-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, October 4, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရပ်တည်ခွင့်အတွက် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် ဗဟိုတရားရုံးချုပ်မှာစတင်တရားစွဲမည်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ဆက်လက်ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ လာမယ့် အောက်တိုဘာလ ၅ ရက် အင်္ဂါနေ့မှာ စစ်အစိုးရကို စတင် တရားစွဲဆိုမယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းRFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

“တရားမ အထွေထွေ လျှောက်ထားမှုပေါ့။ ကျနော်တို့ ပါတီရပ်တည်ခွင့် ကိစ္စကို ကျနော်တို့ တင်မှာ။ သီးခြား သက်သာခွင့်ဥပဒေအရ ကျနော်တို့က တရားစွဲတာကိုး။ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေးဥပဒေ၊ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ တင်မှာပါ။ ပါတီအနေနဲ့ မဟုတ်ဘူး၊ ပါတီ အထွေထွေအတွင်းရေးမှူး အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ စွဲမှာပါ,

ဗဟိုတရားရုံးချုပ်မှာ စတင် တရားစွဲဆိုနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ထံက ရှေ့နေ ကိုယ်စားလှယ်လွှဲစာ လက်ခံ ရရှိထားပြီ ဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံ တွေ့ဆုံနိုင်ရေးအတွက် ရှေ့နေဖြစ်သူတွေက သက်ဆိုင်ရာကို အကြိမ်ကြိမ် တောင်းဆိုထားပေမယ့် စက်တင်ဘာလ ၆ ရက်နေ့ နောက်ပိုင်း တွေ့ဆုံခွင့် မရရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခင် တွေ့ခွင့်ရတော့မှာ ဖြစ်ကြောင်း၊ အထက်က ခွင့်ပြုချက် ရရှိတာနဲ့ တွေ့ခွင့်ပြုမှာ ဖြစ်ကြောင်း သတင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက ရှေ့နေဦးဥာဏ်ဝင်းကို ခေါ်ယူတွေ့ဆုံပြီး ပြောကြားခဲ့ပါတယ်။

သတင်း..RFA

ဘွိုင်းကောက်၂၀၁၀ (အတွဲ(၁) အမှတ်-၅)

Boycott

ဂျပန်နိုင်ငံ (နာဂိုယာ) မြို့ မှ လှုပ်ရှားမှု့




ယနေ့  (၀၃.၁၀.၂၀၁၀)နေ့ တွင်ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားကြသူများမှ၂၀၁၀ ရွေး
ကောက်ပွဲဆန့် ကျင်ရေး / ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆိုင်းကမ်းပိန်း
အားအောင်မြင်စွာလှုပ်ရှားခဲ့ကြပါသည်..။

News from LDB( Nagoya)

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်သတင်းစာ ဆရာကြီးဦးဝင်းတင်ရေးသားတဲ့“ထောက်ခံအားပေးဖို့ရာမထိုက်တန်တဲ့ ရွေးကောက်ပွဲတစ်ပွဲ”

An Election Not Worthy of Support by U Win Tin


သတင်း မြတ်လေးငုံ

Sunday, October 3, 2010

မထောက်ခံထိုက်သော ရွေးကောက်ပွဲအဖြစ် ဦးဝင်းတင်ရေးသား

2010-10-01
စက်တင်ဘာလ ၃၀ ရက်၊ ကြာသပတေးနေ့ထုတ် နယူးယောက်တိုင်း သတင်းစာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ဆောင်းပါး တပုဒ် ရေးသားခဲ့ပါတယ်။



(Photo: AFP)

စက်တင်ဘာ ၂၇ ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
`မထောက်ခံထိုက်တဲ့ ရွေးကောက်ပွဲ` ဆိုတဲ့ အဲဒီဆောင်းပါးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မစ္စ ပီလေး ရဲ့ မြန်မာပြည် ရွေးကောက်ပွဲအပေါ် လွတ်လပ်မျှတမှု ရှိမရှိ ကမ္ဘာက စောင့်ကြည့်ရမယ်လို့ မကြာခင်က ပြောဆိုခဲ့တာဟာဖြင့် မြန်မာပြည် ပြဿနာရဲ့အဖြေမဟုတ်တဲ့ အဲဒီရွေးကောက်ပွဲဟာ အရေးကြီးသယောင်၊ တစုံတရာ စောင့်ကြည့်ထိုက်သယောင် သဘောဆိုက် နေတဲ့အတွက် မိမိတို့ စိတ်မကောင်းကြောင်း ရေးသားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် က ဒီမိုကရေစီပါတီတွေအပေါ် တဖက်သတ် ဖိနှိပ်နေတဲ့ လက်ရှိ အခြေအနေတွေကို ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမဲ့ လွှတ်တော်ဟာလည်း အစိုးရဖွဲ့ခွင့်၊ စစ်ရေးကိစ္စ ဆုံးဖြတ်ခွင့်၊ သမတက ခန့်အပ်လိုက်သူတွေ၊ ဘတ်ဂျက် ခွင့်ပြုချက်တွေအပေါ် ငြင်းဆို ကန့်ကွက်ပိုင်ခွင့်စတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ မရှိတဲ့ လွှတ်တော်မျိုးသာ ဖြစ် ကြောင်း၊ ဒီမိုကရေစီဘက်သား ပါတီတွေက အမတ်တွေဟာလည်း ဒီလို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခဲယဉ်းကြောင်း၊ ကံကောင်း ထောက်မလို့ နိုင်ခဲ့ရင်လည်း ဒီလိုလွှတ်တော်မျိုးမှာ သူတို့ အသံမကျယ်နိုင်ကြောင်း၊ ဒီတော့ ဒီလို ရွေးကောက်ပွဲမျိုးကို နိုင်ငံတကာက အရေးစိုက်ပြီး စောင့်ကြည့်ဖို့ လိုပါသေးသလား လို့ ဦးဝင်းတင်က မေးခွန်း ထုတ်လိုက်ပါတယ်။

ဆက်လက်ပြီး - ရွေးကောက်ပွဲအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်လိုက်တာကို မြန်မာပြည်သူ သန်းပေါင်းများစွာက ထောက်ခံကြပေမဲ့ အကြောင်းမလှစွာပဲ ဥရောပနိုင်ငံ တချို့က မြန်မာပြည်မှာ ရွေးကောက်ပွဲက လွဲပြီးတခြား ရွေးစရာမရှိလို့ ယူဆကြပြီး ရွေးကောက်ပွဲ ဝင်ရေး အားပေးနေကြကြောင်း၊ ရွေးကောက်ပွဲဟာ အဖြေမဟုတ်။ အားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးရေးကသာ နိုင်ငံ့အဖြေဖြစ်ကြောင်း၊ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေးဆီ ရောက်လာအောင် ပြည်တွင်းက ငြိမ်းချမ်းတဲ့ တောင်းဆိုမှုတွေ၊ ပြည်ပဖိအားတွေနဲ့ တွန်းပို့နိုင်အောင်သာ ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း နယူးယောက်တိုင်းသတင်းစာမှာ ဦးဝင်းတင်က ရေးသားခဲ့ပါတယ်။
An Election Not Worthy of Support By Win Tin


Copyright © 1998-2010 Radio Free Asia. All rights reserved.

NLD ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်စတင်

2010-10-01
NLD ပါတီရဲ့ စည်းရုံးရေးခရီးစဉ်တွေကို အောက်တိုဘာ ၁ ရက် ဒီကနေ့ ပြန်လည်စတင်ရာမှာ ဗဟို အလုပ်ကော်မတီဝင် ဦးကြည်ဝင်း(လပွတ္တာ) ဦးဆောင်ပြီး အဖွဲ့ဝင်တွေ ဧရာဝတီတိုင်းကို ထွက်ခွာသွားပြီလို့ သိရပါတယ်။



(Photo: AFP)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီဝင် လပွတ္တာ လွှတ်တော်အမတ်နှင့် ဥပဒေပညာရှင် ဦးကြည်ဝင်းကို ရွှေဂုံတိုင် ဌာနချုပ်ရုံးရှေ့တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီခရီးစဉ်ဟာ ဧရာဝတီတိုင်းကို တတိယအကြိမ် သွားရောက်တာ ဖြစ်ကြောင်း ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။


“ကိုကြည်ဝင်း ခေါင်းဆောင်ပါတယ်၊ နောက် မန်းညွန့်သိန်း ပါသွားပါတယ်။ နောက် ကျွန်တော်တို့ ဦးကျော်မြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အဲဒီ ဧရာဝတီတိုင်းကပါပဲ။ သူလည်း တိုင်း စည်းရုံးရေး ကော်မတီဝင်ပါပဲ။ သူလည်း ပါသွားပါတယ်။ အင်္ဂပူ၊ ကနောင်၊ မြန်အောင် အဲဒီ မြို့နယ်တွေက အဖွဲ့ဝင်တွေနဲ့ တွေ့မယ်၊ အဲ ရွေးကောက်ပွဲ ဘွိုင်းကောက်ကိစ္စတွေ ဆွေးနွေးကြပါမယ်။”

ဒီအတောအတွင်း မနေ့က စင်ကာပူနိုင်ငံမှာ မျက်လုံး ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ရောဂါသက်သာတာကြောင့် ဒီကနေ့ ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

ဆေးရုံကဆင်းပြီး ပြင်ပလူနာအဖြစ် ဆေးရုံကို ထပ်ပြရဦးမှာ ဖြစ်တဲ့အတွက် တပတ်ခန့်လောက်တော့ စင်ကာပူမှာ ကြာဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved.

Friday, October 1, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်လျင် လူထုလှုပ်ရှားမှု ပိုလုပ်မည်ဟု NLD ပြော


ရန်ပိုင် Friday, October 01, 2010 .ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် လူထု လှုပ်ရှားမှုများကို ပိုမို လုပ်ဆောင်မည်ဟု အဖွဲ့ဝင်များက ဆိုသည်။

လာမည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံ နေရခြင်းမှ ပြန်လည် လွတ်မြောက် လာ မည်ဖြစ်ကြောင်း ၊ ထို့နောက် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် လူထုလှုပ်ရှားမှုများ ဖြင့် လုပ်ဆောင်သွားမည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

“ဒေါ်စုက လွတ်လာရင်တော့ တပြည်လုံး လှည့်မှာပဲ၊ ဒီပဲယင်းနဲ့ တွေ့တာ မတွေ့တာက နောက်တပိုင်းပဲ၊ သွေးကြောင်နေမှာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

လတ်တလော လုပ်ဆောင်နေသည့် လူထု စည်းရုံးရေး လုပ်ငန်းများ၊ တိုင်းရင်းသားများ၊ တခြားသော အဖွဲ့အစည်းများနှင့် စုစည်းမိရန် ပြုလုပ်နေခြင်းသည် လူထုလှုပ်ရှားမှုများ အတွက် ပြင်ဆင် နေခြင်း ဖြစ်ကြောင်း၊ လူထုကို တစု တစည်းတည်း ဖြစ်စေရန် စည်းရုံးပြီး ဖိအား ပေးသည့် နည်းကို သုံးမည်ဟုလည်း ဦးဝင်းတင်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၂ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ်ကလည်း နိုင်ငံအနှံ့ ခရီး ထွက်ပြီး လူထုတရားပွဲများကို ကျင်းပခဲ့ရာ စစ်အစိုးရက ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်း စုကြည်၏ ယာဉ်တန်းကို တားဆီးရိုက်နှက်၍ နေအိမ် အကျယ်ချုပ် ထပ်မံချခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ပြီးခဲ့သည့် ၂၁ နှစ်တာ အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကျခံနေရသည်မှာ ၁၅ နှစ် ခန့်ရှိပြီဖြစ်သည်။

NLD ပါတီအနေဖြင့် ဆန္ဒပြပွဲများဖြင့် ဖိအားပေးသော နည်းကို သုံးမည် မဟုတ်ကြောင်း၊ လူထုကို နိုင်ငံရေးအသိ တိုးစေရန် ပညာပေးရေး လုပ်ငန်းများကို လုပ်ဆောင်မည်သာ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။

မကွေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ၎င်း၏ ဦးဆောင်မှုကို လိုက်နာ ပြီး အမျိုးသားပြနလည်သင့်မြတ်ရေး လမ်းကြောင်းကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ “မတရားတဲ့ ဥပဒေ ဟူသမျှ ဖီဆန်ကြ”ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သည့် အတိုင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အပြီးတွင် လွှတ်ပေးမည်ဖြစ်ကြောင်း စစ်အစိုးရ အရာရှိ တဦးကို ကိုးကား၍ AFP သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ လွတ်ရက်စေ့မည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ချထားခြင်းမှ လွှတ်ပေးမည်ဖြစ် ကြောင်း AFP က ရေးသားထားခြင်းဖြစ်သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည့်နေကို ပြောဆိုနေကြသော်လည်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်စာတမ်း များ ဖြန့်ဝေမှုဖြင့် ရန်ကုန်မြို့ရှိ တက္ကသိုလ် ကျောင်းသားများကို မကြာသေးမီကဖမ်းဆီးခြင်း၊ စက်မှုဇုန်များတွင် ဖြစ်ပွားခဲ့သည့် အလုပ်သမားဆန္ဒပြပွဲများတွင် ပါဝင်သူ ၁၃ ဦးကိုလည်း စစ်အစိုးရက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးထောင်ချခြင်း ပြုလုပ်မှု များရှိနေသည်။

စစ်အစိုးရ၏ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကမူ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီ ၃၇ ခုမှ ကိုယ်စားလှယ် လောင်း ၃၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အားလုံး ပါဝင်မှုရှိသည်မှာ ထင်ရှားကြောင်း ၆၅ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ၌ ပြောဆိုခဲ့သည်။

အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်စေရန် ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင် မီ လွှတ်ပေးရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင်လည်း မိမိတို့ ပါတီဝင်များ အနေဖြင့် ၎င်း၏ ဦး ဆောင်မှု အောက်တွင် ပြည်သူ အကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပဲခူးတိုင်းမင်းလှမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှမိုးကလည်း ပြောသည်။

Copyright © 2010 ဧရာဝတီ.