saign Campaign အား ယနေ့  ၁၄.၁၁.၂၀၁၀ နေ့တွင်ဂျပန်လူမျိုးများကပါပူးပေါင်းပါဝင်၍အောင်မြင်စွာကျင်းပခဲ့ကြပါသည်...။

News From LDB(Nagoya)



မြန်မာနိုင်ငံစစ်အာဏာရှင်များကို ထိရောက်စွာအရေးယူစစ်ဆေးရန် အမေရိကန်၊ဗြိတိန်အပါအဝင် နိုင်ငံပေါင်း(၁၅)နိုင်ငံမှ ကုလသမဂ္ဂကဦးဆောင်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့ရန်သဘောတူထောက်ခံခဲ့ကြရာ၊ ဂျပန်နိုင်ငံမှပါ သဘောတူထောက်ခံပေးစေရန် ဂျပန်ပြည်သူပြည်သားများထံမှလက်မှတ်ကောက်ယူခြင်းလှုပ်ရှားမှု(SIGN CAMPAIGN)ကို ယနေ့(၁၄-၁၁-၂၀၁၀)တနင်္ဂနွေနေ့တွင် ဂျပန်နိုင်ငံ၊နဂိုယာမြို့၊SAKAEတွင် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(နဂိုယာနယ်မြေ)မှ ဒီမိုကရေစီအင်အားစုများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ဂျပန်ဌာနခွဲ၊နဂိုယာစည်းရုံရေးဒေသမှ အဖွဲ့ဝင်များက နေ့လည်(၁)နာရီမှ(၃)နာရီ အထိပူးပေါင်းလှုပ်ရှားသွားခဲ့ကြသည်။

Saturday, November 13, 2010

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အမေစု လွတ်မြောက်လာပြီ




မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင် လူထု၏ ခေါင်းဆောင်ဖြစ်သော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အမေ ဒေါ်အောင်ဆန်းစုကြည်အား ယနေ့(၁၃-၁၁-၂၀၁၀) မြန်မာစံတော်ချိန် ညနေ(၅)နာရီခန့်တွင် နေအိမ်အကျယ်ချုပ်မှ နအဖစစ်အစိုးရက ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

Sunday, November 7, 2010

အတုအယောင်ရွေးကောက်ပွဲအား ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချဆန္ဒပြ




မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲအား ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချဆန္ဒပြပွဲကို ယနေ့(၇-၁၁-၂၀၁၀)တနင်္ဂနွေနေ့၌ ဂျပန်နိုင်ငံ၊နဂိုယာမြို့၊SAKAEတွင် နေ့လည်(၁၂)နာရီမှ(၃)နာရီအထိ မြန့်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(နဂိုယာနယ်မြေ)မှ ဒီမိုကရေစီအင်အားစုများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ဂျပန်ဌာနခွဲ၊နဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များကစုံညီစွာ ပူးပေါင်းပါဝင်ဆန့်ကျင်ရှုံ့ချ ဆန္ဒပြလှုပ်ရှားခဲ့ကြသည်။